



Ref: The Verge

=============

 

ဇက်ကာဘတ်ကိုသရော်လိုတဲ့ ဟက်ကာတွေက ဟားဗက်တက္ကသိုလ်သတင်းစာဝက်ဘ်ဆိုက်ကို တိုက်ခိုက်

ဟားဗက်တက္ကသိုလ်ကနေ ကျောင်းထွက်လာပြီး ၁၂နှစ်အကြာမှာ Facebook CEO မာ့ခ်ဇက်ကာဘတ်ဟာ ဂုဏ်ထူးဆောင်ဘွဲ့အတွက် ကျေးဇူ်းတင်စကားကို ပြောကြားခဲ့ပါတယ်။ ဒီအကြောင်းဟာ နည်းပညာလောကမှာ လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် ဇတ်ကာဘတ်ကို ကွဲပြားခြားနားတဲ့ အကြံနဲ့ ကြိုဆိုလိုတဲ့ ဟက်ကာတစ်ယောက်တော့ ကျေးဇူးတင်စကာကို ဇတ်ကာဘတ်ပြောကြားဖို့ တစ်နာရီလောက်အလိုမှာ ဟားဗက်တက္ကသိုလ်ကျောင်းသား သတင်းစာဖြစ်တဲ့ The Harvard Crimson ကို ဟက်ပြီး Fake Headline တွေ Fake Photo တွေနဲ့ “MARK ZOINKERBURG AT IT AGAIN,” စသည်ဖြင့် ရေးသားပြီး တင်ခဲ့ပါတယ်။

ဒါပေမယ့် ဒီလိုလုပ်ပြီးမကြာခင်မှာပဲ ဆိုက်ဘက်ကလူတွေက ဆိုက်ကို ပြန်လည်ထိန်းသိန်းနိုင်ခဲ့ပြီး နဂိုပုံမှန်အခြေအနေပြန်ဖြစ်သွားပေမယ့် အင်တာနက်ဆိုတာကတော့ ဘယ်တော့မှ မေ့ပျောက်သွားတာ မရှိပါဘူး။

“ဒီနေ့အစောပိုင်းမှာ၊ The Harvard Crimson ရဲ့ ဝက်ဘ်ဆိုက်ဟာ အာဏာပိုင်မဟုတ်တဲ့ လူတစ်ယောက်ရဲ့ ထိန်းသိမ်းသွားတာခံလိုက်ရပါတယ်” လို့ Crimson ရဲ့ ဥက္ကဌ Derek Choi က The Verge ကို ဆိုပါတယ်။ ဒါဟာတို ဇက်ကာဘတ်ကို အထူးသဖြင့်သရော်ထားတဲ့ စာသားတွေပါဝင်နေတာလည်း ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Ref: The Verge