This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

၁၉၈၆ေနာက္ပုိင္း ေရႊဖိနပ္ဆုရရွိခဲ့တဲ့ ပထမဆုံးအဂၤလန္ကစားသမားျဖစ္ဖုိ႔ ဟာရီကိန္း နီးစပ္ေနၿပီ

အဂၤလန္အသင္းရဲ႕ နာမည္ေက်ာ္တိုက္စစ္မွဴး ဟာရီကိန္း Harry Kane ဟာ ၁၉၈၆ ကမၻာ႔ဖလားေနာက္ပုိင္း ႏွစ္ေပါင္း(၃၀)ေက်ာ္အတြင္း ကမၻာ႔ဖလားသြင္းဂုိးအမ်ားဆုံး(Golden Boot)ဆုကုိ ရရွိခဲ့တဲ့ ပထမဆုံးအဂၤလန္ကစားသမားျဖစ္ဖုိ႔ နီးစပ္ၿပီျဖစ္ပါတယ္။ ဟာရီကိန္းဟာ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ (၆)ဂုိးသြင္းယူခဲ့ၿပီး ကြာတားဖုိင္နယ္၊ ဆီမီးဖုိင္နယ္၊ တတိေနရာလုပဲြ(၃)ပဲြဆက္ ဂုိးေပါက္ေပ်ာက္ခဲ့ေပမယ့္ ေရႊဖိနပ္ဆုရဖုိ႔ အေျခအေနေကာင္းေနပါၿပီ။ ဘာျဖစ္လုိ႔လဲဆုိေတာ့ သူန႔ဲအနီးစပ္ဆုံးၿပိဳင္ဘက္ေတြျဖစ္တဲ့ လူကာကူ Lukaku ၊ စီေရာ္နယ္လ္ဒုိ C. Ronaldo ၊ ခ်ီရီရွက္ဗ္ Cheryshev (၄ဂုိးစီ)တို႔က ၿပိဳင္ပဲြကထြက္ခဲ့ၿပီး ကမၻာ႔ဖလားဗုိလ္လုပဲြေရာက္ ျပင္သစ္နဲ႔ ခ႐ုိေအးရွားအသင္းမွာလည္း ဂရစ္ဇ္မန္း Griezmann ၊ ဘာေပ Mbappe တို႔က (၃)ဂုိးစီ၊ မုိဒရစ္ Modric ၊ ပါရီဆစ္ Perisic ၊ မန္ဇူကစ္ Mandžukić တို႔က (၂)ဂုိးစီသာ သြင္းယူထားတာေၾကာင့္ပါ။

Harry-Kane

Harry-Kane

တကယ္လုိ႔ ဗုိလ္လုပဲြမွာ ဘာေပ၊ ဂရစ္ဇ္မန္းတို႔ထဲက တစ္ဦးဦး ဟက္ထရစ္သြင္းယူမွ ဟာရီကိန္းရဲ႕ ဂုိးအေရအတြက္ကုိ လုိက္မီမွာျဖစ္လုိ႔ ေရႊဖိနပ္ဆုက ဟာရီကိန္းအတြက္ျဖစ္ဖုိ႔ ရာႏႈန္းမ်ားေနတာျဖစ္ပါတယ္။ အရင္တုန္းက ကမၻာ႔ဖလားၿပိဳင္ပဲြမွာ သြင္းဂုိးအမ်ားဆုံးကစားသမားေတြရွိခဲ့ဖူးေပမယ့္ ဆုခ်ီးျမႇင့္ျခင္းမရွိဘဲ ၁၉၈၂ ခုႏွစ္မွသာ ေရႊဖိနပ္ဆုကုိ စတင္ေပးအပ္ခဲ့တာပါ။ အဲဒီအခ်ိန္ကစၿပီး လက္ရွိအခ်ိန္အထိ အဂၤလန္ကစားသမားထဲက ေရႊဖိနပ္ဆုရခဲ့တာဆုိလုိ႔ ၁၉၈၆ ကမၻာ႔ဖလားတုန္းက ဂႏၳ၀င္တိုက္စစ္မွဴး လုိင္နီကာ Lineker (၆ဂုိး)သာရွိခဲ့တာေၾကာင့္ ဟာရီကိန္းဟာ (၃၂)ႏွစ္အတြင္း ေရႊဖိနပ္ဆုရရွိမယ့္ ဒုတိယေျမာက္ အဂၤလန္ကစားသမားအျဖစ္ မွတ္တမ္း၀င္ဖုိ႔ နီးစပ္ေနတာျဖစ္ပါတယ္။

ကမၻာ႔ဖလားေရႊဖိနပ္ဆုရရွိခဲ့သူမ်ား
၁၉၈၂ – ေပၚလုိေရာ႔စီ (အီတလီ) -၆ဂုိး
၁၉၈၆ – လုိင္နီကာ (အဂၤလန္) – ၆ဂုိး
၁၉၉၀ – ရွီလက္စီ(အီတလီ) – ၆ဂုိး
၁၉၉၄ – ဆာလန္ကုိ(`႐ုရွား)၊ စတြိဳက္ေကာ့ဗ္ (ဘူလ္ေဂးရီးယား) – ၆ဂုိး
၁၉၉၈ – ဆူကာ(ခ႐ုိေအးရွား) – ၆ဂုိး
၂၀၀၂ – ေရာ္နယ္လ္ဒုိ (ဘရာဇီးလ္) – ၈ဂုိး
၂၀၀၆ – ကလုိေဆး (ဂ်ာမနီ) – ၅ဂုိး
၂၀၁၀ – မူလာ (ဂ်ာမနီ) – ၅ဂုိး
၂၀၁၄- ဂ်ိမ္းစ္႐ုိဒရီဂြက္ဇ္(ကုိလံဘီယာ) – ၆ဂုိး

REF:BBC
Photo:businessinsider,Daily Mail
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

၁၉၈၆နောက်ပိုင်း ရွှေဖိနပ်ဆုရရှိခဲ့တဲ့ ပထမဆုံးအင်္ဂလန်ကစားသမားဖြစ်ဖို့ ဟာရီကိန်း နီးစပ်နေပြီ

အင်္ဂလန်အသင်းရဲ့ နာမည်ကျော်တိုက်စစ်မှူး ဟာရီကိန်း Harry Kane ဟာ ၁၉၈၆ ကမ္ဘာ့ဖလားနောက်ပိုင်း နှစ်ပေါင်း(၃၀)ကျော်အတွင်း ကမ္ဘာ့ဖလားသွင်းဂိုးအများဆုံး(Golden Boot)ဆုကို ရရှိခဲ့တဲ့ ပထမဆုံးအင်္ဂလန်ကစားသမားဖြစ်ဖို့ နီးစပ်ပြီဖြစ်ပါတယ်။ ဟာရီကိန်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ (၆)ဂိုးသွင်းယူခဲ့ပြီး ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်၊ တတိနေရာလုပွဲ(၃)ပွဲဆက် ဂိုးပေါက်ပျောက်ခဲ့ပေမယ့် ရွှေဖိနပ်ဆုရဖို့ အခြေအနေကောင်းနေပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ သူနဲ့အနီးစပ်ဆုံးပြိုင်ဘက်တွေဖြစ်တဲ့ လူကာကူ Lukaku ၊ စီရော်နယ်လ်ဒို C. Ronaldo ၊ ချီရီရှက်ဗ် Cheryshev (၄ဂိုးစီ)တို့က ပြိုင်ပွဲကထွက်ခဲ့ပြီး ကမ္ဘာ့ဖလားဗိုလ်လုပွဲရောက် ပြင်သစ်နဲ့ ခရိုအေးရှားအသင်းမှာလည်း ဂရစ်ဇ်မန်း Griezmann ၊ ဘာပေ Mbappe တို့က (၃)ဂိုးစီ၊ မိုဒရစ် Modric ၊ ပါရီဆစ် Perisic ၊ မန်ဇူကစ် Mandžukić တို့က (၂)ဂိုးစီသာ သွင်းယူထားတာကြောင့်ပါ။

Harry-Kane

Harry-Kane

တကယ်လို့ ဗိုလ်လုပွဲမှာ ဘာပေ၊ ဂရစ်ဇ်မန်းတို့ထဲက တစ်ဦးဦး ဟက်ထရစ်သွင်းယူမှ ဟာရီကိန်းရဲ့ ဂိုးအရေအတွက်ကို လိုက်မီမှာဖြစ်လို့ ရွှေဖိနပ်ဆုက ဟာရီကိန်းအတွက်ဖြစ်ဖို့ ရာနှုန်းများနေတာဖြစ်ပါတယ်။ အရင်တုန်းက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သွင်းဂိုးအများဆုံးကစားသမားတွေရှိခဲ့ဖူးပေမယ့် ဆုချီးမြှင့်ခြင်းမရှိဘဲ ၁၉၈၂ ခုနှစ်မှသာ ရွှေဖိနပ်ဆုကို စတင်ပေးအပ်ခဲ့တာပါ။ အဲဒီအချိန်ကစပြီး လက်ရှိအချိန်အထိ အင်္ဂလန်ကစားသမားထဲက ရွှေဖိနပ်ဆုရခဲ့တာဆိုလို့ ၁၉၈၆ ကမ္ဘာ့ဖလားတုန်းက ဂန္ထဝင်တိုက်စစ်မှူး လိုင်နီကာ Lineker (၆ဂိုး)သာရှိခဲ့တာကြောင့် ဟာရီကိန်းဟာ (၃၂)နှစ်အတွင်း ရွှေဖိနပ်ဆုရရှိမယ့် ဒုတိယမြောက် အင်္ဂလန်ကစားသမားအဖြစ် မှတ်တမ်းဝင်ဖို့ နီးစပ်နေတာဖြစ်ပါတယ်။

ကမ္ဘာ့ဖလားရွှေဖိနပ်ဆုရရှိခဲ့သူများ
၁၉၈၂ – ပေါ်လိုရော့စီ (အီတလီ) -၆ဂိုး
၁၉၈၆ – လိုင်နီကာ (အင်္ဂလန်) – ၆ဂိုး
၁၉၉၀ – ရှီလက်စီ(အီတလီ) – ၆ဂိုး
၁၉၉၄ – ဆာလန်ကို(`ရုရှား)၊ စတွိုက်ကော့ဗ် (ဘူလ်ဂေးရီးယား) – ၆ဂိုး
၁၉၉၈ – ဆူကာ(ခရိုအေးရှား) – ၆ဂိုး
၂၀၀၂ – ရော်နယ်လ်ဒို (ဘရာဇီးလ်) – ၈ဂိုး
၂၀၀၆ – ကလိုဆေး (ဂျာမနီ) – ၅ဂိုး
၂၀၁၀ – မူလာ (ဂျာမနီ) – ၅ဂိုး
၂၀၁၄- ဂျိမ်းစ်ရိုဒရီဂွက်ဇ်(ကိုလံဘီယာ) – ၆ဂိုး

REF:BBC
Photo:businessinsider,Daily Mail
Naing Linn(Akhayar)
www.akhayar.com