[Zawgyi]

အေပ်ာ္ဆုံးဝန္ထမ္းေတြက ဘယ္ႏုိင္ငံမွာရွိတာလဲ

ကဲ . . လက္ရွိအလုပ္မွာ ေပ်ာ္ၾကရဲ႕လား။ Edenred-Ipsos Barometer အဖြဲ႕ဟာ ႏုိင္ငံတကာဝန္ထမ္းေပါင္း ၁၄၄ဝဝ ကုိ စစ္တမ္းေကာက္ယူလုိက္တဲ့အခါမွာ ၇၁ရာခုိင္ႏႈန္းက လက္ရွိလုပ္ငန္းခြင္မွာ ေပ်ာ္ရႊင္ၾကပါတယ္လုိ႔ ေျဖၾကပါတယ္။ ႏုိင္ငံအလုိက္ခြဲျခားလုိက္တဲ့အခါမွာေတာ့ အလုပ္သမားေတြအေပ်ာ္ဆုံးႏုိင္ငံက ဘယ္ႏုိင္ငံျဖစ္မလဲဆုိတာ ေလ့လာၾကည့္ရေအာင္။

၅။ ဘရာဇီး (Brazil)

ဘရာဇီးႏုိင္ငံရဲ႕အေျခခံလုပ္ခလစာဟာ အေမရိကန္ေဒၚလာ ၂၂၈ (၃၁၁,ဝဝဝက်ပ္) သာရွိေပမယ့္လည္း ဝန္ထမ္း ၇၇ရာခုိင္ႏႈန္းကေတာ့ လုပ္ငန္းခြင္မွာ ေပ်ာ္ရႊင္ၾကပါတယ္။ ဘရာဇီးႏုိင္ငံမွာဆုိရင္ တစ္ႏွစ္မွာ အမ်ားျပည္သူရုံးပိတ္ရက္ ၁၅ရက္ရွိၿပီး ဝန္ထမ္းေတြအတြက္ က်န္းမာေရးေစာင့္ေရွာက္မႈေတြ၊ ခြင့္ရက္ေတြအျပင္ ပညာသင္ဆုေတြပါ အျပည့္အဝခံစားေစတဲ့အတြက္ ေပ်ာ္ရႊင္ေနၾကပါတယ္။

၄။ ခ်ီလီ (Chile)

ခ်ီလီႏုိင္ငံရဲ႕အေျခခံလုပ္ခလစာဟာ အေမရိကန္ေဒၚလာ ၃၇၁ (၅ဝ၇,ဝဝဝက်ပ္)သာ ရွိေပမယ့္လည္း ဝန္ထမ္း ၇၇ရာခုိင္ႏႈန္းက လုပ္ငန္းခြင္မွာ ေက်နပ္ေနၾကပါတယ္။ ဘရာဇီးႏုိင္ငံနဲ႔ရာခုိင္ႏႈန္းျခင္း တူေပမယ့္လည္း ခ်ီလီႏုိင္ငံက အေျခခံလစာပုိမ်ားတဲ့အတြက္ နံပါတ္စဥ္အရ ပုိျမင့္ေနရတာျဖစ္ပါတယ္။ တစ္ႏွစ္မွာ အမ်ားျပည္သူရုံးပိတ္ရက္ ၁၆ရက္ရွိတဲ့အျပင္ မီးဖြားခြင့္ ၁၈ပတ္ (၄လခြဲ) အထိေတာင္ လစာနဲ႔ခြင့္ယူလုိ႔ရပါတယ္။

၃။ အေမရိကန္ (USA)

အေမရိကန္ႏုိင္ငံရဲ႕ တစ္နာရီလုပ္ခဟာ ၇.၂၅ ေဒၚလာ (၉,၉ဝဝက်ပ္) အထိရွိရုံမက ဝန္ထမ္း ၇၇ရာခုိင္ႏႈန္းက လုပ္ငန္းခြင္မွာ ေက်နပ္ေနၾကပါတယ္။ အေပၚကႏုိင္ငံေတြနဲ႔ ရာခုိင္ႏႈန္းျခင္းတူေပမယ့္လည္း လစာမ်ားလြန္းတ့ဲအတြက္ နံပါတ္ (၃) ခ်ိတ္ေနတာျဖစ္ပါတယ္။ အမ်ားျပည္သူရုံးပိတ္ရက္ ၁ဝရက္ရွိၿပီး လူေနမႈအဆင့္အတန္းျမင့္မားတာေတြရယ္၊ အလုပ္သမားအခြင့္အေရး အျပည့္အဝရရွိတာေတြေၾကာင့္ အေမရိကန္ႏုိင္ငံမွာ အလုပ္လုပ္ခ်င္သူမ်ားျပားေနတာ ျဖစ္ပါတယ္။

၂။ မကၠဆီကုိ (Mexico)

မကၠဆီကုိႏုိင္ငံရဲ႕ တစ္နာရီလုပ္ခဟာ ၃.၉ ေဒၚလာ (၅,၃ဝဝက်ပ္) ျဖစ္လုိ႔ တျခားႏုိင္ငံေတြနဲ႔ ႏႈိင္းယွဥ္မယ္ဆုိရင္ အေျခခံလုပ္အားခ အနည္းငယ္နည္းပါးတယ္လုိ႔ သတ္မွတ္ႏုိင္သလုိ အမ်ားျပည္သူရုံးပိတ္ရက္လည္း ၁ဝရက္သာ ရွိပါတယ္။ Edenred-Ipsos Barometer အဖြဲ႕ဟာ မကၠဆီကုိႏုိင္ငံမွ ဝန္ထမ္းေတြကုိ စစ္တမ္းေကာက္ယူတဲ့အခါမွာ ၈၁ရာခုိင္ႏႈန္းဟာ လက္ရွိလုပ္ငန္းခြင္ကုိ ေက်နပ္ၾကပါလုိ႔သိရပါတယ္။ မကၠဆီကုိႏုိင္ငံမွာ ဝန္ထမ္းတစ္ေယာက္ဟာ တစ္ႏွစ္အလုပ္လုပ္ၿပီးတာနဲ႔ အပန္းေျဖခရီးထြက္ဖုိ႔ လစာနဲ႔ ခရီးေျခာက္ရက္ ထြက္ခြင့္ျပဳပါေသးတယ္။

၁။ အိႏၵိယ (India)

အိႏၵိယႏုိင္ငံရဲ႕အေျခခံလစာဟာ အေမရိကန္ေဒၚလာ ၂၆၉ (၃၆၇,ဝဝဝက်ပ္) ျဖစ္လို႔ ႏုိင္ငံတကာနဲ႔ႏႈိင္းယွဥ္ရင္ နည္းတယ္လုိ႔ ယူဆရေပမယ့္ အိႏၵိယဝန္ထမ္း ၈၈ရာခုိင္ႏႈန္းဟာ လက္ရွိလုပ္ငန္းခြင္မွာ ေက်နပ္လုိ႔ေနပါတယ္။ အမ်ားျပည္သူရုံးပိတ္ရက္ ၁၇ရက္ရွိၿပီး လုပ္သက္ခြင့္ရက္ (Annual Leave) ၂၁ရက္ထိေတာင္ရတဲ့အျပင္ လုပ္ငန္းခြင္မွာ အႏၱရာယ္ျဖစ္လာရင္လည္း ေဒၚလာ၁သိန္းအထိေတာင္ ေလ်ာ္ေၾကးရပါေသးတယ္။

ဝန္ထမ္းေတြအေပ်ာ္ရႊင္ဆုံးႏုိင္ငံကေတာ့ အိႏၵိယႏုိင္ငံျဖစ္သလုိ စိတ္အညစ္ဆုံး၊ ဖိအားအမ်ားဆုံးႏုိင္ငံကေတာ့ ဂ်ပန္ႏုိင္ငံျဖစ္ပါတယ္။ ျမန္မာႏုိင္ငံအေနန႔ဲလည္း အေျခခံလုပ္အားခ ၃၆ဝဝက်ပ္မွ တုိးျမွင့္ေပးဖုိ႔ ျပင္ဆင္ေနပါတယ္။  ကဲ . . . စာဖတ္သူေတြလည္း လုပ္ငန္းခြင္မွာ ေပ်ာ္ရဲ႕လား၊ ရင္ဖြင့္ရေအာင္ဗ်ာ။။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

အပျော်ဆုံးဝန်ထမ်းတွေက ဘယ်နိုင်ငံမှာရှိတာလဲ

ကဲ . . လက်ရှိအလုပ်မှာ ပျော်ကြရဲ့လား။ Edenred-Ipsos Barometer အဖွဲ့ဟာ နိုင်ငံတကာဝန်ထမ်းပေါင်း ၁၄၄ဝဝ ကို စစ်တမ်းကောက်ယူလိုက်တဲ့အခါမှာ ၇၁ရာခိုင်နှုန်းက လက်ရှိလုပ်ငန်းခွင်မှာ ပျော်ရွှင်ကြပါတယ်လို့ ဖြေကြပါတယ်။ နိုင်ငံအလိုက်ခွဲခြားလိုက်တဲ့အခါမှာတော့ အလုပ်သမားတွေအပျော်ဆုံးနိုင်ငံက ဘယ်နိုင်ငံဖြစ်မလဲဆိုတာ လေ့လာကြည့်ရအောင်။

၅။ ဘရာဇီး (Brazil)

ဘရာဇီးနိုင်ငံရဲ့အခြေခံလုပ်ခလစာဟာ အမေရိကန်ဒေါ်လာ ၂၂၈ (၃၁၁,ဝဝဝကျပ်) သာရှိပေမယ့်လည်း ဝန်ထမ်း ၇၇ရာခိုင်နှုန်းကတော့ လုပ်ငန်းခွင်မှာ ပျော်ရွှင်ကြပါတယ်။ ဘရာဇီးနိုင်ငံမှာဆိုရင် တစ်နှစ်မှာ အများပြည်သူရုံးပိတ်ရက် ၁၅ရက်ရှိပြီး ဝန်ထမ်းတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေ၊ ခွင့်ရက်တွေအပြင် ပညာသင်ဆုတွေပါ အပြည့်အဝခံစားစေတဲ့အတွက် ပျော်ရွှင်နေကြပါတယ်။

၄။ ချီလီ (Chile)

ချီလီနိုင်ငံရဲ့အခြေခံလုပ်ခလစာဟာ အမေရိကန်ဒေါ်လာ ၃၇၁ (၅ဝ၇,ဝဝဝကျပ်)သာ ရှိပေမယ့်လည်း ဝန်ထမ်း ၇၇ရာခိုင်နှုန်းက လုပ်ငန်းခွင်မှာ ကျေနပ်နေကြပါတယ်။ ဘရာဇီးနိုင်ငံနဲ့ရာခိုင်နှုန်းခြင်း တူပေမယ့်လည်း ချီလီနိုင်ငံက အခြေခံလစာပိုများတဲ့အတွက် နံပါတ်စဉ်အရ ပိုမြင့်နေရတာဖြစ်ပါတယ်။ တစ်နှစ်မှာ အများပြည်သူရုံးပိတ်ရက် ၁၆ရက်ရှိတဲ့အပြင် မီးဖွားခွင့် ၁၈ပတ် (၄လခွဲ) အထိတောင် လစာနဲ့ခွင့်ယူလို့ရပါတယ်။

၃။ အမေရိကန် (USA)

အမေရိကန်နိုင်ငံရဲ့ တစ်နာရီလုပ်ခဟာ ၇.၂၅ ဒေါ်လာ (၉,၉ဝဝကျပ်) အထိရှိရုံမက ဝန်ထမ်း ၇၇ရာခိုင်နှုန်းက လုပ်ငန်းခွင်မှာ ကျေနပ်နေကြပါတယ်။ အပေါ်ကနိုင်ငံတွေနဲ့ ရာခိုင်နှုန်းခြင်းတူပေမယ့်လည်း လစာများလွန်းတဲ့အတွက် နံပါတ် (၃) ချိတ်နေတာဖြစ်ပါတယ်။ အများပြည်သူရုံးပိတ်ရက် ၁ဝရက်ရှိပြီး လူနေမှုအဆင့်အတန်းမြင့်မားတာတွေရယ်၊ အလုပ်သမားအခွင့်အရေး အပြည့်အဝရရှိတာတွေကြောင့် အမေရိကန်နိုင်ငံမှာ အလုပ်လုပ်ချင်သူများပြားနေတာ ဖြစ်ပါတယ်။

၂။ မက္ကဆီကို (Mexico)

မက္ကဆီကိုနိုင်ငံရဲ့ တစ်နာရီလုပ်ခဟာ ၃.၉ ဒေါ်လာ (၅,၃ဝဝကျပ်) ဖြစ်လို့ တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အခြေခံလုပ်အားခ အနည်းငယ်နည်းပါးတယ်လို့ သတ်မှတ်နိုင်သလို အများပြည်သူရုံးပိတ်ရက်လည်း ၁ဝရက်သာ ရှိပါတယ်။ Edenred-Ipsos Barometer အဖွဲ့ဟာ မက္ကဆီကိုနိုင်ငံမှ ဝန်ထမ်းတွေကို စစ်တမ်းကောက်ယူတဲ့အခါမှာ ၈၁ရာခိုင်နှုန်းဟာ လက်ရှိလုပ်ငန်းခွင်ကို ကျေနပ်ကြပါလို့သိရပါတယ်။ မက္ကဆီကိုနိုင်ငံမှာ ဝန်ထမ်းတစ်ယောက်ဟာ တစ်နှစ်အလုပ်လုပ်ပြီးတာနဲ့ အပန်းဖြေခရီးထွက်ဖို့ လစာနဲ့ ခရီးခြောက်ရက် ထွက်ခွင့်ပြုပါသေးတယ်။

၁။ အိန္ဒိယ (India)

အိန္ဒိယနိုင်ငံရဲ့အခြေခံလစာဟာ အမေရိကန်ဒေါ်လာ ၂၆၉ (၃၆၇,ဝဝဝကျပ်) ဖြစ်လို့ နိုင်ငံတကာနဲ့နှိုင်းယှဉ်ရင် နည်းတယ်လို့ ယူဆရပေမယ့် အိန္ဒိယဝန်ထမ်း ၈၈ရာခိုင်နှုန်းဟာ လက်ရှိလုပ်ငန်းခွင်မှာ ကျေနပ်လို့နေပါတယ်။ အများပြည်သူရုံးပိတ်ရက် ၁၇ရက်ရှိပြီး လုပ်သက်ခွင့်ရက် (Annual Leave) ၂၁ရက်ထိတောင်ရတဲ့အပြင် လုပ်ငန်းခွင်မှာ အန္တရာယ်ဖြစ်လာရင်လည်း ဒေါ်လာ၁သိန်းအထိတောင် လျော်ကြေးရပါသေးတယ်။

ဝန်ထမ်းတွေအပျော်ရွှင်ဆုံးနိုင်ငံကတော့ အိန္ဒိယနိုင်ငံဖြစ်သလို စိတ်အညစ်ဆုံး၊ ဖိအားအများဆုံးနိုင်ငံကတော့ ဂျပန်နိုင်ငံဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း အခြေခံလုပ်အားခ ၃၆ဝဝကျပ်မှ တိုးမြှင့်ပေးဖို့ ပြင်ဆင်နေပါတယ်။  ကဲ . . . စာဖတ်သူတွေလည်း လုပ်ငန်းခွင်မှာ ပျော်ရဲ့လား၊ ရင်ဖွင့်ရအောင်ဗျာ။။

ကျော်စိုးအောင် (အခရာ)

www.akhayar.com