[Zawgyi]

Jordan Pickford ဟာ David De Gea ရဲ႕ ေနရာကုိ တကယ္ပဲ အစား၀င္ႏုိင္မယ့္သူလား

အခုရက္ပုိင္းအတြင္း လႈပ္ခတ္ေနတာက မန္ယူဂုိးသမား ဒီဂီယာ David De Gea ရဲ႕ အနာဂတ္ျဖစ္ၿပီး မန္ယူအသင္းရဲ႕ စာခ်ဳပ္သက္တမ္းတိုးဖုိ႔ ကမ္းလွမ္းမႈကုိ ပယ္ခ်ဖုိ႔ ရွိေနတယ္လုိ႔ သတင္းေတြထြက္ေနတယ္။ အဲဒါေၾကာင့္ ဒီဂီယာကုိသာ လက္လႊတ္ခဲ့ရရင္ အဆင္သင့္အစားထုိးႏုိင္ေအာင္ မန္ယူအသင္း ဂုိးသမားသစ္တစ္ဦး ရွာေဖြေနၿပီး အဲဗာတန္ဂုိးသမား ပစ္ဖုိ႔ဒ္ Jordan Pickford ကုိ မ်က္စိက်ေနတယ္လုိ႔လည္း သိရတယ္။ ဒါေၾကာင့္ အဂၤလန္အသင္းရဲ႕ ၾကယ္ပြင့္လုိ႔ တင္စားရမယ့္ ပစ္ဖုိ႔ဒ္ရဲ႕ စြမ္းေဆာင္ရည္နဲ႔ ဒီဂီယာရဲ႕ စြမ္းေဆာင္ရည္ မွတ္တမ္းကုိ ႏႈိင္းယွဥ္ၾကည့္လုိက္ရေအာင္လား . .

Jordan-Pickford-vs-David-De-Gea

Jordan-Pickford-vs-David-De-Gea

ၿပီးခဲ့တဲ့ ၂၀၁၇-၁၈ ရာသီမွာ ဒီဂီယာနဲ႔ ပစ္ဖုိ႔ဒ္တို႔ဟာ သက္ဆုိင္ရာအသင္းေတြအတြက္ ပုံမွန္ပဲြထြက္ခြင့္ရခဲ့ၿပီး ဒီဂီယာက (၄၉)ပဲြ၊ ပစ္ဖုိ႔ဒ္က ပဲြ(၅၀)ကစားခ့ဲတယ္။ အံ့အားသင့္စရာေကာင္းတာ ၂၀၁၇ ၾသဂုတ္လကေန ၂၀၁၈ ႏုိ၀င္ဘာလအထိ ဒီဂုိးသမားႏွစ္ဦးရဲ႕ ဂုိးေပါက္ကာကြယ္မႈ အႀကိမ္က (၁၅၇)စီနဲ႔ အတူတူျဖစ္ေနတာပါ။

Pickford-middle-denied-Crystal-Palaces-Luka-Milivojevic-from-the-penalty-

Pickford-middle-denied-Crystal-Palaces-Luka-Milivojevic-from-the-penalty-

ဒါေပမဲ က႑တစ္ခုခ်င္းစီရဲ႕ Performance ကုိ ၾကည့္ရင္ ပစ္ဖုိ႔ဒ္ကေတာင္ နည္းနည္းသာေနသလုိပါပဲ။ ၿပီးခဲ့တဲ့ရာသီက စလုိ႔ ပစ္ဖုိ႔ဒ္ရဲ႕ ပယ္နယ္တီကာကြယ္မႈက (၃)ႀကိမ္ရွိခဲ့ၿပီး ဒီဂီယာကေတာ့ တစ္ႀကိမ္မွ မရွိခဲ့ဘူး။ အျမင့္ေဘာေတြကုိ ကာကြယ္ႏုိင္မႈမွာလည္း ပစ္ဖုိ႔ဒ္က (၂၂)ႀကိမ္၊ ဒီဂီယာက (၁၇)ႀကိမ္သာ ရွိခဲ့ၿပီး ပစ္ဖုိ႔ဒ္က (၅)ႀကိမ္ ပုိမ်ားခဲ့တယ္။ ေနာက္တစ္ခုျဖစ္တဲ့ ေဘာလုံးကုိ ပုတ္ထုတ္ကာကြယ္ႏုိင္မႈ အပုိင္းမွာလည္း ပစ္ဖုိ႔ဒ္က ျပတ္ျပတ္သားသား အသာရခဲ့ၿပီး (၂၃)ႀကိမ္အထိ ကာကြယ္ႏုိင္ခဲ့ေပမယ့္ ဒီဂီယာကေတာ့ (၁၀)ႀကိမ္သာ ရွိခဲ့ပါတယ္။

ex-Sunderland-keeper-has-saved-three-penalties-in-the-top-flight

ex-Sunderland-keeper-has-saved-three-penalties-in-the-top-flight

ဒီအခ်က္ေတြအရ ပစ္ဖုိ႔ဒ္ဟာ မန္ယူအသင္းရဲ႕ နံပါတ္(၁)ဂုိးသမားျဖစ္လာဖုိ႔ အလားအလာအေကာင္းဆုံးလုိ႔ သတ္မွတ္ရမယ္။ အသက္(၂၄)ႏွစ္သာ ရွိေပမယ့္ သူ႔ရဲ႕ စြမ္းေဆာင္ရည္က ထိပ္တန္းအဆင့္မွာ ရွိေနသလုိ ဒီအသက္အရြယ္အရလည္း ေဘာလုံးေလာကမွာ ေနာက္ထပ္ ဆယ္စုႏွစ္ တစ္ခု ၾကာတဲ့အထိ က်င္လည္ႏုိင္ဦးမွာ အေသအခ်ာပါပဲ။ ပစ္ဖုိ႔ဒ္ရဲ႕ ေစ်းကြက္ေပါက္ေစ်းက ေပါင္သန္း(၆၀)အထိ ရွိေပမယ့္ တကယ္လုိ႔ မန္ယူအသင္းသာ ဒီဂီယာကုိ ဆုံး႐ႈံးလုိက္ရမယ္ဆုိရင္ ပစ္ဖုိ႔ဒ္အတြက္ အသုံးျပဳရမယ့္ေငြေတြဟာ အလဟႆ မျဖစ္ဘူးလုိ႔ပဲ ဆုိပါရေစ . . .

REF:The Sun
Photo:The Sun,FOX Sports Asia,
Naing Linn(Akhayar)
www.akhayar.com

[Unicode]

Jordan Pickford ဟာ David De Gea ရဲ့ နေရာကို တကယ်ပဲ အစားဝင်နိုင်မယ့်သူလား

အခုရက်ပိုင်းအတွင်း လှုပ်ခတ်နေတာက မန်ယူဂိုးသမား ဒီဂီယာ David De Gea ရဲ့ အနာဂတ်ဖြစ်ပြီး မန်ယူအသင်းရဲ့ စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းမှုကို ပယ်ချဖို့ ရှိနေတယ်လို့ သတင်းတွေထွက်နေတယ်။ အဲဒါကြောင့် ဒီဂီယာကိုသာ လက်လွှတ်ခဲ့ရရင် အဆင်သင့်အစားထိုးနိုင်အောင် မန်ယူအသင်း ဂိုးသမားသစ်တစ်ဦး ရှာဖွေနေပြီး အဲဗာတန်ဂိုးသမား ပစ်ဖို့ဒ် Jordan Pickford ကို မျက်စိကျနေတယ်လို့လည်း သိရတယ်။ ဒါကြောင့် အင်္ဂလန်အသင်းရဲ့ ကြယ်ပွင့်လို့ တင်စားရမယ့် ပစ်ဖို့ဒ်ရဲ့ စွမ်းဆောင်ရည်နဲ့ ဒီဂီယာရဲ့ စွမ်းဆောင်ရည် မှတ်တမ်းကို နှိုင်းယှဉ်ကြည့်လိုက်ရအောင်လား . .

Jordan-Pickford-vs-David-De-Gea

Jordan-Pickford-vs-David-De-Gea

ပြီးခဲ့တဲ့ ၂၀၁၇-၁၈ ရာသီမှာ ဒီဂီယာနဲ့ ပစ်ဖို့ဒ်တို့ဟာ သက်ဆိုင်ရာအသင်းတွေအတွက် ပုံမှန်ပွဲထွက်ခွင့်ရခဲ့ပြီး ဒီဂီယာက (၄၉)ပွဲ၊ ပစ်ဖို့ဒ်က ပွဲ(၅၀)ကစားခဲ့တယ်။ အံ့အားသင့်စရာကောင်းတာ ၂၀၁၇ သြဂုတ်လကနေ ၂၀၁၈ နိုဝင်ဘာလအထိ ဒီဂိုးသမားနှစ်ဦးရဲ့ ဂိုးပေါက်ကာကွယ်မှု အကြိမ်က (၁၅၇)စီနဲ့ အတူတူဖြစ်နေတာပါ။

Pickford-middle-denied-Crystal-Palaces-Luka-Milivojevic-from-the-penalty-

Pickford-middle-denied-Crystal-Palaces-Luka-Milivojevic-from-the-penalty-

ဒါပေမဲ ကဏ္ဍတစ်ခုချင်းစီရဲ့ Performance ကို ကြည့်ရင် ပစ်ဖို့ဒ်ကတောင် နည်းနည်းသာနေသလိုပါပဲ။ ပြီးခဲ့တဲ့ရာသီက စလို့ ပစ်ဖို့ဒ်ရဲ့ ပယ်နယ်တီကာကွယ်မှုက (၃)ကြိမ်ရှိခဲ့ပြီး ဒီဂီယာကတော့ တစ်ကြိမ်မှ မရှိခဲ့ဘူး။ အမြင့်ဘောတွေကို ကာကွယ်နိုင်မှုမှာလည်း ပစ်ဖို့ဒ်က (၂၂)ကြိမ်၊ ဒီဂီယာက (၁၇)ကြိမ်သာ ရှိခဲ့ပြီး ပစ်ဖို့ဒ်က (၅)ကြိမ် ပိုများခဲ့တယ်။ နောက်တစ်ခုဖြစ်တဲ့ ဘောလုံးကို ပုတ်ထုတ်ကာကွယ်နိုင်မှု အပိုင်းမှာလည်း ပစ်ဖို့ဒ်က ပြတ်ပြတ်သားသား အသာရခဲ့ပြီး (၂၃)ကြိမ်အထိ ကာကွယ်နိုင်ခဲ့ပေမယ့် ဒီဂီယာကတော့ (၁၀)ကြိမ်သာ ရှိခဲ့ပါတယ်။

ex-Sunderland-keeper-has-saved-three-penalties-in-the-top-flight

ex-Sunderland-keeper-has-saved-three-penalties-in-the-top-flight

ဒီအချက်တွေအရ ပစ်ဖို့ဒ်ဟာ မန်ယူအသင်းရဲ့ နံပါတ်(၁)ဂိုးသမားဖြစ်လာဖို့ အလားအလာအကောင်းဆုံးလို့ သတ်မှတ်ရမယ်။ အသက်(၂၄)နှစ်သာ ရှိပေမယ့် သူ့ရဲ့ စွမ်းဆောင်ရည်က ထိပ်တန်းအဆင့်မှာ ရှိနေသလို ဒီအသက်အရွယ်အရလည်း ဘောလုံးလောကမှာ နောက်ထပ် ဆယ်စုနှစ် တစ်ခု ကြာတဲ့အထိ ကျင်လည်နိုင်ဦးမှာ အသေအချာပါပဲ။ ပစ်ဖို့ဒ်ရဲ့ ဈေးကွက်ပေါက်ဈေးက ပေါင်သန်း(၆၀)အထိ ရှိပေမယ့် တကယ်လို့ မန်ယူအသင်းသာ ဒီဂီယာကို ဆုံးရှုံးလိုက်ရမယ်ဆိုရင် ပစ်ဖို့ဒ်အတွက် အသုံးပြုရမယ့်ငွေတွေဟာ အလဟဿ မဖြစ်ဘူးလို့ပဲ ဆိုပါရစေ . . .

REF:The Sun
Photo:The Sun,FOX Sports Asia,
Naing Linn(Akhayar)
www.akhayar.com