[Zawgyi]

ေမြးေန႔တစ္ရက္တည္းက်ေရာက္တဲ့ ခ်စ္သုေဝနဲ႔ ဝတ္မႈန္ေရႊရည္

ၾသဂုတ္လဟာ ျမန္မာျပည္က နာမည္ေက်ာ္အႏုပညာရွင္ေတြရဲ႕ ေမြးေန႔ေတြ အမ်ားၾကီး ရွိတာမို႔ သူတို႔ရဲ႕ ပရိသတ္ေတြကလည္း သက္ဆုင္ရာ ေမြးေန႔ရွင္ေတြကို ေမြးေန႔ဆုေတာင္း အလုအယက္လုပ္ခဲ့ၾကပါတယ္။ အခုလည္း ဒီေန႔ ၾသဂုတ္လ ၁ဝ ရက္ေန႔မွာ ေခတ္နဲ႔ သစ္တုိ႔ရဲ႕ ေမေမ ခ်စ္သုေဝနဲ႔ အခ်စ္တို႔ရဲ႕ ေရႊကစ္ ဝတ္မႈန္ေရႊရည္တုိ႔ရဲ႕ ေမြးေန႔က တစ္ရက္တည္း က်တဲ့အတြက္ ပရိသတ္ေတြက ေပ်ာ္ရႊင္ေနၾကပါတယ္။

Wutt Hmone Shwe Yi

Wutt Hmone Shwe Yi

မင္းသမီးေခ်ာေလး ဝတ္မႈန္ေရႊရည္ကေတာ့ ေမွာ္ဘီ ေအာင္ဇမၺဴေတာရေက်ာင္းမွာ မနက္ ၁၀နာရီကေန ေန႔လည္ ၁၂ နာရီအထိ ခ်စ္တဲ့ ပရိသတ္ေတြနဲ႔ အတူ ေမြးေန႔အလွဴျပလုပ္မွာ ျဖစ္ျပီး အခုေတာ့ ေမွာ္ဘီေက်ာင္းကို ကစ္ကစ္ေရာက္ရွိေနပါျပီ။

Wutt Hmone Shwe Yi

Wutt Hmone Shwe Yi

ညဘက္က်ရင္လည္း ေရႊတိဂံုဘုရားမွာ ဆီမီး ၁၁၀၀၀ လွဴဖို႔ ရွိတယ္လို႔လည္း ၾကားသိရပါတယ္။ ကစ္ရဲ႕ ေမြးေန႔ကုိ မိတ္ကပ္ေမဦးကလည္း Birthday Wish လုပ္တာေတြ႔ရျပီး ဗီဒီယိုေလးကိုေတာ့ ဒီမွာ ၾကည့္ပါ

Chit Thu Wai

Chit Thu Wai

ေခတ္နဲ႔ သစ္တို႔ရဲ႕ ေမေမခ်စ္သုေဝကေတာ့ ေမြးေန႔အတြက္ ထူးထူးျခားျခားအစီအစဥ္ေတြရွိတာ မေတြ႔ရေသးဘဲ အိမ္မွာပဲ မိသားစုနဲ႔ ျဖတ္သန္းမယ့္ပံုေပၚပါတယ္။ ေမေမခ်စ္သုေဝကိုေတာ့ My Favourite မပံု႔က အိမ္တိုင္ရာေရာက္ Birthday Surprise လုပ္ခဲ့ျပီး ေပ်ာ္ရႊင္ေနၾကတာကို ဒီလင့္မွာ ေတြ႔ရပါတယ္

chit thu wai

chit thu wai

ေမေမခ်စ္သုေဝေရာ ၊ကစ္ကစ္ေလးေရာ အခရာကေန ေပ်ာ္ရႊင္စရာေမြးေန႔ျဖစ္ပါေစလို႔ ဆုေတာင္းေပးပါတယ္ေနာ္။ ပရိသတ္ၾကီးလည္း ခ်စ္သုေဝနဲ႔ ဝတ္မႈန္ေရႊရည္အတြက္ ေမြးေန႔ဆုေတာင္းလည္း ေျပာခဲ့ဦးေနာ္။

www.akhayar.com

Photo Credit : Kit Kit’s Fan, Wutt Hmone Shwe Yi’s Facebook, Amazing Grace, Chit Thu Wai’s Facebook & Ma Pont’s Facebook
[Unicode]

မွေးနေ့တစ်ရက်တည်းကျရောက်တဲ့ ချစ်သုဝေနဲ့ ဝတ်မှုန်ရွှေရည်

သြဂုတ်လဟာ မြန်မာပြည်က နာမည်ကျော်အနုပညာရှင်တွေရဲ့ မွေးနေ့တွေ အများကြီး ရှိတာမို့ သူတို့ရဲ့ ပရိသတ်တွေကလည်း သက်ဆုင်ရာ မွေးနေ့ရှင်တွေကို မွေးနေ့ဆုတောင်း အလုအယက်လုပ်ခဲ့ကြပါတယ်။ အခုလည်း ဒီနေ့ သြဂုတ်လ ၁ဝ ရက်နေ့မှာ ခေတ်နဲ့ သစ်တို့ရဲ့ မေမေ ချစ်သုဝေနဲ့ အချစ်တို့ရဲ့ ရွှေကစ် ဝတ်မှုန်ရွှေရည်တို့ရဲ့ မွေးနေ့က တစ်ရက်တည်း ကျတဲ့အတွက် ပရိသတ်တွေက ပျော်ရွှင်နေကြပါတယ်။

Wutt Hmone Shwe Yi

Wutt Hmone Shwe Yi

မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ကတော့ မှော်ဘီ အောင်ဇမ္ဗူတောရကျောင်းမှာ မနက် ၁၀နာရီကနေ နေ့လည် ၁၂ နာရီအထိ ချစ်တဲ့ ပရိသတ်တွေနဲ့ အတူ မွေးနေ့အလှူပြလုပ်မှာ ဖြစ်ပြီး အခုတော့ မှော်ဘီကျောင်းကို ကစ်ကစ်ရောက်ရှိနေပါပြီ။

Wutt Hmone Shwe Yi

Wutt Hmone Shwe Yi

ညဘက်ကျရင်လည်း ရွှေတိဂုံဘုရားမှာ ဆီမီး ၁၁၀၀၀ လှူဖို့ ရှိတယ်လို့လည်း ကြားသိရပါတယ်။ ကစ်ရဲ့ မွေးနေ့ကို မိတ်ကပ်မေဦးကလည်း Birthday Wish လုပ်တာတွေ့ရပြီး ဗီဒီယိုလေးကိုတော့ ဒီမှာ ကြည့်ပါ

Chit Thu Wai

Chit Thu Wai

ခေတ်နဲ့ သစ်တို့ရဲ့ မေမေချစ်သုဝေကတော့ မွေးနေ့အတွက် ထူးထူးခြားခြားအစီအစဉ်တွေရှိတာ မတွေ့ရသေးဘဲ အိမ်မှာပဲ မိသားစုနဲ့ ဖြတ်သန်းမယ့်ပုံပေါ်ပါတယ်။ မေမေချစ်သုဝေကိုတော့ My Favourite မပုံ့က အိမ်တိုင်ရာရောက် Birthday Surprise လုပ်ခဲ့ပြီး ပျော်ရွှင်နေကြတာကို ဒီလင့်မှာ တွေ့ရပါတယ်

chit thu wai

chit thu wai

မေမေချစ်သုဝေရော ၊ကစ်ကစ်လေးရော အခရာကနေ ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်နော်။ ပရိသတ်ကြီးလည်း ချစ်သုဝေနဲ့ ဝတ်မှုန်ရွှေရည်အတွက် မွေးနေ့ဆုတောင်းလည်း ပြောခဲ့ဦးနော်။

www.akhayar.com

Photo Credit : Kit Kit’s Fan, Wutt Hmone Shwe Yi’s Facebook, Amazing Grace, Chit Thu Wai’s Facebook & Ma Pont’s Facebook