[Zawgyi]



Hazard

Hazard


Ref: BBC Sport
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ချယ်လ်ဆီးအသင်းမှာ ပျော်ရွှင်နေတဲ့ ဟာဇက် Hazard

ချယ်လ်ဆီးအသင်းရဲ့တောင်ပံတိုက်စစ်ကစားသမား ဟာဇက် Hazard ဟာ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ကာလရှည်ပစ်မှတ်ထားခြင်းကိုခံနေရသူပါ။ ဒါပေမဲ့ လက်ရှိမှာတော့ ဟာဇက် Hazard ရဲ့ပြောစကားကြောင့် အပြောင်းအရွှေ့ထင်ကြေးတွေဟာ ပြီးဆုံးခဲ့ပြီဆိုရမှာပါ။ ဟာဇက် Hazard ဟာ အသင်းကနေထွက်ခွာမှာမဟုတ်ဘဲ အသင်းမှာပျော်ရွှင်နေကြောင်း ပြောကြားခဲ့ပါတယ်။

Hazard

Hazard

ဟာဇက် Hazard က ” ကျွန်တော် ဒီမှာအဆင်ပြေနေပါတယ် အနာဂတ်ကိုတော့ ဘာမှကြိုပြောလို့မရပါဘူး။ ဒီနှစ်မှာတော့အသင်းမှာပဲဆက်ရှိနေမှာပါ။ ကမ္ဘာ့ဖလားအပြီးမှာ ကျွန်တော်ပြောခဲ့တာကို လူတိုင်းသိပါတယ်။ ဒါပေမဲ့ ကျွန်တော်ဒီမှာပျော်ရွှင်နေပါတယ်။ အင်္ဂလန်မြေကအပြောင်းအရွှေ့ကာလ ဟာပြီးဆုံးခဲ့ပါပြီ။ အသင်းက ကစားသမားသစ်ခေါ်လို့မရတော့ပါဘူး။ ဒီလိုအချိန်မှာအသင်းကနေထွက်ခွာမှာ မဟုတ်သလို အသင်းအနေနဲ့လည်းအင်အားပြန်ဖြည့်ဖို့က ခက်ခဲလို့ပါ ” လို့ ပြောကြားခဲ့ပါတယ်။ ဟာဇက် Hazard ရဲ့ ချယ်လ်ဆီးအသင်းဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်ပွဲစဉ်(၂)ပွဲကစားထားပြီး (၂ )ပွဲလုံးကို အနိုင်ရရှိထားပါတယ်။

Ref: BBC Sport
Photo: Stadium Astro , Squawka
Ko Kyue(Akhayar)
www.akhayar.com