[Zawgyi]

ေနာက္ဆက္တြဲ ငလ်င္အႏၱရာယ္ကို A.I နည္းပညာနဲ႔ ခန္႔မွန္းႏိုင္ျပီ

ငလ်င္လို သဘာဝ ေဘးအႏၱရာယ္မ်ိဳးက Warning မရွိသလို တစ္ခါ လႈပ္ျပီးသြားရင္လည္း ေနာက္ဆက္တြဲ ငလ်င္ငယ္ေတြ (Aftershock) လနဲ႔ခ်ီ ထပ္လႈပ္ႏိုင္ပါတယ္။ ဒီလို Major Earthquake Event ျပီးသြားလို႔ Aftershock ေၾကာင့္ ငလ်င္ ထပ္လႈပ္ႏိုင္ေသးတာကို သိပၸံပညာရွင္ေတြ ခန္႔မွန္းႏိုင္ေပမယ့္ အခ်ိန္နဲ႔ ေနရာကိုေတာ့အတိအက် မေျပာႏိုင္ေသးပါဘူး။

Major Earthquake Event

ဒီလို လူသားေတြ မတြက္ခ်က္ႏိုင္တဲ့ Aftershock အႏၱရာယ္ကို A.I (Artificial Intelligence) နဲ႔ ခန္႔မွန္းဖို႔ Harvard တကၠသိုလ္ရဲ႕ ငလ်င္ပညာရွင္ေတြ Google နဲ႔ ပူးေပါင္းခဲ့ပါတယ္။ အဲ့ဒီလို Predict လုပ္ႏိုင္ဖို႔ A.I  ဦးေႏွာက္ထဲမွာ သတၱဳေဗဒရဲ႕ သီအုိရီတခုကို အေျခခံထားတယ္လို႔ သုေတသီေတြ ေျပာထားပါတယ္။ သူတို႔ ဆိုလိုရင္းက အရာဝတၳဳအေပၚ ဖိအား သက္ေရာက္သြားလို႔ ဘယ္လိုအေျခေနမ်ိဳးေၾကာင့္ ပ်က္စီးသြားႏိုင္သလဲဆိုတဲ့ သေဘာတရားကို အေျခခံျပီး ခန္႔မွန္းတတ္ဖို႔ပါ။

Follow-up aftershock event (YouTube Footage)

တကယ္ ငလ်င္လႈပ္ျပီေဟ့ဆိုရင္ သီအိုရီေလး သိထားရုံနဲ႔ မျပည့္စုံေသးတာမလို႔ A.I ကို “Mainshock – aftershock” ငလ်င္ Database ေပါင္း ၁၃၁၀၀၀ နဲ႔ အရင္ဆုံး Train ေပးခဲ့ရပါတယ္။ Journal Nautre မွာ Publish လုပ္ထားခဲ့တဲ့ Paper အရဆိုရင္ A.I ဟာ သင္ၾကားခဲ့တဲ့ ဥပမာအတိုင္း ပုံစံတူ ငလ်င္ အမ်ိဳးစားေပါင္း ၃၀၀၀၀ ေလာက္ ခန္႔မွန္းႏိုင္ခဲ့ပါတယ္။ သူတို႔ စမ္းသပ္ပုံကလည္း စာေမးပြဲေျဖရသလိုပါပဲ၊ ရမွတ္ကို ၀ ကေန ၁ အတြင္း သတ္မွတ္ထားျပီး ၀.၅ မွတ္ ကေတာ့ ေအာင္မွတ္ပါ၊ ၁ မွတ္ရရင္ေတာ့ Perfect လို႔ ေျပာႏိုင္ျပီး အရည္ခ်င္းစစ္ စာေမးပြဲကို Coulomb ေမာ္ဒယ္ ရလာဒ္နဲ႔ ႏႈိင္းယွဥ္ခဲ့ပါတယ္။

Seismograph and earthquake

ေအာင္စာရင္းထြက္လာေတာ့ Coulomb ေမာ္ဒယ္က ၀.၅၈၃ မွတ္နဲ႔ ပြတ္ကာသီကာ Pass ျဖစ္သြားေပမယ့္ A.I ကေတာ့ ၀.၈၄၉ မွတ္ ရခဲ့ပါတယ္။ ေခတ္စကားနဲ႔ ေျပာရမယ္ဆိုရင္ေတာ့ ဂုဏ္ထူးပါတယ္ေပါ့၊ အခုလို ေက်နပ္ဖြယ္ ရလာဒ္ေၾကာင့္မလို႔ သုေတသီေတြ ဖန္တီးရက်ိဳးနပ္ျပီလို႔ ေျပာႏိုင္ပါျပီ။ ဒီလို လူဦးေႏွာက္နဲ႔ ခန္႔မွန္းဖို႔ မလြယ္ကူသလို Variable မ်ားလြန္းတဲ့ ငလ်င္ပညာရပ္ကို A.I နဲ႔ ခန္႔မွန္းႏိုင္ျပီဆုိတာက တကယ့္ကို ၾကီးက်ယ္တဲ့ ေအာင္ျမင္မႈတခုပါ။

Seismic Hazards & Probability Chart of Myanmar

Harvard တကၠသိုလ္ ပါေမာကၡ Brendan Meade ကေတာ့ “ငလ်င္လႈပ္လို႔ Richter Scale ဘယ္ေလာက္ရွိလဲ၊ Major-earthquake Event ျဖစ္ဖို႔ အလားလာ ဘယ္ေလာက္ရွိလဲ ခန္႔မွန္းႏိုင္ေပမယ့္ Aftershock လို ငလ်င္ငယ္ေတြ ဘယ္ေလာက္ လႈပ္နိုင္လဲ၊ ဘယ္ေနရာကို ဗဟိုျပဳႏိုင္လဲဆိုတာ အတိအက် ေျပာဖို႔ ခက္ခဲေနပါတယ္။ တကယ္လို႔ ခန္႔မွန္းႏိုင္ရင္လည္း အေရးၾကီးတဲ့အခ်က္ေတြ က်န္ႏိုင္ခဲ့လို႔ ေျမထုလႈပ္ရွားမႈကို ေလ့လာႏိုင္တဲ့ A.I နည္းပညာက ဘယ္ေနရာမွာ Aftershock Event ျဖစ္ႏိုင္သလဲဆိုတာ ေျပာျပႏိုင္ပါျပီလို႔” ခ်ီးမြမ္းေျပာဆိုခဲ့ပါတယ္။

2B (Akhayar)
www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

နောက်ဆက်တွဲ ငလျင်အန္တရာယ်ကို A.I နည်းပညာနဲ့ ခန့်မှန်းနိုင်ပြီ

ငလျင်လို သဘာဝ ဘေးအန္တရာယ်မျိုးက Warning မရှိသလို တစ်ခါ လှုပ်ပြီးသွားရင်လည်း နောက်ဆက်တွဲ ငလျင်ငယ်တွေ (Aftershock) လနဲ့ချီ ထပ်လှုပ်နိုင်ပါတယ်။ ဒီလို Major Earthquake Event ြပီးသွားလို့ Aftershock ကြောင့် ငလျင် ထပ်လှုပ်နိုင်သေးတာကို သိပ္ပံပညာရှင်တွေ ခန့်မှန်းနိုင်ပေမယ့် အချိန်နဲ့ နေရာကိုတော့အတိအကျ မပြောနိုင်သေးပါဘူး။

Major Earthquake Event

ဒီလို လူသားတွေ မတွက်ချက်နိုင်တဲ့ Aftershock အန္တရာယ်ကို A.I (Artificial Intelligence) နဲ့ ခန့်မှန်းဖို့ Harvard တက္ကသိုလ်ရဲ့ ငလျင်ပညာရှင်တွေ Google နဲ့ ပူးပေါင်းခဲ့ပါတယ်။ အဲ့ဒီလို Predict လုပ်နိုင်ဖို့ A.I  ဦးနှောက်ထဲမှာ သတ္တုဗေဒရဲ့ သီအိုရီတခုကို အခြေခံထားတယ်လို့ သုတေသီတွေ ပြောထားပါတယ်။ သူတို့ ဆိုလိုရင်းက အရာဝတ္ထုအပေါ် ဖိအား သက်ရောက်သွားလို့ ဘယ်လိုအခြေနေမျိုးကြောင့် ပျက်စီးသွားနိုင်သလဲဆိုတဲ့ သဘောတရားကို အခြေခံပြီး ခန့်မှန်းတတ်ဖို့ပါ။

Follow-up aftershock event (YouTube Footage)

တကယ် ငလျင်လှုပ်ပြီဟေ့ဆိုရင် သီအိုရီလေး သိထားရုံနဲ့ မပြည့်စုံသေးတာမလို့ A.I ကို “Mainshock – aftershock” ငလျင် Database ပေါင်း ၁၃၁၀၀၀ နဲ့ အရင်ဆုံး Train ပေးခဲ့ရပါတယ်။ Journal Nautre မှာ Publish လုပ်ထားခဲ့တဲ့ Paper အရဆိုရင် A.I ဟာ သင်ကြားခဲ့တဲ့ ဥပမာအတိုင်း ပုံစံတူ ငလျင် အမျိုးစားပေါင်း ၃၀၀၀၀ လောက် ခန့်မှန်းနိုင်ခဲ့ပါတယ်။ သူတို့ စမ်းသပ်ပုံကလည်း စာမေးပွဲဖြေရသလိုပါပဲ၊ ရမှတ်ကို ၀ ကနေ ၁ အတွင်း သတ်မှတ်ထားပြီး ဝ.၅ မှတ် ကတော့ အောင်မှတ်ပါ၊ ၁ မှတ်ရရင်တော့ Perfect လို့ ပြောနိုင်ပြီး အရည်ချင်းစစ် စာမေးပွဲကို Coulomb မော်ဒယ် ရလာဒ်နဲ့ နှိုင်းယှဉ်ခဲ့ပါတယ်။

Seismograph and earthquake

အောင်စာရင်းထွက်လာတော့ Coulomb မော်ဒယ်က ဝ.၅၈၃ မှတ်နဲ့ ပွတ်ကာသီကာ Pass ဖြစ်သွားပေမယ့် A.I ကတော့ ဝ.၈၄၉ မှတ် ရခဲ့ပါတယ်။ ခေတ်စကားနဲ့ ပြောရမယ်ဆိုရင်တော့ ဂုဏ်ထူးပါတယ်ပေါ့၊ အခုလို ကျေနပ်ဖွယ် ရလာဒ်ကြောင့်မလို့ သုတေသီတွေ ဖန်တီးရကျိုးနပ်ပြီလို့ ပြောနိုင်ပါပြီ။ ဒီလို လူဦးနှောက်နဲ့ ခန့်မှန်းဖို့ မလွယ်ကူသလို Variable များလွန်းတဲ့ ငလျင်ပညာရပ်ကို A.I နဲ့ ခန့်မှန်းနိုင်ပြီဆိုတာက တကယ့်ကို ကြီးကျယ်တဲ့ အောင်မြင်မှုတခုပါ။

Seismic Hazards & Probability Chart of Myanmar

Harvard တက္ကသိုလ် ပါမောက္ခ Brendan Meade ကတော့ “ငလျင်လှုပ်လို့ Richter Scale ဘယ်လောက်ရှိလဲ၊ Major-earthquake Event ဖြစ်ဖို့ အလားလာ ဘယ်လောက်ရှိလဲ ခန့်မှန်းနိုင်ပေမယ့် Aftershock လို ငလျင်ငယ်တွေ ဘယ်လောက် လှုပ်နိုင်လဲ၊ ဘယ်နေရာကို ဗဟိုပြုနိုင်လဲဆိုတာ အတိအကျ ပြောဖို့ ခက်ခဲနေပါတယ်။ တကယ်လို့ ခန့်မှန်းနိုင်ရင်လည်း အရေးကြီးတဲ့အချက်တွေ ကျန်နိုင်ခဲ့လို့ မြေထုလှုပ်ရှားမှုကို လေ့လာနိုင်တဲ့ A.I နည်းပညာက ဘယ်နေရာမှာ Aftershock Event ဖြစ်နိုင်သလဲဆိုတာ ပြောပြနိုင်ပါပြီလို့” ချီးမွမ်းပြောဆိုခဲ့ပါတယ်။

2B (Akhayar)
www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။