Happy Birthday Adele!

ဒီနေ့ဟာ ကျွန်တော်တို့ရဲ့ အသည်းကျော်လေး အင်္ဂလန်က Adele ရဲ့ ၂၉ နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်ခင်ဗျ။ အမည်ရင်း Adele Laurie Blue Adkins လို့ အမည်ရတဲ့ Adele ဟာ မေလ ၅ရက် ၁၉၈၈ ခုနှစ်မှာ မွေးပြီး အင်္ဂလိပ်လူမျိုး အဆိုတော်နဲ့ သီချင်းရေးတဲ့သူဖြစ်ပါတယ်။   သူ့ရဲ့ ပထမဆုံး Album “19” ကို ၂၀၀၈ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ငွေကြေးအရရော၊ အနုပညာအရရော အောင်မြင်ခဲ့တဲ့ အခွေဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ ဒုတိယ Album “21” ကိုတော့ ၂၀၁၁ ခုနှစ်အစောပိုင်းမှာ ထွက်ရှိခဲ့ပြီး အဲ့အခွေရဲ့ အောင်မြင်ချက်ဟာ ဆုပေါင်းများစွာ သိမ်းပိုက်ရရှိခဲ့တဲ့ အထိ ဖြစ်ခဲ့ပြီး “Album of the Year” အပါအဝင် Grammy Award ၆ဆုထိ ရရှိကာ Beyonce နဲ့ စံချိန်တူသွားခဲ့ပါတယ်။   သူ့ရဲ့ တတိယမြောက် Album “25” ကိုတော့ ၂၀၁၅ခုနှစ်မှာ ဖြန့်ချိခဲ့ပြီးမှာတော့ အဲဒီ Album ဟာ တစ်နှစ်တာလုံးရဲ့ အရောင်းရဆုံး Album ဖြစ်လာခဲ့ပြီး UK နဲ့ US ရဲ့ ထွက်ထွက်ချင်းပထမပတ်မှာ အရောင်းရဆုံး စံချိန်ကိုလည်း ချိုးသွားခဲ့ပါတယ်။   ဒီလိုမျိုး Adele ရဲ့ အောင်မြင်မှုတွေဟာ ဟိုးလေးတကျော်ရှိပေမယ့် သူရဲ့မိသားစုဘဝကတော့ အခြားနာမည်ကျော်တွေလို မဟုတ်ဘဲ ရိုးရှင်းမှုရှိပါတယ်။ သူ့အမျိုးသားကတော့ Simon Konecki ဖြစ်ပြီး ၂၀၁၁ခုနှစ် နွေရာသီတည်းက date ခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့ရဲ့ သားလေး Angelo ကိုတော့ အောက်တိုဘာ ၁၉ရက် ၂၀၁၂ ခုနှစ်မှာ မွေးဖွားခဲ့ပြီးတော့ ၂၀၁၇ ခုနှစ်ရောက်မှ သူတို့ဟာ လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ်။  

ဒီလို လူသိများတဲ့ Adele အကြောင်းလေး သိပြီးပြီဆိုရင်တော့ လူသိပ်မသိသေးတဲ့ သူ့ရဲ့အကြာင်းလေးတွေကို ဝေမျှပါရစေခင်ဗျ။

  ၁။ ၂၀၁၁ခုနှစ် မှာ Adele ဟာ လည်ချောင်းခွဲစိတ်မှုခံယူရခဲ့ပြီး သူ့ဆရာဝန်အပြစ်တင်တာကတော့ Adele ရဲ့ ဆေးလိပ်သောက်တဲ့ အကျင့်ကြောင့် ဖြစ်ပါတယ်တဲ့။ ဒါကြောင့်ပဲ ၂၀၁၅ ခုနှစ်မှာတော့ သူဟာ ဆေးလိပ်ဖြတ်ခဲ့ပါတော့တယ်။ ၂။ Adele ရဲ့ ပရိသတ်တွေဟာ ပုံစံမျိုးစုံ၊ အနေအထားမျိုးစုံ၊ အလွှာမျိုးစုံကဖြစ်ပြီး UK ရဲ့ ဝန်ကြီးချုပ် Gordon Brown ကတောင် Adele ဆီကို စာလှမ်းရေးဖူးပြီး စာထဲမှာတော့ ဗြိတိန်စီးပွားရေးကျဆင်းမှုအတွင်း လူတွေရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးထားနိုင်ခဲ့တဲ့အတွက် သူမကို ချီးကျူးတဲ့ အကြောင်း ရေးသားထားခဲ့တာပါ။ ၃။ Adele ရဲ့ “21” Album ဟာ US ရဲ့ Top of the album charts မှာ ၂၃ ပတ်ထိကြာအောင် ရှိခဲ့ပါတယ်။ ၄။ Adele ရဲ့ ငယ်ဘဝ Favourite ဂီတဟာ Spice Girls တွေရဲ့ ဂီတပါတဲ့။ ၅။ Adele ရဲ့ Life Goal ကတော့ “Never to be skinny” ပါတဲ့။ သူယုံကြည်တာတော့ ဂီတဆိုတာ နားဆင်ဖို့အတွက်ပဲ ဖြစ်သင့်ပြီး မျက်စိအရသာခံဖို့ မဟုတ်ပါဘူးတဲ့။ ၆။ Adele မှာ ကမ္ဘာ့တဝှမ်း သူ့ပရိသတ်အများအပြား အခိုင်အမာရှိထားပြီးပေမယ့် ခုထိလည်း Stage Fright (စင်ကြောက်ရွံ့မှု)ကို ခံစားနေရဆဲ ဖြစ်ပါတယ်လို့ ပြောပါတယ်။ ၇။ သူဟာ Billboard “Artist of the Year” အဖြစ်လည်း ၂၀၁၁ ခုနှစ်နဲ့ ၂၀၁၂ ခုနှစ် နှစ်နှစ်ဆက်တိုက်ဖော်ပြခံခဲ့ရဖူးပါတယ်။ ၈။ ၂၀၁၅ ခုနှစ်မှာတော့ Adele ဟာ သူ့ကိုယ်သူ Feminist တစ်ယောက်အဖြစ် ဖော်ပြခဲ့ပြီး သူမရဲ့ ယုံကြည်မှုကတော့ လိင်၊ လူမျိုး ၊ လိင်စိတ်တိမ်းညွှတ်မှု ဘာပဲဖြစ်နေနေ လူတိုင်းအတွက် တန်းတူညီမျှမှုရှိသင့်တယ် ဆိုတာပဲ ဖြစ်ပါတယ်။ ၉။ သူ့ရဲ့ ခန္ဓာကိုယ်မှာ စုစုပေါင်း တက်တူး ၅ ခုထိုးထားခဲ့ပြီး အဲ့ဒီထဲက ၂ခုကတော့ ဘယ်ဘက်လက်ကောက်ဝတ်မှာ ဖြစ်ကာ ကျန်တဲ့ ၂ခုကတော့ လက်တစ်ဖက်စီမှာ ထိုးထားခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးတစ်ခုကတော့ ဘယ်ဘက်နားရွက်နောက်မှာ ထိုးထားခြင်းဖြစ်ပါတယ်။ ၁၀။ ၂၀၁၂ ခုနှစ်မှာတော့ Forbes မဂ္ဂဇင်းရဲ့ အသက် ၃၀အောက် ကြေးအမြင့်ဆုံးပေးချေရတဲ့ အောင်မြင်ကျော်ကြားသူစာရင်းမှာ နံပါတ် ၆ ချိတ်ခဲ့ပါတယ်။ ၁၁။ သူဟာ အိမ်လွမ်းတတ်သူ ဖြစ်ပြီးတော့ London ကနေ အဝေးရောက်နေရင် Homesickness ကိုခံစားရပြီးတော့ လေယာဉ်ပျံစီးရတာကိုလည်း မကြိုက်ပါဘူးတဲ့။ ၁၂။ နောက်ဆုံးအချက်ကတော့ သူ့ရဲ့ Album အမည်တွေ အားလုံးဟာ အများအားဖြင့် နံပါတ်တွေသာဖြစ်ပြီးတော့ ဒီ နံပါတ်တွေကလည်း အဲ့ဒီ အခွေတွေ လုပ်ခဲ့တုန်းက သူမရဲ့ အသက်ကို ကိုယ်စားပြုထားတာ ဖြစ်ပါတယ်ခင်ဗျာ။   ကဲ! ဒီလောက်ဆို Adele ရဲ့ အကြောင်းလေးတော့ တီးမိခေါက်မိ ရှိပြီ ထင်ပါတယ်။ အသံကောင်းရုံတင်မဟုတ်ဘဲ ရုပ်လေးပါ ချစ်စရာကောင်းတဲ့ Adele တစ်ယောက်လည်း ဒီနှစ်မွေးနေ့မှ စပြီး နောက်နှစ်များစွာတိုင် ကျွန်တော်တို့ နားထောင်ဖို့ အတွက် ပိုပြီး ပိုပြီး ကောင်းတဲ့ Album တွေ ထွက်ရှိနိုင်ပါစေလို့ ဆုတောင်းရင်း….