စီးပွားရေးလောကမှာ အောင်မြင်နေတဲ့သူတိုင်း ပြောကြတာက သူတို့ရဲ့ဒိတ်ဒိတ်ကြဲအပေါင်းအသင်းတွေ   အကြောင်းဖြစ်ပါတယ်။ အရင်းနှီးဆုံးသူငယ်ချင်းတွေဆိုတာက ကျောင်းသားဘဝကစတာဆိုတော့ အဲ့ဒီအချိန်ကတည်းကပေါင်းလာရင် ညီအစ်ကိုမောင်နှမတွေလိုဖြစ်သွားတာပါပဲ။

ကမ္ဘာ့ အချမ်းသာဆုံး လူအယောက် ၅၀၀ မှာ ၃၅ ယောက်က ဟားဗတ်တက္ကသိုလ်ကျောင်းဝင်းထဲကနေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ စပိန်နဲ့ဆော်ဒီအာရေဗျ နှစ်နိုင်ငံပေါင်းက ဘီလျံနာအရေအတွက်ထက် ဟားဗတ်တက္ကသိုလ်ကထွက်တဲ့ ဘီလျံနာအရေအတွက်ကပိုများပါတယ်။

ဟားဗတ်ကနေ ဘွဲ့ရတဲ့ဘီလျံနာ ၃၅ ယောက်ရဲ့ ပိုင်ဆိုင်မှုတန်ဖိုးဟာ စုစုပေါင်း ဒေါ်လာ ၃၀၉ ဘီလီယံရှိပြီး တော့ ဒါဟာ ဟောင်ကောင် (ဒါမှမဟုတ်) အိုင်ယာနိုင်ငံရဲ့ GDP တန်ဖိုးနဲ့အတူတူဖြစ်ပါတယ်။ CharlieMunger, Meg Whitman, John Paulson, Steve Ballmer, Paul Singer, Ken Griffin, Ray Dalio, and Michael Bloomberg တို့လို ကျောင်းသားဟောင်းတွေကြား အချင်းချင်းရင်းနှီးမှုကလည်း ပိုမိုချမ်းသာဖို့ အခွင့်အလမ်းများစေပါတယ်။  ဒီနေ့ဟားဗတ်တက္ကသိုလ်က ကျောင်းသားတွေနဲ့ ပါမောက္ခတွေဟာ အဲ့ဒီလိုမျိုးအချင်းချင်း ချိတ်ဆက်မှုကနေ ကြီးပွားအောင်မြင်နိုင်ဖို့ အခွင့်အလမ်းတွေအများကြီးရှိနေပါပြီ။

You May Also Like: “ကမ္ဘာ့ငွေကြေး ထက်ဝက်ကိုပိုင်ဆိုင်ထားတဲ့ လူသားရှစ်ဦး

ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်ကြီးတွေဆိုတာက တကယ့်ကို ဥာဏ်ရည်ထက်မြက်ပြီး ငွေကြေးပြည့်စုံတဲ့ကျောင်းသားတွေကိုသာ ရွေးချယ်လက်ခံတာဆိုတော့ သီးသန့်နည်းနည်းဆန်ပါတယ်။ အမေရိကန်ရဲ့ထိပ်တန်းတက္ကသိုလ်နှစ်ခုဖြစ်တဲ့ စတန်ဖို့ (Stanford) နဲ့ ဟားဗတ် (Harvard) တက္ကသိုလ်နှစ်ခုက ဝင်ခွင့်လျှောက်တဲ့ကျောင်းသားဦးရေရဲ့ ၆ရာခိုင်နှုန်းအောက်ကိုပဲ လက်ခံတာပါ။ နောက်ပြီးတော့ ဒီကနေဘွဲ့ရသွားတဲ့ကျောင်းသားတွေဟာ သူ့တို့ရဲ့နောင်တော်ကြီးတွေနဲ့ အသိအကျွမ်းဖြစ်ရာကနေတစ်ဆင့် ပိုပြီးတော့ထွန်းထွန်းပေါက်ပေါက်ဖြစ်သွားနိုင်ပါတယ်။

အောက်က Infographic လေးမှာ တက္ကသိုလ်တစ်ခုချင်းစီက ဘီလျံနာကြီးတွေရဲ့ကြွယ်ဝချမ်းသာမှု စုစုပေါင်းကိုဖော်ပြထားပါတယ်။

 Photo Credit: http://today.law.harvard.edu/

Ref: www.visualcapitalist.com

မင်းသုခ (အခရာ)

(www.akhayar.com)