ဘာျဖစ္ျဖစ္ခ်စ္တယ္ ၊ ပတ္သက္ခြင္႔ျပဳပါ ၊ ခိုနားရာ ၊ ၾကင္ရာဖက္ ၊ ဒယ္ဒီဟဲေလး စတဲ႔ စတဲ႔ သီခ်င္းေကာင္းမ်ားစြာနဲ႔ ပရိသတ္ခိုင္ခိုင္မာမာရရွိခဲ႔သူ ဟဲေလးရဲ႕ သူေျပာျပတဲ႔သူ႔ဘဝအေၾကာင္း ၊ သူ႕ရဲ႕ဂီတမွတ္တိုင္ေတြအေၾကာင္းကို Akhayar ပရိသတ္ၾကီးအတြက္ တင္ဆက္ေပးထားပါတယ္။

ကၽြန္ေတာ္႔အေၾကာင္း

ကၽြန္ေတာ္႔နာမည္အရင္းက ႏိုင္လင္းေအာင္ပါ။ အႏုပညာနာမည္က ဟဲေလးပါ။ ေမြးသကၠရာဇ္က ၄.၇.၁၉၈၁ ခုနစ္ပါ။ ေဖေဖ႔နာမည္က ဦးေအာင္ျမင္႔ ၊ အေမနာမည္က ေဒၚခင္မာဝင္းျဖစ္ပါတယ္။ ကၽြန္ေတာ္႔မွာ အစ္ကိုတစ္ေယာက္ရွိပါတယ္။ ကၽြန္ေတာ္႔အစ္ကိုနာမည္က ႏိုင္မ်ိဳးေအာင္ပါ။ ကၽြန္ေတာ္႔ကိုရန္ကုန္ ၊ ကမၻာေအးမွာေမြးပါတယ္။ ဆယ္တန္းကို အ.ထ.က ၂ ဗဟန္း ၊ နန္ယန္ေက်ာင္းကေန ေအာင္ခဲ႔ပါတယ္။ ၂၀၀၄ မွာ B.A (Geo) နဲ႔ ဒဂံုတကၠသိုလ္ကေနဘြဲ႔ရရွိခဲ႔ပါတယ္။

he'lay

လက္ရွိကၽြန္ေတာ္တည္ေဆာက္ထားတဲ႔ မိသားစုဘဝမွာေတာ႔ ကၽြန္ေတာ္႔ခ်စ္ဇနီး ျမတ္သီရိလင္း နဲ႔သားေလးႏွစ္ေယာက္ျဖစ္တဲ႔ သားသားဟဲနဲ႔ ညီညီဟဲတို႔ရွိပါတယ္။

အႏုပညာခရီးအစ

Teens Boy Band

အႏုပညာေလာကထဲကို ၂၀၀၀ ခုနစ္က စတင္ဝင္ေရာက္ခဲ႔ပါတယ္။ အခုဆိုရင္ အႏုပညာသက္တမ္း ၁၇ ႏွစ္ရွိပါျပီ။ Teens ဆိုတဲ႔ Boy Band နဲ႔စျပီးဝင္ေရာက္ခဲ႔တာျဖစ္ပါတယ္။ အဖြဲ႔ဝင္ ၅ ေယာက္နဲ႔ ၂၀၀၄ ခုနစ္ေလာက္ထိကို အဖြဲ႔နဲ႔လႈပ္ရွားခဲ႔ပါတယ္။

he' lay

တစ္ကိုယ္ေတာ္အႏုပညာလႈပ္ရွားမႈစတင္ခ်ိန္

၂၀၀၂ ခုနစ္မွာေတာ႔ ပထမဆံုး ေတးအယ္လ္ဘမ္ “မင္းေပးတဲ႔အခ်စ္” စထြက္ခဲ႔ပါတယ္။ ဒုတိယအယ္လ္ဘမ္က ၂၀၀၄ မွာထြက္ခဲ႔တယ္။ “အခ်စ္ေပ်ာက္သြားသူ”ပါ။ ၂၀၀၆ မွာေတာ႔ စံုတြဲေတးအယ္လ္ဘမ္ကို မိန္းကေလးအဆိုေတာ္ ၁၄ ေယာက္နဲ႔ “ရင္ခုန္ႏႈန္းဆယ္႔ေလး” ဆိုျပီးေတာ႔ ထြက္ခဲ႔ပါတယ္။

၂၀၀၉ မွာေတာ႔ “Old Service” ဆုိတဲ႔ Solo Album ထြက္ပါတယ္။ အဲဒီအယ္လ္ဘမ္ကေတာ႔ ကၽြန္ေတာ္႔ရဲ႕ထြက္ထားျပီးသမွ်တစ္ကိုယ္ေတာ္အယ္လ္ဘမ္ေတြထဲမွာ အေအာင္ျမင္ဆံုးလို႔ေျပာလို႔ရတယ္။

he' lay

၂၀၁၂ ခုနစ္မွာ “ဒယ္ဒီဟဲေလး”ဆိုတဲ႔ ေနာက္ထပ္အယ္လ္ဘမ္ထပ္ထြက္ပါတယ္။ ဒီအေခြကလည္းအတိုင္းအတာတစ္ခုအထိေအာင္ျမင္မႈရရွိခဲ႔တယ္။ ၂၀၁၅ မွာေနာက္ဆံုးထြက္ထားတာက “ျပည္သူ႔အခ်စ္ေတာ္” ဆိုတဲ႔အယ္လ္ဘမ္ထြက္ခဲ႔ပါတယ္။ သၾကၤန္ေခြေတြ ၊ အခ်စ္သီခ်င္းအေခြေတြနဲ႔ တျခားအေခြေတြမွာ Featuring ဆိုေပးတာေရာဆိုရင္ေတာ႔ အေခြတစ္ရာေက်ာ္ေလာက္ရွိပါျပီ။

ကၽြန္ေတာ္႔ဂီတအမ်ိဳးအစားကေတာ႔ Pop Music ပါ။ ဒါေပမဲ႔ ေပါ႔ပ္ေအးေအးေလးေတြပဲသြားတာမဟုတ္ဘဲ ဒီေန႔ Update ျဖစ္ေနတဲ႔ Music ေတြကိုလည္း ေလ႔လာျပီး Creation လုပ္ေလ႔ရွိပါတယ္။

လက္ရွိအႏုပညာလႈပ္ရွားမႈ

အခု “ဟဲေလးရဲ႕အေကာင္းဆံုးေတးမ်ား” အယ္္လ္ဘမ္ကိုစျပီးေတာ႔လုပ္ေနတာ ခုေတာ႔တစ္ဝက္ေလာက္ရွိပါျပီ။ ျပီးေတာ႔ေနာက္ထပ္ အိမ္႔ခ်စ္နဲ႔Duet အယ္လ္ဘမ္ေလးလုပ္ေနပါတယ္။ နယ္ေဖ်ာ္ေျဖပြဲ ၊ ရန္ကုန္ ၊ မႏၱေလးေဖ်ာ္ေျဖပြဲေတြကေတာ႔ အျမဲတမ္းရွိေနပါတယ္။ Wai လ်ွံရဲ႕ Production ျဖစ္တဲ႔ Player Production ကေနျပီးေတာ႔ Love Player ဆုိတဲ႔အတြဲေခြလည္းထြက္ဖို႔ရွိမယ္။ ေနာက္ထပ္ တျခားအတြဲေခြေတြလည္းထြက္ဖို႔  ရွိပါဦးမယ္။

Photo# He’ Lay Facebook

www.akhayar.com

Unicode

ဘာဖြစ်ဖြစ်ချစ်တယ် ၊ ပတ်သက်ခွင့်ပြုပါ ၊ ခိုနားရာ ၊ ကြင်ရာဖက် ၊ ဒယ်ဒီဟဲလေး စတဲ့ စတဲ့ သီချင်းကောင်းများစွာနဲ့ ပရိသတ်ခိုင်ခိုင်မာမာရရှိခဲ့သူ ဟဲလေးရဲ့ သူပြောပြတဲ့သူ့ဘဝအကြောင်း ၊ သူ့ရဲ့ဂီတမှတ်တိုင်တွေအကြောင်းကို Akhayar ပရိသတ်ကြီးအတွက် တင်ဆက်ပေးထားပါတယ်။

ကျွန်တော့်အကြောင်း

ကျွန်တော့်နာမည်အရင်းက နိုင်လင်းအောင်ပါ။ အနုပညာနာမည်က ဟဲလေးပါ။ မွေးသက္ကရာဇ်က ၄.၇.၁၉၈၁ ခုနစ်ပါ။ ဖေဖေ့နာမည်က ဦးအောင်မြင့် ၊ အမေနာမည်က ဒေါ်ခင်မာဝင်းဖြစ်ပါတယ်။ ကျွန်တော့်မှာ အစ်ကိုတစ်ယောက်ရှိပါတယ်။ ကျွန်တော့်အစ်ကိုနာမည်က နိုင်မျိုးအောင်ပါ။ ကျွန်တော့်ကိုရန်ကုန် ၊ ကမ္ဘာအေးမှာမွေးပါတယ်။ ဆယ်တန်းကို အ.ထ.က ၂ ဗဟန်း ၊ နန်ယန်ကျောင်းကနေ အောင်ခဲ့ပါတယ်။ ၂၀၀၄ မှာ B.A (Geo) နဲ့ ဒဂုံတက္ကသိုလ်ကနေဘွဲ့ရရှိခဲ့ပါတယ်။
လက်ရှိကျွန်တော်တည်ဆောက်ထားတဲ့ မိသားစုဘဝမှာတော့ ကျွန်တော့်ချစ်ဇနီး မြတ်သီရိလင်း နဲ့သားလေးနှစ်ယောက်ဖြစ်တဲ့ သားသားဟဲနဲ့ ညီညီဟဲတို့ရှိပါတယ်။

အနုပညာခရီးအစ

Teens Boy Band

အနုပညာလောကထဲကို ၂၀၀၀ ခုနစ်က စတင်ဝင်ရောက်ခဲ့ပါတယ်။ အခုဆိုရင် အနုပညာသက်တမ်း ၁၇ နှစ်ရှိပါပြီ။ Teens ဆိုတဲ့ Boy Band နဲ့စပြီးဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ အဖွဲ့ဝင် ၅ ယောက်နဲ့ ၂၀၀၄ ခုနစ်လောက်ထိကို အဖွဲ့နဲ့လှုပ်ရှားခဲ့ပါတယ်။

တစ်ကိုယ်တော်အနုပညာလှုပ်ရှားမှုစတင်ချိန်

၂၀၀၂ ခုနစ်မှာတော့ ပထမဆုံး တေးအယ်လ်ဘမ် “မင်းပေးတဲ့အချစ်” စထွက်ခဲ့ပါတယ်။ ဒုတိယအယ်လ်ဘမ်က ၂၀၀၄ မှာထွက်ခဲ့တယ်။ “အချစ်ပျောက်သွားသူ”ပါ။ ၂၀၀၆ မှာတော့ စုံတွဲတေးအယ်လ်ဘမ်ကို မိန်းကလေးအဆိုတော် ၁၄ ယောက်နဲ့ “ရင်ခုန်နှုန်းဆယ့်လေး” ဆိုပြီးတော့ ထွက်ခဲ့ပါတယ်။ ၂၀၀၉ မှာတော့ “Old Service” ဆိုတဲ့ Solo Album ထွက်ပါတယ်။ အဲဒီအယ်လ်ဘမ်ကတော့ ကျွန်တော့်ရဲ့ထွက်ထားပြီးသမျှတစ်ကိုယ်တော်အယ်လ်ဘမ်တွေထဲမှာ အအောင်မြင်ဆုံးလို့ပြောလို့ရတယ်။ ၂၀၁၂ ခုနစ်မှာ “ဒယ်ဒီဟဲလေး”ဆိုတဲ့ နောက်ထပ်အယ်လ်ဘမ်ထပ်ထွက်ပါတယ်။ ဒီအခွေကလည်းအတိုင်းအတာတစ်ခုအထိအောင်မြင်မှုရရှိခဲ့တယ်။ ၂၀၁၅ မှာနောက်ဆုံးထွက်ထားတာက “ပြည်သူ့အချစ်တော်” ဆိုတဲ့အယ်လ်ဘမ်ထွက်ခဲ့ပါတယ်။ သင်္ကြန်ခွေတွေ ၊ အချစ်သီချင်းအခွေတွေနဲ့ တခြားအခွေတွေမှာ Featuring ဆိုပေးတာရောဆိုရင်တော့ အခွေတစ်ရာကျော်လောက်ရှိပါပြီ။

ကျွန်တော့်ဂီတအမျိုးအစားကတော့ Pop Music ပါ။ ဒါပေမဲ့ ပေါ့ပ်အေးအေးလေးတွေပဲသွားတာမဟုတ်ဘဲ ဒီနေ့ Update ဖြစ်နေတဲ့ Music တွေကိုလည်း လေ့လာပြီး Creation လုပ်လေ့ရှိပါတယ်။

လက်ရှိအနုပညာလှုပ်ရှားမှု

အခု “ဟဲလေးရဲ့အကောင်းဆုံးတေးများ” အယ်လ်ဘမ်ကိုစပြီးတော့လုပ်နေတာ ခုတော့တစ်ဝက်လောက်ရှိပါပြီ။ ပြီးတော့နောက်ထပ် အိမ့်ချစ်နဲ့Duet အယ်လ်ဘမ်လေးလုပ်နေပါတယ်။ နယ်ဖျော်ဖြေပွဲ ၊ ရန်ကုန် ၊ မန္တလေးဖျော်ဖြေပွဲတွေကတော့ အမြဲတမ်းရှိနေပါတယ်။ Wai လျှံရဲ့ Production ဖြစ်တဲ့ Player Production ကနေပြီးတော့ Love Player ဆိုတဲ့အတွဲခွေလည်းထွက်ဖို့ရှိမယ်။ နောက်ထပ် တခြားအတွဲခွေတွေလည်းထွက်ဖို့  ရှိပါဦးမယ်။

Photo# He’ Lay Facebook

www.akhayar.com