[Zawgyi]

ခ်ယ္လ္ဆီးကစားသမားဘ၀ အနာဂတ္ကို ေျပာၾကားခဲ႔တဲ႔ ဟာဇက္ Hazard

ခ်ယ္လ္ဆီးအသင္းရဲ႕ ေတာင္ပံတိုက္စစ္ကစားသမား ဟာဇက္ Hazard ကို ရီးယဲလ္အသင္းက ကာလရွည္ပစ္မွတ္ထားေနတာ အားလံုးအသိပါ။ ဟာဇက္ ကိုယ္တုိင္ကလည္း အသင္းေျပာင္းေရႊ႕လိုစိတ္ရိွေပမယ္႔ အခုအခ်ိန္ထိေတာ႔ အသင္းမွာပဲရိွေနသလို နည္းျပဆာရီ Sarri ဟာလည္း သူ႔ကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုႏိုင္ဖို႔ ေမွ်ာ္လင္႔ေနပါတယ္။ လက္ရိွမွာေတာ႔ ဟာဇက္ က Canal+ နဲ႔ ျပဳလုပ္ခဲ႔တဲ႔ အင္တာဗ်ဴးမွာ သူ႔ရဲ႕အနာဂတ္နဲ႔ ပတ္သက္ျပီး ေျပာၾကားခဲ႔ပါတယ္။

Hazard

Hazard

ဟာဇက္ က ” PSG အသင္းက က်ြန္ေတာ္ကိုေခၚယူဖို႔ ဆက္သြယ္ခဲ႔ပါေသးတယ္။ ဒါဟာ က်ြန္ေတာ္အတြက္ အဆင္မေျပခဲ႔ပါဘူး။ တစ္ေန႔ေန႔ တစ္ခ်ိန္ခ်ိန္မွာ က်ြန္ေတာ္ျပင္သစ္ကို ျပန္မယ္ဆိုရင္လည္း လိုင္လီအတြက္ပဲျဖစ္ပါလိမ္႔မယ္။ လက္ရိွမွာေတာ႔ ျပင္သစ္လိဂ္ကို ျပန္ဖို႔ က်ြန္ေတာ္မွာ အခြင္႔အေရးမရိွပါဘူး။ အခု က်ြန္ေတာ္ ခ်ယ္လ္ဆီးမွာပဲရိွေနပါတယ္။ က်ြန္ေတာ္ အသင္းနဲ႔ စာခ်ဳပ္သက္တမ္း(၁)ႏွစ္က်န္ပါေသးတယ္။ လာမယ္႔ ေဆာင္းရာသီအေျပာင္း အေရႊ႕မွာေတာ႔ အသင္းေျပာင္းေရႊ႕ဖို႔ မျဖစ္ႏိုင္ပါဘူး။ ကလပ္အသင္းနဲ႔ ပရိသတ္ေတြေၾကာင္႔ က်ြန္ေတာ္ ဇန္န၀ါရီမွာ အသင္းကေန ထြက္ခြာမွာမဟုတ္ပါဘူး။ လာမယ္႔ ေႏြရာသီမွာေတာ႔ အသင္းေျပာင္းေရႊ႕ဖို႔က ျဖစ္ႏိုင္ေျခရိွပါတယ္။ ဒါေပမယ္႔ က်ြန္ေတာ္ရဲ႕ ကစားသမားဘ၀ ခ်ယ္လ္ဆီးအသင္းမွာပဲ ကုန္ဆံုးတာလည္း ျဖစ္ႏိုင္ပါတယ္ ” လို႔ေျပာၾကားခဲ႔ပါတယ္။

Hazard-Celebrate

Hazard-Celebrate

အသက္(၂၇)ႏွစ္ရိွျပီျဖစ္သူ ဟာဇက္ က ဒီႏွစ္ေဘာလံုးရာသီမွာ ခ်ယ္လ္ဆီးအသင္းရဲ႕ တိုက္စစ္ကို အေကာင္းဆံုးဦးေဆာင္ကစားေနျပီး လက္ရိွအခ်ိန္ထိ (၁၅)ပြဲကစား (၈)ဂိုးသြင္းယူထားပါတယ္။

Ref: Goal.com
Photo: Premier League , Times Now , iNews
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ချယ်လ်ဆီးကစားသမားဘ၀ အနာဂတ်ကို ပြောကြားခဲ့တဲ့ ဟာဇက် Hazard

ချယ်လ်ဆီးအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ဟာဇက် Hazard ကို ရီးယဲလ်အသင်းက ကာလရှည်ပစ်မှတ်ထားနေတာ အားလုံးအသိပါ။ ဟာဇက် ကိုယ်တိုင်ကလည်း အသင်းပြောင်းရွှေ့လိုစိတ်ရှိပေမယ့် အခုအချိန်ထိတော့ အသင်းမှာပဲရှိနေသလို နည်းပြဆာရီ Sarri ဟာလည်း သူ့ကို စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ မျှော်လင့်နေပါတယ်။ လက်ရှိမှာတော့ ဟာဇက် က Canal+ နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။

Hazard

Hazard

ဟာဇက် က ” PSG အသင်းက ကျွန်တော်ကိုခေါ်ယူဖို့ ဆက်သွယ်ခဲ့ပါသေးတယ်။ ဒါဟာ ကျွန်တော်အတွက် အဆင်မပြေခဲ့ပါဘူး။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ကျွန်တော်ပြင်သစ်ကို ပြန်မယ်ဆိုရင်လည်း လိုင်လီအတွက်ပဲဖြစ်ပါလိမ့်မယ်။ လက်ရှိမှာတော့ ပြင်သစ်လိဂ်ကို ပြန်ဖို့ ကျွန်တော်မှာ အခွင့်အရေးမရှိပါဘူး။ အခု ကျွန်တော် ချယ်လ်ဆီးမှာပဲရှိနေပါတယ်။ ကျွန်တော် အသင်းနဲ့ စာချုပ်သက်တမ်း(၁)နှစ်ကျန်ပါသေးတယ်။ လာမယ့် ဆောင်းရာသီအပြောင်း အရွှေ့မှာတော့ အသင်းပြောင်းရွှေ့ဖို့ မဖြစ်နိုင်ပါဘူး။ ကလပ်အသင်းနဲ့ ပရိသတ်တွေကြောင့် ကျွန်တော် ဇန်နဝါရီမှာ အသင်းကနေ ထွက်ခွာမှာမဟုတ်ပါဘူး။ လာမယ့် နွေရာသီမှာတော့ အသင်းပြောင်းရွှေ့ဖို့က ဖြစ်နိုင်ခြေရှိပါတယ်။ ဒါပေမယ့် ကျွန်တော်ရဲ့ ကစားသမားဘ၀ ချယ်လ်ဆီးအသင်းမှာပဲ ကုန်ဆုံးတာလည်း ဖြစ်နိုင်ပါတယ် ” လို့ပြောကြားခဲ့ပါတယ်။

Hazard-Celebrate

Hazard-Celebrate

အသက်(၂၇)နှစ်ရှိပြီဖြစ်သူ ဟာဇက် က ဒီနှစ်ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ကို အကောင်းဆုံးဦးဆောင်ကစားနေပြီး လက်ရှိအချိန်ထိ (၁၅)ပွဲကစား (၈)ဂိုးသွင်းယူထားပါတယ်။

Ref: Goal.com
Photo: Premier League , Times Now , iNews
Ko Kyue(Akhayar)
www.akhayar.com