[Zawgyi]

ဟာဇက္(Hazard)ရဲ႕ အနာဂတ္ ဘယ္လုိလဲ

ဟာဇက္(Hazard) ဟာ မတည္ၿငိမ္မိုးတိမ္သီခ်င္းကို ဆိုခ်င္ၿပီလား။ ခ်ယ္လ္ဆီးရဲ႕ တန္ဖိုးႀကီးအဆီအႏွစ္လို႔ သတ္မွတ္ခံထားရသူ ဟာဇက္က ၿပီးခဲ့တဲ့ရက္ပုိင္းမွာ သူ႕အနာဂတ္အေၾကာင္းတစ္စြန္းတစဖြင့္ဟခဲ့ပါတယ္။ ခ်ယ္လ္ဆီးမွာပဲ သံေယာစဥ္ဖတ္စာကို ဆက္ဖတ္ေနမလား။ ဒါမွမဟုတ္အေျပာင္းအေရႊ႕ရာသီေရာက္တုိင္း သူ႕ကိုစိတ္၀င္တစားရွိတတ္တဲ့ ရီးယဲလ္၊ PSG အသင္းေတြကို စိတ္ကူးယဥ္မလားဆိုတာနဲ႔ပတ္သက္လို႔ စဥ္းစားခ်င္စရာေကာင္းေအာင္ ေျပာသြားတယ္။ ဟာဇက္ရဲ႕စကားအနက္အဓိပၸါတယ္ကို ဘာသာျပန္ၾကည့္ရင္ ခ်ယ္လ္ဆီးပရိသတ္ေတြ မေရမရာခံစားခ်က္ႀကီးကိုရင္ဆုိင္ရလိမ့္မယ္။ဟာဇက္ေျပာတာက ေဘာလံုးေလာကဆိုတာ ဘာမဆိုျဖစ္သြားႏုိင္တယ္၊ ဒါမွမဟုတ္ဘာမွ မျဖစ္ရင္လည္းမျဖစ္ဘူးလို႔ စကားကိုမတင္မက်ေျပာခဲ့တာပါပဲ။

ဟာဇက္(Hazard) အနာဂတ္ဘယ္လိုျဖစ္လာဦးမလဲ

ဟာဇက္(Hazard) အနာဂတ္ဘယ္လိုျဖစ္လာဦးမလဲ

ဟာဇက္ဟာ ခ်ယ္လ္ဆီးအသင္းနဲ႔စာခ်ဳပ္သက္တမ္း (၂)ႏွစ္က်န္ရွိပါေသးတယ္။ ဟာဇက္က ခ်ယ္လ္ဆီးမွာေပ်ာ္ေနဆဲပဲ။ ပရိသတ္ေတြကလည္း သူ႕ကိုခ်စ္တယ္။ သူ႕မိသားစုကလည္း လန္ဒန္မွာအေျခက်ေနၿပီ။ ဒါေပမဲ့ အနာဂတ္ဆုိတာဘယ္သူႀကိဳျမင္ႏုိင္လို႔လဲ။ သူ႕ရဲ႕အနာဂတ္ဟာခ်ယ္လ္ဆီး ဘယ္ေလာက္ေအာင္ျမင္မလဲဆိုတာနဲ႔ တုိက္႐ိုက္အခ်ဳိးက်ေနပါလိမ့္မယ္။ ဒီရာသီမွာခ်ယ္လ္ဆီးေအာင္ျမင္မႈ ႀကီးႀကီးမားမားမရခဲ့ဘူးဆိုရင္ ဟာဇက္ရဲ႕အေတြးေတြဟာ ေျပာင္းလဲသြားႏုိင္ပါတယ္။ ေျပာရမယ္ဆုိရင္ ဟာဇက္ဟာ ကစားသမားဘ၀အေကာင္းဆံုးပံုစံမ်ဳိးကို လက္ရွိအခ်ိန္မွာပိုင္ဆုိင္ေနတယ္။ ကစားသမားဘ၀ ဘုန္းမီးေနလေတာက္ပေနတုန္းမွာ ေရၾကည္ရာျမက္ႏုရာကို ရွာခ်င္တတ္တာသဘာ၀တရားပါပဲ။ သူ႕ကိုလိုခ်င္တဲ့အသင္းတစ္သင္းျဖစ္တ့ဲ ရီးယဲလ္ဟာ ခ်န္ပီယံဆုေတြနဲ႔အၿမဲလိုလိုနီးစပ္ယဥ္ပါးေနတဲ့အသင္းမ်ဳိး၊ ရီးယဲလ္မွာကစားရင္ကစားသမားဘ၀ တစ္ဆင့္ျမင့္သြားသူေတြအမ်ားႀကီး၊ အနီးစပ္ဆံုးဥပမာေပးရရင္ ေဘးလ္(Bale)၊ စပါးမွာဆက္ေနရင္ အိပ္မက္နဲ႔သာၿပီးဆံုးသြားႏုိင္တဲ့ဆုဖလားေအာင္ျမင္မႈေတြကို ေဘးလ္ဟာ ရီးယဲလ္ဆီအေရာက္မွာ ေထြးေပြ႕ခြင့္ရခဲ့ပါၿပီ။ ခ်ယ္လ္ဆီးမွာ ဟာဇက္မေပ်ာ္ဘူး၊ မဟုတ္ဘူး။ ေပ်ာ္ပါတယ္။ ခ်ယ္လ္ဆီးကို သူမခ်စ္ဘူး၊ မဟုတ္ဘူး၊ ခ်စ္ပါတယ္။ ဒါေပမဲ့ ေအာင္ျမင္မႈေတြကို တမ္းတမက္ေမာတတ္တဲ့ ကစားသမားတစ္ဦးရဲ႕ အာသီသကိုထည့္စဥ္းစားေပးရမယ္မဟုတ္လား။

August(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ဟာဇက်(Hazard)ရဲ့ အနာဂတ် ဘယ်လိုလဲ

ဟာဇက်(Hazard) ဟာ မတည်ငြိမ်မိုးတိမ်သီချင်းကို ဆိုချင်ပြီလား။ ချယ်လ်ဆီးရဲ့ တန်ဖိုးကြီးအဆီအနှစ်လို့ သတ်မှတ်ခံထားရသူ ဟာဇက်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ သူ့အနာဂတ်အကြောင်းတစ်စွန်းတစဖွင့်ဟခဲ့ပါတယ်။ ချယ်လ်ဆီးမှာပဲ သံယောစဉ်ဖတ်စာကို ဆက်ဖတ်နေမလား။ ဒါမှမဟုတ်အပြောင်းအရွှေ့ရာသီရောက်တိုင်း သူ့ကိုစိတ်ဝင်တစားရှိတတ်တဲ့ ရီးယဲလ်၊ PSG အသင်းတွေကို စိတ်ကူးယဉ်မလားဆိုတာနဲ့ပတ်သက်လို့ စဉ်းစားချင်စရာကောင်းအောင် ပြောသွားတယ်။ ဟာဇက်ရဲ့စကားအနက်အဓိပ္ပါတယ်ကို ဘာသာပြန်ကြည့်ရင် ချယ်လ်ဆီးပရိသတ်တွေ မရေမရာခံစားချက်ကြီးကိုရင်ဆိုင်ရလိမ့်မယ်။ဟာဇက်ပြောတာက ဘောလုံးလောကဆိုတာ ဘာမဆိုဖြစ်သွားနိုင်တယ်၊ ဒါမှမဟုတ်ဘာမှ မဖြစ်ရင်လည်းမဖြစ်ဘူးလို့ စကားကိုမတင်မကျပြောခဲ့တာပါပဲ။

ဟာဇက်(Hazard) အနာဂတ်ဘယ်လိုဖြစ်လာဦးမလဲ

ဟာဇက်(Hazard) အနာဂတ်ဘယ်လိုဖြစ်လာဦးမလဲ

ဟာဇက်ဟာ ချယ်လ်ဆီးအသင်းနဲ့စာချုပ်သက်တမ်း (၂)နှစ်ကျန်ရှိပါသေးတယ်။ ဟာဇက်က ချယ်လ်ဆီးမှာပျော်နေဆဲပဲ။ ပရိသတ်တွေကလည်း သူ့ကိုချစ်တယ်။ သူ့မိသားစုကလည်း လန်ဒန်မှာအခြေကျနေပြီ။ ဒါပေမဲ့ အနာဂတ်ဆိုတာဘယ်သူကြိုမြင်နိုင်လို့လဲ။ သူ့ရဲ့အနာဂတ်ဟာချယ်လ်ဆီး ဘယ်လောက်အောင်မြင်မလဲဆိုတာနဲ့ တိုက်ရိုက်အချိုးကျနေပါလိမ့်မယ်။ ဒီရာသီမှာချယ်လ်ဆီးအောင်မြင်မှု ကြီးကြီးမားမားမရခဲ့ဘူးဆိုရင် ဟာဇက်ရဲ့အတွေးတွေဟာ ပြောင်းလဲသွားနိုင်ပါတယ်။ ပြောရမယ်ဆိုရင် ဟာဇက်ဟာ ကစားသမားဘဝအကောင်းဆုံးပုံစံမျိုးကို လက်ရှိအချိန်မှာပိုင်ဆိုင်နေတယ်။ ကစားသမားဘ၀ ဘုန်းမီးနေလတောက်ပနေတုန်းမှာ ရေကြည်ရာမြက်နုရာကို ရှာချင်တတ်တာသဘာဝတရားပါပဲ။ သူ့ကိုလိုချင်တဲ့အသင်းတစ်သင်းဖြစ်တဲ့ ရီးယဲလ်ဟာ ချန်ပီယံဆုတွေနဲ့အမြဲလိုလိုနီးစပ်ယဉ်ပါးနေတဲ့အသင်းမျိုး၊ ရီးယဲလ်မှာကစားရင်ကစားသမားဘ၀ တစ်ဆင့်မြင့်သွားသူတွေအများကြီး၊ အနီးစပ်ဆုံးဥပမာပေးရရင် ဘေးလ်(Bale)၊ စပါးမှာဆက်နေရင် အိပ်မက်နဲ့သာပြီးဆုံးသွားနိုင်တဲ့ဆုဖလားအောင်မြင်မှုတွေကို ဘေးလ်ဟာ ရီးယဲလ်ဆီအရောက်မှာ ထွေးပွေ့ခွင့်ရခဲ့ပါပြီ။ ချယ်လ်ဆီးမှာ ဟာဇက်မပျော်ဘူး၊ မဟုတ်ဘူး။ ပျော်ပါတယ်။ ချယ်လ်ဆီးကို သူမချစ်ဘူး၊ မဟုတ်ဘူး၊ ချစ်ပါတယ်။ ဒါပေမဲ့ အောင်မြင်မှုတွေကို တမ်းတမက်မောတတ်တဲ့ ကစားသမားတစ်ဦးရဲ့ အာသီသကိုထည့်စဉ်းစားပေးရမယ်မဟုတ်လား။

August(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။