[Zawgyi]

ငယ္စဥ္ကတည္း က ခင္မင္ရင္းနွီးခဲ့ၾကတဲ့ေဟာလီးဝုဒ္နာမည္ႀကီးအနုပညာရွင္မ်ား

ငယ္စဥ္ထဲ ကခင္မင္ရင္းနွီးၾကတဲ့သူငယ္ခ်င္းေတြျဖစ္ၾကတဲ့ ေဟာလီးဝုဒ္နာမည္ႀကီးအနုပညာရွင္ေတြကိုေဖာ္ျပေပးခ်င္ပါတယ္။ သူတို႔ဟာ လက္ရွိအခ်ိန္ထိ အျမဲအတူတူတြဲၿပီးေတြ႔ရတက္တဲ့ သူငယ္ခ်င္းေကာင္းေတြလည္း ျဖစ္ၾကပါတယ္။

Tobey Maguire And Leonardo DiCaprio

တိုက္တန္းနစ္မင္းသားေခ်ာ Leonardo DiCaprio နဲ႔ စပိုက္တာမန္းမင္းသားတစ္လက္ျဖစ္တဲ့ Tobey Maguire တို႔ဟာ တကယ့္ငယ္သူငယ္ခ်င္းေတြျဖစ္ၾကပါတယ္။ သူတို႔နွစ္ေယာက္ရဲ ႔သူငယ္ခ်င္းသက္တမ္းဟာ နွစ္ေပါင္း ၃၀ ေက်ာ္ေလာက္ကိုရွိေနပါၿပီ။ သူတို႔နွစ္ေယာက္စလံုးရဲ႕အေမေတြဟာ Single Mother ေတြလည္းျဖစ္ပါတယ္။

သူတို႔နွစ္ေယာက္တြဲဖက္သရုပ္ေဆာင္ဖူးတဲ့ The Great Gatsby(2013)ကလည္း ေအာင္ျမင္မႈေတြရရွိခဲ့တဲ့ ဇာတ္ကားေကာင္းတစ္ခုုျဖစ္ပါတယ္။

Justin Timberlake and Ryan Gosling

Justin နဲ႔ Ryan တို႔နွစ္ေယာက္စေတြ႕ခဲ့ၾကတာကေတာ့ “The Mickey Mouse Club” ဆိုတဲ့ အဖြဲ႔ကေနသိခဲ့ၾကၿပီး အခုဆိုရင္ ဝါသနာေတြတစ္ေယာက္တစ္မ်ိဳးစီနဲ႔အနုပညာအလုပ္ေတြကို ဆက္လက္လုပ္ေဆာင္လ်က္ရွိၾကပါတယ္။

သူတို႔နွစ္ေယာက္ကလည္းငယ္ငယ္တည္းက အတူတူအနုပညာေလာကကို ဝင္ေရာက္လာၾကသူေတြျဖစ္တဲ့ အတြက္  တကယ့္ညီအစ္ကို အရင္းအခ်ာေတြလိုပဲေနထိုင္ၾကတဲ့ သူငယ္ခ်င္းနွစ္ေယာက္ျဖစ္ပါတယ္။

Kim Kardashian And Nicole Richie

Kim နဲ႔ Nicole တို႔နွစ္ေယာက္ကေတာ့ လူငယ္ဘဝထဲကအိမ္နီးနားခ်င္းသူငယ္ခ်င္းေတြ ျဖစ္ပါတယ္။ သူတို႔နွစ္ေယာက္ဟာဆိုရင္ နွစ္ေပါင္းမ်ားစြာ လူငယ္ဘဝကကို ေပ်ာ္ရႊင္စြာနဲ႔ အတူျဖတ္သန္းခဲ့ၾကတာျဖစ္ပါတယ္။

သူတို႔နွစ္ေယာက္ ရင္းနွီးခဲ့ၾကတာဆိုရင္လည္း နွစ္ေယာက္စလံုး အသက္ ၁၃ နွစ္နီးပါးေလာက္ကပဲျဖစ္ပါတယ္။အခုဆိုရင္ေတာ့ နွစ္ေယာက္စလံုးဟာနယ္ပယ္အသီးသီးမွာ ေအာင္ျမင္ေနတဲ့ အနုပညာရွင္ေတြပဲျဖစ္ၿပီး Nicole ကေတာ့ ဖက္ရွင္ဒီဇိုင္နာ၊ မင္းသမီး တစ္ေယာက္ျဖစ္ပါတယ္။ Kim  ကေတာ့ အေမရိကန္နိုင္ငံရဲ ႔နာမည္ႀကီးေမာ္ဒယ္ျဖစ္သလို တီဗီအစီအစဥ္ေတြမွာပါဝင္သူတစ္ဦးလည္း  ျဖစ္ပါတယ္။

ၾကည္သာ (Akhayar)

Photo Credit:PEOPLE.com

www.akhayar.com
[Unicode]

ငယ်စဉ်ကတည်း က ခင်မင်ရင်းနှီးခဲ့ကြတဲ့ဟောလီးဝုဒ်နာမည်ကြီးအနုပညာရှင်များ

ငယ်စဉ်ထဲ ကခင်မင်ရင်းနှီးကြတဲ့သူငယ်ချင်းတွေဖြစ်ကြတဲ့ ဟောလီးဝုဒ်နာမည်ကြီးအနုပညာရှင်တွေကိုဖော်ပြပေးချင်ပါတယ်။ သူတို့ဟာ လက်ရှိအချိန်ထိ အမြဲအတူတူတွဲပြီးတွေ့ရတက်တဲ့ သူငယ်ချင်းကောင်းတွေလည်း ဖြစ်ကြပါတယ်။

Tobey Maguire And Leonardo DiCaprio

တိုက်တန်းနစ်မင်းသားချော Leonardo DiCaprio နဲ့ စပိုက်တာမန်းမင်းသားတစ်လက်ဖြစ်တဲ့ Tobey Maguire တို့ဟာ တကယ့်ငယ်သူငယ်ချင်းတွေဖြစ်ကြပါတယ်။ သူတို့နှစ်ယောက်ရဲ့သူငယ်ချင်းသက်တမ်းဟာ နှစ်ပေါင်း ၃၀ ကျော်လောက်ကိုရှိနေပါပြီ။ သူတို့နှစ်ယောက်စလုံးရဲ့အမေတွေဟာ Single Mother တွေလည်းဖြစ်ပါတယ်။

သူတို့နှစ်ယောက်တွဲဖက်သရုပ်ဆောင်ဖူးတဲ့ The Great Gatsby(2013)ကလည်း အောင်မြင်မှုတွေရရှိခဲ့တဲ့ ဇာတ်ကားကောင်းတစ်ခုုဖြစ်ပါတယ်။

Justin Timberlake and Ryan Gosling

Justin နဲ့ Ryan တို့နှစ်ယောက်စတွေ့ခဲ့ကြတာကတော့ “The Mickey Mouse Club” ဆိုတဲ့ အဖွဲ့ကနေသိခဲ့ကြပြီး အခုဆိုရင် ဝါသနာတွေတစ်ယောက်တစ်မျိုးစီနဲ့အနုပညာအလုပ်တွေကို ဆက်လက်လုပ်ဆောင်လျက်ရှိကြပါတယ်။

သူတို့နှစ်ယောက်ကလည်းငယ်ငယ်တည်းက အတူတူအနုပညာလောကကို ဝင်ရောက်လာကြသူတွေဖြစ်တဲ့ အတွက် တကယ့်ညီအစ်ကို အရင်းအချာတွေလိုပဲနေထိုင်ကြတဲ့ သူငယ်ချင်းနှစ်ယောက်ဖြစ်ပါတယ်။

Kim Kardashian And Nicole Richie

Kim နဲ့ Nicole တို့နှစ်ယောက်ကတော့ လူငယ်ဘဝထဲကအိမ်နီးနားချင်းသူငယ်ချင်းတွေ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာဆိုရင် နှစ်ပေါင်းများစွာ လူငယ်ဘဝကကို ပျော်ရွှင်စွာနဲ့ အတူဖြတ်သန်းခဲ့ကြတာဖြစ်ပါတယ်။

သူတို့နှစ်ယောက် ရင်းနှီးခဲ့ကြတာဆိုရင်လည်း နှစ်ယောက်စလုံး အသက် ၁၃ နှစ်နီးပါးလောက်ကပဲဖြစ်ပါတယ်။အခုဆိုရင်တော့ နှစ်ယောက်စလုံးဟာနယ်ပယ်အသီးသီးမှာ အောင်မြင်နေတဲ့ အနုပညာရှင်တွေပဲဖြစ်ပြီး Nicole ကတော့ ဖက်ရှင်ဒီဇိုင်နာ၊ မင်းသမီး တစ်ယောက်ဖြစ်ပါတယ်။ Kim ကတော့ အမေရိကန်နိုင်ငံရဲ့နာမည်ကြီးမော်ဒယ်ဖြစ်သလို တီဗီအစီအစဉ်တွေမှာပါဝင်သူတစ်ဦးလည်း ဖြစ်ပါတယ်။

ကြည်သာ (Akhayar)

Photo Credit:PEOPLE.com

www.akhayar.com