[Zawgyi]

ကေလးေပါင္ဒါေတြကို တြင္တြင္က်ယ္က်ယ္အသံုးျပဳတတ္ဖို႔

Baby Powder လို႔ေခၚတဲ့ ကေလးေလးေတြသံုးတဲ့ေပါင္ဒါကို ေန႔စဥ္ဘ၀မွာ အေရးတႀကီးလိုအပ္ေနၿပီဆိုရင္ နည္းလမ္းမ်ိဳးစံုနဲ႔ အသံုးျပဳလုိ႔ရတယ္ဆိုတာေရာ သိၿပီးၿပီလား။ ကေလးေပါင္ဒါဆိုလို႔ ကေလးေတြကို လိမ္းဖို႔ခ်ည္းသက္သက္ပဲ မဟုတ္ပါဘူး။ သိၿပီးတဲ့လူေတြကေတာ့ အိတ္ထဲမွာ ကေလးေပါင္ဒါတစ္ဘူးေဆာင္ထားၾကပါတယ္။ ဘယ္လိုေနရာေတြမွာ အသံုးျပဳလုိ႔ရေသးလဲဆိုတာကို ၾကည့္ရေအာင္ေနာ္။

Dry Shampoo အျဖစ္ သံုးမယ္

Dry Shampoo ေတြကို မိန္းကေလးေတြႀကိဳက္ၾကပါတယ္။ အေဆာင္မွာေရျပတ္ေနလို႔ပဲျဖစ္ျဖစ္၊ အခ်ိန္မရလို႔ပဲျဖစ္ျဖစ္ ေခါင္းမေလွ်ာ္လာရဘူးဆိုရင္ Dry Shampoo ကို အသံုးျပဳၿပီး ဆံပင္ေလးေတြဖြာေနေအာင္ လုပ္ၾကတဲ့အခါမွာ Dry Shampoo ပါ ကုန္သြားရင္ေတာ့ မစိုးရိမ္ပါနဲ႔။ ကေလးေပါင္ဒါကို အစားထိုးၿပီးသံုးလို႔ရပါေသးတယ္။ ေခါင္းအလယ္ကေန အနည္းငယ္ဆီ ေလာင္းခ်ၿပီးေတာ့ အ၀တ္ေျခာက္နဲ႔ ခါခ်လိုက္မယ္ဆိုရင္ေတာ့ Dry Shampoo လိ အာနိသင္ကို ရပါလိမ့္မယ္။

ဖိနပ္အနံ႔ေတြေဖ်ာက္ၾကမယ္

မနက္စီးမယ့္ဖိနပ္ကို သန္႔ရွင္းေရးႀကိဳမလုပ္ထားမိလို႔ အနံ႔အသက္မေကာင္းဘူးျဖစ္ေနရင္လည္း ကေလးေပါင္ဒါက ကူညီႏိုင္ပါတယ္။ အဲဒီ့ဖိနပ္ထဲကို ေပါင္ဒါမႈန္႔ေလးေတြထည့္ၿပီး တစ္ညသိပ္ထားလိုက္ပါ။ မနက္က်ရင္ေတာ့ ေျခာက္ေသြ႕ၿပီး အနံ႔အသက္ကင္းတဲ့ဖိနပ္ေလးေတြရပါလိမ့္မယ္။

ေခြးေလးေတြကိုလိမ္းေပးမယ္

အိမ္ကို ဧည့္သည္လာခံနီးမွ ကိုယ့္ေခြးက ခ်ဥ္စုပ္စုပ္နဲ႔ ေပပြနံေစာ္ေနရင္လည္း ကေလးေပါင္ဒါက ကယ္ႏိုင္ပါတယ္။ ေခြးေပါင္ဒါကုန္သြားလို႔ စိတ္မညစ္ပါနဲ႔။ အဲဒီကေလးေပါင္ဒါကိုပဲ သူ႔ကို လိမ္းေပးလိုက္ပါ။ ကေလးေပါင္ဒါက ေခြးေလးေတြကို ဒုကၡမေရာက္ေစပါဘူး။ စိတ္ခ်လက္ခ်သံုးလို႔ရပါတယ္ေနာ္။

အိပ္ရာကိုေအးေအာင္လုပ္မယ္

ေနာက္ပိုင္း ေႏြ၀င္လာတာနဲ႔ တအားပူလာေတာ့မွာပါ။ အဲဒီေတာ့ အိပ္ခ်ိန္ေတြကို ေအးေအာင္ႀကိဳးစားရပါေတာ့မယ္။ မီးကလည္းျပတ္တတ္ေသးတယ္ဆိုေတာ့ ညဘက္ အဲကြန္းအၿမဲရဖို႔ကေတာ့ မေသခ်ာပါဘူး။ ဒါေပမယ့္လည္း စိတ္မညစ္ပါနဲ႔။ အိပ္ခါနီး အိမ္မွာရွိတဲ့ကေလးေပါင္ဒါကိုပဲ ေမႊ႕ရာခင္းေပၚနည္းနည္းစီ ျဖဴးထားၿပီး အိပ္ၾကည့္ပါ။ ယားယံမႈလည္းမရွိသလို တစ္ညလံုး ေခၽြးမထြက္ဘဲ ေအးေအးလူလူအိပ္ႏိုင္ေအာင္ ကူညီပါလိမ့္မယ္။

Setting Powder အျဖစ္သံုးမယ္

မနက္ရံုးသြားခါနီး အလွဘာညာျပင္ဆင္ေနမွပဲ ရုတ္တရက္ႀကီး Setting Powder ကုန္ေနတယ္ဆိုရင္ ကေလးေပါင္ဒါကိုပဲ သံုးပါ။ ခပ္ပါးပါးဆီလိမ္းၿပီး Brush နဲ႔ ျပန္ဖယ္ခ်လိုက္မယ္ဆိုရင္ေတာ့ Setting Powder လိုပဲ မိတ္ကပ္ကို ၾကာရွည္ခံႏိုင္ပါတယ္။

တကယ္ေတာ့ ကေလးေပါင္ဒါကို သံုးလို႔ရတဲ့ေနရာေတြက  ေတာ္ေတာ္မ်ားပါတယ္။ အရမ္းေခၽြးထြက္လာတဲ့အခ်ိန္ ေခၽြးတိတ္သြားေအာင္ ေပါင္ဒါကိုသံုးႏိုင္သလို အိတ္ထဲမွာ အလြယ္တကူသံုးလို႔ရေအာင္ ထည့္ထားလိုက္မယ္ဆိုရင္လည္း တစ္ေနကုန္အလုပ္ရႈပ္လို႔ ေခၽြးနံ႔နဲ႔ ကိုယ္န႔ံေတြထြက္လာတဲ့အခါက်ရင္လည္း အနံ႔ေပ်ာက္ေအာင္ သံုးလို႔ရပါေသးတယ္။ ဒီေတာ့ အနံ႔နဲ႔ အေရာင္မရွိတဲ့ကေလးေပါင္ဒါတစ္မ်ိဳးနဲ႔ အနံ႔ေမႊးေမႊးေလးပါတဲ့ကေလးေပါင္ဒါတစ္မ်ိဳးကိုေတာ့ အိမ္မွာ၀ယ္ကို၀ယ္ထားရပါလိမ့္မယ္ေနာ္။

Moethaesay (Akhayar)

www.akhayar.com

[Unicode]

ကလေးပေါင်ဒါတွေကို တွင်တွင်ကျယ်ကျယ်အသုံးပြုတတ်ဖို့

Baby Powder လို့ခေါ်တဲ့ ကလေးလေးတွေသုံးတဲ့ပေါင်ဒါကို နေ့စဉ်ဘဝမှာ အရေးတကြီးလိုအပ်နေပြီဆိုရင် နည်းလမ်းမျိုးစုံနဲ့ အသုံးပြုလို့ရတယ်ဆိုတာရော သိပြီးပြီလား။ ကလေးပေါင်ဒါဆိုလို့ ကလေးတွေကို လိမ်းဖို့ချည်းသက်သက်ပဲ မဟုတ်ပါဘူး။ သိပြီးတဲ့လူတွေကတော့ အိတ်ထဲမှာ ကလေးပေါင်ဒါတစ်ဘူးဆောင်ထားကြပါတယ်။ ဘယ်လိုနေရာတွေမှာ အသုံးပြုလို့ရသေးလဲဆိုတာကို ကြည့်ရအောင်နော်။

Dry Shampoo အဖြစ် သုံးမယ်

Dry Shampoo တွေကို မိန်းကလေးတွေကြိုက်ကြပါတယ်။ အဆောင်မှာရေပြတ်နေလို့ပဲဖြစ်ဖြစ်၊ အချိန်မရလို့ပဲဖြစ်ဖြစ် ခေါင်းမလျှော်လာရဘူးဆိုရင် Dry Shampoo ကို အသုံးပြုပြီး ဆံပင်လေးတွေဖွာနေအောင် လုပ်ကြတဲ့အခါမှာ Dry Shampoo ပါ ကုန်သွားရင်တော့ မစိုးရိမ်ပါနဲ့။ ကလေးပေါင်ဒါကို အစားထိုးပြီးသုံးလို့ရပါသေးတယ်။ ခေါင်းအလယ်ကနေ အနည်းငယ်ဆီ လောင်းချပြီးတော့ အဝတ်ခြောက်နဲ့ ခါချလိုက်မယ်ဆိုရင်တော့ Dry Shampoo လိ အာနိသင်ကို ရပါလိမ့်မယ်။

ဖိနပ်အနံ့တွေဖျောက်ကြမယ်

မနက်စီးမယ့်ဖိနပ်ကို သန့်ရှင်းရေးကြိုမလုပ်ထားမိလို့ အနံ့အသက်မကောင်းဘူးဖြစ်နေရင်လည်း ကလေးပေါင်ဒါက ကူညီနိုင်ပါတယ်။ အဲဒီ့ဖိနပ်ထဲကို ပေါင်ဒါမှုန့်လေးတွေထည့်ပြီး တစ်ညသိပ်ထားလိုက်ပါ။ မနက်ကျရင်တော့ ခြောက်သွေ့ပြီး အနံ့အသက်ကင်းတဲ့ဖိနပ်လေးတွေရပါလိမ့်မယ်။

ခွေးလေးတွေကိုလိမ်းပေးမယ်

အိမ်ကို ဧည့်သည်လာခံနီးမှ ကိုယ့်ခွေးက ချဉ်စုပ်စုပ်နဲ့ ပေပွနံစော်နေရင်လည်း ကလေးပေါင်ဒါက ကယ်နိုင်ပါတယ်။ ခွေးပေါင်ဒါကုန်သွားလို့ စိတ်မညစ်ပါနဲ့။ အဲဒီကလေးပေါင်ဒါကိုပဲ သူ့ကို လိမ်းပေးလိုက်ပါ။ ကလေးပေါင်ဒါက ခွေးလေးတွေကို ဒုက္ခမရောက်စေပါဘူး။ စိတ်ချလက်ချသုံးလို့ရပါတယ်နော်။

အိပ်ရာကိုအေးအောင်လုပ်မယ်

နောက်ပိုင်း နွေဝင်လာတာနဲ့ တအားပူလာတော့မှာပါ။ အဲဒီတော့ အိပ်ချိန်တွေကို အေးအောင်ကြိုးစားရပါတော့မယ်။ မီးကလည်းပြတ်တတ်သေးတယ်ဆိုတော့ ညဘက် အဲကွန်းအမြဲရဖို့ကတော့ မသေချာပါဘူး။ ဒါပေမယ့်လည်း စိတ်မညစ်ပါနဲ့။ အိပ်ခါနီး အိမ်မှာရှိတဲ့ကလေးပေါင်ဒါကိုပဲ မွှေ့ရာခင်းပေါ်နည်းနည်းစီ ဖြူးထားပြီး အိပ်ကြည့်ပါ။ ယားယံမှုလည်းမရှိသလို တစ်ညလုံး ချွေးမထွက်ဘဲ အေးအေးလူလူအိပ်နိုင်အောင် ကူညီပါလိမ့်မယ်။

Setting Powder အဖြစ်သုံးမယ်

မနက်ရုံးသွားခါနီး အလှဘာညာပြင်ဆင်နေမှပဲ ရုတ်တရက်ကြီး Setting Powder ကုန်နေတယ်ဆိုရင် ကလေးပေါင်ဒါကိုပဲ သုံးပါ။ ခပ်ပါးပါးဆီလိမ်းပြီး Brush နဲ့ ပြန်ဖယ်ချလိုက်မယ်ဆိုရင်တော့ Setting Powder လိုပဲ မိတ်ကပ်ကို ကြာရှည်ခံနိုင်ပါတယ်။

တကယ်တော့ ကလေးပေါင်ဒါကို သုံးလို့ရတဲ့နေရာတွေက တော်တော်များပါတယ်။ အရမ်းချွေးထွက်လာတဲ့အချိန် ချွေးတိတ်သွားအောင် ပေါင်ဒါကိုသုံးနိုင်သလို အိတ်ထဲမှာ အလွယ်တကူသုံးလို့ရအောင် ထည့်ထားလိုက်မယ်ဆိုရင်လည်း တစ်နေကုန်အလုပ်ရှုပ်လို့ ချွေးနံ့နဲ့ ကိုယ်နံ့တွေထွက်လာတဲ့အခါကျရင်လည်း အနံ့ပျောက်အောင် သုံးလို့ရပါသေးတယ်။ ဒီတော့ အနံ့နဲ့ အရောင်မရှိတဲ့ကလေးပေါင်ဒါတစ်မျိုးနဲ့ အနံ့မွှေးမွှေးလေးပါတဲ့ကလေးပေါင်ဒါတစ်မျိုးကိုတော့ အိမ်မှာဝယ်ကိုဝယ်ထားရပါလိမ့်မယ်နော်။

Moethaesay (Akhayar)

www.akhayar.com