[Zawgyi]

၂၀၁၈ခုနွစ္အတြက္ ေယာက္က်ားပီသၿပီးခန္႔ညားတဲ့ အမ်ိဳးသား ၁၀ ေယာက္ စာရင္း

၂၀၁၈ ခုနွစ္အတြက္ ကမာၻေပၚမွာ ေယာက္က်ားပီသၿပီးခန္႔ညားတဲ့ အမ်ိဳးသား ၁၀ ဦး စာရင္းကို ေဖာ္ျပေပးခ်င္ပါတယ္။ ဒီထဲမွာ ကမာၻေက်ာ္မင္းသားေတြပါသလို အျခားေသာနယ္ပယ္အသီးသီးမွ ထင္ရွားေက်ာ္ၾကားတဲ့ အမ်ိဳးသားေတြလည္းပါဝင္တာကို ေတြ႔ရွိရပါတယ္။ သူတို႔ေတြကေတာ့

10 Prince William

Prince William ကိုေတာ့ ၁၉၈၂ ခုနွစ္ ဇြန္လ ၂၁ ရက္ေန႔မွာေမြးခဲ့တာျဖစ္ပါတယ္။ ကိန္းဘရစ္ၿမိဳ႕စားျဖစ္သူ ဝီလီယံရဲ ႔နာမည္ အရင္းကေတာ့ William Arthur Philip Louis ပဲျဖစ္ပါတယ္။ ေဝလမင္းသား ခ်ားလ္ နဲ႔ ေဝလမင္းသမီးဒိုင္ယာနာတို႔ ရဲ ႔သားအႀကီးဆံုးျဖစ္ပါတယ္။

ကိတ္မစ္ဒယ္တန္ နဲ႔ လက္ထပ္ထားၿပီး ကေလးသံုးေယာက္ဖခင္တစ္ဦးျဖစ္ပါတယ္။

9 Brad Pitt

Brad Pitt ကိုေတာ့ ၁၉၆၃ ခုနွစ္ ဒီစင္ဘာလ ၁၈ ရက္ေန႔မွာေမြးခဲ့တာျဖစ္လို႔ အခုဆိုရင္ အသက္ ၅၄ နွစ္ရွိေနၿပီျဖစ္ပါတယ္။ သူဟာေဟာလီးဝုဒ္ မင္းသားတစ္လက္ျဖစ္သလို ပရိုဂ်ဴဆာတစ္ဦးလည္း ျဖစ္ပါတယ္။

မင္းသားသမီး Jennifer Aniston နဲ႔ ၂၀၀၀ ခုနွစ္မွာ လက္ထပ္ခဲ့ၿပီး ၂၀၀၅ ခုနွစ္မွာ ကြာရွင္းျပတ္စဲခဲ့ကာ မင္းသမီး Angelina Jolie နဲ႔ ၂၀၁၄ ခုနွစ္မွာ လက္ထပ္ခဲ့ကာ ၂၀၁၆ ခုနွစ္မွာ အိမ္ေထာင္ေရးအဆင္မေျပလို႔ တရားရင္ဆိုင္လ်က္ရွိေနပါတယ္။ ကေလး ၆ ေယာက္ဖခင္တစ္ဦး လည္း ျဖစ္ပါတယ္။

8 Noah Mills

Noah Mills ကိုေတာ့ ၁၉၈၃ ခုနွစ္ ဧၿပီလ ၂၆ ရက္ေန႔မွာေမြးခဲ့လို႔ အခုဆိုရင္အသက္ ၃၅ နွစ္ရွိၿပီျဖစ္ပါတယ္။ အရပ္က ၆ေပ နဲ႔ ၂ လက္မရွိၿပီး ဆံပင္အေရာင္ကေတာ့ အညိဳေရာင္ျဖစ္ပါတယ္။

သူ႔ရဲ ႔ အသက္ေမြးဝမ္းေက်ာင္းကေတာ့ ေမာ္ဒယ္ပဲျဖစ္ပါတယ္။ ကေနဒါနို္င္ငံရဲ ႔ နာမည္ႀကီး ေမာ္ဒယ္တစ္လက္ျဖစ္ပါတယ္။

7 Salman Khan

Salman Khan ကိုေတာ့ ၁၉၆၅ ခုနွစ္ ဒီစင္ဘာလ ၂၇ ရက္ေန႔မွာေမြးခဲ့တာျဖစ္လို႔ အသက္ ၅၂နွစ္ ရွိပါၿပီ။ သူဟာ ေဘာလီးဝုဒ္မင္းသားတစ္လက္ျဖစ္သလို သီခ်င္းဆိုျခင္း နဲ႔ အစီအစဥ္တင္ဆက္သူတစ္ေယာက္အျဖစ္လည္း အခါအားေလ်ာ္စြာလုပ္ေဆာင္တတ္ပါေသးတယ္။

Biwi Ho To Aisi (1988) ဆိုတဲ့ ဇာတ္ကားနဲ႔ အနုပညာေလာကကိုစတင္ဝင္ေရာက္ခဲ့တာလည္း ျဖစ္ပါတယ္။

6 Hrithik Roshan

Hrithik Roshan ကိုေတာ့ ၁၉၇၄ ခုနွစ္ ဇန္နဝါရီလ ၁၀ ရက္ေန႔မွာေမြးခဲ့တာျဖစ္လို႔ အခုဆိုရင္ သူ႔ရဲ ႔အသက္က ၄၄ နွစ္ရွိၿပီျဖစ္ပါတယ္။သူဟာေဘာလီးဝုဒ္မင္းသား တစ္လက္ျဖစ္ၿပီး ဇနီးေဟာင္းျဖစ္သူ Sussanne Khan ကေတာ့ အိႏိၵယနိုင္ငံရဲ ႔ အိမ္အတြင္းပိုင္းအလွဆင္သူဒီဇိုင္နာတစ္ဦးလည္းျဖစ္ပါတယ္။

Sussanne Khan နဲ႔ ၂၀၀၀ ခုနွစ္္မွာလက္ထပ္ခဲ့ၿပီး ၂၀၁၄ ခုနွစ္မွာ ကြာရွင္းျပတ္စဲခဲ့တာလည္း ျဖစ္ပါတယ္။ သူ႔မွာ Hrehaan  နဲ႔ Hridhaan  ဆိုတဲ့ သားေလး နွစ္ေယာက္ရွိပါတယ္။

5 Godfrey Gao

Godfrey Gao ကိုေတာ့ ၁၉၈၄ ခုနွစ္ စက္တင္ဘာလ ၂၂ ရက္ေန႔မွာေမြးခဲ့တဲ့ အတြက္ အခုဆိုရင္ အသက္ ၃၃ နွစ္ရွိၿပီျဖစ္ပါတယ္။ သူ႔ကိုထိုင္ဝမ္ နုိင္ငံမွာ ေမြးဖြားခဲ့တာျဖစ္ပါတယ္။

အခုဆိုရင္ေတာ့ ကေနဒါ နုိင္ငံသားအျဖစ္ခံယူထားသူတစ္ဦးျဖစ္ၿပီး ေမာ္ဒယ္မင္းသားတစ္ေယာက္အေနနဲ႔ အသက္ေမြးဝမ္းေၾကာင္းျပဳေနသူတစ္ဦးပါ။

4 Chris Evans

Chris Evans ကိုေတာ့ ၁၉၈၁ ခုနွစ္ ဇြန္လ ၁၃ ရက္ေန႔မွာ ေမြးခဲ့တာျဖစ္လို႔ အခုဆိုရင္ အသက္ ၃၇ နွစ္ရွိေနပါၿပီ။ သူ႔ကိုေတာ့ Super Hero ဇာတ္ေကာင္ျဖစ္တဲ့ Captain America နဲ႔လူသိမ်ားၾကတဲ့ မင္းသားတစ္လက္ျဖစ္ပါတယ္။

၂၀၁၁ ခုနွစ္ ၊ ၂၀၁၃ ခုနွစ္ ၊ ၂၀၁၅ ခုနွစ္၊ ၂၀၁၆ ခုနွစ္ ၊ ၂၀၁၇ နဲ႔ ၂၀၁၈ ခုနွစ္တို႔မွာသရုပ္ေဆာင္ျခင္းနဲ႔ပတ္သက္လို႔ ဆုေတြကို  ဆက္တုိက္ ရရွိခဲ့သူတစ္ဦးလည္း ျဖစ္ပါတယ္။

3 Omar Borkan Al Gala

Omar Borkan Al Gala ကိုေတာ့ ၁၉၈၉ ခုနွစ္ စက္တင္ဘာလ ၂၃ ရက္ေန႔မွာေမြးခဲ့တာျဖစ္လို႔ အခုဆိုရင္ ၂၈ နွစ္ရွိပါၿပီ။ သူ႔ကို ေတာ့ အီရတ္နိုင္ငံမွာေမြးခဲ့တာျဖစ္ပါတယ္။ သူ႔ကိုေတာ့ ေဆာ္ဒီအာေရယ်နိုင္ငံကေနၿပီး နယ္နွင္ဒါဏ္ေပးထားတာျဖစ္ပါတယ္။

ဘာေၾကာင့္အခုလို နယ္နွင္ဒါဏ္ေပးရတာလည္း ဆိုေတာ့ ရုပ္ရည္ေခ်ာေမာလြန္းလို႔ျဖစ္တယ္လို႔သိရပါတယ္။ ဒီလိုအခ်က္အလက္ေတြေၾကာင့္ လည္းသူဟာနာမည္ႀကီးခဲ့သလို ၿပီးခဲ့တဲ့ ၂၀၁၃ ခုနွစ္ေလာက္မွာ အြန္လိုင္းေပၚတြင္ လူေတြရွာေဖြမႈအမ်ားဆံုးနာမည္စာရင္းမွာ သူပါဝင္ခဲ့ပါေသးတယ္။

2 Justin Trudeau

Justin Trudeau ကိုေတာ့ ၁၉၇၁ ခုနွစ္ ဒီစင္ဘာလ ၂၅ ရက္ေန႔မွာေမြးခဲ့တဲ့ အတြက္အခုဆိုရင္ အသက္ ၄၆ နွစ္ရွိၿပီျဖစ္ပါတယ္။ သူဟာနိုင္ငံေရးအလုပ္ေတြကိုထဲထဲဝင္ဝင္လုပ္ေဆာင္ေနသူတစ္ဦး ျဖစ္ၿပီး လစ္ဗရယ္ပါတီဝင္တစ္ဦးျဖစ္ပါတယ္။

သူ႔ကိုေတာ့ ကေနဒါနိုင္ငံမွာေမြးဖြားခဲ့ၿပီး ကေနဒါပါလီမန္အဖြ႔ဲဝင္တစ္ဦးျဖစ္ပါတယ္။သူဟာ ကေနဒါႏုိင္ငံရဲ႕ ဝန္ႀကီးခ်ဳပ္လည္း ျဖစ္ပါတယ္။မိသားစုနဲ႔ ကေလးသံုးေယာက္ရွိပါတယ္။

1 Tom Cruise

Tom Cruise ကိုေတာ့ ၁၉၆၂ ခုနွစ္ ဇူလိုင္လ ၃ရက္ေန႔မွာေမြးဖြားခဲ့တဲ့ အတြက္ အသက္ ၅၅နွစ္ရွိၿပီျဖစ္ပါတယ္။   ေဟာလီးဝုဒ္ရဲ ႔နာမည္ႀကီး မင္းသားတစ္လက္ျဖစ္ပါတယ္။

 

မင္းသမီးႀကီး Mimi Rogers နဲ႔ ၁၉၈၇ခုနွစ္မွာ လက္ထပ္ခဲ့ၿပီး ၁၉၉၀ ခုနွစ္မွာ ကြာရွင္းျပတ္စဲခဲ့ပါတယ္။ ၁၉၉၀ ခုနွစ္မွာ မင္းသမီး Nicole Kidman နဲ႔လက္ထပ္ခဲ့ၿပီး ၂၀၀၁ ခုနွစ္မွာ ကြာရွင္းျပတ္စဲခဲ့ပါတယ္။ ၂၀၀၆ ခုနွစ္မွာ မင္းသမီး Katie Holmes နဲ႔လက္ထပ္ခဲ့ၿပီး ၂၁၁၂ ခုနွစ္မွာကြာရွင္းျပတ္ဆဲခဲ့တာျဖစ္ပါတယ္။ ကေလး ၃ ေယာက္ဖခင္လည္းျဖစ္ပါတယ္။

ၾကည္သာ (Akhayar)

Photo Credit: WikiNetworth

www.akhayar.com

[Unicode]

၂၀၁၈ခုနှစ်အတွက် ယောက်ကျားပီသပြီးခန့်ညားတဲ့ အမျိုးသား ၁၀ ယောက် စာရင်း

၂၀၁၈ ခုနှစ်အတွက် ကမ္ဘာပေါ်မှာ ယောက်ကျားပီသပြီးခန့်ညားတဲ့ အမျိုးသား ၁၀ ဦး စာရင်းကို ဖော်ပြပေးချင်ပါတယ်။ ဒီထဲမှာ ကမ္ဘာကျော်မင်းသားတွေပါသလို အခြားသောနယ်ပယ်အသီးသီးမှ ထင်ရှားကျော်ကြားတဲ့ အမျိုးသားတွေလည်းပါဝင်တာကို တွေ့ရှိရပါတယ်။ သူတို့တွေကတော့

10 Prince William

Prince William ကိုတော့ ၁၉၈၂ ခုနှစ် ဇွန်လ ၂၁ ရက်နေ့မှာမွေးခဲ့တာဖြစ်ပါတယ်။ ကိန်းဘရစ်မြို့စားဖြစ်သူ ဝီလီယံရဲ့နာမည် အရင်းကတော့ William Arthur Philip Louis ပဲဖြစ်ပါတယ်။ ဝေလမင်းသား ချားလ် နဲ့ ဝေလမင်းသမီးဒိုင်ယာနာတို့ ရဲ့သားအကြီးဆုံးဖြစ်ပါတယ်။

ကိတ်မစ်ဒယ်တန် နဲ့ လက်ထပ်ထားပြီး ကလေးသုံးယောက်ဖခင်တစ်ဦးဖြစ်ပါတယ်။

9 Brad Pitt

Brad Pitt ကိုတော့ ၁၉၆၃ ခုနှစ် ဒီစင်ဘာလ ၁၈ ရက်နေ့မှာမွေးခဲ့တာဖြစ်လို့ အခုဆိုရင် အသက် ၅၄ နှစ်ရှိနေပြီဖြစ်ပါတယ်။ သူဟာဟောလီးဝုဒ် မင်းသားတစ်လက်ဖြစ်သလို ပရိုဂျူဆာတစ်ဦးလည်း ဖြစ်ပါတယ်။

မင်းသားသမီး Jennifer Aniston နဲ့ ၂၀၀၀ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး ၂၀၀၅ ခုနှစ်မှာ ကွာရှင်းပြတ်စဲခဲ့ကာ မင်းသမီး Angelina Jolie နဲ့ ၂၀၁၄ ခုနှစ်မှာ လက်ထပ်ခဲ့ကာ ၂၀၁၆ ခုနှစ်မှာ အိမ်ထောင်ရေးအဆင်မပြေလို့ တရားရင်ဆိုင်လျက်ရှိနေပါတယ်။ ကလေး ၆ ယောက်ဖခင်တစ်ဦး လည်း ဖြစ်ပါတယ်။

8 Noah Mills

Noah Mills ကိုတော့ ၁၉၈၃ ခုနှစ် ဧပြီလ ၂၆ ရက်နေ့မှာမွေးခဲ့လို့ အခုဆိုရင်အသက် ၃၅ နှစ်ရှိပြီဖြစ်ပါတယ်။ အရပ်က ၆ပေ နဲ့ ၂ လက်မရှိပြီး ဆံပင်အရောင်ကတော့ အညိုရောင်ဖြစ်ပါတယ်။

သူ့ရဲ့ အသက်မွေးဝမ်းကျောင်းကတော့ မော်ဒယ်ပဲဖြစ်ပါတယ်။ ကနေဒါနိုင်ငံရဲ့ နာမည်ကြီး မော်ဒယ်တစ်လက်ဖြစ်ပါတယ်။

7 Salman Khan

Salman Khan ကိုတော့ ၁၉၆၅ ခုနှစ် ဒီစင်ဘာလ ၂၇ ရက်နေ့မှာမွေးခဲ့တာဖြစ်လို့ အသက် ၅၂နှစ် ရှိပါပြီ။ သူဟာ ဘောလီးဝုဒ်မင်းသားတစ်လက်ဖြစ်သလို သီချင်းဆိုခြင်း နဲ့ အစီအစဉ်တင်ဆက်သူတစ်ယောက်အဖြစ်လည်း အခါအားလျော်စွာလုပ်ဆောင်တတ်ပါသေးတယ်။

Biwi Ho To Aisi (1988) ဆိုတဲ့ ဇာတ်ကားနဲ့ အနုပညာလောကကိုစတင်ဝင်ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။

6 Hrithik Roshan

Hrithik Roshan ကိုတော့ ၁၉၇၄ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့မှာမွေးခဲ့တာဖြစ်လို့ အခုဆိုရင် သူ့ရဲ့အသက်က ၄၄ နှစ်ရှိပြီဖြစ်ပါတယ်။သူဟာဘောလီးဝုဒ်မင်းသား တစ်လက်ဖြစ်ပြီး ဇနီးဟောင်းဖြစ်သူ Sussanne Khan ကတော့ အိန္ဒိယနိုင်ငံရဲ့ အိမ်အတွင်းပိုင်းအလှဆင်သူဒီဇိုင်နာတစ်ဦးလည်းဖြစ်ပါတယ်။

Sussanne Khan နဲ့ ၂၀၀၀ ခုနှစ်မှာလက်ထပ်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ ကွာရှင်းပြတ်စဲခဲ့တာလည်း ဖြစ်ပါတယ်။ သူ့မှာ Hrehaan နဲ့ Hridhaan ဆိုတဲ့ သားလေး နှစ်ယောက်ရှိပါတယ်။

5 Godfrey Gao

Godfrey Gao ကိုတော့ ၁၉၈၄ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့မှာမွေးခဲ့တဲ့ အတွက် အခုဆိုရင် အသက် ၃၃ နှစ်ရှိပြီဖြစ်ပါတယ်။ သူ့ကိုထိုင်ဝမ် နိုင်ငံမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။

အခုဆိုရင်တော့ ကနေဒါ နိုင်ငံသားအဖြစ်ခံယူထားသူတစ်ဦးဖြစ်ပြီး မော်ဒယ်မင်းသားတစ်ယောက်အနေနဲ့ အသက်မွေးဝမ်းကြောင်းပြုနေသူတစ်ဦးပါ။

4 Chris Evans

Chris Evans ကိုတော့ ၁၉၈၁ ခုနှစ် ဇွန်လ ၁၃ ရက်နေ့မှာ မွေးခဲ့တာဖြစ်လို့ အခုဆိုရင် အသက် ၃၇ နှစ်ရှိနေပါပြီ။ သူ့ကိုတော့ Super Hero ဇာတ်ကောင်ဖြစ်တဲ့ Captain America နဲ့လူသိများကြတဲ့ မင်းသားတစ်လက်ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ် ၊ ၂၀၁၃ ခုနှစ် ၊ ၂၀၁၅ ခုနှစ်၊ ၂၀၁၆ ခုနှစ် ၊ ၂၀၁၇ နဲ့ ၂၀၁၈ ခုနှစ်တို့မှာသရုပ်ဆောင်ခြင်းနဲ့ပတ်သက်လို့ ဆုတွေကို ဆက်တိုက် ရရှိခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

3 Omar Borkan Al Gala

Omar Borkan Al Gala ကိုတော့ ၁၉၈၉ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့မှာမွေးခဲ့တာဖြစ်လို့ အခုဆိုရင် ၂၈ နှစ်ရှိပါပြီ။ သူ့ကို တော့ အီရတ်နိုင်ငံမှာမွေးခဲ့တာဖြစ်ပါတယ်။ သူ့ကိုတော့ ဆော်ဒီအာရေယျနိုင်ငံကနေပြီး နယ်နှင်ဒါဏ်ပေးထားတာဖြစ်ပါတယ်။

ဘာကြောင့်အခုလို နယ်နှင်ဒါဏ်ပေးရတာလည်း ဆိုတော့ ရုပ်ရည်ချောမောလွန်းလို့ဖြစ်တယ်လို့သိရပါတယ်။ ဒီလိုအချက်အလက်တွေကြောင့် လည်းသူဟာနာမည်ကြီးခဲ့သလို ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်လောက်မှာ အွန်လိုင်းပေါ်တွင် လူတွေရှာဖွေမှုအများဆုံးနာမည်စာရင်းမှာ သူပါဝင်ခဲ့ပါသေးတယ်။

2 Justin Trudeau

Justin Trudeau ကိုတော့ ၁၉၇၁ ခုနှစ် ဒီစင်ဘာလ ၂၅ ရက်နေ့မှာမွေးခဲ့တဲ့ အတွက်အခုဆိုရင် အသက် ၄၆ နှစ်ရှိပြီဖြစ်ပါတယ်။ သူဟာနိုင်ငံရေးအလုပ်တွေကိုထဲထဲဝင်ဝင်လုပ်ဆောင်နေသူတစ်ဦး ဖြစ်ပြီး လစ်ဗရယ်ပါတီဝင်တစ်ဦးဖြစ်ပါတယ်။

သူ့ကိုတော့ ကနေဒါနိုင်ငံမှာမွေးဖွားခဲ့ပြီး ကနေဒါပါလီမန်အဖွ့ဲဝင်တစ်ဦးဖြစ်ပါတယ်။သူဟာ ကနေဒါနိုင်ငံရဲ့ ဝန်ကြီးချုပ်လည်း ဖြစ်ပါတယ်။မိသားစုနဲ့ ကလေးသုံးယောက်ရှိပါတယ်။

1 Tom Cruise

Tom Cruise ကိုတော့ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၃ရက်နေ့မှာမွေးဖွားခဲ့တဲ့ အတွက် အသက် ၅၅နှစ်ရှိပြီဖြစ်ပါတယ်။ ဟောလီးဝုဒ်ရဲ့နာမည်ကြီး မင်းသားတစ်လက်ဖြစ်ပါတယ်။

 

မင်းသမီးကြီး Mimi Rogers နဲ့ ၁၉၈၇ခုနှစ်မှာ လက်ထပ်ခဲ့ပြီး ၁၉၉၀ ခုနှစ်မှာ ကွာရှင်းပြတ်စဲခဲ့ပါတယ်။ ၁၉၉၀ ခုနှစ်မှာ မင်းသမီး Nicole Kidman နဲ့လက်ထပ်ခဲ့ပြီး ၂၀၀၁ ခုနှစ်မှာ ကွာရှင်းပြတ်စဲခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်မှာ မင်းသမီး Katie Holmes နဲ့လက်ထပ်ခဲ့ပြီး ၂၁၁၂ ခုနှစ်မှာကွာရှင်းပြတ်ဆဲခဲ့တာဖြစ်ပါတယ်။ ကလေး ၃ ယောက်ဖခင်လည်းဖြစ်ပါတယ်။

ကြည်သာ (Akhayar)

Photo Credit: WikiNetworth

www.akhayar.com