[Zawgyi]



မိသားစု လေးယောက်

မိသားစု လေးယောက်


မွေးနေ့ရှင် အူဝဲ

မွေးနေ့ရှင် အူဝဲ


မွေးနေ့ရှင်ရဲ့ အလှူ

မွေးနေ့ရှင်ရဲ့ အလှူ

မွေးနေ့ရှင်ရဲ့ အလှူ

မွေးနေ့ရှင်ရဲ့ အလှူ


မွေးနေ့ရှင်ရဲ့ အလှူ

မွေးနေ့ရှင်ရဲ့ အလှူ



ကြည်သာ (Akhayar)

www.akhayar.com 

[Unicode]

၄၁ နှစ်ပြည့်ခဲ့ပြီဖြစ်တဲ့ မွေးနေ့ရှင် အကယ်ဒမီအိန္ဒြာကျော်ဇင်

ဒီနေ့ ဧပြီလ ၂၄ ရက်နေ့ဟာ သရုပ်ဆောင် အိန္ဒြာကျော်ဇင်ရဲ့ မွေးနေ့ပဲဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်ကို ၁၉၇၇ ခုနှစ် မှာ မွေးဖွားခဲ့တာဖြစ်လို့ အခုဆိုရင်  ၄၁ နှစ်ပြည့်ခဲ့ပါပြီ။ သရုပ်ဆောင် အိန္ဒြာကျော်ဇင်မှာ သားလေးတစ်ယောက် ၊ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီဖြစ်သလို ခင်ပွန်းဖြစ်တဲ့ သရုပ်ဆောင်ပြေတီဦးရဲ့ ချစ်မြတ်နိုးခြင်းကိုလည်း အပြည့်အဝရရှိထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

မိသားစု လေးယောက်

မိသားစု လေးယောက်

သူမဟာ အနုပညာ အနေနဲ့ အကယ်ဒမီဆု နှစ်ခု ကို ရရှိထားတဲ့ အပြင် ဆယ်ကျော်သက်မင်းသမီးတွေ နဲ့အပြိုင် လှပနုပျိုဆဲ ဖြစ်တဲ့ မင်းသမီးတစ်လက်လို့ ပြောရင် လည်းမှားမယ် လို့မထင်ပါဘူး။သရုပ်ဆောင်အိန္ဒြာကျော်ဇင်ရဲ့ Reflection ရုပ်ရှင်ဇာတ်ကားဟာ ဆိုရင်လည်း လက်ရှိမှာ ရုံတင်ထားပြီး အားပေးကြည့်ရှု့သူတွေ ကြိုက်နှစ်သက်တဲ့ အက်ရှင်နဲ့ဖက်ရှင် ဇာတ်ကားတစ်ကားဖြစ်တယ် လို့သိရပါတယ်။

မွေးနေ့ရှင် အူဝဲ

မွေးနေ့ရှင် အူဝဲ

မွေးနေ့အတွက် အလှူကိုတော့ ကျိုက်ထီးရိုး ဘုရားဖူးရင်း ရင်ပြင်တော်ပေါ်မှာ စတုဒီသာကျွေးခဲ့တယ် ဆိုပြီးတော့ အူဝဲက သူမရဲ့လူမှုကွန်ရက်မှာ ဒီကနေ့တင်ထားပါတယ်။

မွေးနေ့ရှင်ရဲ့ အလှူ

မွေးနေ့ရှင်ရဲ့ အလှူ

မွေးနေ့ရှင်ရဲ့ အလှူ

မွေးနေ့ရှင်ရဲ့ အလှူ

“ဒီနေ့ ကျိုက်ထီးရိုး ဘုရားဖူးရင်း ဘုရားဖူးလာတဲ့ဧည့်သည်တွေကို ရင်ပြင်တော်ပေါ်မှာ စတုဒီသာကျွေးပါတယ်……
ကုသိုလ်လဲရ ပျော်စရာလဲကောင်းတဲ့ မွေးနေ့အမှတ်တရလေးပါ ” လို့ရေးသားထားတာဖြစ်ပါတယ်။

မွေးနေ့ရှင်ရဲ့ အလှူ

မွေးနေ့ရှင်ရဲ့ အလှူ

သရုပ်ဆောင် အိန္ဒြာကျော်ဇင် ယနေ့ကျရောက်တဲ့ မွေးနေ့မှသည် နောင်နှစ်ပေါင်း များစွာ ချစ်ရတဲ့ မိသားစုနဲ့ပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေလို့ အခရာကဆုတောင်းပေးလိုက်ပါတယ်။

Photo Credit:Eaindra Kyaw Zin Facebook Page

ကြည်သာ (Akhayar)

www.akhayar.com