This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ဆြီဒင္နဲ႔ကစားမယ့္ ကြာတားဖုိင္နယ္ပဲြအတြက္ ႀကံ့ခုိင္မႈျပည့္၀ေနၿပီျဖစ္တဲ့ ဟာရီကိန္း Harry Kane

အဂၤလန္အသင္းရဲ႕ အဓိကတိုက္စစ္မွဴး ဟာရီကိန္း Harry Kane ဟာ အခုစေနေန႔မွာကစားမယ့္ ဆြီဒင္နဲ႔ကြာတားဖုိင္နယ္ပဲြက်ရင္ ပါ၀င္ကစားဖုိ႔အတြက္ ႀကံ့ခုိင္မႈျပည့္၀ေနၿပီျဖစ္ပါတယ္။ ၿပီးခဲ့တဲ့အဂၤါေန႔တုန္းက ကုိလံဘီယာနဲ႔ ကစားခ့ဲတဲ့ ႐ႈံးထြက္(၁၆)သင္းအဆင့္ပဲြမွာ ဟာရီကိန္းဟာ ေျခသလုံးဒဏ္ရာရရွိခဲ့တာေၾကာင့္ ကြာတားဖုိင္နယ္ပဲြ လဲြေခ်ာ္မွာကုိ ပရိသတ္ေတြက စုိးရိမ္ေနၾကတယ္။ အဂၤလန္အသင္းေဆးအဖဲြ႕က ဟာရီကိန္းရဲ႕ဒဏ္ရာကုိ စမ္းသပ္စစ္ေဆးမႈေတြလုပ္ခဲ့ၿပီးတဲ့ေနာက္ သိပ္ၿပီးျပင္းထန္မႈမရွိတာေၾကာင့္ ဆြီဒင္နဲ႔ပဲြမွာ ဟာရီကိန္း ပါ၀င္ကစားႏုိင္မယ္လုိ႔ အတည္ျပဳခဲ့ပါတယ္။

Harry-Kane-Score-From-Penalty

Harry-Kane-Score-From-Penalty

ဟာရီကိန္းဟာ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ (၆)ဂုိးသြင္းယူထားၿပီး သြင္းဂုိးအမ်ားဆုံးကစားသမားအျဖစ္ ဦးေဆာင္ေနသူပါ။ အဂၤလန္အသင္းတိုက္စစ္မွာ ဟာရီကိန္းရဲ႕အေျခအေနက စုိးရိမ္စရာမရွိေတာ့ေပမယ့္လည္း တျခားတိုက္စစ္မွဴးတစ္ဦးျဖစ္တဲ့ ဗာဒီ Vardy ဒဏ္ရာက စုိးရိမ္ရတဲ့အေနအထားရွိေနပါတယ္။ ဗာဒီဟာ ကုိလံဘီယာနဲ႔ပဲြမွာ ေပါင္ၿခံဒဏ္ရာရရွိခဲ့တာျဖစ္ၿပီး ဆြီဒင္နဲ႔ကစားမယ့္ပဲြအမီ ႀကံ့ခုိင္မႈျပည့္၀လာဖုိ႔ မျဖစ္ႏုိင္ေတာ့ပါဘူး။ ကုိလံဘီယာနဲ႔ပဲြမွာ ဒဏ္ရာေတြအသီးသီးရခဲ့ၾကတဲ့ အက္ရွ္ေလယန္း Ashley Young ၊ ေ၀ါလ္ကာ Walker တို႔ကေတာ့ ဆြီဒင္နဲ႔ပဲြမွာ ပါ၀င္ကစားႏုိင္မွာပါ။

REF:Daily Mail
Photo:The Independent,Goal.com
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ဆွီဒင်နဲ့ကစားမယ့် ကွာတားဖိုင်နယ်ပွဲအတွက် ကြံ့ခိုင်မှုပြည့်ဝနေပြီဖြစ်တဲ့ ဟာရီကိန်း Harry Kane

အင်္ဂလန်အသင်းရဲ့ အဓိကတိုက်စစ်မှူး ဟာရီကိန်း Harry Kane ဟာ အခုစနေနေ့မှာကစားမယ့် ဆွီဒင်နဲ့ကွာတားဖိုင်နယ်ပွဲကျရင် ပါဝင်ကစားဖို့အတွက် ကြံ့ခိုင်မှုပြည့်ဝနေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့တုန်းက ကိုလံဘီယာနဲ့ ကစားခဲ့တဲ့ ရှုံးထွက်(၁၆)သင်းအဆင့်ပွဲမှာ ဟာရီကိန်းဟာ ခြေသလုံးဒဏ်ရာရရှိခဲ့တာကြောင့် ကွာတားဖိုင်နယ်ပွဲ လွဲချော်မှာကို ပရိသတ်တွေက စိုးရိမ်နေကြတယ်။ အင်္ဂလန်အသင်းဆေးအဖွဲ့က ဟာရီကိန်းရဲ့ဒဏ်ရာကို စမ်းသပ်စစ်ဆေးမှုတွေလုပ်ခဲ့ပြီးတဲ့နောက် သိပ်ပြီးပြင်းထန်မှုမရှိတာကြောင့် ဆွီဒင်နဲ့ပွဲမှာ ဟာရီကိန်း ပါဝင်ကစားနိုင်မယ်လို့ အတည်ပြုခဲ့ပါတယ်။

Harry-Kane-Score-From-Penalty

Harry-Kane-Score-From-Penalty

ဟာရီကိန်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ (၆)ဂိုးသွင်းယူထားပြီး သွင်းဂိုးအများဆုံးကစားသမားအဖြစ် ဦးဆောင်နေသူပါ။ အင်္ဂလန်အသင်းတိုက်စစ်မှာ ဟာရီကိန်းရဲ့အခြေအနေက စိုးရိမ်စရာမရှိတော့ပေမယ့်လည်း တခြားတိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ဗာဒီ Vardy ဒဏ်ရာက စိုးရိမ်ရတဲ့အနေအထားရှိနေပါတယ်။ ဗာဒီဟာ ကိုလံဘီယာနဲ့ပွဲမှာ ပေါင်ခြံဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ဆွီဒင်နဲ့ကစားမယ့်ပွဲအမီ ကြံ့ခိုင်မှုပြည့်ဝလာဖို့ မဖြစ်နိုင်တော့ပါဘူး။ ကိုလံဘီယာနဲ့ပွဲမှာ ဒဏ်ရာတွေအသီးသီးရခဲ့ကြတဲ့ အက်ရှ်လေယန်း Ashley Young ၊ ဝေါလ်ကာ Walker တို့ကတော့ ဆွီဒင်နဲ့ပွဲမှာ ပါဝင်ကစားနိုင်မှာပါ။

REF:Daily Mail
Photo:The Independent,Goal.com
Naing Linn(Akhayar)
www.akhayar.com