[Zawgyi]

ဆံပင္ညွပ္မယ္စဥ္းစားတိုင္း ဘယ္ပံုစံညွပ္ရမလဲဆိုျပီး ေခါင္းခဲေနလား?

မိန္းကေလးေတြ ေတာ္ေတာ္မ်ားမ်ားက ကိုယ့္ရဲ႕မ်က္ႏွာက်ပံုစံကို ေသခ်ာမသိပဲ သူမ်ားလွေနရင္ လိုက္ညွပ္ခ်င္ၾကေတာ့ မေတာ္တဆလိုက္ညွပ္မိျပီး ပံုဆိုးပန္းဆိုးထြက္္လာတာမ်ိဳး ျဖစ္တတ္ၾကပါတယ္။ ေခါင္းအရႈပ္ခံျပီး စဥ္းစားေနစရာမလိုေတာ့ဘူး။ ဒါမ်ိဳးေတြမျဖစ္ရေအာင္ ကိုုယ့္မ်က္ႏွာနဲ႔ စတိုင္က်ျပီး လိုက္ဖက္မယ့္ ဆံပင္ပံုစံေလးေတြကို ေျပာျပေပးသြားမွာျဖစ္ပါတယ္။

မိန္းကေလးေတြရဲ႕ မ်က္ႏွာအခ်ိဳးအစားပံုစံ (၆) မ်ိဳးရွိပါတယ္။

၁။ Oval Shape – ဘဲဥပံုစံမ်က္ႏွာ

ဘဲဥပံုစံမ်က္ႏွာက နဖူးျပင္က်ယ္ျပီး ေမးေစ့အထိ သြယ္သြယ္ေလး ဆင္းသြားတဲ့ပံုစံမ်ိဳးျဖစ္ပါတယ္။ ကိုယ့္ရဲ႕မ်က္ႏွာက်ပံုစံက Oval Shape ဆိုရင္ေတာ့ ပံုမွာျပထားတဲ့အတိုင္း ေယာက်ာ္းဆံေထာက္ေကကိုမွ ေရွ႕ဆံျမိတ္ ဆံပင္ပံုစံမ်ိဳး၊ နားရြက္အနားမွာ ဆံပင္ကို ဝဲဝဲေလးညွပ္တာမ်ိဳး၊ ေယာက္က်ားဆံေထာက္ေကကို ေရွ႕ဆံျမိတ္မခ်ပဲ ပံုစံတစ္မ်ိဳး၊ ပခံုးအတင္ေလာက္ ဆံပင္ညွပ္တာမ်ိဳးတို႔ ညွပ္ေပးသင့္ပါတယ္။

Oval Shape

Oval Shape

၂။ Square Shape – ေလးေထာင့္က်မ်က္ႏွာ

ေလးေထာင့္က်မ်က္ႏွာက နဖူးနဲ႔ ေမးေစ့က ေဘးကားျပီး နဖူးကေန ေမးေစ့အထိ ပါးေစာင္ရိုးက မ်ဥ္းျပိဳင္တူဆင္းေနတတ္တဲ့ပံုစံမ်ိဳးပါ။ ကိုယ့္ရဲ႕ မ်က္ႏွာက်က Square Shape ဆိုရင္ေတာ့ ပံုမွာျပထားတဲ့အတိုင္း ေရွ့ဆံျမိတ္ခ်တဲ့ ဆံပင္ပံုစံေတာ္ေတာ္မ်ားမ်ားနဲ႔ လိုက္ဖက္ပါတယ္။ ဂ်ပန္ဆံျမိတ္အတိညွပ္တဲ့ ပံုစံေလးေတြနဲ႔လည္းလိုက္ဖက္ပါတယ္။

Square Shape

Square Shape

၃။ Diamond Shape – စိန္ပံုစံမ်က္ႏွာ

စိန္ပံုစံမ်က္ႏွာက နဖူးေဘးေထာင့္ေတြက အနည္းငယ္ခြက္ဝင္ေနတတ္ၿပီး ေမးေစ့က V Shape လိုမ်ိဳးျဖစ္ေနတတ္တဲ့ပံုစံမ်ိဳးပါ။ Diamond Shape ဆိုရင္ေတာ့ ပံုမွာျပထားတဲ့အတိုင္း ဆံျမိတ္ကို အနည္းငယ္ခ်တဲ့ပံုစံမ်ိဳးေလးေတြ ညွပ္သင့္ပါတယ္။ ဆံျမိတ္အခ်နည္းျပီး ဆံပင္အဖ်ားပိုင္းကို wave အၾကီးနဲ႔ ဆံပင္ေကာက္တာမ်ိဳး၊ ေယာက်ာ္းပံုစံ ဆံေထာက္ေကကိုမွ ဆံပင္ဖြာဖြာေလးျဖစ္ေအာင္ ပံုသြင္းတဲ့ပံုစံမ်ိဳးေတြနဲ႔လည္း လိုက္ဖက္ပါတယ္။ ဆံပင္အေျပာင္သိမ္းျပီး စည္းရင္လဲ လွပါတယ္ေနာ္။

Diamond Shape

Diamond Shape

၄။ Round shape – မ်က္ႏွာဝိုင္း

မ်က္ႏွွာဝိုင္းပံုစံကေတာ့ သိပ္ျပီးေျပာျပစရာေတာ့ မလိုေလာက္ပါဘူး။ လမင္းလိုပံုစံမ်ိဳးေလး ဝိုင္းေနတတ္ရင္ေတာ့ မ်က္ႏွာဝိုင္းပံုစံမ်ိဳးထဲ ပါေနပါတယ္ရွင္။ Round Shape ဆုိရင္ေတာ့ ေရွ႕ဆံျမိတ္ကို အရွည္ၾကီး သိပ္မခ်မိဖို႔ ေျပာပါရေစ။ ပံုမွာျပထားတဲ့အတိုင္း ဆံပင္အေကာက္ပံုစံမ်ိဳးတို႔ ဆံပင္အခ်ပံုစံမ်ိဳးတို႔ ညွပ္သင့္ပါတယ္ေနာ္။ ဂ်ပန္မေလးေတြလို ဆံျမိတ္ကို အတိေလးေတြ ညွပ္မယ္ဆိုရင္ေတာ့ လိုက္ဖက္ပါတယ္။

Round Shape

Round Shape

၅။ Rectangle Shape – ေထာင့္မွန္စတုဂံမ်က္ႏွာ

ေထာင့္မွန္စတုဂံမ်က္ႏွာက နဖူးနဲ႔ ေမးေစ့ရဲ႕ အရွည္က ထပ္တူက်ျပီး မ်က္ႏွာပိုရွည္တတ္တဲ့ပံုစံမ်ိဳးပါ။ Rectangle Shape ဆိုရင္ေတာ့ ပံုမွာျပထားတဲ့အတိုင္း ဆံျမိတ္အတိညွပ္တာမ်ိဳးတို႔ ဆံပင္အေကာက္ပံုစံမ်ိဳးတို႔ အစရွိသျဖင့္ညွပ္လို႔ရပါတယ္။ ဆံပင္အေကာက္ေကာက္တဲ့အခါမွာ အတြင္းလိပ္၊ အျပင္လိပ္ရွိတဲ့အတြက္ အတြင္းလိပ္ပံုစံမ်ိဳးနဲ႔ ဆံပင္ကိုေကာက္သင့္ပါတယ္။

Rectangle Shape

Rectangle Shape

၆။ Triangular Shape – ၾတိဂံပံုစံမ်က္ႏွာ

ၾတိဂံပံုစံမ်က္ႏွာက နဖူးက်ယ္ျပီး ေမးေစ့က သိသိသာသာခြ်န္တဲ့ပံုစံမ်ိဳးပါ။ Triangular Shape ဆိုရင္ေတာ့ ေရွ႔ဆံျမိတ္ကို အရွည္ထားျပီး ေဘးခြဲဆံပင္ပံုစံေလးေတြနဲ႔ လိုက္ဖက္ပါတယ္။ ပံုမွာကျပထားသလို ေအာက္ဆံပင္အနားကို ကုတ္ျပီးပံုသြင္းထားတာမ်ိဳးတို႔နဲ႔ လိုက္ဖက္ပါတယ္။ ဆံပင္ေရွ႕ဆံျမိတ္ကိုေတာ့ အတိမညွပ္မိဖို႔ေျပာပါရေစေနာ္။ နဖူးပိုၾကီးတတ္တာမ်ိဳးျဖစ္ေစတတ္ပါတယ္။

Triangular Shape

Triangular Shape

ဒီေလာက္ဆိုရင္ ကိုယ့္ရဲ႕မ်က္ႏွာပံုစံက အေပၚမွာေျပာျပခဲ့တဲ့ ပံုစံ (၆) မ်ိဳးထဲက ဘယ္ပံုစံထဲမွာပါလဲဆိုတာ မွန္ထဲၾကည့္ၿပီး ညွပ္လို႔ရၿပီးထင္တယ္ေနာ္။ ဆံပင္ညွပ္ခါနီးတိုင္း အေပၚမွာေျပာခဲ့တဲ့ ကိုယ့္ဆံပင္အေပၚမူတည္ျပီး ဘယ္လိုညွပ္ရမလဲဆိုတာ မေမ့နဲ႔ေနာ္။ ပ်ိဳေမတို႔အားလံုး လွသထက္လွႏိုင္ၾကပါေစေနာ္။

Redrose (အခရာ)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ဆံပင်ညှပ်မယ်စဉ်းစားတိုင်း ဘယ်ပုံစံညှပ်ရမလဲဆိုပြီး ခေါင်းခဲနေလား?

မိန်းကလေးတွေ တော်တော်များများက ကိုယ့်ရဲ့မျက်နှာကျပုံစံကို သေချာမသိပဲ သူများလှနေရင် လိုက်ညှပ်ချင်ကြတော့ မတော်တဆလိုက်ညှပ်မိပြီး ပုံဆိုးပန်းဆိုးထွက်လာတာမျိုး ဖြစ်တတ်ကြပါတယ်။ ခေါင်းအရှုပ်ခံပြီး စဉ်းစားနေစရာမလိုတော့ဘူး။ ဒါမျိုးတွေမဖြစ်ရအောင် ကိုုယ့်မျက်နှာနဲ့ စတိုင်ကျပြီး လိုက်ဖက်မယ့် ဆံပင်ပုံစံလေးတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

မိန်းကလေးတွေရဲ့ မျက်နှာအချိုးအစားပုံစံ (၆) မျိုးရှိပါတယ်။

၁။ Oval Shape – ဘဲဥပုံစံမျက်နှာ

ဘဲဥပုံစံမျက်နှာက နဖူးပြင်ကျယ်ပြီး မေးစေ့အထိ သွယ်သွယ်လေး ဆင်းသွားတဲ့ပုံစံမျိုးဖြစ်ပါတယ်။ ကိုယ့်ရဲ့မျက်နှာကျပုံစံက Oval Shape ဆိုရင်တော့ ပုံမှာပြထားတဲ့အတိုင်း ယောကျာ်းဆံထောက်ကေကိုမှ ရှေ့ဆံမြိတ် ဆံပင်ပုံစံမျိုး၊ နားရွက်အနားမှာ ဆံပင်ကို ဝဲဝဲလေးညှပ်တာမျိုး၊ ယောက်ကျားဆံထောက်ကေကို ရှေ့ဆံမြိတ်မချပဲ ပုံစံတစ်မျိုး၊ ပခုံးအတင်လောက် ဆံပင်ညှပ်တာမျိုးတို့ ညှပ်ပေးသင့်ပါတယ်။

 

Oval Shape

Oval Shape

၂။ Square Shape – လေးထောင့်ကျမျက်နှာ

လေးထောင့်ကျမျက်နှာက နဖူးနဲ့ မေးစေ့က ဘေးကားပြီး နဖူးကနေ မေးစေ့အထိ ပါးစောင်ရိုးက မျဉ်းပြိုင်တူဆင်းနေတတ်တဲ့ပုံစံမျိုးပါ။ ကိုယ့်ရဲ့ မျက်နှာကျက Square Shape ဆိုရင်တော့ ပုံမှာပြထားတဲ့အတိုင်း ရှေ့ဆံမြိတ်ချတဲ့ ဆံပင်ပုံစံတော်တော်များများနဲ့ လိုက်ဖက်ပါတယ်။ ဂျပန်ဆံမြိတ်အတိညှပ်တဲ့ ပုံစံလေးတွေနဲ့လည်းလိုက်ဖက်ပါတယ်။

 

Square Shape

Square Shape

၃။ Diamond Shape – စိန်ပုံစံမျက်နှာ

စိန်ပုံစံမျက်နှာက နဖူးဘေးထောင့်တွေက အနည်းငယ်ခွက်ဝင်နေတတ်ပြီး မေးစေ့က V Shape လိုမျိုးဖြစ်နေတတ်တဲ့ပုံစံမျိုးပါ။ Diamond Shape ဆိုရင်တော့ ပုံမှာပြထားတဲ့အတိုင်း ဆံမြိတ်ကို အနည်းငယ်ချတဲ့ပုံစံမျိုးလေးတွေ ညှပ်သင့်ပါတယ်။ ဆံမြိတ်အချနည်းပြီး ဆံပင်အဖျားပိုင်းကို wave အကြီးနဲ့ ဆံပင်ကောက်တာမျိုး၊ ယောကျာ်းပုံစံ ဆံထောက်ကေကိုမှ ဆံပင်ဖွာဖွာလေးဖြစ်အောင် ပုံသွင်းတဲ့ပုံစံမျိုးတွေနဲ့လည်း လိုက်ဖက်ပါတယ်။ ဆံပင်အပြောင်သိမ်းပြီး စည်းရင်လဲ လှပါတယ်နော်။

 

Diamond Shape

Diamond Shape

၄။ Round shape – မျက်နှာဝိုင်း

မျက်နှှာဝိုင်းပုံစံကတော့ သိပ်ပြီးပြောပြစရာတော့ မလိုလောက်ပါဘူး။ လမင်းလိုပုံစံမျိုးလေး ဝိုင်းနေတတ်ရင်တော့ မျက်နှာဝိုင်းပုံစံမျိုးထဲ ပါနေပါတယ်ရှင်။ Round Shape ဆိုရင်တော့ ရှေ့ဆံမြိတ်ကို အရှည်ကြီး သိပ်မချမိဖို့ ပြောပါရစေ။ ပုံမှာပြထားတဲ့အတိုင်း ဆံပင်အကောက်ပုံစံမျိုးတို့ ဆံပင်အချပုံစံမျိုးတို့ ညှပ်သင့်ပါတယ်နော်။ ဂျပန်မလေးတွေလို ဆံမြိတ်ကို အတိလေးတွေ ညှပ်မယ်ဆိုရင်တော့ လိုက်ဖက်ပါတယ်။

 

Round Shape

Round Shape

၅။ Rectangle Shape – ထောင့်မှန်စတုဂံမျက်နှာ

ထောင့်မှန်စတုဂံမျက်နှာက နဖူးနဲ့ မေးစေ့ရဲ့ အရှည်က ထပ်တူကျပြီး မျက်နှာပိုရှည်တတ်တဲ့ပုံစံမျိုးပါ။ Rectangle Shape ဆိုရင်တော့ ပုံမှာပြထားတဲ့အတိုင်း ဆံမြိတ်အတိညှပ်တာမျိုးတို့ ဆံပင်အကောက်ပုံစံမျိုးတို့ အစရှိသဖြင့်ညှပ်လို့ရပါတယ်။ ဆံပင်အကောက်ကောက်တဲ့အခါမှာ အတွင်းလိပ်၊ အပြင်လိပ်ရှိတဲ့အတွက် အတွင်းလိပ်ပုံစံမျိုးနဲ့ ဆံပင်ကိုကောက်သင့်ပါတယ်။

 

Rectangle Shape

Rectangle Shape

၆။ Triangular Shape – တြိဂံပုံစံမျက်နှာ

တြိဂံပုံစံမျက်နှာက နဖူးကျယ်ပြီး မေးစေ့က သိသိသာသာချွန်တဲ့ပုံစံမျိုးပါ။ Triangular Shape ဆိုရင်တော့ ရှေ့ဆံမြိတ်ကို အရှည်ထားပြီး ဘေးခွဲဆံပင်ပုံစံလေးတွေနဲ့ လိုက်ဖက်ပါတယ်။ ပုံမှာကပြထားသလို အောက်ဆံပင်အနားကို ကုတ်ပြီးပုံသွင်းထားတာမျိုးတို့နဲ့ လိုက်ဖက်ပါတယ်။ ဆံပင်ရှေ့ဆံမြိတ်ကိုတော့ အတိမညှပ်မိဖို့ပြောပါရစေနော်။ နဖူးပိုကြီးတတ်တာမျိုးဖြစ်စေတတ်ပါတယ်။

Triangular Shape

Triangular Shapeဒီလောက်ဆိုရင် ကိုယ့်ရဲ့မျက်နှာပုံစံက အပေါ်မှာပြောပြခဲ့တဲ့ ပုံစံ (၆) မျိုးထဲက ဘယ်ပုံစံထဲမှာပါလဲဆိုတာ မှန်ထဲကြည့်ပြီး ညှပ်လို့ရပြီးထင်တယ်နော်။ ဆံပင်ညှပ်ခါနီးတိုင်း အပေါ်မှာပြောခဲ့တဲ့ ကိုယ့်ဆံပင်အပေါ်မူတည်ပြီး ဘယ်လိုညှပ်ရမလဲဆိုတာ မမေ့နဲ့နော်။ ပျိုမေတို့အားလုံး လှသထက်လှနိုင်ကြပါစေနော်။

Redrose (အခရာ)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။