[Zawgyi]



“Happy Birthday to me!
အဲ့တွက် ကျေနပ်တယ်


ကြည်သာ (Akhayar)


www.akhayar.com
[Unicode]

မွေးနေ့မှာ လောကဓံအကြောင်း ရင်ဖွင့်ခဲ့တဲ့ သက်မွန်မြင့်

လောကဓံကို စစ်တိုက်တဲ့အခါ တစ်နှစ်ထက်တစ်နှစ် ပိုသတ္တိရှိလာတယ်လို့ သက်မွန်မြင့် က မွေးနေ့အတွက် စိတ်ခွန်အားပေးတဲ့ စာလေးတွေကို လူမှုကွန်ရက်မှာဖော်ပြခဲ့တာတွေ့ရပါတယ်။ ဒီကနေ့ ဇူလိုင်လ ၂၃ ရက်နေ့ဟာဆိုရင် သက်မွန်မြင့်ရဲ့မွေးနေ့ဖြစ်တဲ့ အတွက် သူမကိုချစ်ခင်မြတ်နိုးကြသူတွေကလည်း သူမရဲ့လူမှုကွန်ရက်အကောင့်မှာ မွေးနေ့ဆုတောင်းတွေကို ရေးသားထားကြတာတွေ့ရပါတယ်။ ၃၆နှစ်ပြည့် မွေးနေ့အတွက် သက်မွန်မြင့်ရေးထားတဲ့ စာလေးကတော့

“Happy Birthday to me!
WLTM က ချစ်သက်ရဲ့ အချစ်လေးတွေ လုပ်ပေးထားတာ!
ဒီနှစ် 2018 ကစလို့ ဒီမွေးနေ့မတိုင်ခင်ထိ ရင်ဆိုင်ခဲ့ရတဲ့ အဆိုးအကောင်းတွေက သိပ်ကိုပြင်းထန်ခဲ့ပါတယ်..
ဒါက ကျွန်မကိုပိုပြီး လူပီသစေပါတယ်.. ပိုပြီး အတွေ့အကြုံတွေနဲ့ ရင့်ကျက်စေပါတယ်.. ပို သတ္တိရှိစေပါတယ်.. ပိုကြိုးစားရပါတယ်.. ကိုယ်ယူချင်လို့ ယူထားရတဲ့တာဝန်တွေ တွက် တွန်းအားတွေပါပဲ..
သေချာတာ လောကဓံနဲ့ စစ်တိုက်ရတဲ့ခါ ကျွန်မ တစ်နှစ်ထက်တစ်နှစ် ပိုသတ္တိရှိစွာ ရင်ဆိုင်နိုင်လာတယ်
အဲ့တွက် ကျေနပ်တယ်
ချစ်တယ်” ဆိုပြီးတော့ ဖြစ်ပါတယ်။

ကလေးနှစ်ယောက်မေမေသက်မွန်မြင့်ကို ချစ်တဲ့ပရိသတ်ကြီးလည်း သူမအတွက်မွေးနေ့ဆုတောင်းလေး တွေရေးခဲ့ကြဦးနော်။

ကြည်သာ (Akhayar)

Photo Credit: Thet Mon Myint Facebook Page

www.akhayar.com