[Zawgyi]

လတ္တေလာ ေအာင္ျမင္ေနၾကတဲ့ အိမ္ေထာင္ရွင္ အမ်ိဳးသားအနုပညာရွင္မ်ား

အနုပညာရွင္ အမ်ိဳးသားေတြ အေနနဲ႕ ဇနီးမယား ၾကင္နာသူအေပၚမွာ အခ်ိ္န္ေပးၿပီး ခ်စ္ခင္နိုင္ၾကတယ္ ဆိုတာက တကယ္ကို ဂုဏ္ယူစရာကိစၥတစ္ခုျဖစ္ပါတယ္။ သူတို႕ဟာ အမ်ိဳးသမီး ပရိသတ္အမ်ားစု က ႀကိဳက္နွစ္သက္ၿပီး ဝန္းရံခံရတဲ့ အမ်ိဳးသားေတြ ျဖစ္တဲ့ အတြက္လည္း ပိုၿပီး ေတာ့ကို သူတို႕ရဲ႕အမူအက်င့္ေလးေတြက ပရိသတ္မ်ားအၾကားေရပန္းစားေစပါတယ္။ မိန္းကေလးအမ်ားစု အေနနဲ႕သူတို႕ ကိုယ္တိုင္ႀကိဳက္နွစ္သက္တဲ့ သရုပ္ေဆာင္အမ်ိဳးသားေတြ ဟာသူ႕တို႕ရဲ႕ၾကင္နာသူအေပၚမွာ ဂရုစို္က္ျခင္းေၾကာင့္ မိန္းကလး ပရိသတ္ေတြ ႀကိဳက္နွစ္ျခင္းက ေလ်ာ့သြားမွာ မဟုတ္ဘဲ ပိုလို႕ေတာင္ တိုးလာမွာျဖစ္ပါတယ္။ ဘာလို႕ဆိုေတာ့ ပရိသတ္ေတြက သူတို႕ရဲ႕ ၾကင္နာစြာ ဆက္ဆံေပးတတ္ျခင္း ကို အသိအမွတ္ျပဳတာျဖစ္ပါတယ္။

အခုလို ၾကင္နာတတ္တဲ့ အမ်ိဳးသားေတြထဲ မွ လတ္တေလာ ပရိသတ္ေတြ အၾကားေရပန္းစားေနသူေတြကိုလည္း အခရာ ကေန ေဖာ္ျပေပးလိုက္ပါတယ္။

ျမင့္ျမတ္

သရုပ္ေဆာင္ျမင့္ျမတ္ဟာ ဆိုရင္ လတ္တေလာမွာ အကယ္ဒမီဆုကို ပူပူေႏြးေႏြးရရွိထားၿပီး ျမင့္ျမတ္ရဲ႕ ဇနီးမယားအေပၚၾကင္နာတတ္တဲ့ ပံုရိပ္ေတြဟာလည္း လူမႈကြန္ရက္ေပၚမွာ မၾကာခဏဆိုသလို ေတြ႕ရတတ္ပါတယ္။အကယ္ဒမီေပးပြဲၿပီးေနာက္ညစာစားပြဲ က်င္းပတဲ့ အခါ မိန္းမ က ကိုယ္ေလးလက္ဝန္နဲ႕မို႕ တြဲ လာတဲ့ ပံုေလး ကလည္း ပရိသတ္ေတြ ၾကားမွာေရပန္းစားခဲ့ပါေသးတယ္။

သရုပ္ေဆာင္ျမင့္ျမတ္နဲ႕သူရဲ႕ ခ်စ္ဇနီး

သရုပ္ေဆာင္ျမင့္ျမတ္နဲ႕သူရဲ႕ ခ်စ္ဇနီး

ေျပတီဦး

သရုပ္ေဆာင္ေျပတီဦးဟာ ဇနီးမယားျဖစ္သူ အိျႏၵာေက်ာ္ဇင္ထက္ အသက္ငယ္ေပမယ့္လည္း သူ႕အေနနဲ႕ အိမ္ေထာင္ဦးစီးေကာင္းတစ္ေယာက္အျဖစ္ရပ္တည္ေနတဲ့ အနပညာရွင္တစ္ဦးလည္းုျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ အကယ္ဒမီ ေပးပြဲမွာ သူ႕မိန္းမ သာ မွန္းထားရက္နဲ႕ အကယ္ဒမီ မရခဲ့ရင္ ဆိုတဲ့ စိတ္ပူပန္မႈနဲ႕ တကယ္လည္း အကယ္ဒမီ ရခဲ့ေတာ့ မိန္းမ ထက္ကို သရုပ္ေဆာင္ေျပတီဦး မွာ ေပ်ာ္ရႊင္ေနတာကိုလည္း ေတြ႕ျမင္ခဲ့ရၿပီး ျဖစ္ပါတယ္။ ရင္ဘတ္ထဲက ဓါး ရုပ္ရွင္ဇာတ္ကားမွာလည္း သရုပ္ေဆာင္ အိျႏၵာေက်ာ္ဇင္ကို အေကာင္းဆံုးအိုက္တင္ေတြ ရရွိဖို႕ အတြက္ပံ႕ပိုးနိုင္ခဲ့သလို မိန္းမအေပၚခ်စ္တတ္ၿပီး အားေပးခ်င္တဲ့ စိတ္ေတြကသူ႕ဆီမွာ ေပၚလြင္လွပါတယ္။

သရုပ္ေဆာင္ေျပတီဦး နွင့္ ခ်စ္ဇနီး အိျႏၵာေက်ာ္ဇင္

သရုပ္ေဆာင္ေျပတီဦး နွင့္ ခ်စ္ဇနီး အိျႏၵာေက်ာ္ဇင္

ဇဏ္ခီ

မင္းသားဇဏ္ခီ ဟာ သရုပ္ေဆာင္ေကာင္းတဲ့ မင္းသားအျဖစ္ ပရိသတ္ေတြကို အခုလတ္တေလာမွာ ဆြဲေဆာင္ထားနိုင္ၿပီး ဇနီးမယား ျဖစ္သူ ခရစ္စတီးနားခီ အေပၚမွာ ၾကင္နာယုယတတ္တဲ့ ပံု ေတြ ဟာ လည္း လူမႈကြန္ရက္ေပၚမွာ မိန္းကေလးတိုင္း အားက်လ်က္ရွိေနတယ္ ဆိုရင္မမွားပါဘူး။ သူတို႕ဟာလည္း တကယ့္ ကို အနုပညာေမာင္နွံေတြပါ ဒီထဲ ကေနမွ တတ္သစ္စ မင္းသားတစ္လက္ျဖစ္ေပမယ့္ လို႕ ကိုယ့္ရဲ႕ အိမ္ေထာင္ေရးကို တန္ဖိုးထားၿပီး ဇနီးမယားအေပၚ ၾကင္နာတတ္တဲ့ စိတ္ေနစိတ္ထားေတြေၾကာင့္ အိမ္ေထာင္သည္အနုပညာရွင္တစ္ဦးအေနနဲ႕ ပရိသတ္ေရွ႕မွာ ရဲဝင့္စြာ ေအာင္ျမင္ေနၿပီျဖစ္ပါတယ္။

ဇဏ္ခီနွင့္ သူရဲ႕ ခ်စ္ဇနီး

ဇဏ္ခီနွင့္ သူရဲ႕ ခ်စ္ဇနီး

Photo Credit: Their Facebook Page

ၾကည္သာ (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

လတ်တလော အောင်မြင်နေကြတဲ့ အိမ်ထောင်ရှင် အမျိုးသားအနုပညာရှင်များ

အနုပညာရှင် အမျိုးသားတွေ အနေနဲ့ ဇနီးမယား ကြင်နာသူအပေါ်မှာ အချိန်ပေးပြီး ချစ်ခင်နိုင်ကြတယ် ဆိုတာက တကယ်ကို ဂုဏ်ယူစရာကိစ္စတစ်ခုဖြစ်ပါတယ်။ သူတို့ဟာ အမျိုးသမီး ပရိသတ်အများစု က ကြိုက်နှစ်သက်ပြီး ဝန်းရံခံရတဲ့ အမျိုးသားတွေ ဖြစ်တဲ့ အတွက်လည်း ပိုပြီး တော့ကို သူတို့ရဲ့အမူအကျင့်လေးတွေက ပရိသတ်များအကြားရေပန်းစားစေပါတယ်။ မိန်းကလေးအများစု အနေနဲ့သူတို့ ကိုယ်တိုင်ကြိုက်နှစ်သက်တဲ့ သရုပ်ဆောင်အမျိုးသားတွေ ဟာသူ့တို့ရဲ့ကြင်နာသူအပေါ်မှာ ဂရုစိုက်ခြင်းကြောင့် မိန်းကလး ပရိသတ်တွေ ကြိုက်နှစ်ခြင်းက လျော့သွားမှာ မဟုတ်ဘဲ ပိုလို့တောင် တိုးလာမှာဖြစ်ပါတယ်။ ဘာလို့ဆိုတော့ ပရိသတ်တွေက သူတို့ရဲ့ ကြင်နာစွာ ဆက်ဆံပေးတတ်ခြင်း ကို အသိအမှတ်ပြုတာဖြစ်ပါတယ်။

အခုလို ကြင်နာတတ်တဲ့ အမျိုးသားတွေထဲ မှ လတ်တလော ပရိသတ်တွေ အကြားရေပန်းစားနေသူတွေကိုလည်း အခရာ ကနေ ဖော်ပြပေးလိုက်ပါတယ်။

မြင့်မြတ်

သရုပ်ဆောင်မြင့်မြတ်ဟာ ဆိုရင် လတ်တလောမှာ အကယ်ဒမီဆုကို ပူပူနွေးနွေးရရှိထားပြီး မြင့်မြတ်ရဲ့ ဇနီးမယားအပေါ်ကြင်နာတတ်တဲ့ ပုံရိပ်တွေဟာလည်း လူမှုကွန်ရက်ပေါ်မှာ မကြာခဏဆိုသလို တွေ့ရတတ်ပါတယ်။အကယ်ဒမီပေးပွဲပြီးနောက်ညစာစားပွဲ ကျင်းပတဲ့ အခါ မိန်းမ က ကိုယ်လေးလက်ဝန်နဲ့မို့ တွဲ လာတဲ့ ပုံလေး ကလည်း ပရိသတ်တွေ ကြားမှာရေပန်းစားခဲ့ပါသေးတယ်။

သရုပ်ဆောင်မြင့်မြတ်နဲ့သူရဲ့ ချစ်ဇနီး

သရုပ်ဆောင်မြင့်မြတ်နဲ့သူရဲ့ ချစ်ဇနီး

ပြေတီဦး

သရုပ်ဆောင်ပြေတီဦးဟာ ဇနီးမယားဖြစ်သူ အိန္ဒြာကျော်ဇင်ထက် အသက်ငယ်ပေမယ့်လည်း သူ့အနေနဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်အဖြစ်ရပ်တည်နေတဲ့ အနပညာရှင်တစ်ဦးလည်းုဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အကယ်ဒမီ ပေးပွဲမှာ သူ့မိန်းမ သာ မှန်းထားရက်နဲ့ အကယ်ဒမီ မရခဲ့ရင် ဆိုတဲ့ စိတ်ပူပန်မှုနဲ့ တကယ်လည်း အကယ်ဒမီ ရခဲ့တော့ မိန်းမ ထက်ကို သရုပ်ဆောင်ပြေတီဦး မှာ ပျော်ရွှင်နေတာကိုလည်း တွေ့မြင်ခဲ့ရပြီး ဖြစ်ပါတယ်။ ရင်ဘတ်ထဲက ဓါး ရုပ်ရှင်ဇာတ်ကားမှာလည်း သရုပ်ဆောင် အိန္ဒြာကျော်ဇင်ကို အကောင်းဆုံးအိုက်တင်တွေ ရရှိဖို့ အတွက်ပံ့ပိုးနိုင်ခဲ့သလို မိန်းမအပေါ်ချစ်တတ်ပြီး အားပေးချင်တဲ့ စိတ်တွေကသူ့ဆီမှာ ပေါ်လွင်လှပါတယ်။

သရုပ်ဆောင်ပြေတီဦး နှင့် ချစ်ဇနီး အိန္ဒြာကျော်ဇင်

သရုပ်ဆောင်ပြေတီဦး နှင့် ချစ်ဇနီး အိန္ဒြာကျော်ဇင်

ဇဏ်ခီ

မင်းသားဇဏ်ခီ ဟာ သရုပ်ဆောင်ကောင်းတဲ့ မင်းသားအဖြစ် ပရိသတ်တွေကို အခုလတ်တလောမှာ ဆွဲဆောင်ထားနိုင်ပြီး ဇနီးမယား ဖြစ်သူ ခရစ်စတီးနားခီ အပေါ်မှာ ကြင်နာယုယတတ်တဲ့ ပုံ တွေ ဟာ လည်း လူမှုကွန်ရက်ပေါ်မှာ မိန်းကလေးတိုင်း အားကျလျက်ရှိနေတယ် ဆိုရင်မမှားပါဘူး။ သူတို့ဟာလည်း တကယ့် ကို အနုပညာမောင်နှံတွေပါ ဒီထဲ ကနေမှ တတ်သစ်စ မင်းသားတစ်လက်ဖြစ်ပေမယ့် လို့ ကိုယ့်ရဲ့ အိမ်ထောင်ရေးကို တန်ဖိုးထားပြီး ဇနီးမယားအပေါ် ကြင်နာတတ်တဲ့ စိတ်နေစိတ်ထားတွေကြောင့် အိမ်ထောင်သည်အနုပညာရှင်တစ်ဦးအနေနဲ့ ပရိသတ်ရှေ့မှာ ရဲဝင့်စွာ အောင်မြင်နေပြီဖြစ်ပါတယ်။

ဇဏ်ခီနှင့် သူရဲ့ ချစ်ဇနီး

ဇဏ်ခီနှင့် သူရဲ့ ချစ်ဇနီး

Photo Credit: Their Facebook Page

ကြည်သာ (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။