[Zawgyi]

ဟားဗတ္တကၠသုိလ္ (Harvard University) မွာ အုိဘာစီ ေရွာ (Obasi Shaw) ဟာ Rap Album ကုိ ေနာက္ဆုံးႏွစ္ က်မ္းျပဳတင္သြင္းရာၿပီးေနာက္ ဂုဏ္ထူးနဲ႔ ဘြဲ႕ရခဲ့ပါတယ္။ Rap Album ကုိ က်မ္းျပဳတာကေတာ့ ဟားဗတ္တကၠသိုလ္သမုိင္းတစ္ေလ်ွာက္မွာ အုိဘာစီ ေရွာတစ္ေယာက္ပဲ ရွိပါေသးတယ္။ Rap Album ရဲ႕နာမည္ကုိေတာ့ “Liminal Minds” လုိ႔နာမည္ေပးထားၿပီး သီခ်င္း ၁ဝပုဒ္ပါဝင္ၿပီး တကၠသုိလ္ရဲ႕ဒုတိယအျမင့္ဆုံး ဂုဏ္ထူးဘြဲ႕ကုိ ဆြတ္ခူးခဲ့ပါတယ္။

သီခ်င္းတစ္ပုဒ္ခ်င္းစီမွာ ရႈေထာင့္မ်ိဳးစုံကေန တင္ျပထားရုံမက အလယ္ေခတ္စာဆုိေတာ္ ဂေရာ့ဖီးလ္ ေခ်ာစာ ( Geoffrey Chaucer) ရဲ႕ The Canterbury Tales ကုိ အတုယူထားပါတယ္။ အေမရိကန္ႏုိင္ငံမွာ ၾကံဳေတြ႕ေနရတဲ့ လူမည္းျပႆနာသာမက အႏုိင္က်င့္ခံရမႈနဲ႔ ညွင္းပမ္းႏွိပ္စပ္ခံရမႈေတြကုိပါ ေရးသားထားပါတယ္။ ေဂ်ာ္ဂ်ီရာျပည္နယ္ (Georgia) စတုန္းေမာင္တိန္ၿမိဳ႕ (Stone Mountain) မွာ ေနထုိင္တဲ့ အုိဘာစီ ေရွာဟာ သူ႕ရဲ႕ေတးစီးရီးကုိ ဟားဗတ္တကၠသုိလ္က လက္ခံလိမ့္မယ္လုိ႔ မစဥ္းစားမိဘူးလုိ႔ ဆုိပါတယ္။

You May Like : လူငယ္ေတြ လုပ္ငန္းခြင္မွာ ေအာင္ျမင္ဖုိ႔ ဘာလုပ္ရမလဲ

ဟားဗတ္တကၠသုိလ္ရဲ႕စည္းကမ္းအတုိင္းေျပာရရင္ ဘြဲ႕မရေသးတဲ့ ေက်ာင္းသားေတြဟာ က်မ္းစားျပဳစုဖုိ႔ မလုိအပ္ဘဲနဲ႔ ဂုဏ္ထူးတန္းဝင္ခ်င္တ့ဲ ေက်ာင္းသားေတြသာ က်မ္းစာမျဖစ္မေန တင္သြင္းရတာျဖစ္ပါတယ္။ ေနာက္ဆုံးႏွစ္က်မ္းျပဳရာမွာ တျခားလူေတြလုိ စာေပ၊ ကဗ်ာ၊ ေက်ာက္စာေတြကုိ အဆုိျပဳတာမ်ိဳးမလုပ္ဘဲနဲ႔ ထူးထူးျခားျခားလုပ္ခ်င္စိတ္ရွိပါတယ္။ ေရွာရဲ႕ဂီတဗီဇကုိ အကဲခတ္မိတဲ့ မိခင္က Rap Album ကုိ က်မ္းျပဳဖုိ႔အၾကံေပးလုိက္တာ ျဖစ္ပါတယ္။

Harvard-Obasi-Shaw

လူမည္းေတြက လြတ္လပ္ၿပီဆုိေပမယ့္ ကြ်န္အေငြ႕အသက္ေတြက က်န္ပါေသးတယ္လုိ႔ အုိဘာစီ ေရွာက ဆုိပါတယ္။ ဟားဗတ္တကၠသိုလ္ရဲ႕ အဂၤလိပ္စာကထိက ေဂ်ာ့ရွ္ ဘဲလ္ (Josh Bell) က “ အုိဘာစီဟာ သူဘယ္ေလာက္ဖန္တီးႏုိင္တယ္ဆုိတာ သီခ်င္ေတြထဲမွာ အတုိင္းသားေပၚလြင္ေနပါတယ္။ သင္ၾကားမႈနဲ႔ အႏုပညာေပါင္းစပ္ၿပီး ဖန္တီးထားပါတယ္” လုိ႔ ဆုိထားပါတယ္။ အုိဘာစီ ေရွာရဲ႕ “Liminal Minds” Album ကုိေတာ့ ဒီေနရာမွာ နားေထာင္ႏုိင္ပါတယ္။ ဘြဲ႕ယူၿပီးတာနဲ႔ အုိဘာစီ ေရွာဟာ Google မွာ Software Engineer အေနနဲ႔ အလုပ္ဝင္ေတာ့မွာျဖစ္ပါတယ္။ Rap သီခ်င္းကုိ က်မ္းျပဳစုခဲ့တဲ့ အုိဘာစီ ေရွာကုိ အတုယူၿပီး ေနာင္လာေနာက္သားေတြလည္း ႀကိဳးစားၾကပါလုိ႔ တုိက္တြန္းလုိက္ရပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

ဟားဗတ်တက္ကသိုလ် (Harvard University) မှာ အိုဘာစီ ရှော (Obasi Shaw) ဟာ Rap Album ကို နောက်ဆုံးနှစ် ကျမ်းပြုတင်သွင်းရာပြီးနောက် ဂုဏ်ထူးနဲ့ ဘွဲ့ရခဲ့ပါတယ်။ Rap Album ကို ကျမ်းပြုတာကတော့ ဟားဗတ်တက္ကသိုလ်သမိုင်းတစ်လျှောက်မှာ အိုဘာစီ ရှောတစ်ယောက်ပဲ ရှိပါသေးတယ်။ Rap Album ရဲ့နာမည်ကိုတော့ “Liminal Minds” လို့နာမည်ပေးထားပြီး သီချင်း ၁ဝပုဒ်ပါဝင်ပြီး တက္ကသိုလ်ရဲ့ဒုတိယအမြင့်ဆုံး ဂုဏ်ထူးဘွဲ့ကို ဆွတ်ခူးခဲ့ပါတယ်။

သီချင်းတစ်ပုဒ်ချင်းစီမှာ ရှုထောင့်မျိုးစုံကနေ တင်ပြထားရုံမက အလယ်ခေတ်စာဆိုတော် ဂရော့ဖီးလ် ချောစာ (Geoffrey Chaucer) ရဲ့ The Canterbury Tales ကို အတုယူထားပါတယ်။ အမေရိကန်နိုင်ငံမှာ ကြုံတွေ့နေရတဲ့ လူမည်းပြဿနာသာမက အနိုင်ကျင့်ခံရမှုနဲ့ ညှင်းပမ်းနှိပ်စပ်ခံရမှုတွေကိုပါ ရေးသားထားပါတယ်။ ဂျော်ဂျီရာပြည်နယ် (Georgia) စတုန်းမောင်တိန်မြို့ (Stone Mountain) မှာ နေထိုင်တဲ့ အိုဘာစီ ရှောဟာ သူ့ရဲ့တေးစီးရီးကို ဟားဗတ်တက္ကသိုလ်က လက်ခံလိမ့်မယ်လို့ မစဉ်းစားမိဘူးလို့ ဆိုပါတယ်။

You May Like : လူငယ်တွေ လုပ်ငန်းခွင်မှာ အောင်မြင်ဖို့ ဘာလုပ်ရမလဲ

ဟားဗတ်တက္ကသိုလ်ရဲ့စည်းကမ်းအတိုင်းပြောရရင် ဘွဲ့မရသေးတဲ့ ကျောင်းသားတွေဟာ ကျမ်းစားပြုစုဖို့ မလိုအပ်ဘဲနဲ့ ဂုဏ်ထူးတန်းဝင်ချင်တဲ့ ကျောင်းသားတွေသာ ကျမ်းစာမဖြစ်မနေ တင်သွင်းရတာဖြစ်ပါတယ်။ နောက်ဆုံးနှစ်ကျမ်းပြုရာမှာ တခြားလူတွေလို စာပေ၊ ကဗျာ၊ ကျောက်စာတွေကို အဆိုပြုတာမျိုးမလုပ်ဘဲနဲ့ ထူးထူးခြားခြားလုပ်ချင်စိတ်ရှိပါတယ်။ ရှောရဲ့ဂီတဗီဇကို အကဲခတ်မိတဲ့ မိခင်က Rap Album ကို ကျမ်းပြုဖို့အကြံပေးလိုက်တာ ဖြစ်ပါတယ်။

Harvard-Obasi-Shaw

လူမည်းတွေက လွတ်လပ်ပြီဆိုပေမယ့် ကျွန်အငွေ့အသက်တွေက ကျန်ပါသေးတယ်လို့ အိုဘာစီ ရှောက ဆိုပါတယ်။ ဟားဗတ်တက္ကသိုလ်ရဲ့ အင်္ဂလိပ်စာကထိက ဂျော့ရှ် ဘဲလ် (Josh Bell) က “ အိုဘာစီဟာ သူဘယ်လောက်ဖန်တီးနိုင်တယ်ဆိုတာ သီချင်တွေထဲမှာ အတိုင်းသားပေါ်လွင်နေပါတယ်။ သင်ကြားမှုနဲ့ အနုပညာပေါင်းစပ်ပြီး ဖန်တီးထားပါတယ်” လို့ ဆိုထားပါတယ်။ အိုဘာစီ ရှောရဲ့ “Liminal Minds” Album ကိုတော့ ဒီနေရာမှာ နားထောင်နိုင်ပါတယ်။ ဘွဲ့ယူပြီးတာနဲ့ အိုဘာစီ ရှောဟာ Google မှာ Software Engineer အနေနဲ့ အလုပ်ဝင်တော့မှာဖြစ်ပါတယ်။ Rap သီချင်းကို ကျမ်းပြုစုခဲ့တဲ့ အိုဘာစီ ရှောကို အတုယူပြီး နောင်လာနောက်သားတွေလည်း ကြိုးစားကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com