[Zawgyi]

Monday ကိုျဖတ္ေက်ာ္ဖို႔ ဘာေတြလိုအပ္မလဲ

အရင္လိုပဲ စိတ္ညစ္စရာေကာင္းတဲ့မနက္ခင္းတစ္ခုကို မထခ်င္ထခ်င္နဲ႔ အစျပဳလိုက္ၿပီလား။ ဒါမ်ိဳး ဘယ္ေတာ့မွမလုပ္နဲ႔ေနာ္။ တနလၤာေန႔မွာအဆင္မေျပရင္ ႏွစ္ခါျပန္လုပ္ရတတ္တယ္တဲ့။ ဒါေၾကာင့္လည္း တနလၤာေန႔မွာလုပ္သမွ်ေတြဟာ ကုိယ္ႀကိဳက္တဲ့အလုပ္ေတြပဲ ျဖစ္ေနမယ္ဆိုရင္ေတာ့ ႏွစ္ခါျပန္လုပ္ရလည္း ေအးေဆးပါေနာ္။ ဒီေတာ့ အိပ္ငိုက္စရာေကာင္းၿပီး Motivation ေတြေပ်ာက္ဆံုးေနတဲ့ အခုလိုတနလၤာေန႔မ်ိဳးမွာ ဘယ္လိုအျပဳအမူေတြနဲ႔ ဘယ္လိုအလုပ္ေတြလုပ္သင့္လဲဆိုတာကို ၾကည့္ရေအာင္။

ႀကိဳတင္ျပင္ဆင္ပါ

မနက္ထမွ အုတ္ေအာ္ေသာင္းနင္းမျဖစ္ဖို႔ကလည္း အေရးႀကီးပါတယ္။ ဘာျဖစ္လို႔လဲဆိုရင္ မနက္ႏုိးႏိုးခ်င္း ေဒါသထြက္ရၿပီဆိုရင္ သြားပါၿပီ။ အဲဒါေၾကာင့္ စိတ္တိုေဒါသထြက္ေစမယ့္ ပစၥည္းေပ်ာက္တာေတြ၊ အက်ႌမီးပူမတိုက္ထားမိတာေတြမျဖစ္ရေလေအာင္ ႀကိဳတင္ျပင္ဆင္ထားတာအေကာင္းဆံုးပါပဲ။

Preparation is the best

Preparation is the best

အစားေကာင္းေကာင္းစားရေအာင္

တနလၤာေန႔မွာ စိတ္ညစ္မခံပါနဲ႔လို႔ပဲ ေျပာခ်င္ပါတယ္။ ဒီေလာက္ပ်င္းရိၿငီးေငြ႕ဖို႔ေကာင္းတဲ့တနလၤာေန႔မွာ စိတ္ခ်မ္းသာတာေလးေတြကို ေရြးမလုပ္ဘူးဆိုရင္ ေတာ္ေတာ္စိတ္ပ်က္ဖို႔ေကာင္းပါတယ္။ အားရွိမွ တနလၤာေန႔ကို တိုက္ခိုက္ႏိုင္မွာေနာ္။ ဒါေၾကာင့္ အစားေကာင္းေကာင္းစားပါ။

Food is essential

Food is essential

အလွျပင္ၾကမယ္

ဒီေန႔လိုေန႔မ်ိဳးမွာ မိတ္ကပ္လိမ္းဖို႔အခ်ိန္မမွီတဲ့ မိန္းကေလးေတြမ်ားေနမွာပါပဲ။ ဒါေပမယ့္ ျဖစ္သလို၀တ္ၿပီး မ်က္ႏွာေျပာင္နဲ႔သြားရင္ တေနကုန္ စိတ္ဓာတ္က်ေနမိမွာပါ။ လူက မလန္းဆန္းပါဘူးဆိုမွ မ်က္ႏွာေျပာင္နဲ႔ အဆီတ၀င္း၀င္းနဲ႔ဆိုေတာ့ ေတာ္ေတာ္ႀကီး ၾကည့္ရဆိုးပါတယ္။ အဲဒီလိုမေနပါနဲ႔။

Be perfect

Be perfect

Meeting ေတြ ေရႊ႕ထားၾကမယ္

တနလၤာေန႔ဟာ Meeting Day လံုး၀လံုး၀မဟုတ္ပါဘူး။ အေကာင္းဆံုးကေတာ့ Monday မွာ Meeting ေတြမခ်ိန္းပါနဲ႔။ ဆံုးျဖတ္ခ်က္ေတြမခ်ပါနဲ႔။ အလုပ္ကိစၥနဲ႔အျပင္သြားစရာေတြ ရွိရင္ ေရႊ႕ထားပါ။ ျဖစ္ႏုိင္ရင္ ကိုယ့္ရဲ႕ အလုပ္စားပြဲေလးမွာပဲ ၿငိမ္ၿငိမ္ေလး လုပ္လို႔ရေနမယ့္ အလုပ္ေတြကိုပဲ ေရြးၿပီး ျပင္ဆင္ထားပါ။

Stay inside your comfort zone

Stay inside your comfort zone

အခ်စ္နဲ႔ရန္မျဖစ္ပါနဲ႔

အခ်စ္နဲ႔ ရန္ျဖစ္တာက တနလၤာေန႔ႀကီးမ်ားျဖစ္ေနရင္ ျပတ္ေတာင္သြားႏုိင္ပါတယ္။ ေတာ္ေတာ္စိတ္ညစ္စရာပါ။ ျဖစ္ႏုိင္ရင္ တနလၤာေန႔မွာ စကားေတြအမ်ားႀကီးေျပာရမယ့္၊ ေနာက္ၿပီး စိတ္တိုေဒါသထြက္ရမယ့္အလုပ္ေတြ မလုပ္ခ်င္ပါနဲ႔။ ၾကည္ၾကည္ႏူးႏူးေလးပဲ ေနဖို႔ႀကိဳးစားပါ။ တနလၤာေန႔မွာ ရန္ျဖစ္မိလုိ႔ ေတာ္ၾကာ တစ္ပတ္လံုးရန္ျဖစ္ေနရပါဦးမယ္။

Monday is romance

Monday is romance

အရက္မေသာက္ပါနဲ႔

တနလၤာေန႔ႀကီးမွာေတာ့ ဘယ္သူေတြဘယ္လုိပဲျမဴဆြယ္ပါေစ အရက္ေတာ့သြားမေသာက္ပါနဲ႔။ ေနာက္ေန႔ေတြအထိ ဒုကၡေရာက္ၿပီး မၾကည္မသာျဖစ္ေနပါလိမ့္မယ္။ အရက္ဆိုတာ တနလၤာေန႔နဲ႔ မတည့္ဘူးေနာ္။ ေသာၾကာ၊ စေနေန႔ေတြမွာပဲ ေသာက္ၾကပါ။ စိတ္မၾကည္တဲ့ေန႔မွာ ေခါင္းကိုက္စရာေတြကို မရွာေဖြပါနဲ႔။

No alcohol

No alcohol

ဒီလိုအျပဳအမူေလးေတြနဲ႔ Monday ကိုျဖတ္သန္းမယ္ဆိုရင္ နည္းနည္းခံသာပါေသးတယ္ေနာ္။ ပိုၿပီးပ်င္း၊ ပိုၿပီးစိတ္ညစ္စရာေတြကိုေတာ့ ခဏေလး လက္ေရွာင္ေနလိုက္ပါဦး။ ပ်င္းရိစရာ တနလၤာေန႔ေတြကို အေကာင္းဆံုးနည္းနဲ႔ ေက်ာ္ျဖတ္ဖို႔ Ready ပဲလား။

Moethaesay (Akhayar)

[Unicode]

Monday ကိုဖြတ်ကျော်ဖို့ ဘာတွေလိုအပ်မလဲ

အရင်လိုပဲ စိတ်ညစ်စရာကောင်းတဲ့မနက်ခင်းတစ်ခုကို မထချင်ထချင်နဲ့ အစပြုလိုက်ပြီလား။ ဒါမျိုး ဘယ်တော့မှမလုပ်နဲ့နော်။ တနင်္လာနေ့မှာအဆင်မပြေရင် နှစ်ခါပြန်လုပ်ရတတ်တယ်တဲ့။ ဒါကြောင့်လည်း တနင်္လာနေ့မှာလုပ်သမျှတွေဟာ ကိုယ်ကြိုက်တဲ့အလုပ်တွေပဲ ဖြစ်နေမယ်ဆိုရင်တော့ နှစ်ခါပြန်လုပ်ရလည်း အေးဆေးပါနော်။ ဒီတော့ အိပ်ငိုက်စရာကောင်းပြီး Motivation တွေပျောက်ဆုံးနေတဲ့ အခုလိုတနင်္လာနေ့မျိုးမှာ ဘယ်လိုအပြုအမူတွေနဲ့ ဘယ်လိုအလုပ်တွေလုပ်သင့်လဲဆိုတာကို ကြည့်ရအောင်။

ကြိုတင်ပြင်ဆင်ပါ

မနက်ထမှ အုတ်အော်သောင်းနင်းမဖြစ်ဖို့ကလည်း အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုရင် မနက်နိုးနိုးချင်း ဒေါသထွက်ရပြီဆိုရင် သွားပါပြီ။ အဲဒါကြောင့် စိတ်တိုဒေါသထွက်စေမယ့် ပစ္စည်းပျောက်တာတွေ၊ အင်္ကျီမီးပူမတိုက်ထားမိတာတွေမဖြစ်ရလေအောင် ကြိုတင်ပြင်ဆင်ထားတာအကောင်းဆုံးပါပဲ။

Preparation is the best

Preparation is the best

အစားကောင်းကောင်းစားရအောင်

တနင်္လာနေ့မှာ စိတ်ညစ်မခံပါနဲ့လို့ပဲ ပြောချင်ပါတယ်။ ဒီလောက်ပျင်းရိငြီးငွေ့ဖို့ကောင်းတဲ့တနင်္လာနေ့မှာ စိတ်ချမ်းသာတာလေးတွေကို ရွေးမလုပ်ဘူးဆိုရင် တော်တော်စိတ်ပျက်ဖို့ကောင်းပါတယ်။ အားရှိမှ တနင်္လာနေ့ကို တိုက်ခိုက်နိုင်မှာနော်။ ဒါကြောင့် အစားကောင်းကောင်းစားပါ။

Food is essential

Food is essential

အလှပြင်ကြမယ်

ဒီနေ့လိုနေ့မျိုးမှာ မိတ်ကပ်လိမ်းဖို့အချိန်မမှီတဲ့ မိန်းကလေးတွေများနေမှာပါပဲ။ ဒါပေမယ့် ဖြစ်သလိုဝတ်ပြီး မျက်နှာပြောင်နဲ့သွားရင် တနေကုန် စိတ်ဓာတ်ကျနေမိမှာပါ။ လူက မလန်းဆန်းပါဘူးဆိုမှ မျက်နှာပြောင်နဲ့ အဆီတဝင်းဝင်းနဲ့ဆိုတော့ တော်တော်ကြီး ကြည့်ရဆိုးပါတယ်။ အဲဒီလိုမနေပါနဲ့။

Be perfect

Be perfect

Meeting တွေ ရွှေ့ထားကြမယ်

တနင်္လာနေ့ဟာ Meeting Day လုံးဝလုံးဝမဟုတ်ပါဘူး။ အကောင်းဆုံးကတော့ Monday မှာ Meeting တွေမချိန်းပါနဲ့။ ဆုံးဖြတ်ချက်တွေမချပါနဲ့။ အလုပ်ကိစ္စနဲ့အပြင်သွားစရာတွေ ရှိရင် ရွှေ့ထားပါ။ ဖြစ်နိုင်ရင် ကိုယ့်ရဲ့ အလုပ်စားပွဲလေးမှာပဲ ငြိမ်ငြိမ်လေး လုပ်လို့ရနေမယ့် အလုပ်တွေကိုပဲ ရွေးပြီး ပြင်ဆင်ထားပါ။

Stay inside your comfort zone

Stay inside your comfort zone

အချစ်နဲ့ရန်မဖြစ်ပါနဲ့

အချစ်နဲ့ ရန်ဖြစ်တာက တနင်္လာနေ့ကြီးများဖြစ်နေရင် ပြတ်တောင်သွားနိုင်ပါတယ်။ တော်တော်စိတ်ညစ်စရာပါ။ ဖြစ်နိုင်ရင် တနင်္လာနေ့မှာ စကားတွေအများကြီးပြောရမယ့်၊ နောက်ပြီး စိတ်တိုဒေါသထွက်ရမယ့်အလုပ်တွေ မလုပ်ချင်ပါနဲ့။ ကြည်ကြည်နူးနူးလေးပဲ နေဖို့ကြိုးစားပါ။ တနင်္လာနေ့မှာ ရန်ဖြစ်မိလို့ တော်ကြာ တစ်ပတ်လုံးရန်ဖြစ်နေရပါဦးမယ်။

Monday is romance

Monday is romance

အရက်မသောက်ပါနဲ့

တနင်္လာနေ့ကြီးမှာတော့ ဘယ်သူတွေဘယ်လိုပဲမြူဆွယ်ပါစေ အရက်တော့သွားမသောက်ပါနဲ့။ နောက်နေ့တွေအထိ ဒုက္ခရောက်ပြီး မကြည်မသာဖြစ်နေပါလိမ့်မယ်။ အရက်ဆိုတာ တနင်္လာနေ့နဲ့ မတည့်ဘူးနော်။ သောကြာ၊ စနေနေ့တွေမှာပဲ သောက်ကြပါ။ စိတ်မကြည်တဲ့နေ့မှာ ခေါင်းကိုက်စရာတွေကို မရှာဖွေပါနဲ့။

No alcohol

No alcohol

ဒီလိုအပြုအမူလေးတွေနဲ့ Monday ကိုဖြတ်သန်းမယ်ဆိုရင် နည်းနည်းခံသာပါသေးတယ်နော်။ ပိုပြီးပျင်း၊ ပိုပြီးစိတ်ညစ်စရာတွေကိုတော့ ခဏလေး လက်ရှောင်နေလိုက်ပါဦး။ ပျင်းရိစရာ တနင်္လာနေ့တွေကို အကောင်းဆုံးနည်းနဲ့ ကျော်ဖြတ်ဖို့ Ready ပဲလား။

Moethaesay (Akhayar)