This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

အီဂ်စ္နဲ႔ ေျခစမ္းပြဲမွာ အေသးစား ဒူးဒဏ္ရာ ရရွိခဲ့တဲ့ ဟာဇက္

အီဂ်စ္အသင္းနဲ႔ ကစားခဲ့တဲ့ ေျခစမ္းပြဲမွာ ဘယ္လ္ဂ်ီယံအသင္းရဲ႕ အဓိက ကစားသမား ဟာဇက္ Hazard အေသးစား ဒူးဒဏ္ရာ ရရွိခဲ့ေၾကာင္း သိရပါတယ္။ ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔က အီဂ်စ္အသင္းကို (၃-၀)ဂိုးနဲ႔ အႏိုင္ရတဲ့ ပြဲမွာ ဟာဇက္ Hazard ရဲ႕ ဒူးကို ထိခိုက္မိခဲ့တာ ျဖစ္ပါတယ္။ အီဂ်စ္ကို အႏိုင္ရတဲ့ပြဲရဲ႕ ပြဲခ်ိန္ ပထမပိုင္းမွာတင္ ဒဏ္ရာရရွိခဲ့လို႔ ဟာဇက္ Hazard ကို ယာႏူဇိုက္ Januzaj နဲ႔ လူစားလဲခဲ့ရတာ ျဖစ္ပါတယ္။ ဟာဇက္ Hazard ရဲ႕ ဒဏ္ရာအေပၚ ဘယ္လ္ဂ်ီယံ ပရိသတ္ေတြက စိုးရိမ္ခဲ့ေပမယ့္ ဒဏ္ရာက ျပင္းထန္မႈမရွိဘဲ အေသးစား ဒူးဒဏ္ရာသာ ရရွိခဲ့တာ ျဖစ္ေၾကာင္း အတည္ျပဳ ေျပာၾကားခဲ့ပါတယ္။

Hazard-with-Lukaku

Hazard-with-Lukaku

ဟာဇက္ Hazard က “ပထမပိုင္း မၿပီးခင္မွာ ကၽြန္ေတာ့္ရဲ႕ ဒူးက နာက်ဥ္ေနသလို ခံစားခဲ့ရလို႔ လူစားလဲခဲ့တာပါ၊ အခုအခ်ိန္မွာ ျပန္လည္ ေကာင္းမြန္လာၿပီျဖစ္လို႔ ဒဏ္ရာအေပၚ မစိုးရိမ္ၾကပါနဲ႔” လို႔ ေျပာၾကားခဲ့ပါတယ္။ ဟာဇက္ Hazard အသင္းေခါင္းေဆာင္အျဖစ္ ဦးေဆာင္လာမယ့္ ဘယ္လ္ဂ်ီယံအသင္းဟာ ကမၻာ႔ဖလားၿပိဳင္ပြဲ အုပ္စု အဖြင့္ပြဲစဥ္အျဖစ္ ဇြန္လ (၁၈)ရက္ေန႔မွာ ပနားမားအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားသြားမွာ ျဖစ္ပါတယ္။ ဘယ္လ္ဂ်ီယံအသင္းဟာ ပနားမား၊ တူနီးရွားနဲ႔ နာမည္ႀကီး အဂၤလန္အသင္းတို႔နဲ႔ တစ္အုပ္စုတည္း က်ေရာက္ေနတာ ျဖစ္ပါတယ္။

REF:AS
Photo:mala3eb.tv, Newsoneplace.com
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

အီဂျစ်နဲ့ ခြေစမ်းပွဲမှာ အသေးစား ဒူးဒဏ်ရာ ရရှိခဲ့တဲ့ ဟာဇက်

အီဂျစ်အသင်းနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ဘယ်လ်ဂျီယံအသင်းရဲ့ အဓိက ကစားသမား ဟာဇက် Hazard အသေးစား ဒူးဒဏ်ရာ ရရှိခဲ့ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အီဂျစ်အသင်းကို (၃-ဝ)ဂိုးနဲ့ အနိုင်ရတဲ့ ပွဲမှာ ဟာဇက် Hazard ရဲ့ ဒူးကို ထိခိုက်မိခဲ့တာ ဖြစ်ပါတယ်။ အီဂျစ်ကို အနိုင်ရတဲ့ပွဲရဲ့ ပွဲချိန် ပထမပိုင်းမှာတင် ဒဏ်ရာရရှိခဲ့လို့ ဟာဇက် Hazard ကို ယာနူဇိုက် Januzaj နဲ့ လူစားလဲခဲ့ရတာ ဖြစ်ပါတယ်။ ဟာဇက် Hazard ရဲ့ ဒဏ်ရာအပေါ် ဘယ်လ်ဂျီယံ ပရိသတ်တွေက စိုးရိမ်ခဲ့ပေမယ့် ဒဏ်ရာက ပြင်းထန်မှုမရှိဘဲ အသေးစား ဒူးဒဏ်ရာသာ ရရှိခဲ့တာ ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။

Hazard-with-Lukaku

Hazard-with-Lukaku

ဟာဇက် Hazard က “ပထမပိုင်း မပြီးခင်မှာ ကျွန်တော့်ရဲ့ ဒူးက နာကျဉ်နေသလို ခံစားခဲ့ရလို့ လူစားလဲခဲ့တာပါ၊ အခုအချိန်မှာ ပြန်လည် ကောင်းမွန်လာပြီဖြစ်လို့ ဒဏ်ရာအပေါ် မစိုးရိမ်ကြပါနဲ့” လို့ ပြောကြားခဲ့ပါတယ်။ ဟာဇက် Hazard အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်လာမယ့် ဘယ်လ်ဂျီယံအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု အဖွင့်ပွဲစဉ်အဖြစ် ဇွန်လ (၁၈)ရက်နေ့မှာ ပနားမားအသင်းနဲ့ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။ ဘယ်လ်ဂျီယံအသင်းဟာ ပနားမား၊ တူနီးရှားနဲ့ နာမည်ကြီး အင်္ဂလန်အသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာ ဖြစ်ပါတယ်။

REF:AS
Photo:mala3eb.tv, Newsoneplace.com
Aung Kyaw Wai (Akhayar)
www.akhayar.com