[Zawgyi]
ကြည်သာ (Akhayar)
www.akhayar.com
[Unicode]
ရည်စားရှိပေမယ့် ပရိသတ်ကအချစ်ပေါ့မှာမဟုတ်ဘူးလို့ဆိုတဲ့ Mark Jason
The Voice Myanmar မှာ Voting ဒုတိယအများဆုံးရရှိခဲ့သူတစ်ဦးဖြစ်တဲ့ Mark Jason ကိုအချစ်ရေးနဲ့ပတ်သက်ပြီး အနည်းငယ်မေးကြည့်ဖြစ်ခဲ့ပါတယ်။
“အချစ်ရေးက ၂၀၁၀ ခုနှစ်ထဲကထားခဲ့တဲ့ ချစ်သူရှိပါတယ်။အဲ့အချိန်ထဲကတွဲနေပြီးအခုချိန်ထိလည်း တွဲနေပါတယ်။ချစ်သူသက်တမ်းက ၈ နှစ်ရှိပါပြီ သူကကျွန်တော့်ရဲ့အချစ်ဦးပါ။ သူ့ရဲ့အချစ်ဦးကလည်း ကျွန်တော်ပါပဲ။Relationship ကတော့၈နှစ်ရှိပြီ ကျွန်တော့်လည်ပင်းက Tattoo က ရည်းစားစဖြစ်တဲ့ Date ကိုထိုးထားတာပါ” လို့ Mark Jason ကပြောပါတယ်။
“ကျွန်တော့ကောင်မလေးက သီချင်းဆိုတာကိုလည်းလာအားပေးပါတယ်။ သီချင်းဆိုတာအတွက်လည်း အများကြီးနားလည်ပေးတာတွေရှိပါတယ်။သူနဲ့က အဆင်ပြေပါတယ်။ ရည်းစားရှိလားလို့မေးလို့ကျွန်တော်ဖြေလိုက်တဲ့ အဖြေကြောင့် မိန်းကလေးပရိသတ်တွေက အားမပေးတော့မှာကိုလည်းမစိုးရိမ်ပါဘူး။ဘာလို့ဆိုတော့ ကျွန်တော်ကပြုံးချိုတာကိုဆိုပြီးတော့ ရယ်မောစွာဖြေပေးခဲ့တာဖြစ်ပါတယ်”။
“ကျွန်တော့ကို၁၀၀ရာခိုင်နှုန်းအားပေးနေရာကနေ ရည်းစားရှိလို့ဆိုပြီး ၁ ရာခိုင်နှုန်းလောက်ပဲအားပေးမယ် ဆိုရင်လည်းကျေနပ်ပါတယ်” လို့ ပရိသတ်တွေကို ချစ်စဖွယ်စကားလေးတွေနဲ့ ချုပ်လိုက်ပါသေးတယ်။
“ပရိသတ်ကြီးအားလုံးကိုလည်းအရမ်းကျေးဇူးတင်တယ် ဆက်လက်ပြီးသီချင်းတွေထပ် လုပ်ပါမယ်။အွန်လိုင်းပေါ်ကနေလည်း ဆက်လက်ပြီးအားပေးကြပါ ဘုရားသခင်ကောင်းချီးပေးပါစေ”လို့ ပြောပြီးသူချစ်ရတဲ့ ပရိသတ်တွေကိုကျေးဇူးတင်စကားဆိုခဲ့ပါသေးတယ်။
ကြည်သာ (Akhayar)
Photo Credit:Mark Jason Facebook
www.akhayar.com