This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

နာမည္ေက်ာ္ တိုက္စစ္မွဴးေတြကို ကန္ခ်က္အလိုက္ ဂိုးအျဖစ္ေျပာင္းလဲႏႈန္းမွာ အသာရေနတဲ့ ဟယ္ရီကိန္း

၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပြဲမွာ ဂိုးသြင္းအမ်ားဆံုး ကစားသမားအျဖစ္ ရပ္တည္ေနတဲ့ အဂၤလန္တိုက္စစ္မွဴး ဟယ္ရီကိန္း Harry Kane ရဲ႕ ကန္ခ်က္ေတြကေန ဂိုးအျဖစ္ေျပာင္းလဲမႈႏႈန္းက တျခားနာမည္ေက်ာ္ တိုက္စစ္မွဴးေတြထက္ ပိုမိုအသာရေနခဲ့ပါတယ္။ ရံႈးထြက္ပြဲစဥ္ေတြအၿပီး သြင္းဂိုး (၆)ဂိုးအထိ သြင္းယူထားတဲ့ အဂၤလန္အသင္းေခါင္းေဆာင္ ဟယ္ရီကိန္း Harry Kane ဟာ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပြဲရဲ႕ ဂိုးသြင္းဘုရင္ဆုကို ရရွိဖို႔ ေရပန္းစားေနခဲ့တာျဖစ္ပါတယ္။ ဟယ္ရီကိန္း Harry Kane ဟာ ဂိုးေပါက္တည့္ကန္သြင္းမႈ (၉)ႀကိမ္ကေန သြင္းဂိုး (၆)ဂိုးကို ရရွိခဲ့ၿပီး ကန္ခ်က္အလိုက္ ဂိုးအျဖစ္ေျပာင္းလဲမႈႏႈနး္က (၆၆.၇) ရာခိုင္ႏႈန္းအထိ ရွိေနခဲ့ပါတယ္။

England-captain-Harry-Kane

England-captain-Harry-Kane

ဟယ္ရီကိန္း Harry Kane ရဲ႕ အခြင့္အေရးေတြကို ဂိုးအျဖစ္ေျပာင္းလဲမႈႏႈန္းက ကမၻာ႔အေကာင္းဆံုး စာရင္းဝင္ တိုက္စစ္ကစားသမားေတြျဖစ္တဲ့ မက္ဆီ Messi၊ စီေရာ္နယ္လ္ဒို C.Ronaldo၊ လီဝန္ေဒါစကီး Lewandowski၊ မူလာ Muller၊ ဟီဂြါအင္ Higuain၊ ေနမာ Neymar၊ ဆြာရက္ဇ္ Suarez၊ ဂရစ္ဇ္မန္း Griezmann၊ ကာဗာနီ Cavani၊ ဒီေယဂိုေကာ္စတာ Diego Costa၊ အဂြဲရိုး Aguero၊ ဆာလာ Salah နဲ႔ လူကာကူ Lukaku တို႔ထက္ ပိုမိုသာလြန္တဲ့ မွတ္တမ္းေကာင္းတစ္ခုကို ပိုင္ဆိုင္ထားတာျဖစ္ပါတယ္။ ဂိုးေပါက္တည့္မႈ (၅)ႀကိမ္ကေန (၃)ဂိုးသြင္းယူထားတဲ့ ျပင္သစ္လူငယ္တိုက္စစ္မွဴး ဘာေပ Mbappe တစ္ဦးထဲသာ ဟယ္ရီကိန္း Harry Kane ရဲ႕ေနာက္မွာ အနီးကပ္ဆံုး ရပ္တည္ေနခဲ့ပါတယ္။ ဘာေပ Mbappe ဟာ ကန္ခ်က္အလိုက္ ဂိုးအျဖစ္ေျပာင္းလဲမႈႏႈန္းမွာ (၆၀)ရာခိုင္ႏႈန္းအထိ ရွိေနခဲ့ပါတယ္။

၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပြဲဝင္ ကစားသမားတခ်ိဳ႕ရဲ႕ ကန္ခ်က္အလိုက္ ဂိုးအျဖစ္ေျပာင္းလဲႏႈန္းမ်ား

ဟယ္ရီကိန္း Harry Kane (အဂၤလန္) – ၆၆.၇ ရာခိုင္ႏႈန္း
ဘာေပ Mbappe (ျပင္သစ္) – ၆၀ ရာခိုင္ႏႈန္း
ဇီယူဘာ Dzyuba (ရုရွား) – ၅၀ ရာခိုင္ႏႈန္း
မူဆာ Musa (ႏိုက္ဂ်ီးရီးယား) – ၅၀ ရာခိုင္ႏႈန္း
လူကာကူ Lukaku (ဘယ္လ္ဂ်ီယံ) – ၃၆.၄ ရာခိုင္ႏႈန္း
ဆာလာ Salah (အီဂ်စ္) – ၃၃.၃ ရာခိုင္ႏႈန္း
အဂြဲရိုး Aguero (အာဂ်င္တီးနား) – ၃၃.၃ ရာခိုင္ႏႈန္း
ဘူဆစ္ Boutaïb (ေမာ္ရိုကို) – ၃၃.၃ ရာခိုင္ႏႈန္း
ကာရီလို Carrillo (ပီရူး) – ၃၃.၃ ရာခိုင္ႏႈန္း
မာေနး Mane (ဆီနီေဂါ) – ၃၃.၃ ရာခုိင္ႏႈန္း
ဒီေယဂိုေကာ္စတာ Diego Costa (စပိန္) – ၃၀ ရာခိုင္ႏႈန္း
ကာရင္မ္ Karim (အီရန္) – ၂၅ ရာခိုင္ႏႈန္း
ဒါမစ္ Drmic (ဆြစ္ဇာလန္) – ၂၅ ရာခိုင္ႏႈန္း
ဖာမီႏို Firmino (ဘရာဇီးလ္) – ၂၅ ရာခိုင္ႏႈန္း
တြိဳင္ဗိုနမ္ Toivonen (ဆီြဒင္) – ၂၅ ရာခိုင္ႏႈန္း

REF:Daily Mail
Photo:Independent, Daily Post
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

နာမည်ကျော် တိုက်စစ်မှူးတွေကို ကန်ချက်အလိုက် ဂိုးအဖြစ်ပြောင်းလဲနှုန်းမှာ အသာရနေတဲ့ ဟယ်ရီကိန်း

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နေတဲ့ အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်း Harry Kane ရဲ့ ကန်ချက်တွေကနေ ဂိုးအဖြစ်ပြောင်းလဲမှုနှုန်းက တခြားနာမည်ကျော် တိုက်စစ်မှူးတွေထက် ပိုမိုအသာရနေခဲ့ပါတယ်။ ရှုံးထွက်ပွဲစဉ်တွေအပြီး သွင်းဂိုး (၆)ဂိုးအထိ သွင်းယူထားတဲ့ အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်း Harry Kane ဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဂိုးသွင်းဘုရင်ဆုကို ရရှိဖို့ ရေပန်းစားနေခဲ့တာဖြစ်ပါတယ်။ ဟယ်ရီကိန်း Harry Kane ဟာ ဂိုးပေါက်တည့်ကန်သွင်းမှု (၉)ကြိမ်ကနေ သွင်းဂိုး (၆)ဂိုးကို ရရှိခဲ့ပြီး ကန်ချက်အလိုက် ဂိုးအဖြစ်ပြောင်းလဲမှုနှုန်းက (၆၆.၇) ရာခိုင်နှုန်းအထိ ရှိနေခဲ့ပါတယ်။

England-captain-Harry-Kane

England-captain-Harry-Kane

ဟယ်ရီကိန်း Harry Kane ရဲ့ အခွင့်အရေးတွေကို ဂိုးအဖြစ်ပြောင်းလဲမှုနှုန်းက ကမ္ဘာ့အကောင်းဆုံး စာရင်းဝင် တိုက်စစ်ကစားသမားတွေဖြစ်တဲ့ မက်ဆီ Messi၊ စီရော်နယ်လ်ဒို C.Ronaldo၊ လီဝန်ဒေါစကီး Lewandowski၊ မူလာ Muller၊ ဟီဂွါအင် Higuain၊ နေမာ Neymar၊ ဆွာရက်ဇ် Suarez၊ ဂရစ်ဇ်မန်း Griezmann၊ ကာဗာနီ Cavani၊ ဒီယေဂိုကော်စတာ Diego Costa၊ အဂွဲရိုး Aguero၊ ဆာလာ Salah နဲ့ လူကာကူ Lukaku တို့ထက် ပိုမိုသာလွန်တဲ့ မှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ဂိုးပေါက်တည့်မှု (၅)ကြိမ်ကနေ (၃)ဂိုးသွင်းယူထားတဲ့ ပြင်သစ်လူငယ်တိုက်စစ်မှူး ဘာပေ Mbappe တစ်ဦးထဲသာ ဟယ်ရီကိန်း Harry Kane ရဲ့နောက်မှာ အနီးကပ်ဆုံး ရပ်တည်နေခဲ့ပါတယ်။ ဘာပေ Mbappe ဟာ ကန်ချက်အလိုက် ဂိုးအဖြစ်ပြောင်းလဲမှုနှုန်းမှာ (၆၀)ရာခိုင်နှုန်းအထိ ရှိနေခဲ့ပါတယ်။

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ကစားသမားတချို့ရဲ့ ကန်ချက်အလိုက် ဂိုးအဖြစ်ပြောင်းလဲနှုန်းများ

ဟယ်ရီကိန်း Harry Kane (အင်္ဂလန်) – ၆၆.၇ ရာခိုင်နှုန်း
ဘာပေ Mbappe (ပြင်သစ်) – ၆၀ ရာခိုင်နှုန်း
ဇီယူဘာ Dzyuba (ရုရှား) – ၅၀ ရာခိုင်နှုန်း
မူဆာ Musa (နိုက်ဂျီးရီးယား) – ၅၀ ရာခိုင်နှုန်း
လူကာကူ Lukaku (ဘယ်လ်ဂျီယံ) – ၃၆.၄ ရာခိုင်နှုန်း
ဆာလာ Salah (အီဂျစ်) – ၃၃.၃ ရာခိုင်နှုန်း
အဂွဲရိုး Aguero (အာဂျင်တီးနား) – ၃၃.၃ ရာခိုင်နှုန်း
ဘူဆစ် Boutaïb (မော်ရိုကို) – ၃၃.၃ ရာခိုင်နှုန်း
ကာရီလို Carrillo (ပီရူး) – ၃၃.၃ ရာခိုင်နှုန်း
မာနေး Mane (ဆီနီဂေါ) – ၃၃.၃ ရာခိုင်နှုန်း
ဒီယေဂိုကော်စတာ Diego Costa (စပိန်) – ၃၀ ရာခိုင်နှုန်း
ကာရင်မ် Karim (အီရန်) – ၂၅ ရာခိုင်နှုန်း
ဒါမစ် Drmic (ဆွစ်ဇာလန်) – ၂၅ ရာခိုင်နှုန်း
ဖာမီနို Firmino (ဘရာဇီးလ်) – ၂၅ ရာခိုင်နှုန်း
တွိုင်ဗိုနမ် Toivonen (ဆွီဒင်) – ၂၅ ရာခိုင်နှုန်း

REF:Daily Mail
Photo:Independent, Daily Post
Aung Kyaw Wai (Akhayar)
www.akhayar.com