မိုးရာသီက်ေရာက္လာၿပီဆိုတာနဲ႔ သာမန္ဖ်ားတာနာတာကစလို႔ အသည္းေရာင္အသားဝါ ၊ အူေရာင္ငန္းဖ်ား ၊ ကာလ၀မ္းေရာဂါနဲ႔ တျခားအစာအိမ္နဲ႔ အူလမ္းေၾကာင္းဆိုင္ရာ ေရာဂါေတြအျဖစ္မ်ားလာၾကပါတယ္။ ဒီကူးစက္မႈေတြကေတာ့ မ်ားေသာအားျဖင့္ မိႈနဲ႔ ဘက္တီးရီးယားေတြေၾကာင့္ျဖစ္ပါတယ္။

ကေလးေတြဟာ လူႀကီးေတြထက္ ကုိယ္ခံအားနည္းတာေၾကာင့္ ေရာဂါပိုးကူးစက္ခံရဖို႔ ပိုၿပီးလြယ္ကူပါတယ္။ ဒါေၾကာင့္မို႔ ကေလးေတြကို မဖ်ားမနာဘဲ က်န္းက်န္းမာမာေနႏုိင္ေအာင္ ဘယ္လို ဂရုစိုက္ေပးရမလဲဆိုတာ ၾကည့္ရေအာင္ပါ။

– ဒီလိုအခ်ိန္မ်ဳိးမွာ ကေလးေတြကို လမ္းေဘးစာေတြမစားဖို႔တားျမစ္သင့္ပါတယ္။ မသန္႔တဲ့ လမ္းေဘးစာေတြဟာ ၀မ္းေရာဂါနဲ႔ တျခားေရာဂါအမ်ဳိးမ်ဳိးကို ျဖစ္ေစႏုိင္ပါတယ္။ ကေလးေတြရဲ႕ အစာေျခစနစ္ဟာ မိုးတြင္းကာလမွာ အားနည္းတာေၾကာင့္ အဆီမ်ားတဲ့ အစားအစာနဲ႔ အရမ္းစပ္တဲ့အစားအစာေတြကို ေရွာင္ၾကဥ္သင့္ပါတယ္။

– ေရသန္႔သန္႔ကို ေသေသခ်ာခ်ာ စစ္ၿပီးမွ ေသာက္ပါ။ ကေလးငယ္ငယ္ေလးေတြအတြက္ဆိုရင္ေတာ့ ေရက်က္ေအးကိုသာ တုိက္သင့္ပါတယ္။

– မသန္႔တဲ့ ေရေတြထဲမွာ ကစားတဲ့အခါမွာလည္း အေရျပားပိုးဝင္ႏုိင္တာေၾကာင့္ ခြင့္မျပဳသင့္ပါဘူး။

-အစားအစာေတြကို မကိုင္တြယ္ခင္ လက္ကို အရင္ဆံုး စင္စင္ၾကယ္ၾကယ္ေဆးပါ။ ကေလးေတြကိုလည္း လက္စင္ေအာင္ ေဆးတတ္ဖို႔ သင္ထားပါ။

– ဒီရာသီမွာ ယင္ေကာင္ေပါတာေၾကာင့္ ခ်က္ၿပီးသား ဟင္းေတြ ၊ စားစရာေတြကို ျခင္ ၊ ယင္မဝင္ႏုိင္ေအာင္ လံုလံုၿခံဳၿခံဳဖံုးအုပ္ထားေပးပါ။

– ကေလးေတြကို လတ္ဆတ္တဲ႔ အစားအစာေတြကိုပဲ ေကြ်းေပးပါ။ ေရခဲေသတၱာထဲမွာထည့္ထားတဲ့ အစားအစာေတြကို ခ်က္တဲ့အခါမွာလည္း အရည္ေပ်ာ္ေအာင္လုပ္ၿပီးမွ ေသေသခ်ာခ်ာအပူေပးၿပီး က်က္ေအာင္ခ်က္ပါ။

– လက္သည္းမသန္႔ရွင္းတဲ့အခါ ဘက္တီးရီးယားေတြ ဝင္ေရာက္ႏုိင္တာေၾကာင့္ ကေလးေတြကို လက္သည္း ပုံမွန္ညွပ္ေပးပါ။ ကေလးေတြ လက္သည္းကိုက္တတ္တဲ့အက်င့္ကိုလည္း ေဖ်ာက္ေပးပါ။

– မေျခာက္တဲ့အ၀တ္ေတြဟာ ကေလးေတြအတြက္ အေရျပားေရာဂါပိုး၀င္ျခင္းကို ျဖစ္ေစတာေၾကာင့္ အ၀တ္ေတြကို ေျခာက္မွေပး၀တ္ပါ။ အ၀တ္မေျခာက္တဲ့အခါမွာ မီးပူတုိက္ ဝတ္ႏုိင္ပါတယ္။

– ကေလးေတြ ေက်ာင္းသြားေက်ာင္းျပန္တဲ့အခါမွာလည္း ထီး၊ ဖိနပ္၊ မိုးကာနဲ႔အျခား လိုအပ္တဲ့ပစၥည္းေတြ ျပည့္စံုေအာင္ ထည့္ေပးပါ။

– ျခင္ကေနကူးစက္တတ္တဲ့ ငွက္ဖ်ားေရာဂါ၊ ေသြးလြန္တုပ္ေကြးေရာဂါေတြဟာ မိုးရာသီမွာ အျဖစ္မ်ားတာေၾကာင့္ ကေလးေတြကို ျခင္မကိုက္ေစဖုိ႔ အဝတ္အစားလံုလံုၿခံဳၿခံဳ၀တ္ေပးပါ။ အိပ္တဲ့အခါ ျခင္ေထာင္ျဖင့္ သိပ္ပါ။ ပိုးေလာက္လန္းရွိတဲ့ေရေတြကို သြန္ခ်ၿပီး ေရစည္၊ေရအိုိးေတြကို ဖံုးအုပ္ထားေပးပါ။ ပတ္၀န္းက်င္မွာ ရွိတဲ့ ျခင္နဲ႔ တျခား ပိုးမႊားေတြခိုေအာင္းႏုိင္မယ့္ ၿခံဳေတြ၊ အမိႈက္ေတြကို ရွင္းလင္းေပးပါ။ အလံုပိတ္အခန္းထဲမွာ ျခင္ေဆးေခြေတြထြန္းတဲ့အခါက်န္းမာေရးကို ထိခိုက္ေစတာေၾကာင့္ ျခင္ေဆးေခြထြန္းမယ္ဆိုရင္ ျပတင္းေပါက္ေတြ ဖြင့္ထားဖုိ႔လည္း လိုအပ္ပါတယ္။

– ပိုးမႊားေတြေသေစႏုိင္တဲ့ေဆးတစ္ခုခုသံုးၿပီး တစ္ေန႔တစ္ႀကိမ္ ၾကမ္းတုိက္ေပးပါ။ ဓာတုပိုးသတ္ေဆး အျပင္းစားေတြကို အိမ္ထဲမွာ မသံုးမိဖို႔ေတာ့ သတိထားပါေနာ္။

www.akhayar.com

Unicode

မိုးရာသီကျရောက်လာပြီဆိုတာနဲ့ သာမန်ဖျားတာနာတာကစလို့ အသည်းရောင်အသားဝါ ၊ အူရောင်ငန်းဖျား ၊ ကာလဝမ်းရောဂါနဲ့ တခြားအစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါတွေအဖြစ်များလာကြပါတယ်။ ဒီကူးစက်မှုတွေကတော့ များသောအားဖြင့် မှိုနဲ့ ဘက်တီးရီးယားတွေကြောင့်ဖြစ်ပါတယ်။
ကလေးတွေဟာ လူကြီးတွေထက် ကိုယ်ခံအားနည်းတာကြောင့် ရောဂါပိုးကူးစက်ခံရဖို့ ပိုပြီးလွယ်ကူပါတယ်။ ဒါကြောင့်မို့ ကလေးတွေကို မဖျားမနာဘဲ ကျန်းကျန်းမာမာနေနိုင်အောင် ဘယ်လို ဂရုစိုက်ပေးရမလဲဆိုတာ ကြည့်ရအောင်ပါ။
– ဒီလိုအချိန်မျိုးမှာ ကလေးတွေကို လမ်းဘေးစာတွေမစားဖို့တားမြစ်သင့်ပါတယ်။ မသန့်တဲ့ လမ်းဘေးစာတွေဟာ ဝမ်းရောဂါနဲ့ တခြားရောဂါအမျိုးမျိုးကို ဖြစ်စေနိုင်ပါတယ်။ ကလေးတွေရဲ့ အစာခြေစနစ်ဟာ မိုးတွင်းကာလမှာ အားနည်းတာကြောင့် အဆီများတဲ့ အစားအစာနဲ့ အရမ်းစပ်တဲ့အစားအစာတွေကို ရှောင်ကြဉ်သင့်ပါတယ်။
– ရေသန့်သန့်ကို သေသေချာချာ စစ်ပြီးမှ သောက်ပါ။ ကလေးငယ်ငယ်လေးတွေအတွက်ဆိုရင်တော့ ရေကျက်အေးကိုသာ တိုက်သင့်ပါတယ်။
– မသန့်တဲ့ ရေတွေထဲမှာ ကစားတဲ့အခါမှာလည်း အရေပြားပိုးဝင်နိုင်တာကြောင့် ခွင့်မပြုသင့်ပါဘူး။
-အစားအစာတွေကို မကိုင်တွယ်ခင် လက်ကို အရင်ဆုံး စင်စင်ကြယ်ကြယ်ဆေးပါ။ ကလေးတွေကိုလည်း လက်စင်အောင် ဆေးတတ်ဖို့ သင်ထားပါ။
– ဒီရာသီမှာ ယင်ကောင်ပေါတာကြောင့် ချက်ပြီးသား ဟင်းတွေ ၊ စားစရာတွေကို ခြင် ၊ ယင်မဝင်နိုင်အောင် လုံလုံခြုံခြုံဖုံးအုပ်ထားပေးပါ။
– ကလေးတွေကို လတ်ဆတ်တဲ့ အစားအစာတွေကိုပဲ ကျွေးပေးပါ။ ရေခဲသေတ္တာထဲမှာထည့်ထားတဲ့ အစားအစာတွေကို ချက်တဲ့အခါမှာလည်း အရည်ပျော်အောင်လုပ်ပြီးမှ သေသေချာချာအပူပေးပြီး ကျက်အောင်ချက်ပါ။
– လက်သည်းမသန့်ရှင်းတဲ့အခါ ဘက်တီးရီးယားတွေ ဝင်ရောက်နိုင်တာကြောင့် ကလေးတွေကို လက်သည်း ပုံမှန်ညှပ်ပေးပါ။ ကလေးတွေ လက်သည်းကိုက်တတ်တဲ့အကျင့်ကိုလည်း ဖျောက်ပေးပါ။
– မခြောက်တဲ့အဝတ်တွေဟာ ကလေးတွေအတွက် အရေပြားရောဂါပိုးဝင်ခြင်းကို ဖြစ်စေတာကြောင့် အဝတ်တွေကို ခြောက်မှပေးဝတ်ပါ။ အဝတ်မခြောက်တဲ့အခါမှာ မီးပူတိုက် ဝတ်နိုင်ပါတယ်။
– ကလေးတွေ ကျောင်းသွားကျောင်းပြန်တဲ့အခါမှာလည်း ထီး၊ ဖိနပ်၊ မိုးကာနဲ့အခြား လိုအပ်တဲ့ပစ္စည်းတွေ ပြည့်စုံအောင် ထည့်ပေးပါ။
– ခြင်ကနေကူးစက်တတ်တဲ့ ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါတွေဟာ မိုးရာသီမှာ အဖြစ်များတာကြောင့် ကလေးတွေကို ခြင်မကိုက်စေဖို့ အဝတ်အစားလုံလုံခြုံခြုံဝတ်ပေးပါ။ အိပ်တဲ့အခါ ခြင်ထောင်ဖြင့် သိပ်ပါ။ ပိုးလောက်လန်းရှိတဲ့ရေတွေကို သွန်ချပြီး ရေစည်၊ရေအိုးတွေကို ဖုံးအုပ်ထားပေးပါ။ ပတ်ဝန်းကျင်မှာ ရှိတဲ့ ခြင်နဲ့ တခြား ပိုးမွှားတွေခိုအောင်းနိုင်မယ့် ခြုံတွေ၊ အမှိုက်တွေကို ရှင်းလင်းပေးပါ။ အလုံပိတ်အခန်းထဲမှာ ခြင်ဆေးခွေတွေထွန်းတဲ့အခါကျန်းမာရေးကို ထိခိုက်စေတာကြောင့် ခြင်ဆေးခွေထွန်းမယ်ဆိုရင် ပြတင်းပေါက်တွေ ဖွင့်ထားဖို့လည်း လိုအပ်ပါတယ်။
– ပိုးမွှားတွေသေစေနိုင်တဲ့ဆေးတစ်ခုခုသုံးပြီး တစ်နေ့တစ်ကြိမ် ကြမ်းတိုက်ပေးပါ။ ဓာတုပိုးသတ်ဆေး အပြင်းစားတွေကို အိမ်ထဲမှာ မသုံးမိဖို့တော့ သတိထားပါနော်။

www.akhayar.com