[Zawgyi]

HAGL Myanmar Website မွာ Feature သစ္အေနနဲ႔ Myanmar Plaza Website ကုိ ထည့္သြင္းထားလုိက္ၿပီ

ဗီယက္နမ္နိုင္ငံမွာ အေျခစိုက္တဲ့ အဆင့္ျမင့္ၿမိဳ႕ျပ အေဆာက္အဦးအေကာင္အထည္ေဖာ္တည္ေဆာက္ေရး ကုမၸဏီ HAGL Myanmar (Hoang Anh Gia Lai Myanmar) ရဲ႕ စီးပြားေရးလုပ္ငန္းေတြနဲ႔ ၀န္ေဆာင္မႈေတြအေၾကာင္းကို ေလ႔လာၾကည့္ရႈနိုင္မယ့္ www.hagl.com.mm ကို၂၀၁၅ ခုနွစ္တည္းက စတင္မိတ္ဆက္ခဲ့ၿပီးျဖစ္ေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ Myanmar Plaza Website ကိုပါ ထည့္သြင္းထားတဲ့  Feature အသစ္ကို ဇူလုိင္လ (၁၄) ရက္ေန႔တုန္းက ထပ္မံမိတ္ဆက္လိုက္ပါတယ္။

HAGL Myanmar Website အသစ္မွာေတာ့ ႏိုင္ငံတကာေစ်း၀ယ္စင္တာတစ္ခုျဖစ္တဲ့ Myanmar Plaza ရဲ႕ ၀န္ေဆာင္မႈေတြ၊ ဆိုင္ခန္းေတြရဲ႕ ပရိုမိုးရွင္းအစီအစဥ္ေတြအပါအ၀င္ Member ေတြအတြက္  အထူးအစီအစဥ္ေတြကို အခ်ိန္တုိင္းဝင္ေရာက္ၾကည့္ရႈေလ႔လာနိုင္မယ့္ www.myanmarplaza.com.mm  Website အသစ္ကုိ ထည့္သြင္းေရးဆြဲထားတာျဖစ္ပါတယ္။ ဒါ့အျပင္  www.hagl.com.mm Website သစ္မွာ HAGL Group ရဲ႕ တျခားစီးပြားေရးအစိတ္အပုိင္းေတြျဖစ္တဲ့ ကမၻာ့အဆင့္မီရုံးခန္းေတြရဲ႕ ငွားရမ္းဝန္ေဆာင္မႈေတြအေၾကာင္း သိႏုိင္မယ့္ Myanmar Centre Tower (Office) ၊ အဆင့္ျမင့္ကြန္ဒုိေတြျဖစ္တဲ့ The Lake Suites (Residence) နဲ႔ 5 Star အဆင့္ရွိတဲ့ Malia Hotel တုိ႔ကုိပါ တစ္ေပါင္းတည္း ဝင္ေရာက္ေလ့လာႏုိင္မွာျဖစ္ပါတယ္။

“ကြ်န္မတို႕ရဲ႕ HAGL Myanmar Website အသစ္ကို ၂၀၁၈ခုနွစ္ထဲမွာ အေသးစိတ္ျပန္လည္ေရးဆြဲ အဆင့္ျမွင့္တင္ခဲ့တဲ့အခါ Myanmar Centre ရံုးခန္းေတြရယ္၊ The Lake Suites အိမ္ခန္းေတြနဲ႕ ပါတ္သက္ျပီး အေသးစိတ္ၾကည့္ရႈလို႕ရမယ့္ အခန္းဖြဲ႕စည္းပံု (Floor Plan) ၊ ေၾကာ္ျငာစာအုပ္ (Brocheur) ေတြအပါအ၀င္360º ျမင္နိုင္မယ့္ ဓာတ္ပံုျပခန္းေတြနဲ႕ပါ ေ၀ေ၀ဆာဆာတင္ျပေပးထားပါတယ္။ ဒါ႕အျပင္ Myanmar  Plaza ရဲ႕ မိတ္ေဟာင္းမိတ္သစ္ေတြအေနနဲ႕လည္း ဆိုင္ေတြကခ်ေပးေနတဲ့ ပရိုမိုးရွင္းအစီအစဥ္ေတြ၊ ပြဲသတင္းနဲ႔ Myanmar Plaza Member ေတြအတြက္ အထူးအစီအစဥ္ေတြကိုပါ ၀င္ေရာက္ေလ့လာလို႕ရေအာင္ျပည့္ျပည့္စံုစံု စီစဥ္ေပးထားပါတယ္” လုိ႔ HAGL Maynmar ရဲ႕ PR Manager ျဖစ္တဲ့ မဇင္မာသက္မြန္ကေျပာပါတယ္။

ဗီယက္နမ္နိုင္ငံမွာ အေျခစိုက္တဲ့ ေဆာက္လုပ္ေရးကုမၸဏီ HAGL Myanmar ဟာ ေခတ္မီေစ်းဝယ္စင္တာျဖစ္တဲ့ Myanmar Plaza ၊ Grade A အဆင့္ရွိ Myanmar Centre ရုံးခန္းတာဝါႏွစ္လုံးနဲ႔ စပိန္နိုင္ငံရဲ႕ နာမည္ေက်ာ္ ဟိုတယ္အဖြဲ႕အစည္းႀကီးက အုပ္ခ်ဳပ္စီမံေပးေနတဲ့ ႔ 5 Star အဆင့္ Malia Hotel စတဲ့လုပ္ငန္းေတြနဲ႔ လည္ပတ္ေနပါတယ္။

အခရာ (www.akhayar.com)

[Unicode]

HAGL Myanmar Website မှာ Feature သစ်အနေနဲ့ Myanmar Plaza Website ကို ထည့်သွင်းထားလိုက်ပြီ

ဗီယက်နမ်နိုင်ငံမှာ အခြေစိုက်တဲ့ အဆင့်မြင့်မြို့ပြ အဆောက်အဦးအကောင်အထည်ဖော်တည်ဆောက်ရေး ကုမ္ပဏီ HAGL Myanmar (Hoang Anh Gia Lai Myanmar) ရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ဝန်ဆောင်မှုတွေအကြောင်းကို လေ့လာကြည့်ရှုနိုင်မယ့် www.hagl.com.mm ကို၂၀၁၅ ခုနှစ်တည်းက စတင်မိတ်ဆက်ခဲ့ပြီးဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ Myanmar Plaza Website ကိုပါ ထည့်သွင်းထားတဲ့  Feature အသစ်ကို ဇူလိုင်လ (၁၄) ရက်နေ့တုန်းက ထပ်မံမိတ်ဆက်လိုက်ပါတယ်။

HAGL Myanmar Website အသစ်မှာတော့ နိုင်ငံတကာဈေးဝယ်စင်တာတစ်ခုဖြစ်တဲ့ Myanmar Plaza ရဲ့ ဝန်ဆောင်မှုတွေ၊ ဆိုင်ခန်းတွေရဲ့ ပရိုမိုးရှင်းအစီအစဉ်တွေအပါအဝင် Member တွေအတွက်  အထူးအစီအစဉ်တွေကို အချိန်တိုင်းဝင်ရောက်ကြည့်ရှုလေ့လာနိုင်မယ့် www.myanmarplaza.com.mm  Website အသစ်ကို ထည့်သွင်းရေးဆွဲထားတာဖြစ်ပါတယ်။ ဒါ့အပြင်  www.hagl.com.mm Website သစ်မှာ HAGL Group ရဲ့ တခြားစီးပွားရေးအစိတ်အပိုင်းတွေဖြစ်တဲ့ ကမ္ဘာ့အဆင့်မီရုံးခန်းတွေရဲ့ ငှားရမ်းဝန်ဆောင်မှုတွေအကြောင်း သိနိုင်မယ့် Myanmar Centre Tower (Office) ၊ အဆင့်မြင့်ကွန်ဒိုတွေဖြစ်တဲ့ The Lake Suites (Residence) နဲ့ 5 Star အဆင့်ရှိတဲ့ Malia Hotel တို့ကိုပါ တစ်ပေါင်းတည်း ဝင်ရောက်လေ့လာနိုင်မှာဖြစ်ပါတယ်။

“ကျွန်မတို့ရဲ့ HAGL Myanmar Website အသစ်ကို ၂၀၁၈ခုနှစ်ထဲမှာ အသေးစိတ်ပြန်လည်ရေးဆွဲ အဆင့်မြှင့်တင်ခဲ့တဲ့အခါ Myanmar Centre ရုံးခန်းတွေရယ်၊ The Lake Suites အိမ်ခန်းတွေနဲ့ ပါတ်သက်ပြီး အသေးစိတ်ကြည့်ရှုလို့ရမယ့် အခန်းဖွဲ့စည်းပုံ (Floor Plan) ၊ ကြော်ငြာစာအုပ် (Brocheur) တွေအပါအဝင်360º မြင်နိုင်မယ့် ဓာတ်ပုံပြခန်းတွေနဲ့ပါ ဝေေ၀ဆာဆာတင်ပြပေးထားပါတယ်။ ဒါ့အပြင် Myanmar  Plaza ရဲ့ မိတ်ဟောင်းမိတ်သစ်တွေအနေနဲ့လည်း ဆိုင်တွေကချပေးနေတဲ့ ပရိုမိုးရှင်းအစီအစဉ်တွေ၊ ပွဲသတင်းနဲ့ Myanmar Plaza Member တွေအတွက် အထူးအစီအစဉ်တွေကိုပါ ဝင်ရောက်လေ့လာလို့ရအောင်ပြည့်ပြည့်စုံစုံ စီစဉ်ပေးထားပါတယ်” လို့ HAGL Maynmar ရဲ့ PR Manager ဖြစ်တဲ့ မဇင်မာသက်မွန်ကပြောပါတယ်။

ဗီယက်နမ်နိုင်ငံမှာ အခြေစိုက်တဲ့ ဆောက်လုပ်ရေးကုမ္ပဏီ HAGL Myanmar ဟာ ခေတ်မီဈေးဝယ်စင်တာဖြစ်တဲ့ Myanmar Plaza ၊ Grade A အဆင့်ရှိ Myanmar Centre ရုံးခန်းတာဝါနှစ်လုံးနဲ့ စပိန်နိုင်ငံရဲ့ နာမည်ကျော် ဟိုတယ်အဖွဲ့အစည်းကြီးက အုပ်ချုပ်စီမံပေးနေတဲ့ 5 Star အဆင့် Malia Hotel စတဲ့လုပ်ငန်းတွေနဲ့ လည်ပတ်နေပါတယ်။

အခရာ (www.akhayar.com)