[ZawGyi]

ဆံပင္ေဆးဆုိးျခင္းနဲ႔ ရင္သားကင္ဆာျဖစ္ႏိုင္ေခ်ဆက္စပ္ေန

ကိုယ္ကအသက္ငယ္ေသးတယ္၊ ကိုယ္အေလးခ်ိန္လည္းအေနေတာ္ပဲ၊ အရက္မေသာက္ ေဆးလိပ္မေသာက္ဆုိေပမယ္႔ တခ်ိဳ႕ေသာသတိမမူမိတဲ႔အရာေတြေၾကာင္႔ ကင္ဆာျဖစ္ႏိုင္ေခ်ရွိေနပါေသးတယ္။ အထူးသျဖင္႔ အမ်ိဳးသမီးေတြအတြက္ပါ။ အဲဒီသတိမမူမိတဲ႔အရာကေတာ႔ ဆံပင္ေဆးဆိုးျခင္းပါပဲ။ ဆံပင္ေဆးဆုိးတာက ရင္သားကင္ဆာျဖစ္ႏိုင္ေခ်ျမင္႔မားလာတယ္လုိ႔ Reader’s Digest ထဲမွာေဖာ္ျပထားပါတယ္။

လန္ဒန္ရွိ Princess Grace Hospital မွာတာ၀န္ထမ္းေဆာင္ေနတဲ႔ရင္သားခြဲစိတ္ဆရာ၀န္ပေရာ္ဖက္ဆာ Kefah Mokbel က မၾကာခဏဆံပင္ေဆးဆုိးသူေတြဟာ ရင္သားကင္ဆာျဖစ္ႏိုင္ေခ်ပိုမ်ားတယ္လုိ႔ ေျပာခဲ႔တာပါ။ ေလ႔လာခ်က္ေတြအမ်ားၾကီးျပဳလုပ္ၾကည္႔တဲ႔အခါ ဆံပင္ေဆးဆုိးတဲ႔အမ်ိဳးသမီးေတြဟာ ေဆးမဆိုးတဲ႔အမ်ိဳးသမီးေတြထက္ ရင္သားကင္ဆာျဖစ္ႏိုင္ေခ် ၁၄ ဆပိုျမင္႔မားေနတာကို ေတြ႔ရွိရတာျဖစ္ပါတယ္။

သူတို႔အေနနဲ႔တိက်တဲ႔အေျဖထြက္ဖုိ႔ ဆက္စမ္းသပ္စရာေတြအမ်ားၾကီးက်န္ေနေသးေပမယ္႔ ဆံပင္ေဆးဆိုးျခင္းနဲ႔ ရင္သားကင္ဆာဆက္စပ္မႈရွိေနတာကေတာ႔ အေသအခ်ာပါလုိ႔ ဆိုထားပါတယ္။
ဒါေၾကာင္႔ပေရာ္ဖက္ဆာ Mokbel ကတစ္ႏွစ္မွာ ၅ ၾကိမ္ ၆ ၾကိမ္ ထက္ပိုျပီးေတာ႔ ဆံပင္ေဆးမဆိုးဖုိ႔၊ ဆံပင္ေဆးဆိုးခ်င္ရင္ သဘာ၀ကရတဲ႔ဆိုးေဆးကိုသာအသံုးျပဳဖုိ႔ အၾကံျပဳထားပါတယ္။ ဒီေလ႔လာေတြ႔ရွိခ်က္က ပထမဆံုးအၾကိမ္ေတာ႔မဟုတ္ပါဘူး။ Finnish Cancer Registry ရဲ႕ေလ႔လာေတြ႔ရွိခ်က္ေတြမွာလည္း ဆံပင္ေဆးဆုိးသူေတြဟာ ရင္သားကင္ဆာျဖစ္ႏိုင္ပိုမ်ားလာတယ္ဆုိတာကို ထုတ္ေဖာ္ခဲ႔ဖူးပါတယ္။

ဒါေၾကာင္႔ အမ်ိဳးသမီးေတြအေနနဲ႔ ဆံပင္အေရာင္ဆိုးမယ္ဆိုရင္ သတိထားဖုိ႔ ၊ ခဏခဏဆံပင္အေရာင္မေျပာင္းဖုိ႔ ၊သဘာ၀သစ္ဥသစ္ဖုကရတဲ႔ဆုိးေဆးေတြကိုသာသံုးဖုိ႔ သတိထားသင္႔ပါတယ္။ ရင္သားကင္ဆာကိုစိုးရိမ္မိတယ္ဆုိရင္ မိမိကိုယ္တုိင္ ပံုမွန္စမ္းသပ္စစ္ေဆးမႈေတြျပဳလုပ္ဖုိ႔လုိသလုိ ရင္သားဓာတ္မွန္ရိုက္ၾကည္႔ျပီးေတာ႔လည္းစစ္ေဆးႏိုင္ပါတယ္။

www.akhayar.com

[Unicode]

ဆံပင်ဆေးဆိုးခြင်းနဲ့ ရင်သားကင်ဆာဖြစ်နိုင်ချေဆက်စပ်နေ

ကိုယ်ကအသက်ငယ်သေးတယ်၊ ကိုယ်အလေးချိန်လည်းအနေတော်ပဲ၊ အရက်မသောက် ဆေးလိပ်မသောက်ဆိုပေမယ့် တချို့သောသတိမမူမိတဲ့အရာတွေကြောင့် ကင်ဆာဖြစ်နိုင်ချေရှိနေပါသေးတယ်။ အထူးသဖြင့် အမျိုးသမီးတွေအတွက်ပါ။ အဲဒီသတိမမူမိတဲ့အရာကတော့ ဆံပင်ဆေးဆိုးခြင်းပါပဲ။ ဆံပင်ဆေးဆိုးတာက ရင်သားကင်ဆာဖြစ်နိုင်ချေမြင့်မားလာတယ်လို့ Reader’s Digest ထဲမှာဖော်ပြထားပါတယ်။

လန်ဒန်ရှိ Princess Grace Hospital မှာတာဝန်ထမ်းဆောင်နေတဲ့ရင်သားခွဲစိတ်ဆရာဝန်ပရော်ဖက်ဆာ Kefah Mokbel က မကြာခဏဆံပင်ဆေးဆိုးသူတွေဟာ ရင်သားကင်ဆာဖြစ်နိုင်ချေပိုများတယ်လို့ ပြောခဲ့တာပါ။ လေ့လာချက်တွေအများကြီးပြုလုပ်ကြည့်တဲ့အခါ ဆံပင်ဆေးဆိုးတဲ့အမျိုးသမီးတွေဟာ ဆေးမဆိုးတဲ့အမျိုးသမီးတွေထက် ရင်သားကင်ဆာဖြစ်နိုင်ချေ ၁၄ ဆပိုမြင့်မားနေတာကို တွေ့ရှိရတာဖြစ်ပါတယ်။

သူတို့အနေနဲ့တိကျတဲ့အဖြေထွက်ဖို့ ဆက်စမ်းသပ်စရာတွေအများကြီးကျန်နေသေးပေမယ့် ဆံပင်ဆေးဆိုးခြင်းနဲ့ ရင်သားကင်ဆာဆက်စပ်မှုရှိနေတာကတော့ အသေအချာပါလို့ ဆိုထားပါတယ်။
ဒါကြောင့်ပရော်ဖက်ဆာ Mokbel ကတစ်နှစ်မှာ ၅ ကြိမ် ၆ ကြိမ် ထက်ပိုပြီးတော့ ဆံပင်ဆေးမဆိုးဖို့၊ ဆံပင်ဆေးဆိုးချင်ရင် သဘာဝကရတဲ့ဆိုးဆေးကိုသာအသုံးပြုဖို့ အကြံပြုထားပါတယ်။ ဒီလေ့လာတွေ့ရှိချက်က ပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။ Finnish Cancer Registry ရဲ့လေ့လာတွေ့ရှိချက်တွေမှာလည်း ဆံပင်ဆေးဆိုးသူတွေဟာ ရင်သားကင်ဆာဖြစ်နိုင်ပိုများလာတယ်ဆိုတာကို ထုတ်ဖော်ခဲ့ဖူးပါတယ်။

ဒါကြောင့် အမျိုးသမီးတွေအနေနဲ့ ဆံပင်အရောင်ဆိုးမယ်ဆိုရင် သတိထားဖို့ ၊ ခဏခဏဆံပင်အရောင်မပြောင်းဖို့ ၊သဘာဝသစ်ဥသစ်ဖုကရတဲ့ဆိုးဆေးတွေကိုသာသုံးဖို့ သတိထားသင့်ပါတယ်။ ရင်သားကင်ဆာကိုစိုးရိမ်မိတယ်ဆိုရင် မိမိကိုယ်တိုင် ပုံမှန်စမ်းသပ်စစ်ဆေးမှုတွေပြုလုပ်ဖို့လိုသလို ရင်သားဓာတ်မှန်ရိုက်ကြည့်ပြီးတော့လည်းစစ်ဆေးနိုင်ပါတယ်။

www.akhayar.com