[Zawgyi]

ေပ်ာ္ရႊင္ဖြယ္ေကာင္းေသာ မိသားစုကမာၻေလးဆီသို႔

ကေလးေတြကို ဘယ္လိုေစာင့္ေရွာက္ေလ့ရွိပါသလဲရွင္။ တကယ္ေတာ့ တခ်ိဳ႕ မိဘေတြဟာ ခ်စ္ေပမယ့္လည္း ျပဳစုေစာင့္ေရွာက္ပံုမွားေနတဲ့အခါက်ေတာ့ ႏွစ္သလိုျဖစ္တတ္ပါတယ္။ ဒီေတာ့ ကေလးေလးေတြ ကိုယ္ေတြရဲ႕ ႏွစ္ေယာက္တည္းကမာၻႀကီးထဲကို ၀င္ေရာက္လာၿပီး မိသားစုဘ၀ကို ပံုေဖာ္ေနၿပီဆိုရင္ေတာ့ ေပ်ာ္ရႊင္တဲ့မိသားစုဘ၀ေလးျဖစ္လာဖို႔ ဘာေတြလုပ္ရမလဲဆိုတာလည္း သိထားရေတာ့မယ္ေနာ္။

ပထမဆံုးအခ်က္ကေတာ့ သူတို႔ ၀ါသနာပါရာေလးေတြကို လုပ္ဖို႔ အခ်ိန္ေပးသင့္ပါတယ္။ ကိုယ့္ရဲ႕ကေလးက အႏုပညာ ၀ါသနာပါတာလား။ စိုက္ပ်ိဳးေမြးျမဴရတာ ၀ါသနာပါတာလား။ ဘာကိုပဲ ၀ါသနာပါေနပါေစ သူတို႔အသက္အရြယ္ေလးေတြနဲ႔ သင့္ေတာ္တဲ့ စည္းကမ္းေလးေတြနဲ႔ သူတို႔၀ါသနာကို ပ်ိဳးေထာင္ေပးေစခ်င္ပါတယ္။ ဘာမဆို လိုက္ၿပီး ထိန္းခ်ဳပ္ထားေနမယ့္အစား ေပးလုပ္လိုက္ပါ။ တစ္ခ်ိန္မွာ သူတို႔ဘာလဲဆိုတာကို ဆံုးျဖတ္ေပးသြားမွာက သူတို႔ရဲ႕ ပင္ကိုယ္ စိတ္ေနစိတ္ထားနဲ႔ ၀ါသနာပါပဲေနာ္။

ဒုတိယအခ်က္ကေတာ့ အခ်ိန္ေပးဖို႔ပါ။ မိသားစုေတြ အိမ္မွာဆံုတုန္း ကေလးေတြကို အခ်ိန္ေပးၿပီး သူတို႔ သြားခ်င္တဲ့ေနရာေတြ၊ လုပ္ခ်င္တာေလးေတြ ေနာက္ၿပီး သူတို႔ရင္ထဲကစကားေလးေတြကို အတူတကြ နားေထာင္ေပးလိုက္ပါ။ ဒါ သင့္အတြက္ သိပ္ၿပီးေတာ့ မခက္ခဲပါဘူး။ ဒါေပမယ့္ သူတို႔ေလးေတြရဲ႕ ရင္ထဲမွာေတာ့ အတိုင္းအဆမရွိတဲ့ စိတ္ေက်နပ္မႈနဲ႔ ယံုၾကည္မႈေတြရသြားႏုိင္လို႔ပါပဲ။

ေနာက္တစ္ခ်က္ကေတာ့ ကိုယ္ေတြရန္ျဖစ္တာ သူတို႔ေလးေတြ မျမင္ပါေစနဲ႔။ လင္နဲ႔မယား လွ်ာနဲ႔သြား ဆိုတဲ့စကားအတုိင္းပါပဲ။ အိမ္ေထာင္ေရးတစ္ခုဟာ ဘယ္လိုေတာ့ အၿမဲတေစ အဆင္ေျပေပ်ာ္ရႊင္ေနႏုိင္မွာလဲေနာ္။ ဒါေပမယ့္ သင္တို႔ႏွစ္ေယာက္ ရန္ျဖစ္ခ်င္ၿပီဆိုရင္ေတာ့ ကေလးေတြ မၾကားႏုိင္တဲ့အခန္းထဲမွာပဲျဖစ္ျဖစ္၊ ဒါမွမဟုတ္ ကေလးေတြ မရွိတဲ့အခ်ိန္မွာပဲျဖစ္ျဖစ္ ရန္ျဖစ္ၾကပါ။ ႏုနယ္ေသးတဲ့ကေလးေတြရဲ႕ ရင္ဘတ္ထဲကို ရင့္သီးတဲ့ အမူအရာေတြနဲ႔ စကားလံုးေတြ ရိုက္မသြင္းၾကပါနဲ႔ဦး။

ေနာက္ဆံုးတစ္ခု ေျပာခ်င္တာကေတာ့ ကိုယ့္ရဲ႕ ရင္ႏွစ္သည္းခ်ာေလးေတြ မဟုတ္တာလုပ္ေနတာကို ေတြ႕တာပဲျဖစ္ျဖစ္၊ ျပန္ၿပီး ၾကားတာပဲျဖစ္ျဖစ္ ျဖစ္လာၿပီဆိုရင္ေတာ့ ပြင့္ပြင့္လင္းလင္း ေမးျမန္းၿပီးေတာ့ ကေလးေတြ ရွင္းျပတဲ့အေၾကာင္းျပခ်က္ေတြကို အရင္ဆံုးနားေထာင္ေပးပါေနာ္။ ၿပီးတဲ့အခါက်မွ ေျပာသင့္၊ သတိေပးသင့္တာကို အဆင့္ဆင့္ျပဳလုပ္ေပးပါ။

မိဘေတြျဖစ္လာၿပီဆိုရင္ေတာ့ ကိုယ့္ရဲ႕သားသမီးေလးေတြရဲ႕ ေရွ႕အနာဂတ္လွပဖို႔အတြက္ ႀကိဳးစားျပင္ဆင္သင့္ပါတယ္ေနာ္။ အရမ္းခ်စ္ေပမယ့္လည္း ခ်စ္ပံုမမွန္ကန္တဲ့အခါက်ေတာ့လည္း အရြယ္ေရာက္တဲ့အခါ မိဘရင္ခြင္ကို ေျခစံုကန္တဲ့သားသမီးေလးေတြ ျဖစ္သြားတတ္ပါေသးတယ္။ ေပ်ာ္ရႊင္တဲ့မိသားစုတစ္ခုျဖစ္လာဖို႔ဆိုတာကလည္း သင္တို႔ရဲ႕ လက္ထဲမွာပါ။ မိသားစုဘ၀တစ္ခုကို အေကာင္းဆံုးပံုေဖာ္လိုက္ပါေတာ့ေနာ္။

Moethaesay (Akhayar)

[Unicode]

ပျော်ရွှင်ဖွယ်ကောင်းသော မိသားစုကမ္ဘာလေးဆီသို့

ကလေးတွေကို ဘယ်လိုစောင့်ရှောက်လေ့ရှိပါသလဲရှင်။ တကယ်တော့ တချို့ မိဘတွေဟာ ချစ်ပေမယ့်လည်း ပြုစုစောင့်ရှောက်ပုံမှားနေတဲ့အခါကျတော့ နှစ်သလိုဖြစ်တတ်ပါတယ်။ ဒီတော့ ကလေးလေးတွေ ကိုယ်တွေရဲ့ နှစ်ယောက်တည်းကမ္ဘာကြီးထဲကို ဝင်ရောက်လာပြီး မိသားစုဘဝကို ပုံဖော်နေပြီဆိုရင်တော့ ပျော်ရွှင်တဲ့မိသားစုဘဝလေးဖြစ်လာဖို့ ဘာတွေလုပ်ရမလဲဆိုတာလည်း သိထားရတော့မယ်နော်။

ပထမဆုံးအချက်ကတော့ သူတို့ ဝါသနာပါရာလေးတွေကို လုပ်ဖို့ အချိန်ပေးသင့်ပါတယ်။ ကိုယ့်ရဲ့ကလေးက အနုပညာ ဝါသနာပါတာလား။ စိုက်ပျိုးမွေးမြူရတာ ဝါသနာပါတာလား။ ဘာကိုပဲ ဝါသနာပါနေပါစေ သူတို့အသက်အရွယ်လေးတွေနဲ့ သင့်တော်တဲ့ စည်းကမ်းလေးတွေနဲ့ သူတို့ဝါသနာကို ပျိုးထောင်ပေးစေချင်ပါတယ်။ ဘာမဆို လိုက်ပြီး ထိန်းချုပ်ထားနေမယ့်အစား ပေးလုပ်လိုက်ပါ။ တစ်ချိန်မှာ သူတို့ဘာလဲဆိုတာကို ဆုံးဖြတ်ပေးသွားမှာက သူတို့ရဲ့ ပင်ကိုယ် စိတ်နေစိတ်ထားနဲ့ ဝါသနာပါပဲနော်။

ဒုတိယအချက်ကတော့ အချိန်ပေးဖို့ပါ။ မိသားစုတွေ အိမ်မှာဆုံတုန်း ကလေးတွေကို အချိန်ပေးပြီး သူတို့ သွားချင်တဲ့နေရာတွေ၊ လုပ်ချင်တာလေးတွေ နောက်ပြီး သူတို့ရင်ထဲကစကားလေးတွေကို အတူတကွ နားထောင်ပေးလိုက်ပါ။ ဒါ သင့်အတွက် သိပ်ပြီးတော့ မခက်ခဲပါဘူး။ ဒါပေမယ့် သူတို့လေးတွေရဲ့ ရင်ထဲမှာတော့ အတိုင်းအဆမရှိတဲ့ စိတ်ကျေနပ်မှုနဲ့ ယုံကြည်မှုတွေရသွားနိုင်လို့ပါပဲ။

နောက်တစ်ချက်ကတော့ ကိုယ်တွေရန်ဖြစ်တာ သူတို့လေးတွေ မမြင်ပါစေနဲ့။ လင်နဲ့မယား လျှာနဲ့သွား ဆိုတဲ့စကားအတိုင်းပါပဲ။ အိမ်ထောင်ရေးတစ်ခုဟာ ဘယ်လိုတော့ အမြဲတစေ အဆင်ပြေပျော်ရွှင်နေနိုင်မှာလဲနော်။ ဒါပေမယ့် သင်တို့နှစ်ယောက် ရန်ဖြစ်ချင်ပြီဆိုရင်တော့ ကလေးတွေ မကြားနိုင်တဲ့အခန်းထဲမှာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ကလေးတွေ မရှိတဲ့အချိန်မှာပဲဖြစ်ဖြစ် ရန်ဖြစ်ကြပါ။ နုနယ်သေးတဲ့ကလေးတွေရဲ့ ရင်ဘတ်ထဲကို ရင့်သီးတဲ့ အမူအရာတွေနဲ့ စကားလုံးတွေ ရိုက်မသွင်းကြပါနဲ့ဦး။

နောက်ဆုံးတစ်ခု ပြောချင်တာကတော့ ကိုယ့်ရဲ့ ရင်နှစ်သည်းချာလေးတွေ မဟုတ်တာလုပ်နေတာကို တွေ့တာပဲဖြစ်ဖြစ်၊ ပြန်ပြီး ကြားတာပဲဖြစ်ဖြစ် ဖြစ်လာပြီဆိုရင်တော့ ပွင့်ပွင့်လင်းလင်း မေးမြန်းပြီးတော့ ကလေးတွေ ရှင်းပြတဲ့အကြောင်းပြချက်တွေကို အရင်ဆုံးနားထောင်ပေးပါနော်။ ပြီးတဲ့အခါကျမှ ပြောသင့်၊ သတိပေးသင့်တာကို အဆင့်ဆင့်ပြုလုပ်ပေးပါ။

မိဘတွေဖြစ်လာပြီဆိုရင်တော့ ကိုယ့်ရဲ့သားသမီးလေးတွေရဲ့ ရှေ့အနာဂတ်လှပဖို့အတွက် ကြိုးစားပြင်ဆင်သင့်ပါတယ်နော်။ အရမ်းချစ်ပေမယ့်လည်း ချစ်ပုံမမှန်ကန်တဲ့အခါကျတော့လည်း အရွယ်ရောက်တဲ့အခါ မိဘရင်ခွင်ကို ခြေစုံကန်တဲ့သားသမီးလေးတွေ ဖြစ်သွားတတ်ပါသေးတယ်။ ပျော်ရွှင်တဲ့မိသားစုတစ်ခုဖြစ်လာဖို့ဆိုတာကလည်း သင်တို့ရဲ့ လက်ထဲမှာပါ။ မိသားစုဘဝတစ်ခုကို အကောင်းဆုံးပုံဖော်လိုက်ပါတော့နော်။

Moethaesay (Akhayar)