[Zawgyi]

Justin Bieber ရဲ့ Surname ကို ခံယူလိုက်တဲ့ Hailey Bieber



my ❤️





My wife is awesome



Yoe Lu (Akhayar)

www.akhayar.com

[Unicode]

Justin Bieber ရဲ့ Surname ကို ခံယူလိုကျတဲ့ Hailey Bieber

ဒရာမာပေါင်းစုံလှတဲ့ Justin Bieber နဲ့ Hailey Baldwin တို့ရဲ့ ချစ်ခရီးလမ်းဟာ ပထမအရမ်းချစ်ကြတဲ့ ချစ်သူတွေ၊ ဘယ်လိုပဲ ပရိသတ်တွေနဲ့ Jelena တွေက ပြောကြပါစေ၊ နောက်ပိုင်းမှာ လက်ထပ်ထိမ်းမြားပြီး အခုဆိုရင် Hailey Baldwin က Instagram မှာ သူ့ရဲ့ နာမည်ကို Hailey Bieber လို့ ပြောင်းတဲ့အဆင့် ရောက်သွားပါပြီ။

View this post on Instagram

my ❤️

A post shared by Hailey Rhode Bieber (@haileybieber) on

သူ့ရဲ့ နာမည်ဟာ Instagram မှာ Hailey Rhode Bieber ဖြစ်သွားပြီးတော့ Bio မှာ ‘Hailey Rhode – IMG Mordels Worldwide.’ လို့ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်တုန်းကတော့ Hailey ဟာ Selena Gomez ရဲ့ Fan Account တစ်ခုကို Follow လုပ်မိပြီး ချက်ချင်းပြန် Unfollow ပစ်ခဲ့ပါတယ်တဲ့။

ဒီလို နာမည်ပြောင်းမှုဟာ လွန်ခဲ့တဲ့ လေးရက်လောက် Justin Bieber ဟာ Hailey နဲ့ ပုံတင်ပြီး “My Wife is Awesome” ဆိုတဲ့ Post လေးအပြီးမှာ ဒီလို ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။ Justin Bieber နဲ့ Hailey Baldwin တို့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၃ ရက်တည်းက တရားဝင်လက်မှတ်ထိုးထားတယ်ဆိုကြပြီး ခုထိ သိုသိုသိပ်သိပ်နေလာကြတာ ဖြစ်ပါတယ်။

View this post on Instagram

My wife is awesome

A post shared by Justin Bieber (@justinbieber) on

သူတို့ရဲ့ မင်္ဂလာလက်ထပ်ပွဲကို ၂၀၁၉ ခုနှစ်မှာ ပြုလုပ်မယ်လို့ Hailey က ဆိုထားပြီး ဘယ်လို ဘယ်ပုံပြုလုပ်မယ်ဆိုတာကတော့ ဆက်လက်စောင့်မျှော်ကြည့်ရှုရမှာ ဖြစ်ပါတယ်။ Congratulations ပါ Biebers တို့ရေ။

Yoe Lu (Akhayar)

www.akhayar.com