[Zawgyi]

Relationship တစ္ခုမွာ လက္ခံဖို႔ ခက္ခဲတဲ့ အမွန္တရားေတြ ရွိလို႔ အေျဖရွာၾကစို႔

ခ်စ္သူရည္းစားကိစၥ၊ Relationship ေတြမွာ တခ်ိဳ႕က သူ႔အလိုလို အဆင္ေျပေနၾကတဲ့ အတြဲေတြ ရွိေပမယ့္ တခ်ိဳ႕က်ေတာ့လည္း ခက္ခက္ခဲခဲနဲ႔ ညွိယူရတာေတြ ရွိပါတယ္။ ဒါေတြ ဘာေၾကာင့္ျဖစ္ေနရလဲဆိုေတာ့ Relationship တစ္ခုမွာ လက္ခံဖို႔ ခက္ခဲတဲ့ အမွန္တရားေတြ ရွိေနလို႔ပါပဲတဲ့။ ဒီလို အမွန္တရားေတြကို သိေအာင္လုပ္ႏုိင္ရင္ေတာ့ တစ္ေယာက္နဲ႔ တစ္ေယာက္ဟာမိုနီျဖစ္ဖို႔ ၾကိဳးစားရာမွာ လြယ္ကူေစမွာပါ။

မဂၤလာလက္ဖြဲ႕

မဂၤလာလက္ဖြဲ႕

 ကိုယ္နဲ႔ ဆန္႔က်င္ဘက္ အမူအက်င့္၊ စိတ္ထားရွိတဲ့သူေတြကို မ်က္စိက်ေလ့ရွိပါတယ္

လူေတြက အၾကိဳက္တူမွ ခ်စ္သူျဖစ္တာ မဟုတ္ပါဘူး။ ခပ္ေအးေအး ေကာင္မေလးက ခပ္မိုက္မိုက္ေကာင္ေလးကို ၾကိတ္ခိုက္မိတာမ်ိဳး၊ ခပ္လည္လည္ေကာင္ေလးက မထံုတက္ေတး ေကာင္မေလးကိုမွ ေၾကြမိတာမ်ိဳးဆိုတာ ရွားပါးျဖစ္ရပ္မဟုတ္ပါဘူး၊ ျဖစ္ကို ျဖစ္ေနတာပါ။ စာေရးဆရာမတစ္ေယာက္ျဖစ္တဲ့ Gretchen Rubin ကေတာ့ ရွင္းရွင္းပဲ၊ အုပ္စု ႏွစ္ခုခြဲပါတယ္၊ သူပုန္အုပ္စုနဲ႔ လိုက္နာလက္ခံတတ္သူအုပ္စုဆိုျပီးပါတဲ့။ ျပီးေတာ့ လွလွပပအလြဲအတုိင္းပဲ သူတို႔ ႏွစ္အုပ္စုဟာ တစ္ေယာက္ကို တစ္ေယာက္ မ်က္စိက်ဖို႔လည္း အရမ္းလြယ္တာပါပဲ။ ဒီလုိ တစ္ေယာက္အေၾကာင္းတစ္ေယာက္ သိထားရင္ ညွိဖို႔ကို လြယ္သြားပါျပီ။

အသင့္ေတာ္ဆံုး၊ အမွန္ကန္ဆံုးလူဆိုတာ မရွိဘူး

လူေတြက Right One တို႔၊ The One တို႔ပဲ ရွာေနၾကတာပါ။ အစစအရာရာ ျပီးျပည့္စံုတဲ့ ခ်စ္သူဆိုတာ မရွိဘူးဆိုတဲ့ အခ်က္ကုိေတာ့ ေမ့ေနၾကပါတယ္။ ခုိင္မာတဲ့ ခ်စ္သူရည္းစားဘဝကို တည္ေဆာက္ခ်င္တယ္ဆိုရင္ ခ်စ္သူရဲ့ အားနည္းခ်က္ေတြကိုလည္း ၾကည့္ေပးရပါတယ္။ လက္မခံႏုိင္ေလာက္တဲ့ အားနည္းခ်က္ေတြရွိရင္ေတာ့ တစ္မ်ိဳးေပါ့။ အခ်စ္စစ္မွန္ရင္ေတာ့ လူႏွစ္ေယာက္တြဲျပီဆိုရင္ တစ္ေယာက္ကို တစ္ေယာက္ဘယ္ေလာက္ ေကာင္းမြန္တိုးတက္ေအာင္ ေထာက္ပံ့ေပးႏုိင္တာမ်ိဳးကိုပဲ ၾကည့္ျပီး ညွိယူရမွာ ျဖစ္ပါတယ္။

ဘဏ္မွာ Joint Account တစ္ခုခုဖြင့္ထားရင္၊ အိမ္ေမြးတိရစာၦန္တစ္ေကာင္ေကာင္ေမြးထားရင္ ျပတ္ဖို႔စဲဖို႔ ပိုခက္ပါတယ္

မယံုမရွိနဲ႔ေနာ္။ သူနဲ႔ကုိယ့္ၾကားမွာ လက္ေဆာင္ေပးထားတဲ့ အိမ္ေမြးတိရစာၦန္ေလးတစ္ေကာင္ျဖစ္ျဖစ္ သံေယာဇဥ္ေလးရွိေနရင္ ျပတ္ဖို႔ ပိုခက္တယ္တဲ့။ အဲဒီလိုမဟုတ္လည္း ႏွစ္ေယာက္အနာဂတ္အတြက္ Joint Account နဲ႔ ပိုက္ဆံစုထားျဖစ္ရင္ ဒီပိုက္ဆံကိစၥစကားေျပာရမွာနဲ႔ပဲ ေတာ္တန္ရုံ ျပတ္စဲဖို႔ မလြယ္ပါဘူးတဲ့။ ၂၀၁၁ ခုႏွစ္က လုပ္တဲ့ သုေတသနတစ္ခုမွာ ဒီလို Pet ျဖစ္ျဖစ္၊ ဘဏ္အေကာင့္ျဖစ္ျဖစ္ရွိတဲ့ စံုတြဲဟာ မျပတ္စဲဘဲ တူတူရွိႏုိင္ေျခ ၁၀% ပိုျမင့္သြားပါသတဲ့။ ဒါေၾကာင့္လည္း လင္မယားေတြဆို သံေယာဇဥ္ၾကိဳးတစ္ရစ္တုိးႏုိင္ေအာင္ ကေလးယူခုိင္းၾကတာ ထင္ပါရဲ့။

ရည္းစားရွိေနရက္နဲ႔လည္း မေပ်ာ္မရႊင္ျဖစ္ေနလိမ့္မယ္

ဘဝမွာပဲျဖစ္ျဖစ္၊ရည္းစားသနာကိစၥမွာပဲျဖစ္ျဖစ္ အျမဲတမ္းၾကီး ေပ်ာ္ေနဖို႔ဆိုတာ အရမ္းကိုခက္ခဲ့တဲ့အရာပါ။ တစ္ခါတေလ ကိုယ္တစ္ေယာက္တည္းေတာင္ ကုိယ့္ဘာသာ ဘာမွန္းမသိမေပ်ာ္ဘူးျဖစ္ေနတာ လူသားႏွစ္ေယာက္ေပါင္းစပ္တာဆိုရင္ေတာ့ အျမဲေပ်ာ္ေနဖို႔ဆိုတာ ပိုလို႔ေတာင္ ခက္ခဲမွာပါ။ တစ္ေယာက္ကို တစ္ေယာက္ ျငီးေငြ႔မိတဲ့ အခ်ိန္ေတြရွိမယ္၊ စိတ္ဆုိးစိတ္ပ်က္တဲ့ အခ်ိန္ေတြ ရွိတယ္ဆိုတာ သဘာဝတရားပါပဲ။ ဒါေတြအားလံုးကို ျဖစ္ေလ့ရွိတဲ့ သဘာဝလို႔ မွတ္ယူျပီး ေျဖရွင္းႏုိင္မွသာ တကယ့္လက္ေတြ႔ဘဝမွာ အဆင္ေျပမွာပါ။

မျဖစ္ႏုိင္တဲ့ ေမွ်ာ္လင့္ခ်က္ေတြ ထားတတ္ၾကတယ္

Dr.Ruth ဆိုတဲ့ Relationship အၾကံေပးတစ္ေယာက္ကေတာ့ မေျပမလည္ျဖစ္ေနတဲ့ အတြဲေပါင္းမ်ားစြာကို ေဆြးေႏြးအၾကံေပးဖူးျပီး သူတို႔ အားလံုးရဲ့ တူညီတဲ့ ျပႆနာကေတာ့ သူတို႔ရဲ့ အခ်စ္ေရးကို ရိုမန္႔တစ္ျဖစ္ဖို႔၊ ဒါမွမဟုတ္ အေပါင္းအသင္းၾကားမွာ စံျပအတြဲျဖစ္ဖို႔စတဲ့ ေမွ်ာ္လင့္ခ်က္ေတြ အရမ္းျမင့္မားၾကတာပါတဲ့။ ဒါေတြက အလကားေတာ့ ျဖစ္လာတာ မဟုတ္ဘဲ ရိုလြန္းတဲ့ ရုပ္ရွင္နဲ႔ အခ်စ္ဝတၳဳေတြကေန လႊမ္းမိုးခံရတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ခ်စ္သူေတြ ျဖစ္လာျပီဆုိရင္ တစ္ေယာက္နဲ႔ တစ္ေယာက္ေမွ်ာ္လင့္ခ်က္ေတြ အရမ္းၾကီးမထားဘဲ မွ်မွ်တတၾကည့္ျပီး ခ်စ္တတ္ဖို႔ လိုအပ္ပါတယ္။

အျမဲတမ္းေတာ့ ေနနဲ႔လ ေရႊနဲ႔ျမျဖစ္ေနမွာ မဟုတ္ဘူးဆိုတာ သတိခ်ပ္ပါ

အဲဒီလို ထင္ေနရင္လည္း ဂ်င္းလို႔ မွတ္ပါေလ။ ဒီေန႔ ကုိယ္ေဘးမွာ ရွိျပီး ေပ်ာ္ေအာင္ ထားေနတဲ့သူဟာ တစ္သက္လံုး ကိုယ့္ေဘးမွာေနျပီး ကုိယ့္ကို ေပ်ာ္ေအာင္ ထားမယ့္သူလို႔ မွတ္ထင္တာမ်ိဳးကို ေရွာင္ပါ။ ျပီးေတာ့ ဟန္းနီးမြန္းကာလေတြေလာက္မွာပဲ အစစအရာရာလုိက္ဖက္ေနတတ္ျပီး ၾကာလာတာနဲ႔ အၾကိဳက္ေတြ ကြာလာႏုိင္တာကိုလည္း သတိျပဳသင့္ပါတယ္။

ရည္းစားထားတာမွာ ဆရာက်တဲ့သူေတြေတာင္ အိမ္ေထာင္ျပဳရင္ေတာ့ အလြဲလြဲအေခ်ာ္ေခ်ာ္ျဖစ္တတ္ၾကပါတယ္

အခ်စ္ေရးနဲ႔ ပက္သက္တဲ့ စာအုပ္ေတြ၊ ေဆာင္းပါးေတြ ေသေအာင္ဖတ္၊ ကုိယ္တုိင္လည္း သူမ်ားသမီးရည္းစားလင္မယားအတြဲေတြကို ဆရာလုပ္ႏုိင္တဲ့ ဆရာၾကီးေတြေပမယ့္လည္း တကယ့္တကယ္ကုိယ့္အလွည့္ေရာက္ျပီဆုိရင္ေတာ့ ဘာလုပ္လို႔ ဘာကိုင္ရမွန္းမသိ လြဲတတ္ပါေသးတယ္။ ဘယ္ေလာက္ပဲ သူမ်ားကို အၾကံေပးေပး၊ ကုိယ့္အလွည့္က်ေတာ့ သူမ်ားေပးသမွ်အၾကံ၊ ကိုယ္နဲ႔မွ မဟန္ျဖစ္တတ္လို႔ Relationship ဆရာၾကီးေတြလည္း ကုိယ့္ကိစၥကိုယ္ဆုိရင္ လြဲတတ္ပါေသးတယ္လို႔။

ခ်စ္ေရးခ်စ္ရာဟာ လြယ္မေယာင္နဲ႔ခက္တဲ့ အရာမို႔ အခရာပရိသတ္ၾကီးလည္း ခ်စ္သူနဲ႔ အတူ ညွိစရာရွိတာေတြ ညွိယူရင္း အဆင္ေျပေအးခ်မ္း စိတ္လက္ရႊင္လန္းႏိုင္ၾကပါေစ။

ရိုးလူ (အခရာ)

www.akhayar.com

Ref : Business Insider
[Unicode]

Relationship တစ်ခုမှာ လက်ခံဖို့ ခက်ခဲတဲ့ အမှန်တရားတွေ ရှိလို့ အဖြေရှာကြစို့

ချစ်သူရည်းစားကိစ္စ၊ Relationship တွေမှာ တချို့က သူ့အလိုလို အဆင်ပြေနေကြတဲ့ အတွဲတွေ ရှိပေမယ့် တချို့ကျတော့လည်း ခက်ခက်ခဲခဲနဲ့ ညှိယူရတာတွေ ရှိပါတယ်။ ဒါတွေ ဘာကြောင့်ဖြစ်နေရလဲဆိုတော့ Relationship တစ်ခုမှာ လက်ခံဖို့ ခက်ခဲတဲ့ အမှန်တရားတွေ ရှိနေလို့ပါပဲတဲ့။ ဒီလို အမှန်တရားတွေကို သိအောင်လုပ်နိုင်ရင်တော့ တစ်ယောက်နဲ့ တစ်ယောက်ဟာမိုနီဖြစ်ဖို့ ကြိုးစားရာမှာ လွယ်ကူစေမှာပါ။

မင်္ဂလာလက်ဖွဲ့

မင်္ဂလာလက်ဖွဲ့

ကိုယ်နဲ့ ဆန့်ကျင်ဘက် အမူအကျင့်၊ စိတ်ထားရှိတဲ့သူတွေကို မျက်စိကျလေ့ရှိပါတယ်

လူတွေက အကြိုက်တူမှ ချစ်သူဖြစ်တာ မဟုတ်ပါဘူး။ ခပ်အေးအေး ကောင်မလေးက ခပ်မိုက်မိုက်ကောင်လေးကို ကြိတ်ခိုက်မိတာမျိုး၊ ခပ်လည်လည်ကောင်လေးက မထုံတက်တေး ကောင်မလေးကိုမှ ကြွေမိတာမျိုးဆိုတာ ရှားပါးဖြစ်ရပ်မဟုတ်ပါဘူး၊ ဖြစ်ကို ဖြစ်နေတာပါ။ စာရေးဆရာမတစ်ယောက်ဖြစ်တဲ့ Gretchen Rubin ကတော့ ရှင်းရှင်းပဲ၊ အုပ်စု နှစ်ခုခွဲပါတယ်၊ သူပုန်အုပ်စုနဲ့ လိုက်နာလက်ခံတတ်သူအုပ်စုဆိုပြီးပါတဲ့။ ပြီးတော့ လှလှပပအလွဲအတိုင်းပဲ သူတို့ နှစ်အုပ်စုဟာ တစ်ယောက်ကို တစ်ယောက် မျက်စိကျဖို့လည်း အရမ်းလွယ်တာပါပဲ။ ဒီလို တစ်ယောက်အကြောင်းတစ်ယောက် သိထားရင် ညှိဖို့ကို လွယ်သွားပါပြီ။

အသင့်တော်ဆုံး၊ အမှန်ကန်ဆုံးလူဆိုတာ မရှိဘူး

လူတွေက Right One တို့၊ The One တို့ပဲ ရှာနေကြတာပါ။ အစစအရာရာ ပြီးပြည့်စုံတဲ့ ချစ်သူဆိုတာ မရှိဘူးဆိုတဲ့ အချက်ကိုတော့ မေ့နေကြပါတယ်။ ခိုင်မာတဲ့ ချစ်သူရည်းစားဘဝကို တည်ဆောက်ချင်တယ်ဆိုရင် ချစ်သူရဲ့ အားနည်းချက်တွေကိုလည်း ကြည့်ပေးရပါတယ်။ လက်မခံနိုင်လောက်တဲ့ အားနည်းချက်တွေရှိရင်တော့ တစ်မျိုးပေါ့။ အချစ်စစ်မှန်ရင်တော့ လူနှစ်ယောက်တွဲပြီဆိုရင် တစ်ယောက်ကို တစ်ယောက်ဘယ်လောက် ကောင်းမွန်တိုးတက်အောင် ထောက်ပံ့ပေးနိုင်တာမျိုးကိုပဲ ကြည့်ပြီး ညှိယူရမှာ ဖြစ်ပါတယ်။

ဘဏ်မှာ Joint Account တစ်ခုခုဖွင့်ထားရင်၊ အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကောင်မွေးထားရင် ပြတ်ဖို့စဲဖို့ ပိုခက်ပါတယ်

မယုံမရှိနဲ့နော်။ သူနဲ့ကိုယ့်ကြားမှာ လက်ဆောင်ပေးထားတဲ့ အိမ်မွေးတိရစ္ဆာန်လေးတစ်ကောင်ဖြစ်ဖြစ် သံယောဇဉ်လေးရှိနေရင် ပြတ်ဖို့ ပိုခက်တယ်တဲ့။ အဲဒီလိုမဟုတ်လည်း နှစ်ယောက်အနာဂတ်အတွက် Joint Account နဲ့ ပိုက်ဆံစုထားဖြစ်ရင် ဒီပိုက်ဆံကိစ္စစကားပြောရမှာနဲ့ပဲ တော်တန်ရုံ ပြတ်စဲဖို့ မလွယ်ပါဘူးတဲ့။ ၂၀၁၁ ခုနှစ်က လုပ်တဲ့ သုတေသနတစ်ခုမှာ ဒီလို Pet ဖြစ်ဖြစ်၊ ဘဏ်အကောင့်ဖြစ်ဖြစ်ရှိတဲ့ စုံတွဲဟာ မပြတ်စဲဘဲ တူတူရှိနိုင်ခြေ ၁၀% ပိုမြင့်သွားပါသတဲ့။ ဒါကြောင့်လည်း လင်မယားတွေဆို သံယောဇဉ်ကြိုးတစ်ရစ်တိုးနိုင်အောင် ကလေးယူခိုင်းကြတာ ထင်ပါရဲ့။

ရည်းစားရှိနေရက်နဲ့လည်း မပျော်မရွှင်ဖြစ်နေလိမ့်မယ်

ဘဝမှာပဲဖြစ်ဖြစ်၊ရည်းစားသနာကိစ္စမှာပဲဖြစ်ဖြစ် အမြဲတမ်းကြီး ပျော်နေဖို့ဆိုတာ အရမ်းကိုခက်ခဲ့တဲ့အရာပါ။ တစ်ခါတလေ ကိုယ်တစ်ယောက်တည်းတောင် ကိုယ့်ဘာသာ ဘာမှန်းမသိမပျော်ဘူးဖြစ်နေတာ လူသားနှစ်ယောက်ပေါင်းစပ်တာဆိုရင်တော့ အမြဲပျော်နေဖို့ဆိုတာ ပိုလို့တောင် ခက်ခဲမှာပါ။ တစ်ယောက်ကို တစ်ယောက် ငြီးငွေ့မိတဲ့ အချိန်တွေရှိမယ်၊ စိတ်ဆိုးစိတ်ပျက်တဲ့ အချိန်တွေ ရှိတယ်ဆိုတာ သဘာဝတရားပါပဲ။ ဒါတွေအားလုံးကို ဖြစ်လေ့ရှိတဲ့ သဘာဝလို့ မှတ်ယူပြီး ဖြေရှင်းနိုင်မှသာ တကယ့်လက်တွေ့ဘဝမှာ အဆင်ပြေမှာပါ။

မဖြစ်နိုင်တဲ့ မျှော်လင့်ချက်တွေ ထားတတ်ကြတယ်

Dr.Ruth ဆိုတဲ့ Relationship အကြံပေးတစ်ယောက်ကတော့ မပြေမလည်ဖြစ်နေတဲ့ အတွဲပေါင်းများစွာကို ဆွေးနွေးအကြံပေးဖူးပြီး သူတို့ အားလုံးရဲ့ တူညီတဲ့ ပြဿနာကတော့ သူတို့ရဲ့ အချစ်ရေးကို ရိုမန့်တစ်ဖြစ်ဖို့၊ ဒါမှမဟုတ် အပေါင်းအသင်းကြားမှာ စံပြအတွဲဖြစ်ဖို့စတဲ့ မျှော်လင့်ချက်တွေ အရမ်းမြင့်မားကြတာပါတဲ့။ ဒါတွေက အလကားတော့ ဖြစ်လာတာ မဟုတ်ဘဲ ရိုလွန်းတဲ့ ရုပ်ရှင်နဲ့ အချစ်ဝတ္ထုတွေကနေ လွှမ်းမိုးခံရတာ ဖြစ်ပါတယ်။ ဒါကြောင့် ချစ်သူတွေ ဖြစ်လာပြီဆိုရင် တစ်ယောက်နဲ့ တစ်ယောက်မျှော်လင့်ချက်တွေ အရမ်းကြီးမထားဘဲ မျှမျှတတကြည့်ပြီး ချစ်တတ်ဖို့ လိုအပ်ပါတယ်။

အမြဲတမ်းတော့ နေနဲ့လ ရွှေနဲ့မြဖြစ်နေမှာ မဟုတ်ဘူးဆိုတာ သတိချပ်ပါ

အဲဒီလို ထင်နေရင်လည်း ဂျင်းလို့ မှတ်ပါလေ။ ဒီနေ့ ကိုယ်ဘေးမှာ ရှိပြီး ပျော်အောင် ထားနေတဲ့သူဟာ တစ်သက်လုံး ကိုယ့်ဘေးမှာနေပြီး ကိုယ့်ကို ပျော်အောင် ထားမယ့်သူလို့ မှတ်ထင်တာမျိုးကို ရှောင်ပါ။ ပြီးတော့ ဟန်းနီးမွန်းကာလတွေလောက်မှာပဲ အစစအရာရာလိုက်ဖက်နေတတ်ပြီး ကြာလာတာနဲ့ အကြိုက်တွေ ကွာလာနိုင်တာကိုလည်း သတိပြုသင့်ပါတယ်။

ရည်းစားထားတာမှာ ဆရာကျတဲ့သူတွေတောင် အိမ်ထောင်ပြုရင်တော့ အလွဲလွဲအချော်ချော်ဖြစ်တတ်ကြပါတယ်

အချစ်ရေးနဲ့ ပက်သက်တဲ့ စာအုပ်တွေ၊ ဆောင်းပါးတွေ သေအောင်ဖတ်၊ ကိုယ်တိုင်လည်း သူများသမီးရည်းစားလင်မယားအတွဲတွေကို ဆရာလုပ်နိုင်တဲ့ ဆရာကြီးတွေပေမယ့်လည်း တကယ့်တကယ်ကိုယ့်အလှည့်ရောက်ပြီဆိုရင်တော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ လွဲတတ်ပါသေးတယ်။ ဘယ်လောက်ပဲ သူများကို အကြံပေးပေး၊ ကိုယ့်အလှည့်ကျတော့ သူများပေးသမျှအကြံ၊ ကိုယ်နဲ့မှ မဟန်ဖြစ်တတ်လို့ Relationship ဆရာကြီးတွေလည်း ကိုယ့်ကိစ္စကိုယ်ဆိုရင် လွဲတတ်ပါသေးတယ်လို့။

ချစ်ရေးချစ်ရာဟာ လွယ်မယောင်နဲ့ခက်တဲ့ အရာမို့ အခရာပရိသတ်ကြီးလည်း ချစ်သူနဲ့ အတူ ညှိစရာရှိတာတွေ ညှိယူရင်း အဆင်ပြေအေးချမ်း စိတ်လက်ရွှင်လန်းနိုင်ကြပါစေ။

ရိုးလူ (အခရာ)

www.akhayar.com

Ref : Business Insider