[Zawgyi]

အသက္ (၃၃) ႏွစ္ရွိျပီျဖစ္ေပမယ့္ လွပပ်ိဳျမစ္ေနဆဲ Gal Gadot

Gal Gadot ကုိ ၁၉၈၅ ခုႏွစ္၊ ဧျပီလ (၃၀) ရက္ေန႔မွာ ေမြးဖြားခဲ့လုိ႔ ဒီေန႔ဆိုရင္ အသက္ ၃၃ ႏွစ္ျပည့္ျပီ ျဖစ္ပါတယ္။ အစၥေရးႏုိင္ငံမွာ ေမြးဖြားခဲ့တဲ့ ဒီအလွနတ္ဘုရားမဟာ ၂၀၀၄ ခုႏွစ္မွာ Miss Israel အျဖစ္ သရဖူေဆာင္းခဲ့တဲ့ အတြက္ Miss Universe 2004 မွာ ပါဝင္ယွဥ္ျပိဳင္ခြင့္ရခဲ့ပါတယ္။ အဲဒီကေနစျပီး အႏုပညာအလုပ္ေတြ လုပ္ခဲ့တာမွာ ၂၀၁၂ ခုႏွစ္မွာေတာ့ ဆြဲေဆာင္မႈအရွိဆံုး အစၥေရးမင္းသမီးေတြထဲ နံပါတ္ (၅) ေနရာခ်ိတ္ခဲ့ပါတယ္။

Gal Gadot ငယ္စဥ္က

၂၀၀၄ ခုႏွစ္ Miss Universe ျပိဳင္စဥ္က

Gal Gadot ရဲ့ နာမည္အရင္းက Gal Gadot-Versano ျဖစ္ျပီး အလွမွာတင္ ရတာမဟုတ္ဘဲ အသက္ (၂၀) အရြယ္ထဲက အစၥေရးစစ္တပ္မွာ တာဝန္ထမ္းေဆာင္ဖူးသူပါ။ Wonder Woman ရုပ္ရွင္အတြက္ သူေလက်င့္ရတဲ့ ဓားခုတ္၊ျမင္းစီး၊ ကြန္ဖူးနဲ႔ လက္ေဝွ႔ေလ့က်င့္ခန္းေတြဟာလည္း တကယ့္ကို အၾကမ္းပတမ္းပါပဲ။

စစ္ဝတ္စံုနဲ႔ Gal Gadot

Wonder Woman အတြက္ အျပင္းအထန္ေလ့က်င့္ေနတဲ့ Gal Gadot

Wonder Woman အတြက္ အျပင္းအထန္ေလ့က်င့္ေနတဲ့ Gal Gadot

Wonder Woman အတြက္ အျပင္းအထန္ေလ့က်င့္ေနတဲ့ Gal Gadot

ဒီလို စြယ္စံုရတဲ့ Gal ဟာ ခ်စ္စရာေကာင္းတဲ့ မိသားစုေလးကိုလည္း ပို္င္ဆုိင္ထားပါေသးတယ္။ ၂၀၀၈ ခုႏွစ္က အိမ္ေထာင္ျပဳခဲ့ျပီး ခင္ပြန္း Yaron Versano က အိမ္ျခံေျမလုပ္ငန္းရွင္တစ္ေယာက္ျဖစ္ပါတယ္။ အခုဆိုရင္ သမီးၾကီး Alma က အသက္ ၇ႏွစ္ေလာက္ရွိျပီျဖစ္ျပီး သမီးငယ္ Maya ကေတာ့ ၂၀၁၇ ခုႏွစ္ မတ္လက ေမြးဖြားထားတာမို႔ တစ္ႏွစ္ေလာက္ပဲ ရွိပါေသးတယ္။

Gal Gadot နဲ႔ သူ႔အမ်ိဳးသား

သူပါဝင္ရိုက္ကူးထားတဲ့ ဇာတ္ကားေတြကေတာ့ Fast and Furious ၊ Date Night ၊ Knight and Day ၊ Fast Five ၊ Fast and Furious 6 ၊ Kicking Out Shoshana ၊ Furious 7 ၊ Triple 9 ၊ Batman V Superman: Dawn of Justice ၊ Criminal ၊ Keeping Up with the Joneses ၊ Wonder Woman နဲ႔ Justice League တုိ႔ ျဖစ္ပါတယ္။ Gal Gadot ဟာ Time မဂၢဇင္းက ႏွစ္စဥ္ ေရြးခ်ယ္တဲ့ ကမာၻ႔လႊမ္းမိုးမႈအရွိဆံုး ပုဂၢိဳလ္ ၁၀၀ ထဲမွာလည္း ပါဝင္ပါတယ္။

ခ်စ္စရာေကာင္းတဲ့ Gal Gadot ရဲ့ အျပံဳး

ဒီလို အဆင္းေရာ၊ အခ်င္းပါ ျပည့္စံုျပီး အျပံဳးလွလွေလးေတြနဲ႔ ပရိသတ္ကို ဖမ္းစားတတ္တဲ့ မမ Gal Gadot ကို Happy Birthday ပါလို႔ ေျပာၾကားလိုက္ပါရေစ။

Yoe Lu (Akhayar)

[Unicode]

အသက် (၃၃) နှစ်ရှိပြီဖြစ်ပေမယ့် လှပပျိုမြစ်နေဆဲ Gal Gadot

Gal Gadot ကို ၁၉၈၅ ခုနှစ်၊ ဧပြီလ (၃၀) ရက်နေ့မှာ မွေးဖွားခဲ့လို့ ဒီနေ့ဆိုရင် အသက် ၃၃ နှစ်ပြည့်ပြီ ဖြစ်ပါတယ်။ အစ္စရေးနိုင်ငံမှာ မွေးဖွားခဲ့တဲ့ ဒီအလှနတ်ဘုရားမဟာ ၂၀၀၄ ခုနှစ်မှာ Miss Israel အဖြစ် သရဖူဆောင်းခဲ့တဲ့ အတွက် Miss Universe 2004 မှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရခဲ့ပါတယ်။ အဲဒီကနေစပြီး အနုပညာအလုပ်တွေ လုပ်ခဲ့တာမှာ ၂၀၁၂ ခုနှစ်မှာတော့ ဆွဲဆောင်မှုအရှိဆုံး အစ္စရေးမင်းသမီးတွေထဲ နံပါတ် (၅) နေရာချိတ်ခဲ့ပါတယ်။

Gal Gadot ငယ်စဉ်က

၂၀၀၄ ခုနှစ် Miss Universe ပြိုင်စဉ်က

Gal Gadot ရဲ့ နာမည်အရင်းက Gal Gadot-Versano ဖြစ်ပြီး အလှမှာတင် ရတာမဟုတ်ဘဲ အသက် (၂၀) အရွယ်ထဲက အစ္စရေးစစ်တပ်မှာ တာဝန်ထမ်းဆောင်ဖူးသူပါ။ Wonder Woman ရုပ်ရှင်အတွက် သူလေကျင့်ရတဲ့ ဓားခုတ်၊မြင်းစီး၊ ကွန်ဖူးနဲ့ လက်ဝှေ့လေ့ကျင့်ခန်းတွေဟာလည်း တကယ့်ကို အကြမ်းပတမ်းပါပဲ။

စစ်ဝတ်စုံနဲ့ Gal Gadot

Wonder Woman အတွက် အပြင်းအထန်လေ့ကျင့်နေတဲ့ Gal Gadot

Wonder Woman အတွက် အပြင်းအထန်လေ့ကျင့်နေတဲ့ Gal Gadot

Wonder Woman အတွက် အပြင်းအထန်လေ့ကျင့်နေတဲ့ Gal Gadot

ဒီလို စွယ်စုံရတဲ့ Gal ဟာ ချစ်စရာကောင်းတဲ့ မိသားစုလေးကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ ၂၀၀၈ ခုနှစ်က အိမ်ထောင်ပြုခဲ့ပြီး ခင်ပွန်း Yaron Versano က အိမ်ခြံမြေလုပ်ငန်းရှင်တစ်ယောက်ဖြစ်ပါတယ်။ အခုဆိုရင် သမီးကြီး Alma က အသက် ၇နှစ်လောက်ရှိပြီဖြစ်ပြီး သမီးငယ် Maya ကတော့ ၂၀၁၇ ခုနှစ် မတ်လက မွေးဖွားထားတာမို့ တစ်နှစ်လောက်ပဲ ရှိပါသေးတယ်။

Gal Gadot နဲ့ သူ့အမျိုးသား

သူပါဝင်ရိုက်ကူးထားတဲ့ ဇာတ်ကားတွေကတော့ Fast and Furious ၊ Date Night ၊ Knight and Day ၊ Fast Five ၊ Fast and Furious 6 ၊ Kicking Out Shoshana ၊ Furious 7 ၊ Triple 9 ၊ Batman V Superman: Dawn of Justice ၊ Criminal ၊ Keeping Up with the Joneses ၊ Wonder Woman နဲ့ Justice League တို့ ဖြစ်ပါတယ်။ Gal Gadot ဟာ Time မဂ္ဂဇင်းက နှစ်စဉ် ရွေးချယ်တဲ့ ကမ္ဘာ့လွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ် ၁၀၀ ထဲမှာလည်း ပါဝင်ပါတယ်။

ချစ်စရာကောင်းတဲ့ Gal Gadot ရဲ့ အပြုံး

ဒီလို အဆင်းရော၊ အချင်းပါ ပြည့်စုံပြီး အပြုံးလှလှလေးတွေနဲ့ ပရိသတ်ကို ဖမ်းစားတတ်တဲ့ မမ Gal Gadot ကို Happy Birthday ပါလို့ ပြောကြားလိုက်ပါရစေ။

Yoe Lu (Akhayar)