[Zawgyi]

အသင္းႀကီးေတြ အားလုံး အမွားအယြင္းမရွိ အမွတ္ျပည့္ ရယူခဲ့တဲ့ ပရီးမီးယားလိဂ္ စေနေန႔ပဲြစဥ္မ်ား

ပရီးမီးယားလိဂ္ ပဲြစဥ္(၅) စေနေန႔ ပဲြေတြမွာေတာ့ အသင္းႀကီးေတြျဖစ္တဲ့ ခ်ယ္လ္ဆီး၊ မန္စီးတီး၊ အာဆင္နယ္တို႔ အမွားအယြင္းမရွိ ႏုိင္ပဲြရယူခဲ့ၿပီး ႏုိင္ပဲြဆက္ခဲ့ၾကတယ္။ က်န္တဲ့ပဲြစဥ္ေတြမွာေတာ့ ဘုနး္ေမာက္က လက္စတာကုိ ဂုိးျပတ္အႏုိင္ရခဲ့ေပမယ့္ ရလဒ္ေတြ ဆုိးေနတဲ့ ဟတ္ဒါဖီးလ္က အိမ္ကြင္းမွာပဲ ခရစၥတယ္ပဲေလ့စ္အသင္းကုိ (၁-၀)ဂုိးနဲ႔ ရႈံးနိမ့္ခဲ့တယ္။

Arsenal-Players-Celebrate

Arsenal-Players-Celebrate

ခ်ယ္လ္ဆီး ၄-၁ ကာဒစ္ဖ္
ဒီပဲြမွာ ဂုိးျပတ္အႏုိင္ရခဲ့ေပမယ့္ ကာဒစ္ဖ္အသင္းက ဘမ္ဘာ Bamba ရဲ႕ ဂုိးေၾကာင့္ ခ်ယ္လ္ဆီး ေနာက္က လုိက္ကစားခဲ့ရတယ္။ ကာဒစ္ဖ္အသင္း ဦးေဆာင္ဂုိးရခဲ့ေပမယ့္ ခ်ယ္လ္ဆီးအသင္းရဲ႕ တိုက္စစ္ကုိ ၾကာရွည္ မထိန္းႏုိင္ခဲ့လုိ႔ ေခ်ပဂုိးအျပင္ ေနာက္ထပ္ အႏုိင္ဂုိးေတြပါ ထပ္ေပးခဲ့ရတာပါ။ ခ်ယ္လ္ဆီးအသင္းအတြက္ ဟာဇက္ Hazard က ပယ္နယ္တီဂုိးအပါအ၀င္ ဟက္ထရစ္ သြင္းယူခဲ့ၿပီး စတုတၳေျမာက္ဂုိးကုိေတာ့ ၀ီလီယံ Willian က သြင္းယူခဲ့တယ္

မန္စီးတီး ၃-၀ ဖူလ္ဟမ္
မန္စီးတီးအတြက္ ဖူလ္ဟမ္က အခက္အခဲတစ္ခု မဟုတ္ခဲ့ဘူး။ ပဲြအစ(၂)မိနစ္ကတည္းက ဆာေနး Sane ဂုိးစသြင္းခဲ့တာေၾကာင့္လည္း မန္စီးတီး လြယ္ကူသြားခဲ့တယ္။ မန္စီးတီးအတြက္ လက္က်န္ဂုိးေတြကုိ ေဒးဗစ္ေဆးလ္ဗား David Silva ၊ စတာလင္ Sterling တို႔က သြင္းယူခဲ့တာပါ။

နယူးကာဆယ္ ၁-၂ အာဆင္နယ္
တျခား ထိပ္သီးအသင္းေတြလုိပဲ အာဆင္နယ္အသင္းကလည္း အားက်မခံ ႏုိင္ပဲြဆက္ခဲ့တယ္။ ပထမပုိင္းမွာ နယူးကာဆယ္ရဲ႕ ႐ုန္းအားေၾကာင့္ အာဆင္နယ္ အခက္ေတြ႕ခဲ့ရေပမယ့္ ဒုတိယပုိင္းကေတ့ာ အာဆင္နယ္အတြက္ ျဖစ္ခဲ့တယ္။ (၄၉)မိနစ္မွာ ဖရီးကစ္ကေန ခ်ာကာ Xhaka က လွလွပပကန္သြင္းခဲ့ၿပီး ဒုတိယဂုိးကုိေတာ့ အုိေဇးလ္ Özil က ဂုိးဧရိယာထိပ္နားကေန ကန္သြင္းခဲ့တာပါ။

စေနေန႔ ပရီးမီးယားလိဂ္ပဲြစဥ္(၅)ရဲ႕ ထူးျခားခ်က္မ်ား

Hazard-and-Pedro-Celebrate

Hazard-and-Pedro-Celebrate

– လီဗာပူးလ္နဲ႔ ခ်ယ္လ္ဆီး ႏွစ္သင္းစလုံး ရာသီအစ (၅)ပဲြဆက္ ႏုိင္ခဲ့တဲ့အတြက္ အဂၤလန္အမွတ္ေပးၿပိဳင္ပဲြ သမုိင္းတစ္ေလွ်ာက္ တတိယေျမာက္အျဖစ္ အသင္းႏွစ္သင္းရာသီအဖြင့္ (၅)ပဲြဆက္ ႏုိင္ခ့ဲတာျဖစ္ၿပီး ႏွစ္ေပါင္း (၁၁၀)အတြင္းမွာေတာ့ ပထမဆုံးျဖစ္ပါတယ္။
– ခ်ယ္လ္ဆီးအသင္းအတြက္ ဟာဇက္ ဟက္ထရစ္သြင္းယူခဲ့တာက (၄)ႀကိမ္ရွိလာၿပီျဖစ္ၿပီး ဒေရာ့ဘာ Drogba, လမ္းပတ္ Lampard and ဟာဆယ္ဘိန္႔ခ္ Hasselbaink တို႔ၿပီးရင္ ဟက္ထရစ္အမ်ားဆုံး ခ်ယ္လ္ဆီး ကစားသမားျဖစ္လာခဲ့ပါၿပီ။
– ကာဒစ္ဖ္အသင္းအတြက္ ဂုိးသြင္းခဲ့တ့ဲ ဘမ္ဘာ(၃၃ႏွစ္ ၂၄၄ရက္)ဟာ မန္ယူတိုက္စစ္မွဴးေဟာင္း အီဘရာဟီမုိဗစ္ Ibrahimovic (၃၄ ႏွစ္ ၃၁၆ရက္) ၿပီးရင္ ပရီးမီးယားလိဂ္မွာ အသက္အႀကီးဆုံး ဂုိးသြင္းသူျဖစ္လာခဲ့တယ္။
– မန္စီးတီး ေတာင္ပံတိုက္စစ္ကစားသမား ေဒးဗစ္ေဆးလ္ဗားဟာ ပရီးမီးယားလိဂ္ ဂုိး(၅၀)ျပည့္ခဲ့ၿပီး မန္စီးတီးအသင္းအတြက္ ဂုိး(၅၀)သြင္းယူခ့ဲတဲ့ ပဥၥမေျမာက္ကစားသမား ျဖစ္လာခဲ့တယ္။

စေနေန႔ ပရီးမီးယားလိဂ္ပဲြစဥ္(၅)ရလဒ္မ်ား
Tottenham Hotspur 1 – 2 Liverpool
Bournemouth 4 – 2 Leicester City
Chelsea 4 – 1 Cardiff City
Huddersfield Town 0 – 1 Crystal Palace
Manchester City 3 – 0 Fulham
Newcastle United 1 – 2 Arsenal

Photo:Chelsea Twitter,Arsenal Twitter,Eden Hazard Twitter
Naing Linn(Akhayar)
www.akhayar.com

[Unicode]

အသင်းကြီးတွေ အားလုံး အမှားအယွင်းမရှိ အမှတ်ပြည့် ရယူခဲ့တဲ့ ပရီးမီးယားလိဂ် စနေနေ့ပွဲစဉ်များ

ပရီးမီးယားလိဂ် ပွဲစဉ်(၅) စနေနေ့ ပွဲတွေမှာတော့ အသင်းကြီးတွေဖြစ်တဲ့ ချယ်လ်ဆီး၊ မန်စီးတီး၊ အာဆင်နယ်တို့ အမှားအယွင်းမရှိ နိုင်ပွဲရယူခဲ့ပြီး နိုင်ပွဲဆက်ခဲ့ကြတယ်။ ကျန်တဲ့ပွဲစဉ်တွေမှာတော့ ဘုန်းမောက်က လက်စတာကို ဂိုးပြတ်အနိုင်ရခဲ့ပေမယ့် ရလဒ်တွေ ဆိုးနေတဲ့ ဟတ်ဒါဖီးလ်က အိမ်ကွင်းမှာပဲ ခရစ္စတယ်ပဲလေ့စ်အသင်းကို (၁-ဝ)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တယ်။

Arsenal-Players-Celebrate

Arsenal-Players-Celebrate

ချယ်လ်ဆီး ၄-၁ ကာဒစ်ဖ်
ဒီပွဲမှာ ဂိုးပြတ်အနိုင်ရခဲ့ပေမယ့် ကာဒစ်ဖ်အသင်းက ဘမ်ဘာ Bamba ရဲ့ ဂိုးကြောင့် ချယ်လ်ဆီး နောက်က လိုက်ကစားခဲ့ရတယ်။ ကာဒစ်ဖ်အသင်း ဦးဆောင်ဂိုးရခဲ့ပေမယ့် ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ကို ကြာရှည် မထိန်းနိုင်ခဲ့လို့ ချေပဂိုးအပြင် နောက်ထပ် အနိုင်ဂိုးတွေပါ ထပ်ပေးခဲ့ရတာပါ။ ချယ်လ်ဆီးအသင်းအတွက် ဟာဇက် Hazard က ပယ်နယ်တီဂိုးအပါအဝင် ဟက်ထရစ် သွင်းယူခဲ့ပြီး စတုတ္ထမြောက်ဂိုးကိုတော့ ဝီလီယံ Willian က သွင်းယူခဲ့တယ်

မန်စီးတီး ၃-၀ ဖူလ်ဟမ်
မန်စီးတီးအတွက် ဖူလ်ဟမ်က အခက်အခဲတစ်ခု မဟုတ်ခဲ့ဘူး။ ပွဲအစ(၂)မိနစ်ကတည်းက ဆာနေး Sane ဂိုးစသွင်းခဲ့တာကြောင့်လည်း မန်စီးတီး လွယ်ကူသွားခဲ့တယ်။ မန်စီးတီးအတွက် လက်ကျန်ဂိုးတွေကို ဒေးဗစ်ဆေးလ်ဗား David Silva ၊ စတာလင် Sterling တို့က သွင်းယူခဲ့တာပါ။

နယူးကာဆယ် ၁-၂ အာဆင်နယ်
တခြား ထိပ်သီးအသင်းတွေလိုပဲ အာဆင်နယ်အသင်းကလည်း အားကျမခံ နိုင်ပွဲဆက်ခဲ့တယ်။ ပထမပိုင်းမှာ နယူးကာဆယ်ရဲ့ ရုန်းအားကြောင့် အာဆင်နယ် အခက်တွေ့ခဲ့ရပေမယ့် ဒုတိယပိုင်းကတေ့ာ အာဆင်နယ်အတွက် ဖြစ်ခဲ့တယ်။ (၄၉)မိနစ်မှာ ဖရီးကစ်ကနေ ချာကာ Xhaka က လှလှပပကန်သွင်းခဲ့ပြီး ဒုတိယဂိုးကိုတော့ အိုဇေးလ် Özil က ဂိုးဧရိယာထိပ်နားကနေ ကန်သွင်းခဲ့တာပါ။

စနေနေ့ ပရီးမီးယားလိဂ်ပွဲစဉ်(၅)ရဲ့ ထူးခြားချက်များ

Hazard-and-Pedro-Celebrate

Hazard-and-Pedro-Celebrate

– လီဗာပူးလ်နဲ့ ချယ်လ်ဆီး နှစ်သင်းစလုံး ရာသီအစ (၅)ပွဲဆက် နိုင်ခဲ့တဲ့အတွက် အင်္ဂလန်အမှတ်ပေးပြိုင်ပွဲ သမိုင်းတစ်လျှောက် တတိယမြောက်အဖြစ် အသင်းနှစ်သင်းရာသီအဖွင့် (၅)ပွဲဆက် နိုင်ခဲ့တာဖြစ်ပြီး နှစ်ပေါင်း (၁၁၀)အတွင်းမှာတော့ ပထမဆုံးဖြစ်ပါတယ်။
– ချယ်လ်ဆီးအသင်းအတွက် ဟာဇက် ဟက်ထရစ်သွင်းယူခဲ့တာက (၄)ကြိမ်ရှိလာပြီဖြစ်ပြီး ဒရော့ဘာ Drogba, လမ်းပတ် Lampard and ဟာဆယ်ဘိန့်ခ် Hasselbaink တို့ပြီးရင် ဟက်ထရစ်အများဆုံး ချယ်လ်ဆီး ကစားသမားဖြစ်လာခဲ့ပါပြီ။
– ကာဒစ်ဖ်အသင်းအတွက် ဂိုးသွင်းခဲ့တဲ့ ဘမ်ဘာ(၃၃နှစ် ၂၄၄ရက်)ဟာ မန်ယူတိုက်စစ်မှူးဟောင်း အီဘရာဟီမိုဗစ် Ibrahimovic (၃၄ နှစ် ၃၁၆ရက်) ပြီးရင် ပရီးမီးယားလိဂ်မှာ အသက်အကြီးဆုံး ဂိုးသွင်းသူဖြစ်လာခဲ့တယ်။
– မန်စီးတီး တောင်ပံတိုက်စစ်ကစားသမား ဒေးဗစ်ဆေးလ်ဗားဟာ ပရီးမီးယားလိဂ် ဂိုး(၅၀)ပြည့်ခဲ့ပြီး မန်စီးတီးအသင်းအတွက် ဂိုး(၅၀)သွင်းယူခဲ့တဲ့ ပဉ္စမမြောက်ကစားသမား ဖြစ်လာခဲ့တယ်။

စနေနေ့ ပရီးမီးယားလိဂ်ပွဲစဉ်(၅)ရလဒ်များ
Tottenham Hotspur 1 – 2 Liverpool
Bournemouth 4 – 2 Leicester City
Chelsea 4 – 1 Cardiff City
Huddersfield Town 0 – 1 Crystal Palace
Manchester City 3 – 0 Fulham
Newcastle United 1 – 2 Arsenal

Photo:Chelsea Twitter,Arsenal Twitter,Eden Hazard Twitter
Naing Linn(Akhayar)
www.akhayar.com