[Zawgyi]

ကမၻာ႔တန္ေၾကးအျမင့္ဆံုး ကစားသမားျဖစ္လာတဲ့ စပါးတိုက္စစ္မွဴး ဟယ္ရီကိန္း

CIES က ထုတ္ျပန္တဲ့ ကမၻာ႔တန္ေၾကးအျမင့္ဆံုး ကစားသမားအျဖစ္ စပါးတိုက္စစ္မွဴး ဟယ္ရီးကိန္း Harry Kane က ရပ္တည္ခဲ့ပါတယ္။ နာမည္ေက်ာ္ ေဘာလံုးသုေတသန အဖြဲ႔အစည္းတစ္ခုျဖစ္တဲ့ CIES က ဟယ္ရီကိန္း Harry Kane ရဲ႕ တန္ဖိုးကို ယူရို (၂၀၁.၂)သန္း အထိ သတ္မွတ္ေပးခဲ့တာ ျဖစ္ပါတယ္။ ဟယ္ရီကိန္း Harry Kane ရဲ႕ ေနာက္မွာေတာ့ PSG တိုက္စစ္ကစားသမားေတြျဖစ္တဲ့ ေနမာ Neymar နဲ႔ ဘာေပ Mbappe တို႔က အစဥ္လိုက္ ရပ္တည္ခဲ့ပါတယ္။ ဘရာဇီးလ္အသင္းရဲ႕ တိုက္စစ္ကစားသမား ေနမာ Neymar ရဲ႕ တန္ဖိုးက ယူရို (၁၉၇.၅)သန္းအထိရွိေနၿပီး ျပင္သစ္ လူငယ္တိုက္စစ္မွဴး ဘာေပ Mbappe ရဲ႕ တန္ဖိုးက ယူရို (၁၈၆.၅)သန္းအထိ ရွိလာခဲ့ပါတယ္။ CIES က ထုတ္ျပန္ခဲ့တဲ့ ကမၻာ႔တန္ေၾကးအျမင့္ဆံုး ကစားသမား ထိပ္ဆံုး (၁၀)ေယာက္မွာ ႏိုင္ငံ (၆)က ကစားသမားေတြ ပါဝင္ခဲ့ပါတယ္။ အဂၤလန္က ဟယ္ရီကိန္း Harry Kane နဲ႔ အယ္လီ Alli၊ ဘယ္လ္ဂ်ီယံက ဒီဘရိုင္းနား De Bruyne နဲ႔ လူကာကူ Lukaku၊ အာဂ်င္တီးနားက မက္ဆီ Messi နဲ႔ ဒီဘားလား Dybala၊ ျပင္သစ္က ဂရစ္ဇ္မန္း Griezmann နဲ႔ ဘာေပ Mbappe၊ ဘရာဇီးလ္က ေနမာ Neymar နဲ႔ အီဂ်စ္က ဆာလာ Salah တို႔ ထိပ္ဆံုး (၁၀)ေယာက္ စာရင္းမွာ ပါဝင္ခဲ့ပါတယ္။

Neymar

Neymar

ရီးယဲလ္အသင္းရဲ႕ နာမည္ေက်ာ္ တိုက္စစ္မွဴး စီေရာ္နယ္လ္ဒို C.Ronaldo ကေတာ့ ထိပ္ဆံုး (၁၀)ေယာက္ စာရင္းမွာ မပါဝင္ခဲ့ဘဲ အဆင့္ (၂၄)ေနရာမွာသာ ရပ္တည္ခဲ့ပါတယ္။ စီေရာ္နယ္လ္ဒို C.Ronaldo ရဲ႕ တန္ေၾကးက ယူရို (၁၀၃.၄)သန္း ျဖစ္ၿပီး ကမၻာ႔တန္ေၾကးအျမင့္ဆံုး ထိပ္ဆံုးကစားသမား အေယာက္ (၁၀၀)စာရင္းမွာ အသက္အႀကီးဆံုး ပါဝင္ခဲ့တဲ့ ကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။ ေအစီမီလန္အသင္းရဲ႕ အသက္ (၁၉)ႏွစ္အရြယ္ရွိ လူငယ္ဂိုးသမား ဒြန္နာရမ္မာ Donnarumma ကေတာ့ ယူရို (၆၇.၅)သန္းနဲ႔ အဆင့္ (၇၃)ေနရာမွာ ရပ္တည္ႏိုင္ခဲ့ၿပီး ကမၻာ႔တန္ေၾကးအျမင့္ဆံုး ကစားသမားစာရင္းမွာ ရပ္တည္ခဲ့တဲ့ အသက္အငယ္ဆံုး ကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။

CIES မွ ထုတ္ျပန္ခဲ့တဲ့ ကမၻာ႔တန္ေၾကးအျမင့္ဆံုး ကစားသမား ထိပ္ဆံုး (၁၀)ေယာက္

၁. ဟယ္ရီကိန္း Harry Kane ယူရို (၂၀၁.၂)သန္း

၂. ေနမာ Neymar ယူရို (၁၉၅.၇)သန္း

၃. ဘာေပ Mbappe ယူရို (၁၈၆.၅)သန္း

၄. မက္ဆီ Messi ယူရို (၁၈၄.၂)သန္း

၅. ဆာလာ Salah ယူရို (၁၇၁.၃) သန္း

၆. အယ္လီ Alli ယူရို (၁၇၁)သန္း

၇. ဒီဘရိုင္းနား De Bruyne ယူရို (၁၆၇.၂)သန္း

၈. ဂရစ္ဇ္မန္း Griezmann ယူရို (၁၆၄.၅)သန္း

၉. ဒီဘားလား Dybala ယူရို (၁၆၄.၂)သန္း

၁၀. လူကာကူ Lukaku ယူရို (၁၆၃.၄)သန္း

REF:CIES Website
Photo:UOL Esporte, Goal.com, RMC Sport – BFMTV
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

ကမ္ဘာ့တန်ကြေးအမြင့်ဆုံး ကစားသမားဖြစ်လာတဲ့ စပါးတိုက်စစ်မှူး ဟယ်ရီကိန်း

CIES က ထုတ်ပြန်တဲ့ ကမ္ဘာ့တန်ကြေးအမြင့်ဆုံး ကစားသမားအဖြစ် စပါးတိုက်စစ်မှူး ဟယ်ရီးကိန်း Harry Kane က ရပ်တည်ခဲ့ပါတယ်။ နာမည်ကျော် ဘောလုံးသုတေသန အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ CIES က ဟယ်ရီကိန်း Harry Kane ရဲ့ တန်ဖိုးကို ယူရို (၂၀၁.၂)သန်း အထိ သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဟယ်ရီကိန်း Harry Kane ရဲ့ နောက်မှာတော့ PSG တိုက်စစ်ကစားသမားတွေဖြစ်တဲ့ နေမာ Neymar နဲ့ ဘာပေ Mbappe တို့က အစဉ်လိုက် ရပ်တည်ခဲ့ပါတယ်။ ဘရာဇီးလ်အသင်းရဲ့ တိုက်စစ်ကစားသမား နေမာ Neymar ရဲ့ တန်ဖိုးက ယူရို (၁၉၇.၅)သန်းအထိရှိနေပြီး ပြင်သစ် လူငယ်တိုက်စစ်မှူး ဘာပေ Mbappe ရဲ့ တန်ဖိုးက ယူရို (၁၈၆.၅)သန်းအထိ ရှိလာခဲ့ပါတယ်။ CIES က ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့တန်ကြေးအမြင့်ဆုံး ကစားသမား ထိပ်ဆုံး (၁၀)ယောက်မှာ နိုင်ငံ (၆)က ကစားသမားတွေ ပါဝင်ခဲ့ပါတယ်။ အင်္ဂလန်က ဟယ်ရီကိန်း Harry Kane နဲ့ အယ်လီ Alli၊ ဘယ်လ်ဂျီယံက ဒီဘရိုင်းနား De Bruyne နဲ့ လူကာကူ Lukaku၊ အာဂျင်တီးနားက မက်ဆီ Messi နဲ့ ဒီဘားလား Dybala၊ ပြင်သစ်က ဂရစ်ဇ်မန်း Griezmann နဲ့ ဘာပေ Mbappe၊ ဘရာဇီးလ်က နေမာ Neymar နဲ့ အီဂျစ်က ဆာလာ Salah တို့ ထိပ်ဆုံး (၁၀)ယောက် စာရင်းမှာ ပါဝင်ခဲ့ပါတယ်။

Mbappe

Mbappe

ရီးယဲလ်အသင်းရဲ့ နာမည်ကျော် တိုက်စစ်မှူး စီရော်နယ်လ်ဒို C.Ronaldo ကတော့ ထိပ်ဆုံး (၁၀)ယောက် စာရင်းမှာ မပါဝင်ခဲ့ဘဲ အဆင့် (၂၄)နေရာမှာသာ ရပ်တည်ခဲ့ပါတယ်။ စီရော်နယ်လ်ဒို C.Ronaldo ရဲ့ တန်ကြေးက ယူရို (၁၀၃.၄)သန်း ဖြစ်ပြီး ကမ္ဘာ့တန်ကြေးအမြင့်ဆုံး ထိပ်ဆုံးကစားသမား အယောက် (၁၀၀)စာရင်းမှာ အသက်အကြီးဆုံး ပါဝင်ခဲ့တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ အေစီမီလန်အသင်းရဲ့ အသက် (၁၉)နှစ်အရွယ်ရှိ လူငယ်ဂိုးသမား ဒွန်နာရမ်မာ Donnarumma ကတော့ ယူရို (၆၇.၅)သန်းနဲ့ အဆင့် (၇၃)နေရာမှာ ရပ်တည်နိုင်ခဲ့ပြီး ကမ္ဘာ့တန်ကြေးအမြင့်ဆုံး ကစားသမားစာရင်းမှာ ရပ်တည်ခဲ့တဲ့ အသက်အငယ်ဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

CIES မှ ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့တန်ကြေးအမြင့်ဆုံး ကစားသမား ထိပ်ဆုံး (၁၀)ယောက်

၁. ဟယ်ရီကိန်း Harry Kane ယူရို (၂၀၁.၂)သန်း

၂. နေမာ Neymar ယူရို (၁၉၇.၅)သန်း

၃. ဘာပေ Mbappe ယူရို (၁၈၆.၅)သန်း

၄. မက်ဆီ Messi ယူရို (၁၈၄.၂)သန်း

၅. ဆာလာ Salah ယူရို (၁၇၁.၃)သန်း

၆. အယ်လီ Alli ယူရို (၁၇၁)သန်း

၇. ဒီဘရိုင်းနား De Bruyne ယူရို (၁၆၇.၂)သန်း

၈. ဂရစ်ဇ်မန်း Griezmann ယူရို (၁၆၄.၅)သန်း

၉. ဒီဘားလား Dybala ယူရို (၁၆၄.၂)သန်း

၁၀. လူကာကူ Lukaku ယူရို (၁၆၃.၄)သန်း

REF:CIES Website
Photo:UOL Esporte, Goal.com, RMC Sport – BFMTV
Aung Kyaw Wai (Akhayar)
www.akhayar.com