[ZawGyi]

က်န္းမာေရးနဲ႔ပတ္သက္တဲ႔ အယူအဆမွားတခ်ိဳ႕

က်န္းမာေရးနဲ႔ပတ္သက္ျပီးလူတုိင္းနားလည္လက္ခံထားတဲ႔တခ်ိဳ႕ေသာအရာေတြက မွားယြင္းေနတတ္တာမ်ိဳးရွိပါတယ္။ တကယ္အမွန္ကဘာေတြလဲဆိုတာသိဖုိ႔ အယူအဆမွားတခ်ိဳ႕အေၾကာင္းကို ရွာေဖြေဖာ္ျပေပးခ်င္ပါတယ္။

လတ္ဆတ္မႈနဲ႔ ေအးခဲထားမႈ

လတ္ဆတ္တဲ႔အသီးအႏွံေတြက အေအးခံထားတဲ႔အသီးအႏွံေတြထက္ပိုေကာင္းတယ္ဆိုျပီးလူတုိင္းေတြးမိမယ္ထင္ပါတယ္။ ဒါေပမဲ႔ ေလ႔လာခ်က္ေတြအရေတာ႔ ဆန္႔က်င္ဘက္အေျဖထြက္ပါတယ္။ ေအးခဲထားတဲ႔အသီးအႏွံေတြဟာလည္း လတ္လတ္ဆတ္ဆတ္ေတြလုိပဲ အာဟာရဓာတ္အျပည္႔အဝပါပါတယ္တဲ႔။ တစ္ခုရွိတာက လံုးဝမွည္႔တဲ႔အခ်ိန္မွာထုပ္ပိုးအေအးခံဖို႔လုိပါတယ္။ ဒါဆိုရင္ေတာ႔ လတ္ဆတ္တဲ႔အသီးအႏွံေတြနဲ႔အတူတူပါပဲ။

အစားမ်ားမ်ားစားျခင္းနဲ႔အရက္

တခ်ိဳ႕ေတြက အရက္မေသာက္ခင္အစားမ်ားမ်ားစားေပးရင္ မ်ားမ်ားမေသာက္ျဖစ္ေတာ႔ဘူး အမူးမလြန္ဘူးလုိ႔ဆုိၾကပါတယ္။ တကယ္ေတာ႔ ဒါကမွားပါတယ္။ ကၽြႏု္ပ္တုိ႔ခႏၶာကိုယ္ကေန အရက္ကိုစုပ္ယူႏိုင္ဖို႔ အစားအေသာက္ကကူညီေပးႏိုင္ပါတယ္။ အစားမ်ားမ်ားစားျခင္းဟာ ေသြးထဲကိုအယ္လ္ကိုေဟာေရာက္ရွိမႈက်ဆင္းေစႏိုင္ေပမယ္႔ အလြန္အကၽြံမမူးေအာင္ေတာ႔ ထိန္းမေပးႏိုင္ဘူးလုိ႔ဆုိပါတယ္။

အကိုက္အခဲေပ်ာက္ေဆးေသာက္ျခင္း

ကိုက္ခဲနာက်င္မႈျဖစ္လာခဲ႔ရင္ မခံမရပ္ႏိုင္တဲ႔အထိေဝဒနာတုိးလာေတာ႔မွ အကိုက္အခဲေပ်ာက္ေဆးကိုေသာက္သင္႔တယ္လုိ႔ယူဆၾကပါတယ္။ တကယ္တမ္းမွာေတာ႔ ေဝဒနာေပ်ာ႔သည္ျဖစ္ေစ ျပင္းသည္ျဖစ္ေစ အကိုက္အခဲေပ်ာက္ေဆးကိုေသာက္ႏိုင္ပါတယ္။ ကိုက္ခဲနာက်င္မႈျဖစ္တဲ႔အခါ မခံမရပ္ႏိုင္ျဖစ္လာတဲ႔အထိေစာင္႔စရာမလိုပါဘူး။ နာက်င္မႈစတင္ခံစားရတာနဲ႔ ေသာက္လုိ႔ရပါတယ္။

HP Pavilion

HP Pavilion

HP Pavilion အေၾကာင္း အေသးစိတ္သိရွိရန္

ဝျခင္းနဲ႔ ဇီဝကမၼျဖစ္စဥ္

ဝျဖိဳးတဲ႔လူေတြဟာ ဇီဝကမၼျဖစ္ပ်က္မႈႏႈန္းေႏွးေကြးတယ္လုိ႔ လူတိုင္းကယံုၾကည္ၾကပါတယ္။ ဒါေပမဲ႔သိပၸံပညာရွင္ေတြကေတာ႔ ဒီအယူအဆမွားယြင္းေၾကာင္းအတည္ျပဳႏိုင္ခဲ႔ပါျပီ။ ဝတဲ႔သူေတြဟာ ပိန္ပါးသြယ္လ်တဲ႔သူေတြထက္ေတာင္ ဇီဝကမၼျဖစ္စဥ္ပိုမိုေကာင္းမြန္ေသးတယ္လုိ႔ ဆုိပါတယ္။

မီးမွိန္မွိန္မွာစာဖတ္ျခင္းနဲ႔ သင္႔အျမင္အာရံု

တကယ္တမ္းမွာေတာ႔ သင္႔ေတာ္တဲ႔အလင္းေရာင္နဲ႔စာဖတ္ျခင္းကသာအေကာင္းဆံုးပါ။ မီးမွိန္မွိန္ေလးနဲ႔စာဖတ္လို႔ ကိုယ္႔အျမင္အာရံုကိုထိခိုက္တယ္လုိ႔လည္းမဆိုႏိုင္ပါဘူး။ မီးေရာင္မွိန္မွိန္ဟာ စာကိုျပတ္ျပတ္သားသားျမင္ရဖုိ႔ခက္ခဲေစတာကလြဲျပီး အျမင္အာရံုကိုဆုိးဆိုးရြားရြားထိခိုက္မႈေတာ႔ မရွိႏိုင္ဘူးလုိ႔ဆုိပါတယ္။

ကြန္ပ်ဴတာဖန္သားျပင္ရဲ႕ အလင္း

ကြန္ပ်ဴတာေတြမရွိဘဲ ဒီဘက္ေခတ္မွာေနထိုင္အသက္ရွင္ဖုိ႔ဆုိတာမလြယ္ကူပါဘူး။ ဒါေပမဲ႔လူေတာ္ေတာ္မ်ားမ်ားက ကြန္ပ်ဴတာဖန္သားျပင္ရဲ႕အလင္းဟာ မ်က္စိကိုထိခိုက္ေစတယ္ဆုိတဲ႔အေၾကာင္း ၾကိမ္ဖန္မ်ားစြာၾကားဖူးၾကမွာပါ။ တကယ္တမ္းမွာေတာ႔ ကြန္ပ်ဴတာမ်က္ႏွာျပင္ေတြဟာ Radiation ကိုနည္းနည္းေလးပဲထုတ္တာပါတဲ႔။ ဒီပမာဏဟာ က်န္းမာေရးထိခိုက္ေလာက္တဲ႔အထိေတာ႔မျဖစ္ဘူးလုိ႔ဆုိပါတယ္။

ေခါင္းေလွ်ာ္ရည္နဲ႔ ဆံပင္ေပ်ာ႔ေဆး

ေခါင္းေလ်ွာ္ရည္နဲ႔ဆံပင္ေပ်ာ႔ေဆးေတြဟာ ဆံပင္အဖ်ားႏွစ္ခြျဖစ္တာကို ေပ်ာက္ေစတယ္လို႔ ေၾကာ္ျငာေတြကဆိုပါတယ္။ လူေတြကလည္း ဒီအခ်က္ကိုအမွန္လုိ႔ယူဆထားၾကပါတယ္။ ဆံပင္အတြက္ထုတ္ထားတဲ႔ထုတ္ကုန္ေတြဟာ ဆံသားကိုခဏတာလွပေစ ေပ်ာ႔ေပ်ာင္းေစတာကေတာ႔ အမွန္ပါပဲ။ ဒါေပမဲ႔ အဖ်ားႏွစ္ခြေတြကိုေပ်ာက္ေစတာမ်ိဳးေတာ႔ မဟုတ္ပါဘူး။ အဖ်ားႏွစ္ခြေပ်ာက္ခ်င္ရင္ ကတ္ေၾကးနဲ႔ညွပ္ပစ္မွရပါမယ္။

Acer Swift 3

Acer Swift 3

Acer Swift 3 အေၾကာင္း အေသးစိတ္ၾကည့္ရန္

ဗီတာမင္ C နဲ႔ဖ်ားနာျခင္း

လူအမ်ားစုက ဗီတာမင္ C ရဖို႔ အခ်ဥ္ဓာတ္ရွိတဲ႔အသီးေတြကို မ်ားမ်ားစားေပးပါလုိ႔ဆုိၾကပါတယ္။ အထူးသျဖင္႔ ရာသီအကူးအေျပာင္းကာလေတြနဲ႔ အေအးမိႏိုင္တဲ႔ရာသီဥတုေတြမွာေပါ႔။ တကယ္တမ္းမွာေတာ႔ ဗီတာမင္ C ဟာ အေအးမမိဖုိ႔ မဖ်ားနာဖုိ႔ကာကြယ္ေပးႏိုင္စြမ္းမရွိပါဘူး။ ဗီတာမင္ C အစား ဗီတာမင္ K ကိုျဖည္႔စြမ္းဖုိ႔သာ အၾကံျပဳထားၾကပါတယ္။

လက္အေရျပားတြန္႔ျခင္း

ေရစိမ္တာမ်ားျပီး လက္အေရျပားရွ ႔ံတြလာျခင္းကို ပဲၾကီးေရစိမ္လိုမ်ိဳးျဖစ္လာတယ္လုိ႔ေျပာတတ္ၾကပါတယ္။ ဒီလို ရွ ံ႔တြလာျခင္းရဲ႕အေၾကာင္းရင္းကို ေသေသခ်ာခ်ာသိၾကျပီလား။ လူေတာ္ေတာ္မ်ားမ်ားကေတာ႔ အစိုဓာတ္ကိုမ်ားမ်ားစုပ္ယူလို႔ဆုိျပီးေျပာၾကပါတယ္။ တကယ္ေတာ႔ဒါဟာ အေရျပားေအာက္က ေသြးေၾကာေလးေတြက်ဳ႕ံသြားလုိ႔ ျဖစ္ရတာပါတဲ႔။

Antibiotics ေတြနဲ႔အေအးမိျခင္း

သာမန္ဖ်ားနာတာေတြအတြက္ Antibiotics ေတြကိုလံုးဝမေသာက္သင္႔ပါ။ ဘာေၾကာင္႔လဲဆုိရင္ ဖ်ားနာျခင္းေတြဟာ ဗိုင္းရပ္စ္ေၾကာင္႔ျဖစ္တာပါ။ Antibiotics ကေတာ႔ bacterial infections ကိုတိုက္ထုတ္တာျဖစ္ပါတယ္။

ရာသီဥတုေအးျခင္းနဲ႔အေအးမိျခင္း

အျပင္မွာ ရာသီဥတုအရမ္းေအးေနရင္ အေအးမိေတာ႔မယ္လုိ႔ ေျပာတတ္ၾကပါတယ္။ အေအးမိျခင္းနဲ႔ ရာသီဥတုေအးျခင္းဟာသက္ဆုိင္မႈမရွိဘူးလုိ႔ဆုိပါတယ္။ ကိုယ္ခံအားနည္းေနရင္ ဘယ္လုိအေနအထားျဖစ္ျဖစ္ အေအးမိလြယ္မွာျဖစ္သလို ကိုယ္ခံအားေကာင္းေနရင္ေတာ႔ ဘယ္လုိရာသီဥတုျဖစ္ျဖစ္က်န္းမာေနမွာပါ။

www.akhayar.com

[Unicode]

ကျန်းမာရေးနဲ့ပတ်သက်တဲ့ အယူအဆမှားတချို့

ကျန်းမာရေးနဲ့ပတ်သက်ပြီးလူတိုင်းနားလည်လက်ခံထားတဲ့တချို့သောအရာတွေက မှားယွင်းနေတတ်တာမျိုးရှိပါတယ်။ တကယ်အမှန်ကဘာတွေလဲဆိုတာသိဖို့ အယူအဆမှားတချို့အကြောင်းကို ရှာဖွေဖော်ပြပေးချင်ပါတယ်။

လတ်ဆတ်မှုနဲ့ အေးခဲထားမှု

လတ်ဆတ်တဲ့အသီးအနှံတွေက အအေးခံထားတဲ့အသီးအနှံတွေထက်ပိုကောင်းတယ်ဆိုပြီးလူတိုင်းတွေးမိမယ်ထင်ပါတယ်။ ဒါပေမဲ့ လေ့လာချက်တွေအရတော့ ဆန့်ကျင်ဘက်အဖြေထွက်ပါတယ်။ အေးခဲထားတဲ့အသီးအနှံတွေဟာလည်း လတ်လတ်ဆတ်ဆတ်တွေလိုပဲ အာဟာရဓာတ်အပြည့်အဝပါပါတယ်တဲ့။ တစ်ခုရှိတာက လုံးဝမှည့်တဲ့အချိန်မှာထုပ်ပိုးအအေးခံဖို့လိုပါတယ်။ ဒါဆိုရင်တော့ လတ်ဆတ်တဲ့အသီးအနှံတွေနဲ့အတူတူပါပဲ။

အစားများများစားခြင်းနဲ့အရက်

တချို့တွေက အရက်မသောက်ခင်အစားများများစားပေးရင် များများမသောက်ဖြစ်တော့ဘူး အမူးမလွန်ဘူးလို့ဆိုကြပါတယ်။ တကယ်တော့ ဒါကမှားပါတယ်။ ကျွနု်ပ်တို့ခန္ဓာကိုယ်ကနေ အရက်ကိုစုပ်ယူနိုင်ဖို့ အစားအသောက်ကကူညီပေးနိုင်ပါတယ်။ အစားများများစားခြင်းဟာ သွေးထဲကိုအယ်လ်ကိုဟောရောက်ရှိမှုကျဆင်းစေနိုင်ပေမယ့် အလွန်အကျွံမမူးအောင်တော့ ထိန်းမပေးနိုင်ဘူးလို့ဆိုပါတယ်။

အကိုက်အခဲပျောက်ဆေးသောက်ခြင်း

ကိုက်ခဲနာကျင်မှုဖြစ်လာခဲ့ရင် မခံမရပ်နိုင်တဲ့အထိဝေဒနာတိုးလာတော့မှ အကိုက်အခဲပျောက်ဆေးကိုသောက်သင့်တယ်လို့ယူဆကြပါတယ်။ တကယ်တမ်းမှာတော့ ဝေဒနာပျော့သည်ဖြစ်စေ ပြင်းသည်ဖြစ်စေ အကိုက်အခဲပျောက်ဆေးကိုသောက်နိုင်ပါတယ်။ ကိုက်ခဲနာကျင်မှုဖြစ်တဲ့အခါ မခံမရပ်နိုင်ဖြစ်လာတဲ့အထိစောင့်စရာမလိုပါဘူး။ နာကျင်မှုစတင်ခံစားရတာနဲ့ သောက်လို့ရပါတယ်။

HP Pavilion

HP Pavilion

HP Pavilion အကြောင်း အသေးစိတ်သိရှိရန်

ဝခြင်းနဲ့ ဇီဝကမ္မဖြစ်စဉ်

ဝဖြိုးတဲ့လူတွေဟာ ဇီဝကမ္မဖြစ်ပျက်မှုနှုန်းနှေးကွေးတယ်လို့ လူတိုင်းကယုံကြည်ကြပါတယ်။ ဒါပေမဲ့သိပ္ပံပညာရှင်တွေကတော့ ဒီအယူအဆမှားယွင်းကြောင်းအတည်ပြုနိုင်ခဲ့ပါပြီ။ ဝတဲ့သူတွေဟာ ပိန်ပါးသွယ်လျတဲ့သူတွေထက်တောင် ဇီဝကမ္မဖြစ်စဉ်ပိုမိုကောင်းမွန်သေးတယ်လို့ ဆိုပါတယ်။

မီးမှိန်မှိန်မှာစာဖတ်ခြင်းနဲ့ သင့်အမြင်အာရုံ

တကယ်တမ်းမှာတော့ သင့်တော်တဲ့အလင်းရောင်နဲ့စာဖတ်ခြင်းကသာအကောင်းဆုံးပါ။ မီးမှိန်မှိန်လေးနဲ့စာဖတ်လို့ ကိုယ့်အမြင်အာရုံကိုထိခိုက်တယ်လို့လည်းမဆိုနိုင်ပါဘူး။ မီးရောင်မှိန်မှိန်ဟာ စာကိုပြတ်ပြတ်သားသားမြင်ရဖို့ခက်ခဲစေတာကလွဲပြီး အမြင်အာရုံကိုဆိုးဆိုးရွားရွားထိခိုက်မှုတော့ မရှိနိုင်ဘူးလို့ဆိုပါတယ်။

ကွန်ပျူတာဖန်သားပြင်ရဲ့ အလင်း

ကွန်ပျူတာတွေမရှိဘဲ ဒီဘက်ခေတ်မှာနေထိုင်အသက်ရှင်ဖို့ဆိုတာမလွယ်ကူပါဘူး။ ဒါပေမဲ့လူတော်တော်များများက ကွန်ပျူတာဖန်သားပြင်ရဲ့အလင်းဟာ မျက်စိကိုထိခိုက်စေတယ်ဆိုတဲ့အကြောင်း ကြိမ်ဖန်များစွာကြားဖူးကြမှာပါ။ တကယ်တမ်းမှာတော့ ကွန်ပျူတာမျက်နှာပြင်တွေဟာ Radiation ကိုနည်းနည်းလေးပဲထုတ်တာပါတဲ့။ ဒီပမာဏဟာ ကျန်းမာရေးထိခိုက်လောက်တဲ့အထိတော့မဖြစ်ဘူးလို့ဆိုပါတယ်။

ခေါင်းလျှော်ရည်နဲ့ ဆံပင်ပျော့ဆေး

ခေါင်းလျှော်ရည်နဲ့ဆံပင်ပျော့ဆေးတွေဟာ ဆံပင်အဖျားနှစ်ခွဖြစ်တာကို ပျောက်စေတယ်လို့ ကြော်ငြာတွေကဆိုပါတယ်။ လူတွေကလည်း ဒီအချက်ကိုအမှန်လို့ယူဆထားကြပါတယ်။ ဆံပင်အတွက်ထုတ်ထားတဲ့ထုတ်ကုန်တွေဟာ ဆံသားကိုခဏတာလှပစေ ပျော့ပျောင်းစေတာကတော့ အမှန်ပါပဲ။ ဒါပေမဲ့ အဖျားနှစ်ခွတွေကိုပျောက်စေတာမျိုးတော့ မဟုတ်ပါဘူး။ အဖျားနှစ်ခွပျောက်ချင်ရင် ကတ်ကြေးနဲ့ညှပ်ပစ်မှရပါမယ်။

Acer Swift 3

Acer Swift 3

Acer Swift 3 အကြောင်း အသေးစိတ်ကြည့်ရန်

ဗီတာမင် C နဲ့ဖျားနာခြင်း

လူအများစုက ဗီတာမင် C ရဖို့ အချဉ်ဓာတ်ရှိတဲ့အသီးတွေကို များများစားပေးပါလို့ဆိုကြပါတယ်။ အထူးသဖြင့် ရာသီအကူးအပြောင်းကာလတွေနဲ့ အအေးမိနိုင်တဲ့ရာသီဥတုတွေမှာပေါ့။ တကယ်တမ်းမှာတော့ ဗီတာမင် C ဟာ အအေးမမိဖို့ မဖျားနာဖို့ကာကွယ်ပေးနိုင်စွမ်းမရှိပါဘူး။ ဗီတာမင် C အစား ဗီတာမင် K ကိုဖြည့်စွမ်းဖို့သာ အကြံပြုထားကြပါတယ်။

လက်အရေပြားတွန့်ခြင်း

ရေစိမ်တာများပြီး လက်အရေပြားရှံ့တွလာခြင်းကို ပဲကြီးရေစိမ်လိုမျိုးဖြစ်လာတယ်လို့ပြောတတ်ကြပါတယ်။ ဒီလို ရှ ံ့တွလာခြင်းရဲ့အကြောင်းရင်းကို သေသေချာချာသိကြပြီလား။ လူတော်တော်များများကတော့ အစိုဓာတ်ကိုများများစုပ်ယူလို့ဆိုပြီးပြောကြပါတယ်။ တကယ်တော့ဒါဟာ အရေပြားအောက်က သွေးကြောလေးတွေကျုံ့သွားလို့ ဖြစ်ရတာပါတဲ့။

Antibiotics တွေနဲ့အအေးမိခြင်း

သာမန်ဖျားနာတာတွေအတွက် Antibiotics တွေကိုလုံးဝမသောက်သင့်ပါ။ ဘာကြောင့်လဲဆိုရင် ဖျားနာခြင်းတွေဟာ ဗိုင်းရပ်စ်ကြောင့်ဖြစ်တာပါ။ Antibiotics ကတော့ bacterial infections ကိုတိုက်ထုတ်တာဖြစ်ပါတယ်။

ရာသီဥတုအေးခြင်းနဲ့အအေးမိခြင်း

အပြင်မှာ ရာသီဥတုအရမ်းအေးနေရင် အအေးမိတော့မယ်လို့ ပြောတတ်ကြပါတယ်။ အအေးမိခြင်းနဲ့ ရာသီဥတုအေးခြင်းဟာသက်ဆိုင်မှုမရှိဘူးလို့ဆိုပါတယ်။ ကိုယ်ခံအားနည်းနေရင် ဘယ်လိုအနေအထားဖြစ်ဖြစ် အအေးမိလွယ်မှာဖြစ်သလို ကိုယ်ခံအားကောင်းနေရင်တော့ ဘယ်လိုရာသီဥတုဖြစ်ဖြစ်ကျန်းမာနေမှာပါ။

www.akhayar.com