[Zawgyi]





ပရိတ်သတ်ကြီးRi ကို



ကြည်သာ (Akhayar)

www.akhayar.com
[Unicode]

ဝိညာဉ်စိမ်းဇာတ်ကားရဲ့မိတ်ကပ်ပညာရှင်မလေး Hannayuri

ဝိညာဉ်စိမ်းရုပ်ရှင်ဇာတ်ကားမှာ သရဲမိတ်ကပ်ဖန်တီးမှုတွေ ကိုလုပ်ဆောင်ပေးတဲ့ မိတ်ကပ်ပညာရှင်မလေး Hannayuri (ဟန်နယုရီ) က ဝိညာဉ်စိမ်းဇာတ်ကားကို အားပေးကြတဲ့ ပရိသတ်တွေ ကိုကျေးဇူးတင်တယ်ဆိုပြီးတော့ မန္တလေးက ပရိသတ်တွေနဲ့ တွေ့ခဲ့တဲ့ပုံတွေကို သူမရဲ့လူမှုကွန်ရက်မှာ တင်ထားတာတွေ့ ရပါတယ်။

“ဝိညာဉ်စိမ်း ရုပ်ရှင်ဇာတ်ကားကြီးရဲ့
အနုပညာရှင် အဖွဲ့သားများ နဲ့အတူ
မန္တလေး မြို့Mega Ace မြို့ဂုဏ်ရောင် နှင့် မတ္တရာ Paradiso မှ ပရိတ်သတ်များနှင့်
သွားရောက်တွေ့ဆုံခဲ့ပါတယ်ရှင့်
မထင်ထားလောက်အောင်ကြိတ်ကြိတ်တိုး
ရုံပြည့်ရုံလျှံနှင့် ဧည့်ခံအားပေး
ခဲ့ပါသော ချစ်သောပရိတ်သတ်တို့အား
အထူးကျေးဇူးတင်ရှိပါတယ်ရှင့်”


“Riတို့မိတိကပ်မှာလိုအပ်ချက်တွေရှိရင်
ခွင့်လွတ်ပါ ဒီထက်မကနောက်projectတွေမှာ
ပြုပြင်ပြီးအများကြီး ထပ်ကြိုးစားပါ့မယ်ရှင့်
ပရိတ်သတ်ကြီးRi ကို
ရှေ့လျှောက်အများကြီးအားပေးပါဦးရှင်
လက်မှတ်မရခဲ့ကြသော ပရိတ်သတ်တို့အား
အထူးတောင်းပန်ပါကြောင်းနှင့်
နောက်ရက်များမှာ သွားရောက်ကြည့်ရှု
အားပေးကြပါဦးလို့တောင်းဆိုပါတယ်ရှင့်” ဆိုပြီးတော့ရေးထားတာဖြစ်ပါတယ်။

ပရိသတ်ရဲ့အားပေးမှုကြောင့်ဝိညာဉ်စိမ်းဇာတ်ကားကြီး ကိုတော့ ဇူလိုင်လ ၆ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ဒုတိယအပတ်အနေနဲ့ ဆက်လက်ပြသသွားမှာဖြစ်ပါတယ်။

Photo Credit:Hannayuri Facebook Page

ကြည်သာ (Akhayar)

www.akhayar.com