[ZawGyi]

ဆံပင္တုိေလးေတြနဲ႔ အလုိက္ဖက္ဆံုး Idols မ်ား

၂၀၁၈ ခုနစ္ကေတာ႔ ေကတုိေလးေတြေခတ္စားတဲ႔ႏွစ္လုိ႔ဆုိႏိုင္ပါတယ္။ အေရွ႕တိုင္းမွာေရာ အေနာက္တိုင္းမွာေရာ အႏုပညာရွင္ေတာ္ေတာ္မ်ားမ်ားက ဆံပင္တုိေလးေတြညွပ္လာၾကပါတယ္။ အလွအပသီအုိရီတစ္ခုအရေျပာရမယ္ဆုိရင္ ေကာင္မေလးတစ္ေယာက္က ဆံပင္တုိနဲ႔ေတာင္လွတယ္ဆုိရင္ တကယ္လွလုိ႔ပါတဲ႔။ ျပီးေတာ႔ ဆံပင္တုိေလးေတြကရင္႔က်က္တယ္၊သန္မာတယ္၊ခက္ထန္တယ္ဆုိတဲ႔သေဘာကိုလည္းေဖာ္ေဆာင္တယ္လုိ႔ဆုိပါတယ္။ ဘယ္လုိပဲျဖစ္ျဖစ္ အခုအခ်ိန္ဆံပင္တုိေလးေတြညွပ္ပစ္ခ်င္ေနတယ္ဆုိရင္ အိုင္ဒီယာေလးေတြရေအာင္ ကိုရီးယားရဲဲ႕ Girl Idol ေတြထဲက ေကတိုေလးေတြနဲ႔အလုိက္ဖက္ဆံုး Girl Idol ေလးေတြကိုေဖာ္ျပေပးလိုက္တယ္ေနာ္။

၁) Suzy

suzy_shortcut

suzy_shortcut

အျမဲလုိ ဆံပင္ရွည္ေလးေတြ Wave ေလးေတြနဲ႔ရွိေနတတ္တဲ႔ Suzy က ‘While You Were Sleeping’ မရိုက္ခင္ ဆံပင္ရွည္ေတြကိုညွပ္ပစ္လုိက္ပါတယ္။ ဘာလုိ႔လဲဆုိေတာ႔သူမက ကံမေကာင္းမႈေတြကိုဖယ္ရွားပစ္ခ်င္လုိ႔ပါတဲ႔။ ဒီလုိ ဆံပင္တုိတုိေလးညွပ္ပစ္လုိက္ျပီးမွ သူမကပိုလုိ႔ေတာင္မုိက္လာပါတယ္။

miss-A-Suzy

miss-A-Suzy

၂) IU

IU_shortcut

IU_shortcut

ဆံပင္ရွည္ရွည္ေျဖာင္႔ေျဖာင္႔စင္းစင္းေလးနဲ႔ ခ်စ္ဖုိ႔ေကာင္းခဲ႔တဲ႔ IU ကမႏွစ္ကပဲ ဆံပင္တုိေလးညွပ္ပစ္လုိက္ပါတယ္။ သူမကဆံပင္တုိကို Wave လွလွေလးနဲ႔မို႔ ပိုလုိ႔ေတာင္ခ်စ္စရာေကာင္းျပီး အရုပ္ေလးလုိျဖစ္သြားတာအမွန္ပါ။ အႏုပညာသက္တမ္းၾကာလာတာနဲ႔အမွ် သူမကလည္းဆံပင္ကိုရွည္လုိက္ တုိလုိက္အမ်ိဳးမ်ိဳးဖန္တီးခဲ႔ဖူးပါတယ္။ ဒီလိုဆံပင္ပံုစံအမ်ိဳးမ်ိဳးနဲ႔လုိက္ဖက္ေပမယ္႔ ဆံပင္တုိေလးညွပ္လုိက္တုိင္းပိုျပီးသိသိသာသာလွသြားတယ္လုိ႔ ပရိသတ္ေတာ္ေတာ္မ်ားမ်ားကေျပာေလ႔ရွိၾကပါတယ္။ ဆံပင္တုိစတုိင္လ္ဘက္ကို Vote မ်ားတယ္လုိ႔ဆုိရမွာပါ။

၃) EunHa

eunha_shortchut

eunha_shortchut

ေနာက္ထပ္ ဆံပင္တုိေလးနဲ႔ပိုလိုက္သူက G-Friend ထဲက EunHa ပါ။ ဆံပင္ရွည္နဲ႔ ၂ ႏွစ္ၾကာေလာက္ေနခဲ႔ေပမယ္႔ လြန္ခဲ႔တဲ႔ ၂ လေလာက္ကပဲ ဆံပင္တုိတုိေဖာင္းေဖာင္းေလးညွပ္လုိက္တာျဖစ္ပါတယ္။ ေသခ်ာတာကေတာ႔ EunHa ကေကတုိေလးနဲ႔ပိုလိုက္တယ္ဆုိတာပါ။ သူမရဲ႕ Fan ေတြကလည္း ဆံပင္တုိေလးညွပ္ပစ္တာကိုအျပည္႔အဝေထာက္ခံၾကပါတယ္တဲ႔။

၄) Chae Young

chaeyoung_shortcut

chaeyoung_shortcut

Twice အဖြဲ႔က Chae Young ကလည္း ဆံပင္တုိေလးနဲ႔အရမ္းလိုက္ဖက္တာကိုေတြ႔ရမွာပါ။ သူမရဲ႕ေအဂ်င္စီ JYP ကခြင္႔ျပဳခ်က္မေပးဘဲညွပ္ပစ္ခဲ႔တာမုိ႔ ျပႆနာေလးေတာင္ရွိခဲ႔ပါေသးတယ္။ သူမကေတာ႔ စတိုင္လ္အမ်ိဳးမ်ိဳးေျပာင္းခ်င္ေနတတ္ျပီး အဲဒီအခ်ိန္ကဆံပင္တုိညွပ္ပစ္ခ်င္စိတ္အသည္းအသန္ျဖစ္ေနတာမုိ႔ ညွပ္ပစ္လုိက္တာလို႔ေျပာခဲ႔ပါတယ္။

၅) Go Joon Hee

go-junHee_short-cut

go-junHee_short-cut

မင္းသမီးေလး Go Joon Hee ကေတာ႔ ဆံပင္စတိုင္လ္တစ္ခုဟာ အလွအပကိုအမ်ားၾကီးအေထာက္အကူျပဳတယ္လုိ႔ေျပာခဲ႔ပါတယ္။ မ်က္ႏွာေလးလွပဖုိ႔အတြက္ ဆံပင္စတိုင္လ္ကအရမ္းအေရးပါျပီး ဆံပင္စတိုင္လ္ေျပာင္းလုိက္တုိင္း ယံုၾကည္မႈပိုရွိသြားတယ္လုိ႔ဆိုခဲ႔တာျဖစ္ပါတယ္။ သူမကဆံပင္တုိေလးညွပ္ျပီး ေတာ္ေတာ္ေလးေျပာင္းလဲလွပသြားခဲ႔တာမုိ႔ မိန္းကေလးေတာ္ေတာ္မ်ားမ်ားကလုိက္ညွပ္ၾကပါတယ္။ ဒါေၾကာင္႔ Go Joon Hee Short Hair Syndrome ရယ္လုိ႔ေတာင္နာမည္ၾကီးခဲ႔ပါေသးတယ္။

ကဲ…သူတို႔ေလးေတြေတာ႔လန္းကုန္ျပီေနာ္။ ကိုယ္လည္းလွမယ္ထင္ရင္ Do သာ Do ပါလုိ႔။

ဂ်ဴဂ်ဴး(Akhayar)

www.akhayar.com

[Unicode]

ဆံပင်တိုလေးတွေနဲ့ အလိုက်ဖက်ဆုံး Idols များ

၂၀၁၈ ခုနစ်ကတော့ ကေတိုလေးတွေခေတ်စားတဲ့နှစ်လို့ဆိုနိုင်ပါတယ်။ အရှေ့တိုင်းမှာရော အနောက်တိုင်းမှာရော အနုပညာရှင်တော်တော်များများက ဆံပင်တိုလေးတွေညှပ်လာကြပါတယ်။ အလှအပသီအိုရီတစ်ခုအရပြောရမယ်ဆိုရင် ကောင်မလေးတစ်ယောက်က ဆံပင်တိုနဲ့တောင်လှတယ်ဆိုရင် တကယ်လှလို့ပါတဲ့။ ပြီးတော့ ဆံပင်တိုလေးတွေကရင့်ကျက်တယ်၊သန်မာတယ်၊ခက်ထန်တယ်ဆိုတဲ့သဘောကိုလည်းဖော်ဆောင်တယ်လို့ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခုအချိန်ဆံပင်တိုလေးတွေညှပ်ပစ်ချင်နေတယ်ဆိုရင် အိုင်ဒီယာလေးတွေရအောင် ကိုရီးယားရဲ့ Girl Idol တွေထဲက ကေတိုလေးတွေနဲ့အလိုက်ဖက်ဆုံး Girl Idol လေးတွေကိုဖော်ပြပေးလိုက်တယ်နော်။

၁) Suzy

suzy_shortcut

suzy_shortcut

အမြဲလို ဆံပင်ရှည်လေးတွေ Wave လေးတွေနဲ့ရှိနေတတ်တဲ့ Suzy က ‘While You Were Sleeping’ မရိုက်ခင် ဆံပင်ရှည်တွေကိုညှပ်ပစ်လိုက်ပါတယ်။ ဘာလို့လဲဆိုတော့သူမက ကံမကောင်းမှုတွေကိုဖယ်ရှားပစ်ချင်လို့ပါတဲ့။ ဒီလို ဆံပင်တိုတိုလေးညှပ်ပစ်လိုက်ပြီးမှ သူမကပိုလို့တောင်မိုက်လာပါတယ်။

miss-A-Suzy

miss-A-Suzy

၂) IU

IU_shortcut

IU_shortcut

ဆံပင်ရှည်ရှည်ဖြောင့်ဖြောင့်စင်းစင်းလေးနဲ့ ချစ်ဖို့ကောင်းခဲ့တဲ့ IU ကမနှစ်ကပဲ ဆံပင်တိုလေးညှပ်ပစ်လိုက်ပါတယ်။ သူမကဆံပင်တိုကို Wave လှလှလေးနဲ့မို့ ပိုလို့တောင်ချစ်စရာကောင်းပြီး အရုပ်လေးလိုဖြစ်သွားတာအမှန်ပါ။ အနုပညာသက်တမ်းကြာလာတာနဲ့အမျှ သူမကလည်းဆံပင်ကိုရှည်လိုက် တိုလိုက်အမျိုးမျိုးဖန်တီးခဲ့ဖူးပါတယ်။ ဒီလိုဆံပင်ပုံစံအမျိုးမျိုးနဲ့လိုက်ဖက်ပေမယ့် ဆံပင်တိုလေးညှပ်လိုက်တိုင်းပိုပြီးသိသိသာသာလှသွားတယ်လို့ ပရိသတ်တော်တော်များများကပြောလေ့ရှိကြပါတယ်။ ဆံပင်တိုစတိုင်လ်ဘက်ကို Vote များတယ်လို့ဆိုရမှာပါ။

၃) EunHa

eunha_shortchut

eunha_shortchut

နောက်ထပ် ဆံပင်တိုလေးနဲ့ပိုလိုက်သူက G-Friend ထဲက EunHa ပါ။ ဆံပင်ရှည်နဲ့ ၂ နှစ်ကြာလောက်နေခဲ့ပေမယ့် လွန်ခဲ့တဲ့ ၂ လလောက်ကပဲ ဆံပင်တိုတိုဖောင်းဖောင်းလေးညှပ်လိုက်တာဖြစ်ပါတယ်။ သေချာတာကတော့ EunHa ကကေတိုလေးနဲ့ပိုလိုက်တယ်ဆိုတာပါ။ သူမရဲ့ Fan တွေကလည်း ဆံပင်တိုလေးညှပ်ပစ်တာကိုအပြည့်အဝထောက်ခံကြပါတယ်တဲ့။

၄) Chae Young

chaeyoung_shortcut

chaeyoung_shortcut

Twice အဖွဲ့က Chae Young ကလည်း ဆံပင်တိုလေးနဲ့အရမ်းလိုက်ဖက်တာကိုတွေ့ရမှာပါ။ သူမရဲ့အေဂျင်စီ JYP ကခွင့်ပြုချက်မပေးဘဲညှပ်ပစ်ခဲ့တာမို့ ပြဿနာလေးတောင်ရှိခဲ့ပါသေးတယ်။ သူမကတော့ စတိုင်လ်အမျိုးမျိုးပြောင်းချင်နေတတ်ပြီး အဲဒီအချိန်ကဆံပင်တိုညှပ်ပစ်ချင်စိတ်အသည်းအသန်ဖြစ်နေတာမို့ ညှပ်ပစ်လိုက်တာလို့ပြောခဲ့ပါတယ်။

၅) Go Joon Hee

go-junHee_short-cut

go-junHee_short-cut

မင်းသမီးလေး Go Joon Hee ကတော့ ဆံပင်စတိုင်လ်တစ်ခုဟာ အလှအပကိုအများကြီးအထောက်အကူပြုတယ်လို့ပြောခဲ့ပါတယ်။ မျက်နှာလေးလှပဖို့အတွက် ဆံပင်စတိုင်လ်ကအရမ်းအရေးပါပြီး ဆံပင်စတိုင်လ်ပြောင်းလိုက်တိုင်း ယုံကြည်မှုပိုရှိသွားတယ်လို့ဆိုခဲ့တာဖြစ်ပါတယ်။ သူမကဆံပင်တိုလေးညှပ်ပြီး တော်တော်လေးပြောင်းလဲလှပသွားခဲ့တာမို့ မိန်းကလေးတော်တော်များများကလိုက်ညှပ်ကြပါတယ်။ ဒါကြောင့် Go Joon Hee Short Hair Syndrome ရယ်လို့တောင်နာမည်ကြီးခဲ့ပါသေးတယ်။

ကဲ…သူတို့လေးတွေတော့လန်းကုန်ပြီနော်။ ကိုယ်လည်းလှမယ်ထင်ရင် Do သာ Do ပါလို့။

ဂျူဂျူး(Akhayar)

www.akhayar.com