[Zawgyi]

ကိုယ့္အသားအေရ စိုေျပျပီး က်န္းမာေနေစဖို႔နည္းလမ္းေလးေတြ

လူေတြအားလံုးက ကိုယ့္ရဲ႕ အသားအေရေလး ၾကည္ျပီး စိုေျပေနၾကတာကို လိုခ်င္ၾကတယ္။ လူတစ္ေယာက္မွာ ရုပ္ေခ်ာဖို႔ထက္ အသားအေရလွေနဖို႔က ပိုျပီး အေရးၾကီးပါတယ္။ အသားအေရေလး စိုေျပျပီး လွေနေစဖို႔အတြက္ နည္းလမ္းေကာင္း ၇ခု ရွိပါတယ္။ ဒီနည္းလမ္း ၇ခုက ကိုယ့္အင္ကိုယ့္အားနဲ႔ ျပဳလုပ္ရတာျဖစ္တဲ့အတြက္ စိတ္ရွည္ျပီး အခ်ိန္ေပးမွ စို္ေျပျပီး လွပတဲ့ အသားအေရကို ပိုင္ဆိုင္နိုင္မွာျဖစ္ပါတယ္။

၁။ အျမဲတမ္းသန္႔ရွင္းေနဖို႔လိုပါတယ္။

ခႏၶာကိုယ္ အျပင္ေရာ အတြင္းမွာေရာ သန္႔ရွင္းေနမွသာ စိုေျပျပီး လွပတဲ့ အသားအေရကိုပိုင္ဆိုင္နိုင္မွာ ျဖစ္ပါတယ္။ ေရအျမဲတမ္းေသာက္ေပးပါ။ တစ္ေန႔ကို ႏွစ္လီတာ အနည္းဆံုး ေသာက္ဖို႔ အေရးၾကီးပါတယ္။ ဖုန္ေတြထူထပ္တဲ့ေနရာေတြ ေရွာင္ရွားပါ။ ကိုယ့္ခႏၶာကိုယ္မွာ ရွိေနတဲ့ အဆိပ္အေတာက္ေတြကိုလည္း ဖယ္ထုတ္ပစ္ဖို႔လိုုပါတယ္။ မ်က္ႏွာမွာရွိတဲ့ ေခြ်းေပါက္ထဲမွာ ပိတ္မိေနတဲ့ အညစ္အေၾကးေတြကို Cleansing Foam တို႔နဲ႔ တစ္ပတ္တစ္ခါ သန္႔စင္ေပးပါ။

၂။ Exfoliate လုပ္ေပးပါ။

Exfoliate လုပ္ျခင္းက ကိုယ့္အသားအေရကို ႏူးညံ့ေစပါတယ္။ အသားအေရညီေအာင္လည္း ျပဳလုပ္ေပးပါတယ္။ Exfoliate လုပ္တဲ့အခါမွာ သၾကားနဲ႔ ပ်ားရည္ကိုေရာျပီး အသံုးျပဳၾကည့္ပါ။ ေငြလည္းမကုန္သလို ျမန္ျမန္နဲ႔ လြယ္လြယ္ျပဳလုပ္လို႔ရတဲ့ Scrub တစ္ခုပါ။ ဒ့ါအျပင္ ဆား၊ သၾကားနဲ႔ အုန္းဆီတို႔ ေရာျပီးလည္း Exfoliate ျပဳလုပ္လို႔ရနိုင္ပါတယ္။

၃။ အစိုဓာတ္ကို ထိန္းထားေပးပါ။

အသားအေရစိုေျပေနဖို႔အတြက္ ဆိုရင္ အစုိဓာတ္ကို ထိန္းထားေပးရပါမယ္။ Essential Oil ေတြကို အသံုးျပဳနိုင္ပါတယ္။ ေရခ်ိဳးျပီးတဲ့ အခ်ိန္တိုင္းမွာ Essential Oil အနည္းငယ္ကို အသားထဲ စိမ့္ဝင္ေအာင္ လိမ္းေပးပါ။ Essential Oil ကို ေရြးခ်ယ္တဲ့အခါ Olive Oil, Coconut Oil, Grass-fed Cows နဲ႔ Cacao Butter Oil က အသင့္ေတာ္ဆံုးပါ။

၄။ ေရဓာတ္ျဖည့္ေပးပါ။

အသားအေရစိုေျပေနဖို႔အတြက္ ခႏၶာကိုယ္က ေရဓာတ္ျပည့္ေနဖို႔လိုအပ္ပါတယ္။ တစ္ေန႔ႏွစ္လီတာထက္မနည္းတဲ့ ေရေသာက္ႏႈန္းကို က်င့္ၾကံပါ။ ေရရဲ႕ အက်ိဳးေက်းဇူးက အျခားဘယ္အရာေတြထက္ပိုျပီး စြမ္းပါတယ္။ အသားအေရကိုၾကည္ေအာင္ျပဳလုပ္ေပးတဲ့အျပင္ မ်က္ႏွာမွာ အမည္းစက္နဲ႔ ဝက္ျခံေတြရွိေနခဲ့ရင္လည္း ေပ်ာက္ကင္းေအာင္ ကုသေပးပါတယ္။

၅။ ကိုယ့္ခႏၶာ ကိုယ့္အသားအေရကို ခ်စ္ပါ။

ကိုယ့္အသားအေရကိုညင္ညင္သာသာ ကိုင္တြယ္ပါ။ ကိုယ့္အသားအေရကို ခ်စ္ေပးျခင္းကလည္း တစ္ဖက္တစ္လမ္းကေန အက်ိဳးသက္ေရာက္ပါတယ္။ ဂရုတစိုက္နဲ႔ ၾကင္နာဖို႔ လိုပါတယ္။ ဒါမွ ကိုယ့္အသားအေရေလးက ၾကည္ျပီး လွလာမွာျဖစ္ပါတယ္။ ကိုယ့္အသားအေရထိခိုက္ျပီး ပ်က္စီးေစမယ့္အေၾကာင္းအရာေတြကိုေရွာင္ပါ။ ပိုျပီး ေကာင္းလာေစမယ့္ အေၾကာင္းအရာေတြကိုသာ ပိုလုပ္ပါ။

၆။ အိပ္ခ်ိန္မွန္ပါေစ။

အိပ္ခ်ိန္မွန္ဖို႔ကလည္း အေရးၾကီးပါတယ္။ လူတစ္ေယာက္ရဲ႕ အိပ္ခ်ိန္က တစ္ရက္ကို ၈နာရီျပည့္ရပါတယ္။ အိပ္ေရးမဝတဲ့အခါ အသားအေရေတြ ေလ်ာ့ရဲတတ္ပါတယ္။ အသားအေရလည္း ေျခာက္တတ္ပါေသးတယ္။ အိပ္ခ်ိန္ျပည့္ေအာင္ အိပ္မွသာ အသားအေရက ဝင္းျပီး လွေနမွာျဖစ္ပါတယ္။

၇။ အစားအေသာက္ဂရုစိုက္ေပးပါ။

အသားနဲ႔ အသီးအရြက္ကို မွ်တေအာင္စားေပးပါ။ အငန္နဲ႔ အစပ္ေတြကို အလြန္အၾကဴး မစားမိဖို႔ ဂရုစိုက္ပါ။ အဆီအစိမ့္ေတြကိုလည္းေရွာင္စားေပးပါ။ Vitamin C, D, E, နဲ႔ A တို႔ကို မွ်တစြာ စားသံုးေပးမွ အသားအေရၾကည္ျပီး လွေနမွာျဖစ္ပါတယ္။

ကိုယ့္ကိုယ္ကိုခ်စ္မွ သူမ်ားေတြလည္းကိုယ့္ကိုခ်စ္မွာျဖစ္ပါတယ္။ ေငြကုန္ေၾကးက်ခံျပီး ခြဲစိတ္ျပီး လွေအာင္လုပ္တာထက္ ကိုယ့္အသားအေရကို ၾကည္ျပီး စို္ေျပဝင္းပေနေအာင္လုပ္ျပီး ေနလိုက္ပါ။ ၾကည့္သူျမင္သူတိုင္း စိတ္ခ်မ္းသာသလို က်က္သေရလည္း ရွိလွပါတယ္။

Redrose (အခရာ)

www.akhayarmedia.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ကိုယ့်အသားအရေ စိုပြေပြီး ကျန်းမာနေစေဖို့နည်းလမ်းလေးတွေ

လူတွေအားလုံးက ကိုယ့်ရဲ့ အသားအရေလေး ကြည်ပြီး စိုပြေနေကြတာကို လိုချင်ကြတယ်။ လူတစ်ယောက်မှာ ရုပ်ချောဖို့ထက် အသားအရေလှနေဖို့က ပိုပြီး အရေးကြီးပါတယ်။ အသားအရေလေး စိုပြေပြီး လှနေစေဖို့အတွက် နည်းလမ်းကောင်း ၇ခု ရှိပါတယ်။ ဒီနည်းလမ်း ၇ခုက ကိုယ့်အင်ကိုယ့်အားနဲ့ ပြုလုပ်ရတာဖြစ်တဲ့အတွက် စိတ်ရှည်ပြီး အချိန်ပေးမှ စိုပြေပြီး လှပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

၁။ အမြဲတမ်းသန့်ရှင်းနေဖို့လိုပါတယ်။

ခန္ဓာကိုယ် အပြင်ရော အတွင်းမှာရော သန့်ရှင်းနေမှသာ စိုပြေပြီး လှပတဲ့ အသားအရေကိုပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ ရေအမြဲတမ်းသောက်ပေးပါ။ တစ်နေ့ကို နှစ်လီတာ အနည်းဆုံး သောက်ဖို့ အရေးကြီးပါတယ်။ ဖုန်တွေထူထပ်တဲ့နေရာတွေ ရှောင်ရှားပါ။ ကိုယ့်ခန္ဓာကိုယ်မှာ ရှိနေတဲ့ အဆိပ်အတောက်တွေကိုလည်း ဖယ်ထုတ်ပစ်ဖို့လိုုပါတယ်။ မျက်နှာမှာရှိတဲ့ ချွေးပေါက်ထဲမှာ ပိတ်မိနေတဲ့ အညစ်အကြေးတွေကို Cleansing Foam တို့နဲ့ တစ်ပတ်တစ်ခါ သန့်စင်ပေးပါ။

၂။ Exfoliate လုပ်ပေးပါ။

Exfoliate လုပ်ခြင်းက ကိုယ့်အသားအရေကို နူးညံ့စေပါတယ်။ အသားအရေညီအောင်လည်း ပြုလုပ်ပေးပါတယ်။ Exfoliate လုပ်တဲ့အခါမှာ သကြားနဲ့ ပျားရည်ကိုရောပြီး အသုံးပြုကြည့်ပါ။ ငွေလည်းမကုန်သလို မြန်မြန်နဲ့ လွယ်လွယ်ပြုလုပ်လို့ရတဲ့ Scrub တစ်ခုပါ။ ဒ့ါအပြင် ဆား၊ သကြားနဲ့ အုန်းဆီတို့ ရောပြီးလည်း Exfoliate ပြုလုပ်လို့ရနိုင်ပါတယ်။

၃။ အစိုဓာတ်ကို ထိန်းထားပေးပါ။

အသားအရေစိုပြေနေဖို့အတွက် ဆိုရင် အစိုဓာတ်ကို ထိန်းထားပေးရပါမယ်။ Essential Oil တွေကို အသုံးပြုနိုင်ပါတယ်။ ရေချိုးပြီးတဲ့ အချိန်တိုင်းမှာ Essential Oil အနည်းငယ်ကို အသားထဲ စိမ့်ဝင်အောင် လိမ်းပေးပါ။ Essential Oil ကို ရွေးချယ်တဲ့အခါ Olive Oil, Coconut Oil, Grass-fed Cows နဲ့ Cacao Butter Oil က အသင့်တော်ဆုံးပါ။

၄။ ရေဓာတ်ဖြည့်ပေးပါ။

အသားအရေစိုပြေနေဖို့အတွက် ခန္ဓာကိုယ်က ရေဓာတ်ပြည့်နေဖို့လိုအပ်ပါတယ်။ တစ်နေ့နှစ်လီတာထက်မနည်းတဲ့ ရေသောက်နှုန်းကို ကျင့်ကြံပါ။ ရေရဲ့ အကျိုးကျေးဇူးက အခြားဘယ်အရာတွေထက်ပိုပြီး စွမ်းပါတယ်။ အသားအရေကိုကြည်အောင်ပြုလုပ်ပေးတဲ့အပြင် မျက်နှာမှာ အမည်းစက်နဲ့ ဝက်ခြံတွေရှိနေခဲ့ရင်လည်း ပျောက်ကင်းအောင် ကုသပေးပါတယ်။

၅။ ကိုယ့်ခန္ဓာ ကိုယ့်အသားအရေကို ချစ်ပါ။

ကိုယ့်အသားအရေကိုညင်ညင်သာသာ ကိုင်တွယ်ပါ။ ကိုယ့်အသားအရေကို ချစ်ပေးခြင်းကလည်း တစ်ဖက်တစ်လမ်းကနေ အကျိုးသက်ရောက်ပါတယ်။ ဂရုတစိုက်နဲ့ ကြင်နာဖို့ လိုပါတယ်။ ဒါမှ ကိုယ့်အသားအရေလေးက ကြည်ပြီး လှလာမှာဖြစ်ပါတယ်။ ကိုယ့်အသားအရေထိခိုက်ပြီး ပျက်စီးစေမယ့်အကြောင်းအရာတွေကိုရှောင်ပါ။ ပိုပြီး ကောင်းလာစေမယ့် အကြောင်းအရာတွေကိုသာ ပိုလုပ်ပါ။

၆။ အိပ်ချိန်မှန်ပါစေ။

အိပ်ချိန်မှန်ဖို့ကလည်း အရေးကြီးပါတယ်။ လူတစ်ယောက်ရဲ့ အိပ်ချိန်က တစ်ရက်ကို ၈နာရီပြည့်ရပါတယ်။ အိပ်ရေးမဝတဲ့အခါ အသားအရေတွေ လျော့ရဲတတ်ပါတယ်။ အသားအရေလည်း ခြောက်တတ်ပါသေးတယ်။ အိပ်ချိန်ပြည့်အောင် အိပ်မှသာ အသားအရေက ဝင်းပြီး လှနေမှာဖြစ်ပါတယ်။

၇။ အစားအသောက်ဂရုစိုက်ပေးပါ။

အသားနဲ့ အသီးအရွက်ကို မျှတအောင်စားပေးပါ။ အငန်နဲ့ အစပ်တွေကို အလွန်အကြူး မစားမိဖို့ ဂရုစိုက်ပါ။ အဆီအစိမ့်တွေကိုလည်းရှောင်စားပေးပါ။ Vitamin C, D, E, နဲ့ A တို့ကို မျှတစွာ စားသုံးပေးမှ အသားအရေကြည်ပြီး လှနေမှာဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုချစ်မှ သူများတွေလည်းကိုယ့်ကိုချစ်မှာဖြစ်ပါတယ်။ ငွေကုန်ကြေးကျခံပြီး ခွဲစိတ်ပြီး လှအောင်လုပ်တာထက် ကိုယ့်အသားအရေကို ကြည်ပြီး စိုပြေဝင်းပနေအောင်လုပ်ပြီး နေလိုက်ပါ။ ကြည့်သူမြင်သူတိုင်း စိတ်ချမ်းသာသလို ကျက်သရေလည်း ရှိလှပါတယ်။

Redrose (အခရာ)

www.akhayarmedia.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။