[Zawgyi]

ဆံပင္တုိတိုညွပ္မယ့္ေကာင္မေလးအတြက္ Japan Model “Kiko Mizuhara” ရဲ႕ Hairstyle မ်ား

Kiko Mizuhara ဟာ နာမည္ေက်ာ္ Japan Model တစ္ေယာက္ျဖစ္သလို သူမရဲ႕ ဖက္ရွင္ေတြက လူငယ္ဆန္ၿပီး အထာက်ပါတယ္။ ဖက္ရွင္နဲ႔ မဟုတ္ဘဲ လူေတြ ေနာက္ထပ္ သူမကို သေဘာက်ရတဲ့အခ်က္က သူမရဲ႕ ဆံပင္တိုတုိေလးေတြပါ။ Kiko ရဲ႕ Bob Hairstyle ေတြ၊ပခံုးမေရာက္တေရာက္ ဆံပင္အ၀ဲေလးေတြက သူမကို လူေတြပိုမွတ္မိေစသလို ဆံပင္တိုညွပ္ခ်င္တဲ့ေကာင္မေလးေတြကိုလည္း ဆြဲေဆာင္ႏိုင္ခဲ့ပါတယ္။ဆံပင္တိုတုိက ဒီႏွစ္မွာ Trend တစ္ခုလိုျဖစ္ေနတဲ့အျပင္ ဆံပင္တုိေလး ညွပ္လိုက္တာက သင့္စိတ္နဲ႔ ဖက္ရွင္ကို အေျပာင္းအလဲလည္း ျဖစ္သြားေစတာေပါ့။ Short Hair,Don’t Care ေလေနာ္..ဟုတ္တယ္ဟုတ္။ သင္က လတ္တေလာမွာ ဆံပင္တုိတုိလည္း လံုး၀လံုး၀ ညွပ္ခ်င္တယ္ ဒါေပမယ့္ ဘယ္လိုညွပ္ရမလဲ၊ ဆံပင္အတိုကို ဘယ္လုိ မိုက္ေအာင္ထားမလဲ ဆုိတာ စဥ္းစားေနရင္ေတာ့ ေအာက္မွာ ေျပာျပထားတဲ့ Kiko ရဲ႕ Hairstyle ေတြက နမူနာေကာင္းေလးေတြ ျဖစ္ပါလိမ့္မယ္။ ကဲ…ျမန္ျမန္ၾကည့္လုိက္ရေအာင္။

Kiko Mizuhara

Kiko Mizuhara

ဆံပင္ကို ပခံုးအတိညွပ္ထားတဲ့ ဒီဆံပင္ပံုစံက အရမ္းတုိတို မညွပ္ခ်င္တဲ့သူေတြအတြက္ အဆင္ေျပေစပါတယ္။ပခံုးအတိျဖစ္တဲ့အတြက္ေအာက္အဖ်ားေလးေတြကိုပဲ ေကာက္ေကာက္၊ အတြင္းထဲကို ကုပ္ကုပ္ေလးျဖစ္ေအာင္ပဲ လုပ္လုပ္ ကိုယ့္သေဘာက် ပံုသြင္းႏုိင္မွာပါ။

Kiko Mizuhara

Kiko Mizuhara

ပခံုးအတိထက္ နည္းနည္းေလးတိုခ်င္ေသးတယ္ဆိုရင္ေတာ့ ကိုယ့္ေမးဖ်ားနဲ႔ တစ္တန္းတည္း အရွည္ရွိတဲ့ Bob လိုမ်ိဳး ညွပ္တာအေကာင္းဆံုးပါ။ Bob ဆုိေပမယ့္ ေဖာင္းေဖာင္းကုပ္ကုပ္မဟုတ္ဘဲ ပံုမွန္ကုပ္၀ဲအတိုေလးဆို ပိုမိုက္မွာပါ။ Retro Bob လိုမ်ိဳးေလးေပါ့။

Kiko Mizuhara

Kiko Mizuhara

ရိုးရိုးဆံပင္အေျဖာင့္ကို အတိုထားရတာ သေဘာမက်ရင္ေတာ့ လႈိင္းေျပေျပေလးေတြ ေကာက္လုိက္လုိ႔ရပါတယ္။ ပခံုးနားထက္ တိုတဲ့အတိုဆိုရင္ေတာ့  လိႈင္းေျပေျပေတြက အသင့္ေတာ္ဆံုးပါပဲ။ မဟုတ္ရင္ ဆံပင္က နဂိုထက္ကို ပိုတိုတက္သြားၿပီး ၾကည့္ရအဆင္ေျပေတာ့မွာ မဟုတ္ပါဘူး။ မ်က္ႏွာႀကီးတဲ့့သူ၊မ်က္ႏွာ၀ိုင္းတဲ့သူေတြအေနနဲ႔ ဆံပင္အဖ်ားနားကိုပဲ ေျပေျပေလးေကာက္ဖုိ႔ အဆင္ေျပၿပီးမ်က္ႏွာသြယ္တဲ့သူ၊ မ်က္ႏွာရွည္တဲ့သူေတြက အေျဖာင့္လုိပံုစံနဲ႔ ပိုလုိက္ပါတယ္။

Kiko Mizuhara

Kiko Mizuhara

တစ္ခါတေလလည္း ေရွ႕က Bang ခပ္ထူထူေလး ညွပ္ၾကည့္သင့္ပါတယ္။ ပိုၿပီး လူငယ္ဆန္သြားတာေပါ့။ညွပ္ရဲမယ္ဆို မ်က္ခံုးအေပၚကို တက္တဲ့ Baby Bang ေလးေတြကုိ စမ္းၾကည့္ပါ။

ဆံပင္လံုး၀ အတိုျဖစ္သြားၿပီဆုိရင္ေတာ့…

Kiko Mizuhara

Kiko Mizuhara

ဘီးကုပ္ေလးေတြ၊Scarf ေလးေတြနဲ႔ အလွဆင္ၾကည့္ပါ။

Kiko Mizuhara

Kiko Mizuhara

တစ္ခါတေလမွာ က်စ္ဆံၿမီးလံုး၀အေျပာင္က်စ္တာပဲ ျဖစ္ျဖစ္၊ ခ်စ္စရာ Micro Braid ေလးေတြက်စ္တာပဲ ျဖစ္ျဖစ္ လုပ္လို႔ရပါတယ္။

Kiko Mizuhara

Kiko Mizuhara

ထိပ္နားမွာ ႏွစ္ဖက္ခြဲၿပီး ထံုးတဲ့ Double Bun တို႔၊ ဆံပင္တစ္၀က္စည္းၿပီး ထိပ္နားမွာ စုထံုးထားတာတို႔လည္း လုပ္လုိ႔ရပါတယ္။

Kiko Mizuhara

Kiko Mizuhara

ဆံပင္ကို တစ္၀က္ခြဲၿပီး ထိပ္နားမွာ ျမင့္ျမင့္ေလးစည္းလုိ႔ရသလို ေနာက္နားမွာပဲ စုၿပီး ေလ်ာ့တိေလ်ာ့ရဲ စည္းတဲ့ပံုစံလည္း ရပါေသးတယ္။ ဒါမွမဟုတ္ ေဘးႏွစ္ဖက္ကို အညီခြဲၿပီး တစ္ဖက္စီ မိန္းမဆန္ဆန္ ကလစ္ေလးနဲ႔ ညွပ္တဲ့ စတုိင္လ္ေလးဆိုလည္း မိုက္တာပါပဲ။

Kiko Mizuhara

Kiko Mizuhara

Kiko Mizuhara

Kiko Mizuhara

ကလစ္လွလွေလးေတြကို အသံုးခ်ၿပီးေတာ့လည္း မ်ိဳးစံု ညွပ္လုိ႔ရပါတယ္။ နားေနာက္ဘက္မွာ ညွပ္ခ်င္လား၊ထိပ္နားမွာပဲ တန္းစီၿပီး ညွပ္ခ်င္လား ကိုယ့္စိတ္ႀကိဳက္ ၀တ္စံုနဲ႔လိုက္ဖက္ေအာင္ ထြင္ၿပီး ညွပ္ၾကည့္ပါ။

Kiko Mizuhara

Kiko Mizuhara

Classic ဆန္ဆန္ ညဘက္ပြဲေတြဘာေတြတက္မယ္ဆုိရင္ေတာ့ ဆံပင္ေတြအကုန္လံုးကို ေနာက္မွာ လွန္သိမ္းလုိက္ၿပီး Hair Spray သို႔မဟုတ္ Hair Wax နဲ႔ ဆံပင္ေရစိုလိုပံုသြင္းပါ။ ဒီပံုစံက လံုး၀ကို ေသသပ္ေၾကာ့ေမာ့ေနသလို ဆံပင္စတိုင္လ္ေၾကာင့္ သင့္ကို လူအမ်ားၾကားမွာ ထင္းရင္းေနေစမွာပါ။ ေသေသခ်ာခ်ာ အခ်ိန္ေပးၿပီး ပံုသြင္းဖို႔ေတာ့ လုိပါတယ္။

Su Yi Htet (Akhayar)

[Unicode]

ဆံပင်တိုတိုညှပ်မယ့်ကောင်မလေးအတွက် Japan Model “Kiko Mizuhara” ရဲ့ Hairstyle များ

Kiko Mizuhara ဟာ နာမည်ကျော် Japan Model တစ်ယောက်ဖြစ်သလို သူမရဲ့ ဖက်ရှင်တွေက လူငယ်ဆန်ပြီး အထာကျပါတယ်။ ဖက်ရှင်နဲ့ မဟုတ်ဘဲ လူတွေ နောက်ထပ် သူမကို သဘောကျရတဲ့အချက်က သူမရဲ့ ဆံပင်တိုတိုလေးတွေပါ။ Kiko ရဲ့ Bob Hairstyle တွေ၊ပခုံးမရောက်တရောက် ဆံပင်အဝဲလေးတွေက သူမကို လူတွေပိုမှတ်မိစေသလို ဆံပင်တိုညှပ်ချင်တဲ့ကောင်မလေးတွေကိုလည်း ဆွဲဆောင်နိုင်ခဲ့ပါတယ်။ဆံပင်တိုတိုက ဒီနှစ်မှာ Trend တစ်ခုလိုဖြစ်နေတဲ့အပြင် ဆံပင်တိုလေး ညှပ်လိုက်တာက သင့်စိတ်နဲ့ ဖက်ရှင်ကို အပြောင်းအလဲလည်း ဖြစ်သွားစေတာပေါ့။ Short Hair,Don’t Care လေနော်..ဟုတ်တယ်ဟုတ်။ သင်က လတ်တလောမှာ ဆံပင်တိုတိုလည်း လုံးဝလုံး၀ ညှပ်ချင်တယ် ဒါပေမယ့် ဘယ်လိုညှပ်ရမလဲ၊ ဆံပင်အတိုကို ဘယ်လို မိုက်အောင်ထားမလဲ ဆိုတာ စဉ်းစားနေရင်တော့ အောက်မှာ ပြောပြထားတဲ့ Kiko ရဲ့ Hairstyle တွေက နမူနာကောင်းလေးတွေ ဖြစ်ပါလိမ့်မယ်။ ကဲ…မြန်မြန်ကြည့်လိုက်ရအောင်။

Kiko Mizuhara

Kiko Mizuhara

ဆံပင်ကို ပခုံးအတိညှပ်ထားတဲ့ ဒီဆံပင်ပုံစံက အရမ်းတိုတို မညှပ်ချင်တဲ့သူတွေအတွက် အဆင်ပြေစေပါတယ်။ပခုံးအတိဖြစ်တဲ့အတွက်အောက်အဖျားလေးတွေကိုပဲ ကောက်ကောက်၊ အတွင်းထဲကို ကုပ်ကုပ်လေးဖြစ်အောင်ပဲ လုပ်လုပ် ကိုယ့်သဘောကျ ပုံသွင်းနိုင်မှာပါ။

Kiko Mizuhara

Kiko Mizuhara

ပခုံးအတိထက် နည်းနည်းလေးတိုချင်သေးတယ်ဆိုရင်တော့ ကိုယ့်မေးဖျားနဲ့ တစ်တန်းတည်း အရှည်ရှိတဲ့ Bob လိုမျိုး ညှပ်တာအကောင်းဆုံးပါ။ Bob ဆိုပေမယ့် ဖောင်းဖောင်းကုပ်ကုပ်မဟုတ်ဘဲ ပုံမှန်ကုပ်ဝဲအတိုလေးဆို ပိုမိုက်မှာပါ။ Retro Bob လိုမျိုးလေးပေါ့။

Kiko Mizuhara

Kiko Mizuhara

ရိုးရိုးဆံပင်အဖြောင့်ကို အတိုထားရတာ သဘောမကျရင်တော့ လှိုင်းပြေပြေလေးတွေ ကောက်လိုက်လို့ရပါတယ်။ ပခုံးနားထက် တိုတဲ့အတိုဆိုရင်တော့ လှိုင်းပြေပြေတွေက အသင့်တော်ဆုံးပါပဲ။ မဟုတ်ရင် ဆံပင်က နဂိုထက်ကို ပိုတိုတက်သွားပြီး ကြည့်ရအဆင်ပြေတော့မှာ မဟုတ်ပါဘူး။ မျက်နှာကြီးတဲ့သူ၊မျက်နှာဝိုင်းတဲ့သူတွေအနေနဲ့ ဆံပင်အဖျားနားကိုပဲ ပြေပြေလေးကောက်ဖို့ အဆင်ပြေပြီးမျက်နှာသွယ်တဲ့သူ၊ မျက်နှာရှည်တဲ့သူတွေက အဖြောင့်လိုပုံစံနဲ့ ပိုလိုက်ပါတယ်။

Kiko Mizuhara

Kiko Mizuhara

တစ်ခါတလေလည်း ရှေ့က Bang ခပ်ထူထူလေး ညှပ်ကြည့်သင့်ပါတယ်။ ပိုပြီး လူငယ်ဆန်သွားတာပေါ့။ညှပ်ရဲမယ်ဆို မျက်ခုံးအပေါ်ကို တက်တဲ့ Baby Bang လေးတွေကို စမ်းကြည့်ပါ။

ဆံပင်လုံး၀ အတိုဖြစ်သွားပြီဆိုရင်တော့…

Kiko Mizuhara

Kiko Mizuhara

ဘီးကုပ်လေးတွေ၊Scarf လေးတွေနဲ့ အလှဆင်ကြည့်ပါ။

Kiko Mizuhara

Kiko Mizuhara

တစ်ခါတလေမှာ ကျစ်ဆံမြီးလုံးဝအပြောင်ကျစ်တာပဲ ဖြစ်ဖြစ်၊ ချစ်စရာ Micro Braid လေးတွေကျစ်တာပဲ ဖြစ်ဖြစ် လုပ်လို့ရပါတယ်။

Kiko Mizuhara

Kiko Mizuhara

ထိပ်နားမှာ နှစ်ဖက်ခွဲပြီး ထုံးတဲ့ Double Bun တို့၊ ဆံပင်တစ်ဝက်စည်းပြီး ထိပ်နားမှာ စုထုံးထားတာတို့လည်း လုပ်လို့ရပါတယ်။

Kiko Mizuhara

Kiko Mizuhara

ဆံပင်ကို တစ်ဝက်ခွဲပြီး ထိပ်နားမှာ မြင့်မြင့်လေးစည်းလို့ရသလို နောက်နားမှာပဲ စုပြီး လျော့တိလျော့ရဲ စည်းတဲ့ပုံစံလည်း ရပါသေးတယ်။ ဒါမှမဟုတ် ဘေးနှစ်ဖက်ကို အညီခွဲပြီး တစ်ဖက်စီ မိန်းမဆန်ဆန် ကလစ်လေးနဲ့ ညှပ်တဲ့ စတိုင်လ်လေးဆိုလည်း မိုက်တာပါပဲ။

Kiko Mizuhara

Kiko Mizuhara

Kiko Mizuhara

Kiko Mizuhara

ကလစ်လှလှလေးတွေကို အသုံးချပြီးတော့လည်း မျိုးစုံ ညှပ်လို့ရပါတယ်။ နားနောက်ဘက်မှာ ညှပ်ချင်လား၊ထိပ်နားမှာပဲ တန်းစီပြီး ညှပ်ချင်လား ကိုယ့်စိတ်ကြိုက် ဝတ်စုံနဲ့လိုက်ဖက်အောင် ထွင်ပြီး ညှပ်ကြည့်ပါ။

Kiko Mizuhara

Kiko Mizuhara

Classic ဆန်ဆန် ညဘက်ပွဲတွေဘာတွေတက်မယ်ဆိုရင်တော့ ဆံပင်တွေအကုန်လုံးကို နောက်မှာ လှန်သိမ်းလိုက်ပြီး Hair Spray သို့မဟုတ် Hair Wax နဲ့ ဆံပင်ရေစိုလိုပုံသွင်းပါ။ ဒီပုံစံက လုံးဝကို သေသပ်ကြော့မော့နေသလို ဆံပင်စတိုင်လ်ကြောင့် သင့်ကို လူအများကြားမှာ ထင်းရင်းနေစေမှာပါ။ သေသေချာချာ အချိန်ပေးပြီး ပုံသွင်းဖို့တော့ လိုပါတယ်။

Su Yi Htet (Akhayar)