[Zawgyi]



“ကျွန်တော်တစ်ခုလောက်ပြောပရစေခင်ဗျာ … တစ်ဖက်ကမိန်းကလေးကိုလည်းမေတ္တာရပ်ခံပရစေ … ကျွန်တော် Ausi က မိန်းကလေးနဲ့ Valentine တည်းကကျွန်တေါ့်ဘက်ကအဆင်မပြေခဲ့တာပါ … သင်္ကြန်မတိုင်ခင် ကျွန်တော်တို့တွေစကားတွေများရန်တွေဖြစ်ပြီး ကျွန်တော့်ဘက်ကအဆင်မပြေတော့ဘူးဆိုပြီးပြောခဲ့ပြီးပါပြီ … ကျွန်တော့်ဘက်က Live စလွှင့်ခဲ့တယ်ဆိုတာလည်း ရှေ့ဆက်ဖို့အဆင်မပြေတော့တဲ့ Relationship တစ်ခုကို ဆက်ပြီးကြိုးရှည်ရှည်နဲ့မလှမ်းချင်တော့လို့ ပြတ်ပြတ်သားသားလုပ်ပေးလိုက်တာပါ… သူကြေနပ်လောက်တဲ့ထိလည်းကျွန်တော်တောင်းပန်ခဲ့ပြီးပါပြီ… သူ့အမေကိုတောင်းပန်ပေးပါဆိုလို့ကျွန်တော်ဖုန်းဆက်ပြီးလည်းတောင်းပန်ခဲ့ပြီးပါပြီ… Live လွှင့်လို့ အဲ့အတွက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့အဆဲခံ အပြောခံရတာလည်းကျွန်တော်ပါပဲ… စိတ်ကိုပြန်အားတင်းပြီး ကျွန်တော်အလုပ်တွေပြန်လုပ်ပါတယ် … RS သက်တမ်း ၆ နှစ်ကျော်ပါ…၂ ယောက်စလုံးမှာ ကောင်းတာတွေရှိခဲ့သလို မကောင်းတာတွေလဲရှိခဲ့ပါတယ်… ကျွန်တော်မကောင်းတာပိုများပါတယ် … အဲ့အတွက်လည်းသူ့ကိုလွတ်လပ်ခွင့်ပေးလိုက်တာပါ … ခုအားလုံးပြောနေကြသလို သူဝဋ်ကြွတ်သွားတာပေါ့… သက်တမ်းကြာတဲ့ RS တစ်ခုမှာ သူ့အကြောင်းကိုသိ ကိုယ့်အကြောင်းသူသိပါ … အမုန်းနဲ့လမ်းမခွဲချင်တာတော့ ရင်ထဲကဆန္ဒပါ … လက်ရှိချစ်သူနဲ့မတွေ့ခင်အထိ ဘယ်မိတ်ဆွေနဲ့ပဲတွေ့တွေ့ အဲ့ဒီ့မိန်းကလေးအကြောင်းပြောတာနဲ့ သူကောင်းတာ ကျွန်တော်မကောင်းတာ ဆိုတာပဲအမြဲပြောပါတယ်…တကယ်လဲသူကောင်းခဲ့ပါတယ်… ခုချိန်ထိသူဘာပြောပြောကျွန်တော်ခေါင်းငုံခံနေဆဲပါပဲ…ကျွန်တော့်ကိုပဲပြောဖို့ မေတ္တာရပ်ခံချင်တာပါ… ကျွန်တော့်ရဲ့အမာခံပရိသတ်တွေအများကြီးဆုံးရှုံးလိုက်ရတာကိုပဲ ယူကြုံးမရဖြစ်ပါတယ်… ကျွန်တော်ကောင်းတဲ့ကောင်တစ်ယောက်မဟုတ်ပေမယ့် အောက်တန်းမကျပါဘူး…

ရွှေမှုန်နဲ့ ဧည့်သည်ကားရိုက်တဲ့အချိန်၆ လပိုင်းမှာ စတွေ့ပါတယ်… သူနဲ့အဲ့ဒီ့အချိန်မှာစရင်းနှီးပါတယ်… ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက်လူလွတ်တွေဖြစ်ကြတယ်ဆိုတဲ့စိတ်နဲ့ သူငယ်ချင်းထက်ပိုခဲ့ကြပါတယ်… ခုပြောချင်တာက ရွှေမှုန်နဲ့စတွေ့တဲ့အချိန်မှာ ကျွန်တော်အားလုံးကင်းကင်းရှင်းရှင်းပါ… ပြီးခဲ့တဲ့ RS ကိုပြတ်ဆဲခဲ့တာ ရွှေမှုန်နဲ့ နဲနဲမှ မဆိုင်ပါဘူး… ကျွန်တော်နဲ့ပဲဆိုင်ပါတယ်… အဲ့တာကြောင့်လဲ အားလုံးပြောသမျှတွေကိုခေါင်းငုံခံနေတာပါ…




အခရာ (Akhayar)

[Unicode]

ကျွန်တော်သိပ်ချစ်ရတဲ့ သူတွေထပ်မဆုံးရှုံးပါရစေနဲ့တော့ ဆိုပြီးတော့ ပရိသတ်ကို ရင်ဖွင့်ခဲ့တဲ့ ရွှေထူး

ရွှေထူးက သူရဲ့ အချစ်ရေးနဲ့ပတ်သက်လို့ ပရိသတ်တွေကို အခုလိုရင်ဖွင့်လိုက်တာဖြစ်ပါတယ်။ ပြတ်ခဲ့တဲ့ ချစ်သူနဲ့အကြောင်းနဲ့လက်ရှိချစ်သူရွှေမှုန်နဲ့ အကြောင်းတွေကို အခုလိုပွင့်ပွင့်လင်းလင်းပြောပြခဲ့တာလည်း ဖြစ်ပါတယ်။

“ကျွန်တော်တစ်ခုလောက်ပြောပရစေခင်ဗျာ … တစ်ဖက်ကမိန်းကလေးကိုလည်းမေတ္တာရပ်ခံပရစေ … ကျွန်တော် Ausi က မိန်းကလေးနဲ့ Valentine တည်းကကျွန်တေါ့်ဘက်ကအဆင်မပြေခဲ့တာပါ … သြင်္ကန်မတိုင်ခင် ကျွန်တော်တို့တွေစကားတွေများရန်တွေဖြစ်ပြီး ကျွန်တော့်ဘက်ကအဆင်မပြေတော့ဘူးဆိုပြီးပြောခဲ့ပြီးပါပြီ … ကျွန်တော့်ဘက်က Live စလွှင့်ခဲ့တယ်ဆိုတာလည်း ရှေ့ဆက်ဖို့အဆင်မပြေတော့တဲ့ Relationship တစ်ခုကို ဆက်ပြီးကြိုးရှည်ရှည်နဲ့မလှမ်းချင်တော့လို့ ပြတ်ပြတ်သားသားလုပ်ပေးလိုက်တာပါ… သူကြေနပ်လောက်တဲ့ထိလည်းကျွန်တော်တောင်းပန်ခဲ့ပြီးပါပြီ… သူ့အမေကိုတောင်းပန်ပေးပါဆိုလို့ကျွန်တော်ဖုန်းဆက်ပြီးလည်းတောင်းပန်ခဲ့ပြီးပါပြီ… Live လွှင့်လို့ အဲ့အတွက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့အဆဲခံ အပြောခံရတာလည်းကျွန်တော်ပါပဲ… စိတ်ကိုပြန်အားတင်းပြီး ကျွန်တော်အလုပ်တွေပြန်လုပ်ပါတယ် … RS သက်တမ်း ၆ နှစ်ကျော်ပါ…၂ ယောက်စလုံးမှာ ကောင်းတာတွေရှိခဲ့သလို မကောင်းတာတွေလဲရှိခဲ့ပါတယ်… ကျွန်တော်မကောင်းတာပိုများပါတယ် … အဲ့အတွက်လည်းသူ့ကိုလွတ်လပ်ခွင့်ပေးလိုက်တာပါ … ခုအားလုံးပြောနေကြသလို သူဝဋ်ကြွတ်သွားတာပေါ့… သက်တမ်းကြာတဲ့ RS တစ်ခုမှာ သူ့အကြောင်းကိုသိ ကိုယ့်အကြောင်းသူသိပါ … အမုန်းနဲ့လမ်းမခွဲချင်တာတော့ ရင်ထဲကဆန္ဒပါ … လက်ရှိချစ်သူနဲ့မတွေ့ခင်အထိ ဘယ်မိတ်ဆွေနဲ့ပဲတွေ့တွေ့ အဲ့ဒီ့မိန်းကလေးအကြောင်းပြောတာနဲ့ သူကောင်းတာ ကျွန်တော်မကောင်းတာ ဆိုတာပဲအမြဲပြောပါတယ်…တကယ်လဲသူကောင်းခဲ့ပါတယ်… ခုချိန်ထိသူဘာပြောပြောကျွန်တော်ခေါင်းငုံခံနေဆဲပါပဲ…ကျွန်တော့်ကိုပဲပြောဖို့ မေတ္တာရပ်ခံချင်တာပါ… ကျွန်တော့်ရဲ့အမာခံပရိသတ်တွေအများကြီးဆုံးရှုံးလိုက်ရတာကိုပဲ ယူကြုံးမရဖြစ်ပါတယ်… ကျွန်တော်ကောင်းတဲ့ကောင်တစ်ယောက်မဟုတ်ပေမယ့် အောက်တန်းမကျပါဘူး…

ရွှေမှုန်နဲ့ ဧည့်သည်ကားရိုက်တဲ့အချိန်၆ လပိုင်းမှာ စတွေ့ပါတယ်… သူနဲ့အဲ့ဒီ့အချိန်မှာစရင်းနှီးပါတယ်… ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက်လူလွတ်တွေဖြစ်ကြတယ်ဆိုတဲ့စိတ်နဲ့ သူငယ်ချင်းထက်ပိုခဲ့ကြပါတယ်… ခုပြောချင်တာက ရွှေမုှန်နဲ့စတွေ့တဲ့အချိန်မှာ ကျွန်တော်အားလုံးကင်းကင်းရှင်းရှင်းပါ… ပြီးခဲ့တဲ့ RS ကိုပြတ်ဆဲခဲ့တာ ရွှေမှုန်နဲ့ နဲနဲမှ မဆိုင်ပါဘူး… ကျွန်တော်နဲ့ပဲဆိုင်ပါတယ်… အဲ့တာကြောင့်လဲ အားလုံးပြောသမျှတွေကိုခေါင်းငုံခံနေတာပါ…

ကျွန်တော့်ကြောင့်ကြားညှပ်အပြောခံနေရတဲ့ ရွှေမှုန် နဲ့ ရွှေမှုန်ပရိသတ်ကိုလည်းတကယ်အားနာပါတယ် …
အရာအားလုံးဟာဖြစ်ချိန်တန်လို့ဖြစ်လာတာပါ…

ကျွန်တော်အရာအားလုံးတွက်တောင်းပန်ပါတယ်ဗျာ … ခွင့်လွှတ်ပေးပါ … ဘဝမှာလူတိုင်းအမှားမကင်းကျသလိုကျွန်တော်လဲလူထဲကလူမို့ မှားခဲ့ရင်နားလည်ပေးပါ …နောက်နောင်အမှားကင်းနိုင်အောင်ကြိုးစားပါ့မယ် … ကျွန်တော့မှားခဲ့ဘူးတဲ့အမှားကြောင့်
ကျွန်တော်သိပ်ချစ်ရတဲ့သူတွေ … ထပ်မဆုံးရှုံးပါရစေနဲ့ ဗျာ
ကျွန်တော့ကိုနားလည်ပေးပါဗျာ ” ဆိုပြီး ရေးထားတာဖြစ်ပါတယ်။

Photo Credit: Htoo Khant Facebook

အခရာ (Akhayar)