ရီးယဲလ်မက်ဒရစ်အသင်းရဲ့တောင်ပံတိုက်စစ်ကစားသမား ဟာဇက် Hazard ဟာ ၂၀၁၈-၂၀၁၉ ဘောလုံးရာသီ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပါတယ်။ ဟာဇက် ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ချယ်လ်ဆီးအသင်း ယူရိုပါလိဂ်ချန်ပီယံဖြစ်အောင် အကောင်းဆုံး စွမ်းဆောင်ပေးနိုင်ခဲ့တာကြောင့် ဒီဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ ဒီဆုကို ဟာဇက် ဟာ ချယ်လ်ဆီးအသင်းဖော်ဟောင်း ဂျရူး Giroud နဲ့ လက်ရှိ ရီးယဲလ်အသင်းဖော် ဂျိုဗစ် Jović တို့ကို ကျော်ဖြတ်ပြီး ရရှိခဲ့တာပါ။

မဲအရေအတွက်မှာတော့ ဟာဇက် က (၃၄၀)မဲ ၊ ဂျရူး က (၁၁၉)မဲ နဲ့ ဂျိုဗစ် ကတော့ (၉၄)မဲရရှိခဲ့တာကြောင့် ဟာဇက် ဟာ မဲအရေအတွက် အပြတ်အသတ်အသာရယူပြီး ဒီဆုကိုရရှိခဲ့တာဖြစ်ပါတယ်။ ဟာဇက် ဟာ ချယ်လ်ဆီးကစားသမားဘ၀ နောက်ဆုံးရာသီဖြစ်တဲ့ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာတော့ အသင်းအတွက် အေကာင်းဆုံးစွမ်းဆောင်ရည်တွေကို ပြသခဲ့သလို ကလပ်အသင်းက ပေးတဲ့ထူးချွန်ဆုတွေကိုလည်း ရရှိခဲ့သူဖြစ်ပါတယ်။ လက်ရှိမှာတော့ ဟာဇက် ဟာ ဒဏ်ရာပြဿနာကြောင့် ရီးယဲလ်အသင်းရဲ့ပွဲစဉ်တွေကို လွဲချော်နေရသူဖြစ်ပါတယ်။

Ref: UEFA.Com
Photo: News1 English , Inews
Ko Kyue(Akhayar)
www.akhayar.com