[Zawgyi]

ႏွလံုးသားလွတဲ့ နာမည္ေက်ာ္အနုပညာရွင္လူပ်ိဳႀကီးမ်ား

အနုပညာေလာကမွာ အသက္ႀကီးေပမယ့္လည္း မပ်က္စီးၾကေသးဘဲနဲ႔ ပ်ိဳပ်ိဳေမတို႔ အန္တီတို႔ရဲ ႔ အသည္းနွလံုးေတြကို ဖမ္းစားနိုင္ေနတဲ့ ဆယ္လီကိုကိုေတြရွိၾကပါတယ္။ သူတို႕ကေတာ့ စိုင္းစိုင္းခမ္းလိႈင္ ၊ ေနတိုး ၊ ခန္႔စည္သူ နဲ႔ မင္းသားႀကီး ရန္ေအာင္ တုိ႔ပဲျဖစ္ပါတယ္။

စိုင္းစိုင္းခမ္းလိႈင္

ပ်ိဳပ်ိဳေမတို႔ရဲ ႔အခ်စ္ေတာ္ ဘစိုင္းကေတာ့ သူ႔ရဲ ႔အနုပညာဖန္တီးမႈေတြကို ႀကိဳက္နွစ္သက္ၾကသလိုသူ႔ရဲ ႔အေတြးအေခၚ အယူအဆေတြေၾကာင့္ ပရိသတ္ရဲ ႔ ခ်စ္ခင္ေလးစားျခင္းကို ခံရတဲ့သူလည္းျဖစ္ပါတယ္။

မိန္းကေလးေတြက စိုင္းစို္င္းကို အရူးအမူးျဖစ္ၾကတာကေတာ့ တစ္ေယာက္ကို တစ္မ်ိဳးစီပါပဲ။ စိုင္းစိုင္းရဲ ႔ အခ်စ္ေရးကို လည္း သူ႔ကိုႀကိဳက္နွစ္သက္တဲ့ မိန္းကေလးတိုင္ကစိတ္ဝင္စားၾကပါတယ္။ လက္ရွိအခ်ိန္အထိေတာ့ စိုင္းစိုင္းဟာ တစ္ကိုယ္တည္းလူပ်ိဳႀကီးပါပဲ။

ေနတိုး

သရုပ္ေဆာင္ပီျပင္မႈေတြေၾကာင့္ ပရိသတ္ေတြကႀကိဳက္နွစ္သက္ၾကသလို ေနတိုးရဲ ႔ ခ်စ္စရာေကာင္းလွတဲ့ ေျပာဆိုဆက္ဆံမႈေတြကလည္း ပရိသတ္ပိုလို႔သေဘာက်ေစတဲ့ အခ်က္ပဲျဖစ္ပါတယ္။ ေနတိုးဟာ အကယ္ဒမီေရႊစင္ဆု သံုးဆုကို ပို္င္ဆိုင္ထားၿပီးျဖစ္သလို အနုပညာလုပ္ငန္းေတြကိုလည္း ဆက္တိုင္ဆိုသလိုလုပ္ေဆာင္ေနသူတစ္ဦးပါ။

လူပ်ိဳႀကီးျဖစ္လို႔ မိခင္ျဖစ္သူက သားျဖစ္သူရဲ ႔ ရိုက္ကြင္းတိုင္းလိုလိုကို လိုက္တတ္တာကလည္း ပရိသတ္ေတြၾကားေရပန္းစားပါတယ္။ မိခင္ျဖစ္သူရဲ ႔ ခ်စ္ျခင္းေမတၱာကို အျပည့္အဝရရွိထားတဲ့ ရခို္င္သားလူပ်ိဳႀကီး ကိုေနတိုးတစ္ေယာက္ ဘယ္အခ်ိန္စြံမွာလည္း ဆိုတာကိုပရိသတ္က စိတ္ဝင္စားလို႔ေနပါတယ္။

ခန္႔စည္သူ

အနုပညာေလာကမွာ ကိုခန္႔ ကိုခန္႔ ဆိုၿပီး နာမည္တြင္လွတဲ့ သရုပ္ေဆာင္ခန္႔စည္သူကလည္း ေအာင္ျမင္တဲ့ မင္းသားတစ္လက္ပါ။ သူ႔ကေတာ့ ဟာသဇာတ္ကားေတြေတာ္ေတာ္မ်ားမ်ားကို ပို္င္နုိင္စြာ သရုပ္ေဆာင္နိုင္တဲ့ မင္းသားတစ္လက္ျဖစ္လို႔ ပရိသတ္ကလည္း ခ်စ္ခင္ၾကသလို အကယ္ဒမီေရႊစင္ဆုတစ္ဆုကိုလည္းပိုင္ဆိုင္ ထားၿပီျဖစ္ပါတယ္။

 

ရိုက္ကြင္းတစ္ခုမွာေတြ႔ရတဲ့ ခန္႔စည္သူ

လူပ်ိဳႀကီးမင္းသားတစ္လက္ ျဖစ္ၿပီးအခုဆိုရင္လည္း ဦးေလးအခန္းကေနတခ်ိဳ႕ဇာတ္ကားေတြမွာ ပါဝင္ကာသရုပ္ေဆာင္ေနတာေတြ႔ရတဲ့ အတြက္ လူပ်ိဳႀကီးလည္း စြံသင့္ေနပါၿပီ၊  အရြယ္ဆုိတာစကားေျပာလာၿပီလို႔ ဇာတ္ဝင္ခန္းေတြက တဆင့္သတိေပးျခင္းခံေနရၿပီျဖစ္ပါတယ္။

ရန္ေအာင္

မင္းသားႀကီးရန္ေအာင္ကလည္း အသက္ႀကီးေပမယ့္ မပ်က္စီးေသးဘူးလို႔ ေျပာရမယ့္ မင္းသားတစ္လက္ပါ။ သူ႔ဟာအနုပညာေလာကကို မင္းသားႀကီးဦးဝင္းဦးေသဆံုးၿပီးေနာက္မွာ ဝင္ေရာက္လာတဲ့ အတြက္ ဒုတိယ ဦးဝင္းဦး ရယ္လို႕ေတာင္ တင္စားေခၚေဝၚၾကတဲ့ မင္းသားပါ။

အကယ္ဒမီမ်ားရွင္ ကိုရန္ေအာင္

ရိုက္ကြင္းတစ္ခုမွာေတြ႔ရတဲ့ မင္းသားႀကီးရန္ေအာင္ နဲ႔ မခိုင္ေလး ၊ မႀကီးစိုး

သူ႔ရဲ ႔သရုပ္ေဆာင္မႈအနုပညာကို ႀကိဳက္နွစ္သက္ၾကသလို ေမေမတို႔အန္တီတုိ႔ေခတ္က ဆိုရင္ သူတို႕ေတြအတြက္ေတာ့ စိတ္ကူးယဥ္ဖုိ႕ အခြင့္အေရးေတြကို ေပးခဲ့တဲ့ မင္းသားႀကီးတစ္လက္ေပါ့ေလ။အခုထိလူပ်ိဳႀကီးအျဖစ္နဲ႔ မိခင္ကိုအလုပ္ေကြ်းျပဳေနတဲ့ သားလိမၼာတစ္ဦးလည္းျဖစ္ပါတယ္။

ၾကည္သာ (Akhayar)

Photo Credit:Sai Sai Kham Leng Facebook Page ၊ Khant Si Thu Facebook ၊ Yan Aung Facebook ၊ Nay Toe Facebook Page

www.akhayar.com
[Unicode]

နှလုံးသားလှတဲ့ နာမည်ကျော်အနုပညာရှင်လူပျိုကြီးများ

အနုပညာလောကမှာ အသက်ကြီးပေမယ့်လည်း မပျက်စီးကြသေးဘဲနဲ့ ပျိုပျိုမေတို့ အန်တီတို့ရဲ့ အသည်းနှလုံးတွေကို ဖမ်းစားနိုင်နေတဲ့ ဆယ်လီကိုကိုတွေရှိကြပါတယ်။ သူတို့ကတော့ စိုင်းစိုင်းခမ်းလှိုင် ၊ နေတိုး ၊ ခန့်စည်သူ နဲ့ မင်းသားကြီး ရန်အောင် တို့ပဲဖြစ်ပါတယ်။

စိုင်းစိုင်းခမ်းလှိုင်

ပျိုပျိုမေတို့ရဲ့အချစ်တော် ဘစိုင်းကတော့ သူ့ရဲ့အနုပညာဖန်တီးမှုတွေကို ကြိုက်နှစ်သက်ကြသလိုသူ့ရဲ့အတွေးအခေါ် အယူအဆတွေကြောင့် ပရိသတ်ရဲ့ ချစ်ခင်လေးစားခြင်းကို ခံရတဲ့သူလည်းဖြစ်ပါတယ်။

မိန်းကလေးတွေက စိုင်းစိုင်းကို အရူးအမူးဖြစ်ကြတာကတော့ တစ်ယောက်ကို တစ်မျိုးစီပါပဲ။ စိုင်းစိုင်းရဲ့ အချစ်ရေးကို လည်း သူ့ကိုကြိုက်နှစ်သက်တဲ့ မိန်းကလေးတိုင်ကစိတ်ဝင်စားကြပါတယ်။ လက်ရှိအချိန်အထိတော့ စိုင်းစိုင်းဟာ တစ်ကိုယ်တည်းလူပျိုကြီးပါပဲ။

နေတိုး

သရုပ်ဆောင်ပီပြင်မှုတွေကြောင့် ပရိသတ်တွေကကြိုက်နှစ်သက်ကြသလို နေတိုးရဲ့ ချစ်စရာကောင်းလှတဲ့ ပြောဆိုဆက်ဆံမှုတွေကလည်း ပရိသတ်ပိုလို့သဘောကျစေတဲ့ အချက်ပဲဖြစ်ပါတယ်။ နေတိုးဟာ အကယ်ဒမီရွှေစင်ဆု သုံးဆုကို ပိုင်ဆိုင်ထားပြီးဖြစ်သလို အနုပညာလုပ်ငန်းတွေကိုလည်း ဆက်တိုင်ဆိုသလိုလုပ်ဆောင်နေသူတစ်ဦးပါ။

လူပျိုကြီးဖြစ်လို့ မိခင်ဖြစ်သူက သားဖြစ်သူရဲ့ ရိုက်ကွင်းတိုင်းလိုလိုကို လိုက်တတ်တာကလည်း ပရိသတ်တွေကြားရေပန်းစားပါတယ်။ မိခင်ဖြစ်သူရဲ့ ချစ်ခြင်းမေတ္တာကို အပြည့်အဝရရှိထားတဲ့ ရခိုင်သားလူပျိုကြီး ကိုနေတိုးတစ်ယောက် ဘယ်အချိန်စွံမှာလည်း ဆိုတာကိုပရိသတ်က စိတ်ဝင်စားလို့နေပါတယ်။

ခန့်စည်သူ

အနုပညာလောကမှာ ကိုခန့် ကိုခန့် ဆိုပြီး နာမည်တွင်လှတဲ့ သရုပ်ဆောင်ခန့်စည်သူကလည်း အောင်မြင်တဲ့ မင်းသားတစ်လက်ပါ။ သူ့ကတော့ ဟာသဇာတ်ကားတွေတော်တော်များများကို ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တဲ့ မင်းသားတစ်လက်ဖြစ်လို့ ပရိသတ်ကလည်း ချစ်ခင်ကြသလို အကယ်ဒမီရွှေစင်ဆုတစ်ဆုကိုလည်းပိုင်ဆိုင် ထားပြီဖြစ်ပါတယ်။

 

ရိုက်ကွင်းတစ်ခုမှာတွေ့ရတဲ့ ခန့်စည်သူ

လူပျိုကြီးမင်းသားတစ်လက် ဖြစ်ပြီးအခုဆိုရင်လည်း ဦးလေးအခန်းကနေတချို့ဇာတ်ကားတွေမှာ ပါဝင်ကာသရုပ်ဆောင်နေတာတွေ့ရတဲ့ အတွက် လူပျိုကြီးလည်း စွံသင့်နေပါပြီ၊ အရွယ်ဆိုတာစကားပြောလာပြီလို့ ဇာတ်ဝင်ခန်းတွေက တဆင့်သတိပေးခြင်းခံနေရပြီဖြစ်ပါတယ်။

ရန်အောင်

မင်းသားကြီးရန်အောင်ကလည်း အသက်ကြီးပေမယ့် မပျက်စီးသေးဘူးလို့ ပြောရမယ့် မင်းသားတစ်လက်ပါ။ သူ့ဟာအနုပညာလောကကို မင်းသားကြီးဦးဝင်းဦးသေဆုံးပြီးနောက်မှာ ဝင်ရောက်လာတဲ့ အတွက် ဒုတိယ ဦးဝင်းဦး ရယ်လို့တောင် တင်စားခေါ်ဝေါ်ကြတဲ့ မင်းသားပါ။

အကယ်ဒမီများရှင် ကိုရန်အောင်

ရိုက်ကွင်းတစ်ခုမှာတွေ့ရတဲ့ မင်းသားကြီးရန်အောင် နဲ့ မခိုင်လေး ၊ မကြီးစိုး

သူ့ရဲ့သရုပ်ဆောင်မှုအနုပညာကို ကြိုက်နှစ်သက်ကြသလို မေမေတို့အန်တီတို့ခေတ်က ဆိုရင် သူတို့တွေအတွက်တော့ စိတ်ကူးယဉ်ဖို့ အခွင့်အရေးတွေကို ပေးခဲ့တဲ့ မင်းသားကြီးတစ်လက်ပေါ့လေ။အခုထိလူပျိုကြီးအဖြစ်နဲ့ မိခင်ကိုအလုပ်ကျွေးပြုနေတဲ့ သားလိမ္မာတစ်ဦးလည်းဖြစ်ပါတယ်။

ကြည်သာ (Akhayar)

Photo Credit:Sai Sai Kham Leng Facebook Page ၊ Khant Si Thu Facebook ၊ Yan Aung Facebook ၊ Nay Toe Facebook Page

www.akhayar.com