အခုခေတ်မှာ လူနေမှုအဆင့်အတန်းမြင့်မားလာတာနဲ့အမျှ ကျန်းမာရေးအတွက်ပိုမို အာရုံစိုက်လာကြပြီး အစားအသောက်တွေကို ရွေးချယ်စားသောက်တတ်လာကြပါတယ်။ ဒီတော့ ၂၀၁၇ အတွက်ဘယ်အစားအသောက်တွေကို အလေးထားစားသောက်လာကြသလဲဆိုတာလေ့လာကြည့်ရရင်…

ရောင်ရမ်းမှုကိုသက်သာစေတဲ့ အစားအစာ

နနွင်း ၊သစ်ကြမ်းပိုးကောက်လိုမျိုး ဆေးဖက်ဝင်တဲ့  ဟင်းခတ်အမွှေးအကြိုင်တွေကို သုံးဖို့စိတ်ဝင်စားလာကြပါတယ်။

အိပ်ပျော်စေတဲ့ အစားအသောက်

ငှက်ပျောသီး၊ ကန်စွန်းဥ ၊ ပဲနို့လိုမျိုး အိပ်စက်ခြင်းကို အထောက်အကူပြုစေတဲ့ အစားအသောက်တွေကို များများစားသုံးလာကြပါတယ်။

အသားပိုစားမယ်

အခုနောက်ပိုင်းမှာတော့ ကစီဓာတ်များတဲ့အစားအသောက်တွေ ကာဘိုဟိုက်ဒြိတ်ကြွယ်ဝတဲ့ အစားအသောက်တွေကိုရှောင်ပြီး အဆီနည်းတဲ့ အသားတွေကို ပိုစားသောက်လာကြပါတယ်။ အသားဟူသမျှရှောင်မနေဘဲ အဆီနည်းတဲ့ အသားတွေနဲ့ ဟင်းသီးဟင်းရွက်တွေစားပေးတာက ဝိတ်ကျစေဖို့ပိုအထောင်အကူပြုပါတယ်။

80/20 Diet

80/20 Diet ဆိုတာက မနှစ်ကစပြီး ခေတ်စားလာပါတယ်။ မီရင်ဒါကားနဲ့အိုလီဗီယာမန်း တို့လို ဆယ်လီတွေတောင် 80/20 Diet ကိုလိုက်နာကြပါတယ်။ 80/20 ဆိုတာက ပန်းကန်ထဲမှာ အာဟာရပြည့်စေတဲ့ အစားအသောက် ၈၀ ရာခိုင်နှုန်းနဲ့ ကျန်းမာရေးနဲ့သိပ်မညီညွတ်တာကို ၂၀ ရာခိုင်နှုန်း သာထည့်သွင်းစားသုံးတဲ့ စနစ်ဖြစ်ပါတယ်။

You May Also Like:၂ဝ၁၇မှာ ဒေါင်ဒေါင်မြည်စေဖို

စိမ်းပြာရေညှိ

နိုင်ငံတကာမှာတော့ စိမ်းပြာရေညှိက အရမ်းကိုလူကြိုက်များတဲ့အရာ ဖြစ်နေပါပြီ။ မြန်မာနိုင်ငံမှာလည်း စိမ်းပြာရေညှိနဲ့ပြုလုပ်ထားတဲ့ အစားအစာတွေ ဆေးတွေရှိတာမို့ ကျန်းမာရေးအတွက် စမ်းသုံးကြည့်သင့်ပါတယ်။

ချောကလက်အမည်း

အချိုတည်းတဲ့နေရာမှာအချိုများတဲ့အစားအစာတွေထက် ချောကလက်အမည်းတွေက နေရာယူလာပါတယ်။ ချောကလက်အမည်းတွေက ကျန်းမာရေးနဲ့ညီညွတ်သလို ရာသီလာချိန်နာကျင်ကိုက်ခဲမှုတွေကိုတောင် သက်သာစေနိုင်ပါတယ်။

ရှာလကာရည်

ရှာလကာရည်ဆိုလို့ ဟင်းချက်ရာမှာသုံးတဲ့ ရှာလကာရည်ကိုသောက်ရမှာမျိုးမဟုတ်ပါဘူး။ ပန်းသီးလိုမျိုး အသီးတွေကို အချဉ်ဖောက်ထားတဲ့ ရှာလကာရည်မျိုးတွေဖြစ်ပါတယ်။ ဒီလိုရှာလကာရည်မျိုးတွေကို Salad ဆိုင်တွေမှာရနိုင်ပါတယ်။ အိမ်မှာလည်း အသီး၊သကြား၊ဆား၊ရေ တို့နဲ့ကိုယ်တိုင်လုပ်နိုင်ပါတယ်။

ဂျူဂျူး (အခရာ)

www.akhayar.com