[Zawgyi]

ရီးယဲလ္မွာ ကစားဖုိ႔ စိတ္ကူးအိပ္မက္ခဲ့ေပမယ့္ လက္ေတြ႕ ျဖစ္မလာခ့ဲသူမ်ား

ၿပီးခဲ့တဲ့ရက္ပုိင္းတုန္းက ခ်ယ္လ္ဆီးေတာင္ပံကစားသမား ဟာဇက္ Hazard ဟာ ရီးယဲလ္မွာ ကစားခြင့္ရဖုိ႔က သူ႔ငယ္ဘ၀ အိပ္မက္ျဖစ္ပါတယ္ဆုိၿပီး ဖြင့္ဟ၀န္ခံခဲ့တယ္။ ဟာဇက္မတိုင္ခင္ ရီးယဲလ္အသင္းမွာ ကစားဖုိ႔ စိတ္ကူးအိပ္မက္ခဲ့တဲ့ Star Players ေတြ အမ်ားႀကီးရွိခဲ့ဖူးပါတယ္။ ဒါေပမဲ့ ကံမေကာင္းစြာန႔ဲပဲ အဲဒီကစားသမားေတြဟာ သူတို႔ရဲ႕ အိပ္မက္ကုိ အေကာင္အထည္ မေဖာ္ႏုိင္ခဲ့ၾကပါဘူး။ တခ်ိဳ႕ကစားသမားေတြကေတာ့ ဘာေနဗ်ဴးေျမကုိ ေျခခ်ဖုိ႔အတြက္ ေမွ်ာ္လင့္ခ်က္ရွိေနဆဲပါ။ ဒါေၾကာင့္ ရီးယဲလ္မွာ ကစားဖုိ႔အိပ္မက္ကုိ ဖြင့္ဟ၀န္ခံခဲ့ေပမယ့္ လက္ေတြ႕ျဖစ္မလာတဲ့ နာမည္ႀကီး ကစားသမားေတြကုိ စပိန္ နာမည္ေက်ာ္ Marca အားကစားသတင္းစာက အခုလုိပဲ ေဖာ္ျပခဲ့တယ္ . . .

Hazard

Hazard

အူဘာမီယန္း Aubameyang – “ရီးယဲလ္အသင္းဟာ ကၽြန္ေတာ့္ ႏွလုံးသားထဲမွာ အၿမဲရွိေနတဲ့ အသင္းတစ္သင္းပါ။ ရီးယဲလ္မွာ ကစားခြင့္ရေစရမယ္လုိ႔ ကၽြန္ေတာ့္အဖုိးကုိ ကတိေပးခဲ့ၿပီးသားပါ။ တစ္ေန႔ေန႔က်ရင္ အဲဒီ အိပ္မက္က အေကာင္အထည္ေပၚလာလိမ့္မယ္လုိ႔ ေမွ်ာ္လင့္ပါတယ္” (၂၀၁၆ မွာ ေျပာၾကားခဲ့)

ဖယ္လ္ကာအုိ Falcao – ”ကၽြန္ေတာ့္သားရဲ႕ အိပ္မက္က မက္ဒရစ္မွာ ကစားခြင့္ရဖုိ႔ပါပဲ။ သူ ငယ္ငယ္ေလးကတည္းက ရီးယဲလ္မွာ ကစားခြင့္ရဖုိ႔ ဆႏၵရွိခဲ့တာပါ” (၂၀၁၂ ခုႏွစ္မွာ ဖယ္လ္ကာအုိရဲ႕ ဖခင္ ေျပာၾကားခဲ့)

မားကြက္ဇ္ Marquez – ”မက္ဒရစ္မွာ ကစားခြင့္ရဖုိ႔ဆုိတာက ကၽြန္ေတာ့္ရဲ႕ အိပ္မက္တစ္ခုပါ။ ေဘာလုံးသမားတိုင္းက ရီးယဲလ္မွာ ကစားခ်င္ၾကသူေတြပါပဲ” (၂၀၀၂ ခုႏွစ္မွာ ေျပာၾကားခဲ့)

Trezeguet

Trezeguet

ထရက္ဇီေဂး Trezequet – ”ရီးယဲလ္အသင္းရဲ႕ အက်ႌကုိ ၀တ္ဆင္ကစားခြင့္ရဖုိ႔က ေဘာလုံးသမားတိုင္းရဲ႕ အိပ္မက္ပါ” (၂၀၀၅ ခုႏွစ္မွာ ေျပာၾကားခဲ့)

ေရာဘတ္ပီရက္စ္ Robert Pires -”ကၽြန္ေတာ့္ရဲ႕ အိပ္မက္ကေတာ့ တစ္ေနေန႔က်ရင္ ရီးယဲလ္အသင္းမွာ ကစားခြင့္ရဖုိ႔ျဖစ္ပါတယ္။ အခု အဲဒီရည္မွန္းခ်က္ကုိ အေကာင္အထည္ေဖာ္ဖုိ႔ ကၽြန္ေတာ္ ႀကိဳးစားမွာပါ” (၂၀၀၀ ခုႏွစ္မွာ ေျပာၾကား)

လူကာကူ Lukaku -”ကၽြန္ေတာ့္ အိပ္မက္က မက္ဒရစ္မွာ ကစားခြင့္ရဖုိ႔ျဖစ္ပါတယ္။ ရီးယဲလ္ဟာ ႀကီးက်ယ္ခန္းနားတဲ့ အသင္းတစ္သင္းပါ” (၂၀၁၀ ခုႏွစ္မွာ ေျပာၾကားခဲ့)

လူးကပ္စ္ေမာ္ရာ Lucas Moura – ”တစ္ေန႔ေန႔က်ရင္ ရီးယဲလ္အသင္းကုိ ေျပာင္းေရႊ႕ကစားဖုိ႔ ကၽြန္ေတာ့္ ငယ္ဘ၀ အိပ္မက္ပါ။ သူတို႔ဟာ ကမၻာ႔အေကာင္းဆုံး အသင္းေတြထဲက တစ္သင္းျဖစ္ပါတယ္” (၂၀၁၂ ခုႏွစ္မွာ ေျပာၾကားခဲ့)

Lucas-Moura

Lucas-Moura

ဒီကစားသမားေတြထဲက တခ်ိဳ႕က ေဘာလုံးေလာကမွာ မရွိေတာ့ဘဲ တခ်ိဳ႕ကစားသမားေတြကေတာ့ အခုအခ်ိန္အထိ က်င္လည္ေနဆဲပါ။ ဒါေၾကာင့္ အဲဒီေဘာလုံးသမားေတြထဲက ဘယ္သူေတြဟာ သူတို႔ အိပ္မက္ကုိ အေကာင္အထည္ေဖာ္ႏုိင္မလဲဆုိတာ . . .

REF:Marca
Photo:Marca,The Sun
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ရီးယဲလ်မှာ ကစားဖို့ စိတ်ကူးအိပ်မက်ခဲ့ပေမယ့် လက်တွေ့ ဖြစ်မလာခဲ့သူများ

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ချယ်လ်ဆီးတောင်ပံကစားသမား ဟာဇက် Hazard ဟာ ရီးယဲလ်မှာ ကစားခွင့်ရဖို့က သူ့ငယ်ဘ၀ အိပ်မက်ဖြစ်ပါတယ်ဆိုပြီး ဖွင့်ဟဝန်ခံခဲ့တယ်။ ဟာဇက်မတိုင်ခင် ရီးယဲလ်အသင်းမှာ ကစားဖို့ စိတ်ကူးအိပ်မက်ခဲ့တဲ့ Star Players တွေ အများကြီးရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ အဲဒီကစားသမားတွေဟာ သူတို့ရဲ့ အိပ်မက်ကို အကောင်အထည် မဖော်နိုင်ခဲ့ကြပါဘူး။ တချို့ကစားသမားတွေကတော့ ဘာနေဗျူးမြေကို ခြေချဖို့အတွက် မျှော်လင့်ချက်ရှိနေဆဲပါ။ ဒါကြောင့် ရီးယဲလ်မှာ ကစားဖို့အိပ်မက်ကို ဖွင့်ဟဝန်ခံခဲ့ပေမယ့် လက်တွေ့ဖြစ်မလာတဲ့ နာမည်ကြီး ကစားသမားတွေကို စပိန် နာမည်ကျော် Marca အားကစားသတင်းစာက အခုလိုပဲ ဖော်ပြခဲ့တယ် . . .

Hazard

Hazard

အူဘာမီယန်း Aubameyang – “ရီးယဲလ်အသင်းဟာ ကျွန်တော့် နှလုံးသားထဲမှာ အမြဲရှိနေတဲ့ အသင်းတစ်သင်းပါ။ ရီးယဲလ်မှာ ကစားခွင့်ရစေရမယ်လို့ ကျွန်တော့်အဖိုးကို ကတိပေးခဲ့ပြီးသားပါ။ တစ်နေ့နေ့ကျရင် အဲဒီ အိပ်မက်က အကောင်အထည်ပေါ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်” (၂၀၁၆ မှာ ပြောကြားခဲ့)

ဖယ်လ်ကာအို Falcao – ”ကျွန်တော့်သားရဲ့ အိပ်မက်က မက်ဒရစ်မှာ ကစားခွင့်ရဖို့ပါပဲ။ သူ ငယ်ငယ်လေးကတည်းက ရီးယဲလ်မှာ ကစားခွင့်ရဖို့ ဆန္ဒရှိခဲ့တာပါ” (၂၀၁၂ ခုနှစ်မှာ ဖယ်လ်ကာအိုရဲ့ ဖခင် ပြောကြားခဲ့)

မားကွက်ဇ် Marquez – ”မက်ဒရစ်မှာ ကစားခွင့်ရဖို့ဆိုတာက ကျွန်တော့်ရဲ့ အိပ်မက်တစ်ခုပါ။ ဘောလုံးသမားတိုင်းက ရီးယဲလ်မှာ ကစားချင်ကြသူတွေပါပဲ” (၂၀၀၂ ခုနှစ်မှာ ပြောကြားခဲ့)

Trezeguet

Trezeguet

ထရက်ဇီဂေး Trezequet – ”ရီးယဲလ်အသင်းရဲ့ အင်္ကျီကို ဝတ်ဆင်ကစားခွင့်ရဖို့က ဘောလုံးသမားတိုင်းရဲ့ အိပ်မက်ပါ” (၂၀၀၅ ခုနှစ်မှာ ပြောကြားခဲ့)

ရောဘတ်ပီရက်စ် Robert Pires -”ကျွန်တော့်ရဲ့ အိပ်မက်ကတော့ တစ်နေနေ့ကျရင် ရီးယဲလ်အသင်းမှာ ကစားခွင့်ရဖို့ဖြစ်ပါတယ်။ အခု အဲဒီရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့ ကျွန်တော် ကြိုးစားမှာပါ” (၂၀၀၀ ခုနှစ်မှာ ပြောကြား)

လူကာကူ Lukaku -”ကျွန်တော့် အိပ်မက်က မက်ဒရစ်မှာ ကစားခွင့်ရဖို့ဖြစ်ပါတယ်။ ရီးယဲလ်ဟာ ကြီးကျယ်ခန်းနားတဲ့ အသင်းတစ်သင်းပါ” (၂၀၁၀ ခုနှစ်မှာ ပြောကြားခဲ့)

လူးကပ်စ်မော်ရာ Lucas Moura – ”တစ်နေ့နေ့ကျရင် ရီးယဲလ်အသင်းကို ပြောင်းရွှေ့ကစားဖို့ ကျွန်တော့် ငယ်ဘ၀ အိပ်မက်ပါ။ သူတို့ဟာ ကမ္ဘာ့အကောင်းဆုံး အသင်းတွေထဲက တစ်သင်းဖြစ်ပါတယ်” (၂၀၁၂ ခုနှစ်မှာ ပြောကြားခဲ့)

Lucas-Moura

Lucas-Moura

ဒီကစားသမားတွေထဲက တချို့က ဘောလုံးလောကမှာ မရှိတော့ဘဲ တချို့ကစားသမားတွေကတော့ အခုအချိန်အထိ ကျင်လည်နေဆဲပါ။ ဒါကြောင့် အဲဒီဘောလုံးသမားတွေထဲက ဘယ်သူတွေဟာ သူတို့ အိပ်မက်ကို အကောင်အထည်ဖော်နိုင်မလဲဆိုတာ . . .

REF:Marca
Photo:Marca,The Sun
Naing Linn(Akhayar)
www.akhayar.com