This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ဆီမီးဖုိင္နယ္အဆင့္က ထြက္ခဲ့ရတဲ့အတြက္ အရမ္းနာက်င္မိတယ္လုိ႔ ဖြင့္ဟေျပာဆုိခဲ့တဲ့ Harry Kane

အဂၤလန္အသင္းတိုက္စစ္မွဴး ဟာရီကိန္း Harry Kane က ၂၀၁၈ ကမၻာ႔ဖလားဆီမီးဖုိင္နယ္မွာ ခ႐ုိေအးရွားကုိ ႐ႈံးနိမ့္ခဲ့တဲ့အတြက္ အရမ္းထိခိုက္နာက်င္ရတယ္လုိ႔ ပဲြအၿပီး အင္တာဗ်ဴးမွာ ဖြင့္ဟေျပာဆုိခဲ့တယ္။ အဂၤလန္အသင္းဟာ ခ႐ုိေအးရွားကုိ ေနာက္ခံလူ ထရစ္ပီယာ Trippier ရဲ႕ ဖရီးကစ္ဂုိးနဲ႔ ဦးေဆာင္ႏုိင္ခဲ့ေပမယ့္ ခ႐ုိေအးရွားဘက္က ပါရီဆစ္ Perišić ၊ မန္ဇူကစ္ Mandžukić တို႔က ေခ်ပဂုိးနဲ႔ အႏုိင္ဂုိးေတြ သြင္းယူခဲ့လုိ႔ ႐ႈံးပဲြႀကံဳေတြ႕ခဲ့ၿပီး တတိယေနရာရဖုိ႔ပဲ ပစ္မွတ္ထားရေတာ့မွာပါ။ အဂၤလန္အသင္းဟာ အဓိက ၿပိဳင္ပဲြႀကီးေတြမွာ ဆီမီးဖုိင္နယ္ၾကမၼာဆုိးကုိ ေက်ာ္ျဖတ္ႏုိင္ျခင္းမရွိဘဲ ေနာက္ဆုံး(၅)ႀကိမ္မွာ (၄)ႀကိမ္ ဆီမီးဖုိင္နယ္က ထြက္ခဲ့ရတယ္။

Southgate-Console-Harry-Kane

Southgate-Console-Harry-Kane

ခ႐ုိေအးရွားနဲ႔ပဲြအၿပီးမွာ ဟာရီကိန္းက “ဒီရလဒ္က တကယ့္ကုိ ျပင္းထန္လြန္းၿပီး ကၽြန္ေတာ္တို႔ အရမ္းထိခိုက္ခံစားရပါတယ္။ အခုပဲြဟာ ၿပိဳင္ဆုိင္မႈျပင္းထန္ခဲ့ၿပီး ၅၀-၅၀ အေနအထားပါပဲ။ အခု ႐ႈံးပဲြေၾကာင့္ နာက်င္ရေပမယ့္ ဆီမီးဖုိင္နယ္အထိေရာက္ခဲ့တဲ့အတြက္ ဂုဏ္ယူစရာပါ။ ဘာျဖစ္လုိ႔လဲဆုိေတာ့ ကၽြန္ေတာ္တို႔အသင္းကုိ ဒီအဆင့္အထိေရာက္မယ္လုိ႔ ဘယ္သူကမွ မထင္ခဲ့ပါဘူး။ ကၽြန္ေတာ္တို႔အသင္းဟာ အနာဂတ္မွာ ေအာင္ျမင္မႈရဖုိ႔ ကစားသမားအစုအဖဲြ႕ကုိ ပုိင္ဆုိင္ထားပါတယ္။ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ ဒီထက္ပုိေအာင္ျမင္မႈရယူလုိေပမယ့္ မျဖစ္ခဲ့လုိ႔ ပရိသတ္ေတြအတြက္ စိတ္မေကာင္းျဖစ္ရပါတယ္”လုိ႔ ေျပာၾကားခဲ့ပါတယ္။ အဂၤလန္အသင္းဟာ လာမယ့္(၁၄)ရက္မွာ တတိယေနရာလုပဲြအျဖစ္ ဘယ္လ္ဂ်ီယံအသငး္နဲ႔ ျမန္မာစံေတာ္ခ်ိန္ ည(၈း၃၀)အခ်ိန္က်ရင္ ယွဥ္ၿပိဳင္ကစားရမွာျဖစ္ပါတယ္။

REF:Daily Mail
Photo:Getty Images,Twitter
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ဆီမီးဖိုင်နယ်အဆင့်က ထွက်ခဲ့ရတဲ့အတွက် အရမ်းနာကျင်မိတယ်လို့ ဖွင့်ဟပြောဆိုခဲ့တဲ့ Harry Kane

အင်္ဂလန်အသင်းတိုက်စစ်မှူး ဟာရီကိန်း Harry Kane က ၂၀၁၈ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်မှာ ခရိုအေးရှားကို ရှုံးနိမ့်ခဲ့တဲ့အတွက် အရမ်းထိခိုက်နာကျင်ရတယ်လို့ ပွဲအပြီး အင်တာဗျူးမှာ ဖွင့်ဟပြောဆိုခဲ့တယ်။ အင်္ဂလန်အသင်းဟာ ခရိုအေးရှားကို နောက်ခံလူ ထရစ်ပီယာ Trippier ရဲ့ ဖရီးကစ်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ခရိုအေးရှားဘက်က ပါရီဆစ် Perišić ၊ မန်ဇူကစ် Mandžukić တို့က ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူခဲ့လို့ ရှုံးပွဲကြုံတွေ့ခဲ့ပြီး တတိယနေရာရဖို့ပဲ ပစ်မှတ်ထားရတော့မှာပါ။ အင်္ဂလန်အသင်းဟာ အဓိက ပြိုင်ပွဲကြီးတွေမှာ ဆီမီးဖိုင်နယ်ကြမ္မာဆိုးကို ကျော်ဖြတ်နိုင်ခြင်းမရှိဘဲ နောက်ဆုံး(၅)ကြိမ်မှာ (၄)ကြိမ် ဆီမီးဖိုင်နယ်က ထွက်ခဲ့ရတယ်။

Southgate-Console-Harry-Kane

Southgate-Console-Harry-Kane

ခရိုအေးရှားနဲ့ပွဲအပြီးမှာ ဟာရီကိန်းက “ဒီရလဒ်က တကယ့်ကို ပြင်းထန်လွန်းပြီး ကျွန်တော်တို့ အရမ်းထိခိုက်ခံစားရပါတယ်။ အခုပွဲဟာ ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ပြီး ၅၀-၅၀ အနေအထားပါပဲ။ အခု ရှုံးပွဲကြောင့် နာကျင်ရပေမယ့် ဆီမီးဖိုင်နယ်အထိရောက်ခဲ့တဲ့အတွက် ဂုဏ်ယူစရာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့အသင်းကို ဒီအဆင့်အထိရောက်မယ်လို့ ဘယ်သူကမှ မထင်ခဲ့ပါဘူး။ ကျွန်တော်တို့အသင်းဟာ အနာဂတ်မှာ အောင်မြင်မှုရဖို့ ကစားသမားအစုအဖွဲ့ကို ပိုင်ဆိုင်ထားပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒီထက်ပိုအောင်မြင်မှုရယူလိုပေမယ့် မဖြစ်ခဲ့လို့ ပရိသတ်တွေအတွက် စိတ်မကောင်းဖြစ်ရပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ အင်္ဂလန်အသင်းဟာ လာမယ့်(၁၄)ရက်မှာ တတိယနေရာလုပွဲအဖြစ် ဘယ်လ်ဂျီယံအသင်းနဲ့ မြန်မာစံတော်ချိန် ည(၈း၃၀)အချိန်ကျရင် ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

REF:Daily Mail
Photo:Getty Images,Twitter
Naing Linn(Akhayar)
www.akhayar.com