ကလေးတွေကို မကျွေးသင့်တဲ့ အစားအသောက်များ

ငယ်ရွယ်တဲ့ကလေးတွေ အစားစစားတဲ့အချိန် စားသုံးတဲ့ အစားအစာတွေထဲမှာ အချိုဓာတ်တွေများစွာ ပါဝင်နေပါတယ်။ ကလေးတွေက ငယ်ရွယ်သေးတဲ့အတွက် သူတို့ရဲ့ လျှာပေါ်မှာရှိတဲ့ အာရုံခံဖုတွေက ပြည့်ပြည့်ဝဝ အရသာမခံတတ်သေးတဲ့အတွက် သာမန်အစားအစာတွေကို စားသုံးတဲ့အခါမှာ အရသာရှိတယ်လို့ မခံစားမိကြပါဘူး။ အဲဒီလိုမခံစားတတ်သေးတဲ့အတွက် မိဘတွေက ကလေးတွေကို အရသာတွေ အများကြီးထိတွေ့ခံစားမိစေဖို့နဲ့ ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးစေဖို့အတွက် အစားအစာမျိုးစုံကို ကျွေးတတ်ကြပါတယ်။ အစားအစာအစုံကျွေးတာကောင်းပေမယ့် အာဟာရရှိမယ်ထင်ပြီး ကလေးတွေကိုကျွေးလိုက်တဲ့ တချို့သောအစားအသောက်တွေက ကလေးတွေရဲ့ ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်ကို ထိခိုက်စေနိုင်တဲ့အတွက် ဒီလိုအစားအသောက်တွေကို မကျွေးသင့်ပါဘူး။

Juice

Juice တွေက ချိုတဲ့အတွက် အရသာရှိတယ်လို့ ကလေးတွေက ထင်ကြပါတယ်။ ဒါကြောင့်မို့ အသက်အရွယ်စုံ ကလေးတွေကြားမှာ Juice တွေက အရမ်းကို နေရာယူကြပါတယ်။ ဒါအပြင် Juice တွေက လွယ်လွယ်ကူကူလည်းရရှိနိုင်ပြီး အထူးသဖြင့် ဆွဲဆောင်မှုရှိတဲ့ ထုပ်ပိုးမှုပုံစံနဲ့လာတဲ့အတွက် ကလေးများအကြိုက် ဖြစ်နေပါတယ်။ Juice တစ်ခွက်မှာ သကြားစားပွဲတင်ဇွန်း ၅ ဇွန်း ၆ ဇွန်းလောက် ပါဝင်ပါတယ်။ ဒီပျော်ဝင်နေတဲ့သကြားတွေကို ခန္ဓာကိုယ်ထဲမှာစီးဆင်းနေတဲ့သွေးတွေက ကာဗိုဟိုက်ဒရိတ်တွေအဖြစ် စုပ်ယူလိုက်ကြပါတယ်။ အမေရိကန်နိုင်ငံရှိ ကလေးနဲ့ပတ်သက်သောဆေးပညာတက္ကသိုလ်အဖွဲ့က Juice တွေတိုက်မယ့်အစား အသီးစစ်စစ်တွေကျွေးဖို့ အကြံပြုထားပါတယ်။ အသီးတွေကျွေးရတာ ရိုးအီလာလို့ အပြောင်းအလဲအနေနဲ့ Juice တိုက်ချင်တယ်ဆိုရင်လည်း အသင့်ရတဲ့ Juice တွေကို မတိုက်ဘဲ သဘာဝအသီးတွေကို ကိုယ်တိုယ်ဖျော်ကာ Juice လုပ်တိုက်တာမျိုးပဲဖြစ်ဖြစ် Smoothie ဖျော်ပြီးတိုက်တာမျိုးပဲဖြစ်ဖြစ် ပြုလုပ်လို့ရပါတယ်။

Juice

Juice

Yogurt

ကလေးတွေကို ဒိန်ချဉ်ကျွေးဖို့ စဉ်းစားထားရင် ဒါလေးကို ဖတ်ထားကြည့်သင့်ပါတယ်။ ဒိန်ချဉ်ကျွေးဖို့ ဝယ်တဲ့အခါ ပထမဦးဆုံးသိထားရမှာက အအေးခန်းတွေထဲမှာ မထည့်ထားတဲ့ အန္တရာယ်များတဲ့ ဒိန်ချဉ်တွေကို မဝယ်မိစေဖို့ အရေးကြီးပါတယ်။ နောက်တစ်ချက်ကတော့ ဒိန်ချဉ်ဘူးရဲ့ အဖုံးတွေပွင့်နေရင်လည်း မဝယ်သင့်ပါဘူး။ နောက်ဆုံးတစ်ချက်အနေနဲ့ အရမ်းချိုလွန်းတဲ့ ဒိန်ချဉ်တွေအစား သဘာဝဒိန်ချဉ်တွေကိုသာ ရှာဖွေပြီး ဝယ်ယူသင့်ပါတယ်။ အသီးအနှံတွေ ရောနှောပါဝင်နေတဲ့ ဒိန်ချဉ်တွေကိုလည်း မကျွေးသင့်ပါဘူး။ အသီးအနှံတွေပါဝင်တဲ့ ဒိန်ချဉ်တွေမှာ အချိုဓာတ်တွေ၊ အဆီနဲ့ ကယ်လိုရီတွေများစွာပါဝင်တဲ့အတွက် ကလေးတွေကို အဝလွန်စေပြီး ဆီးချိုရောဂါတွေ ခံစားရစေနိုင်ပါတယ်။

Yogurt

Yogurt

Cereals

Cereals၊ Flakes၊ Muesli တွေနဲ့ အခြားအလားတူ အစားအစာများမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါဝင်တယ်လို့ ကြော်ငြာတွေမှာ ကြော်ငြာထားတဲ့အတွက် ကျန်းမာရေးနဲ့ညီညွှတ်တယ်လို့ မိဘတော်တော်များများက ထင်ကြပါတယ်။ အမှန်တကယ်မှာတော့ ဒီလိုအစားအသောက်တွေထဲမှာ ကျန်းမာရေးကို ကောင်းကျိုးပြုတဲ့ ဘာဓာတ်မှ မပါရှိတဲ့အပြင် ကလေးတွေစားရင် အရသာရှိစေဖို့အတွက် သကြားတွေ များစွာထည့်ပြီး ပြုလုပ်ထားပါတယ်။ ဒီလိုအစားအသောက်တွေပြုလုပ်တဲ့အခါမှာ ကျန်းမာရေးကို အကျိုးပြုစေတဲ့ ပြောင်းဖူး၊ ဂျုံနဲ့ အုတ်ဂျူံတွေကို ထည့်သွင်းမပြုလုပ်ဘဲ ကျန်းမာရေးကို ထိခိုက်စေတဲ့ ကာဗွန်ဟိုက်ဒရိတ်များတဲ့ အရာတွေနဲ့သာ ထည့်သွင်းပြုလုပ်ထားကြပါတယ်။ ဒါအပြင် ဒီအစားအစာတွေက ဗိုက်မပြည့်လွယ်တဲ့အတွက် အချိန်သိပ်မကြာခင်မှာပဲ ကလေးတွေက ဗိုက်ပြန်ဆာလာပါတယ်။ Cereals တွေ ကျွေးမယ့်အစား အုတ်ဂျုံမှုန့်ကို ပြောင်းကျွေးသင့်ပါတယ်။ အုတ်ဂျုံမှုန့်ကို ကျွေးတဲ့အခါမှာ ကလေးတွေ စားချင်စဖွယ်ဖြစ်အောင် အသီးအနှံတွေနဲ့ အစေ့အဆန်တွေ ထပ်ပေါင်းထည့်ပြီး ကျွေးလို့ရပါတယ်။

Honey

၂ နှစ်အောက်ကလေးတွေကို ပျားရည်မကျွေးသင့်ပါဘူး။ ပျားရည်က ကလေးတွေကို ဓာတ်မတည့်တဲ့ လက္ခဏာတွေဖြစ်စေနိုင်သလို တစ်ခါတစ်ရံမှာ ပျားရည်မှာ Botulism လို့ခေါ်တဲ့ အဆိပ်သင့်ဝေဒနာတွေကို ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေ ပါဝင်ပါတယ်။

Honey

Honey

Grapes

စပျစ်သီးမှာ ကလေးတွေအတွက်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်ပါတယ်။ ဒါပေမဲ့ စပျစ်သီးက ကလေးတွေအတွက်ဆို ကြီးပြီး ခပ်ချောချောဖြစ်တဲ့အတွက် အခန့်မသင့်ရင် ကလေးအသက်ရှူကျပ်တာမျိုးဖြစ်စေနိုင်လို့ မကျွေးတာ အကောင်းဆုံးပါပဲ။ ဒါအပြင် စပျစ်သီးက ကလေးရဲ့အစောချေလမ်းကြောင်းကိုလည်း ထိခိုက်စေနိုင်ပါတယ်။ အသက်နှစ်နှစ်အောက်ကလေးတွေကို စပျစ်သီးအစား ဌက်ပျောသီးကျွေးတာက ပိုသင့်တော်ပါတယ်။

Grapes

Grapes

Multivitamins

ကလေးတွေကို Multivitamin တိုက်ကျွေးတယ်ဆိုတာ တကယ့်ကို အငြင်းပွားဖွယ်ရာ ကိစ္စပဲဖြစ်ပါတယ်။ တချို့မိဘတွေက ကလေးတွေကို Multivitamin တိုက်ကျွေးတဲ့အခါမှာ ကိုယ်ပိုင်အသိဥာဏ်ပေါ် အခြေခံပြီး ကလေးအတွက် လိုအပ်မယ်ထင်တာကို ရွေးချယ်တိုက်ကျွေးတတ်ကြပါတယ်။ အဲလိုတိုက်ကျွေးတာက တကယ်တော့ မှားယွင်းတဲ့ လုပ်ရပ်ပါ။ ကို့ယ်ဘာသာမှန်းပြီး တိုက်ကျွေးမယ့်အစား ကျွမ်းကျင်သူနဲ့ တိုင်ပင်ပြီးမှ ကျွမ်းကျင်သူ ညွှန်ကြားတဲ့အတိုင်း တိုက်ကျွေးတာက အသင့်တော်ဆုံးပါ။ ဒါအပြင် ကလေးတွေအတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို အစားအစာတွေကနေလည်း ရရှိနိုင်လို့ အစားအစာတွေကို သေချာလေးကျွေးပေးရင်း ဗီတာမင်တောင် တိုက်စရာမလိုပါဘူး။

Multivitamins For children

Multivitamins For children

Milkshake

မိဘတွေအနေနဲ့ ကလေးတွေကို စားသောက်ဆိုင်ကိုခေါ်သွားတဲ့အခါ Milkshake တိုက်ရမလား Soda တိုက်ရမလား ရွေးချယ်ရခက်တာမျိုး ဖြစ်ဖူးကြမှာပါ။ နောက်ဆုံးမှာ မိဘတွေအနေနဲ့ Milkshake က အန္တရာယ်အကင်းဆုံးလို့ထင်ပြီး Milkshake ကို ရွေးချယ်တိုက်ကြပါတယ်။ အမှန်မှာတော့ Milkshake ကလည်း Soda မှာပါဝင်သလိုမျိုး အဆီနဲ့ သကြားတွေများစွာပါဝင်လို့ ကလေးတွေအတွက် အန္တရာယ်များတဲ့ ဖျော်ရည်ဖြစ်ပါတယ်။ နောက်ဆုံးသုတေသနပြုလုပ်ချက်တွေအရ Milkshake ကဲ့သို့သော အဆီဓာတ်တွေ များစွာပါဝင်တဲ့ ဖျော်ရည်တွေကို ပုံမှန်သောက်ရင် အချိန်ကြာလာတဲ့အခါမှာ နှလုံးသွေးကြောနဲ့ဆိုင်တဲ့ ရောဂါတွေ ဖြစ်ပွားစေနိုင်ပါတယ်။ Milkshake တွေက ကလေးတွေအတွက်သာ အန္တရာယ်ရှိစေတာမဟုတ်ဘဲ လူကြီးတွေရဲ့ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ကလေးတွေကို မလိုအပ်ဘဲနဲ့ သကြားတွေ အများကြီးကျွေးတာမျိုး အကျင့်မပြုလုပ်ထားသင့်ပါဘူး။ ချိုတဲ့အစားအစာတွေကို ကျွေးတဲ့အခါမျိုးမှာလည်း စားသုံးလိုက်တဲ့ အချိုဓာတ်က ကျန်းမာရေးကို အထောက်အကူဖြစ်စေတာမျိုးပဲ ဖြစ်အောင် ပုံဖော်ပြီး သတိထား ကျွေးဖို့အရေးကြီးပါတယ်။

Milkshakes

Milkshake

H.H(Akhayar)