[Zawgyi]

Justin Bieber နဲ႔ Selena Gomez တို႔ စံုတြဲရဲ႕ ပရိသတ္ျဖစ္ခဲ့ဖူးတဲ့ Hailey Baldwin

Justin Bieber နဲ႔ ေစ့စပ္လုိက္တဲ့ Hailey Baldwin ဟာ ဟုိတခ်ိန္တုန္းကေတာ့ Justin Bieber နဲ႔ Selena Gomez တို႔ စံုတြဲကို ေထာက္ခံအားေပးခဲ့တဲ့ ေကာင္မေလးတစ္ေယာက္ျဖစ္တယ္ဆိုရင္ ယုံႏုိင္ပါ့မလား။

Hailey Baldwin

Hailey Baldwin

ဒီျဖစ္ရပ္ကေတာ့ တကယ့္ျဖစ္ရပ္ပါပဲ၊ ၂၀၁၁ ခုႏွစ္ စက္တင္ဘာလမွာတည္းက “I don’t care what anyone says but Justin Bieber and Selena Gomez together is the definition of a teenage dream!” လို႔ Twitter မွာ Tweet ခဲ့ဖူးသူပါ။

ဒါတင္မဟုတ္ဘဲ Selena Gomez ကိုလည္း “သူဟာ ျပစ္မ်ိဳးမွဲ႔မထင္အလွမ်ိဳးျဖစ္ျပီး သူနဲ႔ Justin Bieber ဟာ နတ္ဖတ္တဲ့အတြဲပါပဲ”လို႔ ၂၀၁၂ ခုႏွစ္အေစာပိုင္းမွာလည္း ထပ္တင္ခဲ့ပါေသးတယ္။

၂၀၁၂ ခုႏွစ္ ေဖေဖာ္ဝါရီလကလည္း Justin Bieber နဲ႔ Selena တို႔နွစ္ေယာက္ Vanity Fair Oscars Party ကို အတူတြဲျပီး ပြဲမတက္ခဲ့တာကိုလည္း မခ်င့္မရဲျဖစ္ရေၾကာင္းလည္း တင္ခဲ့ဖူးပါတယ္။

ဒီလိုေတြ ေထာက္ခံအားေပးေၾကာင္းတင္ခဲ့ေပမယ့္ ႏွစ္အနည္းငယ္အၾကာမွာေတာ့ Justin Bieber နဲ႔ စတင္ဒိတ္လုပ္တြဲခဲ့ျပီး အခုလို ေစ့စပ္တဲ့ အဆင့္ထိ ေရာက္လာခဲ့တာ ျဖစ္ပါတယ္။

Yoe Lu (Akhayar)

www.akhayar.com

Ref : brides.com
[Unicode]

Justin Bieber နဲ့ Selena Gomez တို့ စုံတွဲရဲ့ ပရိသတ်ဖြစ်ခဲ့ဖူးတဲ့ Hailey Baldwin

Justin Bieber နဲ့ စေ့စပ်လိုက်တဲ့ Hailey Baldwin ဟာ ဟိုတချိန်တုန်းကတော့ Justin Bieber နဲ့ Selena Gomez တို့ စုံတွဲကို ထောက်ခံအားပေးခဲ့တဲ့ ကောင်မလေးတစ်ယောက်ဖြစ်တယ်ဆိုရင် ယုံနိုင်ပါ့မလား။

Hailey Baldwin

Hailey Baldwin

ဒီဖြစ်ရပ်ကတော့ တကယ့်ဖြစ်ရပ်ပါပဲ၊ ၂၀၁၁ ခုနှစ် စက်တင်ဘာလမှာတည်းက “I don’t care what anyone says but Justin Bieber and Selena Gomez together is the definition of a teenage dream!” လို့ Twitter မှာ Tweet ခဲ့ဖူးသူပါ။

ဒါတင်မဟုတ်ဘဲ Selena Gomez ကိုလည်း “သူဟာ ပြစ်မျိုးမှဲ့မထင်အလှမျိုးဖြစ်ပြီး သူနဲ့ Justin Bieber ဟာ နတ်ဖတ်တဲ့အတွဲပါပဲ”လို့ ၂၀၁၂ ခုနှစ်အစောပိုင်းမှာလည်း ထပ်တင်ခဲ့ပါသေးတယ်။

၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလကလည်း Justin Bieber နဲ့ Selena တို့နှစ်ယောက် Vanity Fair Oscars Party ကို အတူတွဲပြီး ပွဲမတက်ခဲ့တာကိုလည်း မချင့်မရဲဖြစ်ရကြောင်းလည်း တင်ခဲ့ဖူးပါတယ်။

ဒီလိုတွေ ထောက်ခံအားပေးကြောင်းတင်ခဲ့ပေမယ့် နှစ်အနည်းငယ်အကြာမှာတော့ Justin Bieber နဲ့ စတင်ဒိတ်လုပ်တွဲခဲ့ပြီး အခုလို စေ့စပ်တဲ့ အဆင့်ထိ ရောက်လာခဲ့တာ ဖြစ်ပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Ref : brides.com