[Zawgyi]

ၾကက္ဟင္းခါးသီးရဲ႕ က်န္းမာေရးအတြက္ အံ့မခန္းအက်ိဳးအာနိသင္မ်ား

ခါးသက္သက္ရွိတဲ့ ၾကက္ဟင္းခါးသီးက က်န္းမာေရးအတြက္ မ်ားစြာအေထာက္အကူျပဳတဲ့ ဟင္းသီးဟင္းရြက္တစ္မ်ိဳးပါပဲ။ တခ်ိဳ႕တုိင္းရင္းေဆးေတြမွာဆုိရင္ ၾကက္ဟင္းခါးသီးကို ထည့္သြင္းအသံုးျပဳၾကတာကို ေတြ႔ရပါတယ္။ ၾကက္ဟင္းခါးသီးမွာပါဝင္တဲ့ သံဓာတ္၊ ဗီတာမင္ဓာတ္၊ အမွ်င္ဓာတ္မ်ားနဲ႔ အျခားေသာက်န္းမာေရးအတြက္ အေထာက္အကူျပဳတဲ့ ဓာတ္ပစၥည္းမ်ားက သင့္ခႏၶာကိုယ္အတြက္ ဘယ္လိုအက်ိဳးေက်းဇူးေတြ ေပးစြမ္းႏုိင္မလဲဆိုတာကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) ဆီးခ်ိဳေရာဂါကာကြယ္ေပးပါတယ္

ၾကက္ဟင္းခါးသီးကို ေၾကာ္ေလွာ္ခ်က္ျပဳတ္ၿပီးပဲစားစား၊ ၾကက္ဟင္းခါးသီး Juice လုပ္ၿပီး ေဆးျဖစ္ဝါးျဖစ္ မွီဝဲေပးမယ္ဆုိရင္ ဆီးခ်ိဳေရာဂါ ကာကြယ္ေပးႏုိင္ပါတယ္။ ေသြးတြင္းသၾကားဓာတ္ကို ထိန္းညွိေပးႏုိင္တဲ့အတြက္ ပံုမွန္စားသံုးေပးမယ္ဆိုရင္ ဆီးခ်ိဳျဖစ္ျခင္းမွ တားဆီးေပးႏုိင္ပါတယ္။

(၂) ကိုလက္စထေရာေလ်ာ့ခ်ေပးပါတယ္

ခႏၶာကိုယ္ကို ဒုကၡေပးမယ့္ ကိုလက္စထေရာကို ေလ်ာ့ခ်ေပးႏုိင္တာကေတာ့ ၾကက္ဟင္းခါးသီးပါပဲ။ ၾကက္ဟင္းခါးသီးမွာ ပါဝင္တဲ့ သံဓာတ္နဲ႔ ေဖာလစ္အက္ဆစ္က သင့္ရဲ႕ႏွလံုးက်န္းမာေရးအတြက္ ကိုလည္း မ်ားစြာ အေထာက္အကူျပဳပါတယ္။

(၃) အသည္းကိုသန္႔စင္ေပးပါတယ္

ၾကက္ဟင္းခါးသီးမွာ အသည္းေရာဂါကိုကာကြယ္ေပးႏိုင္တဲ့ သဘာဝဓာတ္ပစၥည္းမ်ားပါဝင္တဲ့အတြက္ အသည္းက်န္းမာေရးကို မ်ားစြာအေထာက္အကူျပဳပါတယ္။ အသည္းတြင္းမွ အဆိပ္အေတာက္မ်ားကို စစ္ထုတ္ေပးေသာေၾကာင္႔ ေသြးသန္႔စင္ၿပီး အဆိပ္အေတာက္မ်ားကိုပါ ဖယ္ရွားေပးႏုိင္ပါတယ္။ အသည္းပံုမွန္အလုပ္လုပ္မွ ႏွလံုးေရာဂါ၊ အဝလြန္ေရာဂါျဖစ္ျခင္း ကင္းေဝးႏုိင္မွာပါ။

(၄) အာရံုေၾကာစနစ္ေကာင္းမြန္ေစပါတယ္

ၾကက္ဟင္းခါးသီးကို ပံုမွန္စားသံုးေပးမယ္ဆိုရင္ အာရံုေၾကာစနစ္ေကာင္းမြန္ေစၿပီးေတာ့ ျပင္ပေရာဂါဝင္ေရာက္မႈမွလည္း ခုခံတားဆီးေပးႏုိင္တယ္လို႔ သိရပါတယ္။ ၾကက္ဟင္းခါးသီးမွာပါဝင္တဲ့ Antioxidants က ရာသီအေျပာင္းအလဲေၾကာင့္ အေအးမိဖ်ားနာျခင္းမွ ကာကြယ္ေပးႏုိင္ပါတယ္။

(၅) အဆုတ္အားေကာင္းေစပါတယ္

ေဆးလိပ္ေသာက္တတ္တဲ့သူေတြအေနနဲ႔ ၾကက္ဟင္းခါးသီးကို စားသံုးေပးမယ္ဆိုရင္ အဆုတ္တြင္းက အဆိပ္အေတာက္မ်ားကို ဖယ္ရွားသန္႔စင္ေပးႏုိင္ပါတယ္။ ဒါ့အျပင္ အားကစားသမားမ်ားအေနနဲ႔လည္း ၾကက္ဟင္းခါးသီးေဖ်ာ္ရည္ကို ေသာက္သံုးေပးမယ္ဆိုရင္ အဆုတ္အားေကာင္းမြန္ေစၿပီး သက္လံုေကာင္းေစပါတယ္။

(၆) အသားအေရလွပေစပါတယ္

ၾကက္ဟင္းခါးသီးက က်န္းမာေရးအတြက္သာမက အသားအေရလွပဖို႔အတြက္ကိုလည္း တစ္ဖက္တစ္လမ္းက ကူညီေပးႏုိင္ပါေသးတယ္။ ၾကက္ဟင္းခါးသီးေဖ်ာ္ရည္က အေရျပားအေပၚယံလႊာမွာရွိတဲ့ အဆိပ္အေတာက္မ်ားကို ကင္းစင္ေစၿပီး ေသြးသားသန္႔စင္ေပးႏုိင္တဲ့အတြက္ အသားအေရၾကည္လင္လွပမႈကို ေပးစြမ္းႏုိင္မွာပါ။

(၇) ဝိတ္က်ေစပါတယ္

ကိုယ္အေလးခ်ိန္ ေလ်ာ့ခ်ေနတဲ့သူေတြအေနနဲ႔ ၾကက္ဟင္းခါးသီးကို Diet plan ထဲမွာ ထည့္သြင္းစားသံုးဖို႔ အႀကံျပဳပါရေစ။ ၾကက္ဟင္းခါးသီးက အမွ်င္ဓာတ္ၾကယ္ဝစြာ ပါဝင္တဲ့အတြက္ ဝိတ္ခ်ေနတဲ့သူေတြအတြက္ အထူးသင့္ေတာ္ပါတယ္။ ၾကက္ဟင္းခါးသီး ၄ စိတ္ေလာက္ကို ေရေႏြးပူပူထဲ ၅ မိနစ္ခန္႔စိမ္ၿပီး ေသာက္သံုးႏုိင္ပါတယ္။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ကြက်ဟင်းခါးသီးရဲ့ ကျန်းမာရေးအတွက် အံ့မခန်းအကျိုးအာနိသင်များ

ခါးသက်သက်ရှိတဲ့ ကြက်ဟင်းခါးသီးက ကျန်းမာရေးအတွက် များစွာအထောက်အကူပြုတဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးပါပဲ။ တချို့တိုင်းရင်းဆေးတွေမှာဆိုရင် ကြက်ဟင်းခါးသီးကို ထည့်သွင်းအသုံးပြုကြတာကို တွေ့ရပါတယ်။ ကြက်ဟင်းခါးသီးမှာပါဝင်တဲ့ သံဓာတ်၊ ဗီတာမင်ဓာတ်၊ အမျှင်ဓာတ်များနဲ့ အခြားသောကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ ဓာတ်ပစ္စည်းများက သင့်ခန္ဓာကိုယ်အတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ပေးစွမ်းနိုင်မလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ဆီးချိုရောဂါကာကွယ်ပေးပါတယ်

ကြက်ဟင်းခါးသီးကို ကြော်လှော်ချက်ပြုတ်ပြီးပဲစားစား၊ ကြက်ဟင်းခါးသီး Juice လုပ်ပြီး ဆေးဖြစ်ဝါးဖြစ် မှီဝဲပေးမယ်ဆိုရင် ဆီးချိုရောဂါ ကာကွယ်ပေးနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တဲ့အတွက် ပုံမှန်စားသုံးပေးမယ်ဆိုရင် ဆီးချိုဖြစ်ခြင်းမှ တားဆီးပေးနိုင်ပါတယ်။

(၂) ကိုလက်စထရောလျော့ချပေးပါတယ်

ခန္ဓာကိုယ်ကို ဒုက္ခပေးမယ့် ကိုလက်စထရောကို လျော့ချပေးနိုင်တာကတော့ ကြက်ဟင်းခါးသီးပါပဲ။ ကြက်ဟင်းခါးသီးမှာ ပါဝင်တဲ့ သံဓာတ်နဲ့ ဖောလစ်အက်ဆစ်က သင့်ရဲ့နှလုံးကျန်းမာရေးအတွက် ကိုလည်း များစွာ အထောက်အကူပြုပါတယ်။

(၃) အသည်းကိုသန့်စင်ပေးပါတယ်

ကြက်ဟင်းခါးသီးမှာ အသည်းရောဂါကိုကာကွယ်ပေးနိုင်တဲ့ သဘာဝဓာတ်ပစ္စည်းများပါဝင်တဲ့အတွက် အသည်းကျန်းမာရေးကို များစွာအထောက်အကူပြုပါတယ်။ အသည်းတွင်းမှ အဆိပ်အတောက်များကို စစ်ထုတ်ပေးသောကြောင့် သွေးသန့်စင်ပြီး အဆိပ်အတောက်များကိုပါ ဖယ်ရှားပေးနိုင်ပါတယ်။ အသည်းပုံမှန်အလုပ်လုပ်မှ နှလုံးရောဂါ၊ အဝလွန်ရောဂါဖြစ်ခြင်း ကင်းဝေးနိုင်မှာပါ။

(၄) အာရုံကြောစနစ်ကောင်းမွန်စေပါတယ်

ကြက်ဟင်းခါးသီးကို ပုံမှန်စားသုံးပေးမယ်ဆိုရင် အာရုံကြောစနစ်ကောင်းမွန်စေပြီးတော့ ပြင်ပရောဂါဝင်ရောက်မှုမှလည်း ခုခံတားဆီးပေးနိုင်တယ်လို့ သိရပါတယ်။ ကြက်ဟင်းခါးသီးမှာပါဝင်တဲ့ Antioxidants က ရာသီအပြောင်းအလဲကြောင့် အအေးမိဖျားနာခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

(၅) အဆုတ်အားကောင်းစေပါတယ်

ဆေးလိပ်သောက်တတ်တဲ့သူတွေအနေနဲ့ ကြက်ဟင်းခါးသီးကို စားသုံးပေးမယ်ဆိုရင် အဆုတ်တွင်းက အဆိပ်အတောက်များကို ဖယ်ရှားသန့်စင်ပေးနိုင်ပါတယ်။ ဒါ့အပြင် အားကစားသမားများအနေနဲ့လည်း ကြက်ဟင်းခါးသီးဖျော်ရည်ကို သောက်သုံးပေးမယ်ဆိုရင် အဆုတ်အားကောင်းမွန်စေပြီး သက်လုံကောင်းစေပါတယ်။

(၆) အသားအရေလှပစေပါတယ်

ကြက်ဟင်းခါးသီးက ကျန်းမာရေးအတွက်သာမက အသားအရေလှပဖို့အတွက်ကိုလည်း တစ်ဖက်တစ်လမ်းက ကူညီပေးနိုင်ပါသေးတယ်။ ကြက်ဟင်းခါးသီးဖျော်ရည်က အရေပြားအပေါ်ယံလွှာမှာရှိတဲ့ အဆိပ်အတောက်များကို ကင်းစင်စေပြီး သွေးသားသန့်စင်ပေးနိုင်တဲ့အတွက် အသားအရေကြည်လင်လှပမှုကို ပေးစွမ်းနိုင်မှာပါ။

(၇) ဝိတ်ကျစေပါတယ်

ကိုယ်အလေးချိန် လျော့ချနေတဲ့သူတွေအနေနဲ့ ကြက်ဟင်းခါးသီးကို Diet plan ထဲမှာ ထည့်သွင်းစားသုံးဖို့ အကြံပြုပါရစေ။ ကြက်ဟင်းခါးသီးက အမျှင်ဓာတ်ကြယ်ဝစွာ ပါဝင်တဲ့အတွက် ဝိတ်ချနေတဲ့သူတွေအတွက် အထူးသင့်တော်ပါတယ်။ ကြက်ဟင်းခါးသီး ၄ စိတ်လောက်ကို ရေနွေးပူပူထဲ ၅ မိနစ်ခန့်စိမ်ပြီး သောက်သုံးနိုင်ပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။