[Zawgyi]

၂၄နာရီစလံုးကို တန္ဖိုးရွိစြာ စီမံခန္႔ခြဲႏုိင္တဲ့သူေတြ ျဖစ္ဖို႔ ဘာေတြလိုအပ္ေနလဲ

အၿမဲတမ္း ဘယ္သြားသြား၊ ဘာလုပ္လုပ္ အခ်ိန္မွန္ေနတဲ့သူေတြက စူပါမန္းေတြေတာ့ မဟုတ္ၾကပါဘူး။ သူတို႔ဟာ ေန႔စဥ္ ပံုမွန္ ေပါ့ေပါ့ပါးပါးနဲ႔ကို အခ်ိန္မွန္ၿပီး ၀ီရိယရွိတဲ့သူေတြျဖစ္ေနၾကတာပါ။ ဒီေတာ့ သူတို႔ဆီမွာ တစ္ခုခုေတာ့ လွ်ိဳ႕ ၀ွက္ခ်က္ရွိရမယ္ေနာ္။ ဒီေန႔ေတာ့ အဲဒီ့လွ်ိဳ႕ ၀ွက္ခ်က္ေတြကို ေဖာ္ထုတ္ေပးလိုက္ပါၿပီ။

ဦးစားေပးၾကပါတယ္

ဒါ နည္းနည္းေတာ့ တစ္ကိုယ္ေကာင္းဆန္တယ္ဆိုေပမယ့္ တစ္ခါတေလ တစ္ကိုယ္ေကာင္းဆန္လိုက္တာကလည္း ကိုယ့္အတြက္ အမ်ားႀကီး အက်ိဳးရွိပါတယ္။ မိသားစုထဲမွာ ေရအရင္ခ်ိဳးတဲ့သူ ကိုယ္ျဖစ္ဖို႔၊ မနက္စာ ကိုယ့္အတြက္အရင္ရဖို႔၊ အေစာဆံုးလာတဲ့ကားကို ကိုယ္ပဲ မွီဖို႔ နည္းနည္းေတာ့ တစ္ကိုယ္ေကာင္းဆန္တတ္မွရပါလိမ့္မယ္။

အကုန္ ႀကိဳတင္ျပင္ဆင္ၿပီးသားပါ

အနားကပ္မွ ၀ုန္းဒိုင္းႀကဲၿပီး စီမံခန္႔ခြဲတတ္တဲ့သူေတြ မဟုတ္ဘဲ ရည္ရြယ္ခ်က္ရွိရွိနဲ႔ ႀကိဳတင္ျပင္ဆင္ထားတတ္ၾကတာကေတာ့ အားသာခ်က္တစ္ခုပါ။ ကၽြန္မတို႔ အားလံုး သူတို႔ကို အတုယူရပါလိမ့္မယ္။ မနက္ျဖန္ လိုအပ္မယ့္ပစၥည္းေတြကစလို႔ စီးမယ့္ဖိနပ္အထိ ႀကိဳတင္ျပင္ဆင္ထားတတ္ၾကပါတယ္။ ဒါေၾကာင့္လည္း လမ္းတစ္၀က္ေရာက္မွ ေမ့ခဲ့လို႔ ျပန္ယူလိုက္ရတာမ်ိဳး သူတို႔ သမိုင္းမွာ မရွိၾကပါဘူး။

အားလံုးတြက္ဆထားၿပီးသားပါ

တစ္ခါတေလ ရံုးေနာက္က်တဲ့အခါ ကားလမ္းပိတ္တာကို အေၾကာင္းျပရတာ သိပ္ေကာင္းတဲ့ အေၾကာင္းျပခ်က္တစ္ခုပါ။ ဒါေပမယ့္ တကယ္ကို ၀ီရိယရွိတဲ့သူေတြအတြက္ကေတာ့ ရယ္စရာႀကီးေပါ့။ သူတို႔မွာ အေၾကာင္းျပခ်က္မရွိေလာက္ေအာင္ အားလံုးကို တြက္ဆထားၿပီးသားပါ။ ဘယ္အခ်ိန္ေတြမွာ ဘယ္လိုေတြ ကားက်ပ္တယ္။ အခါႀကီးရက္ႀကီးမ်ိဳးေတြမွာ ဘယ္လမ္းကို ေရွာင္ရမလဲ။ မနက္အတြက္ အက်ႌမီးပူမတိုက္ထားမိဘူးဆိုရင္လည္း ဘယ္ႏွမိနစ္ေနာက္က်ႏုိင္တယ္ စသည္ျဖင့္ အားလံုး အားလံုး အကြက္ခ်ၿပီးသားပါ။

အၿမဲအဆင္သင့္အေနအထားရွိေစပါတယ္

ဒါက ဘယ္လိုလဲဆိုေတာ့ အလွအပအတြက္ဆိုလည္း မိတ္ကပ္လိမ္းလို႔ ကုန္မယ့္အခ်ိန္ေတြကို ေလွ်ာ့ခ်ဖို႔ Skincare ေကာင္းေကာင္းလုပ္ထားျခင္းအားျဖင့္ တားဆီးထားတာမ်ိဳး၊ ဆံပင္အေရာင္ကို ဘယ္လိုအ၀တ္အစားမ်ိဳးနဲ႔ျဖစ္ပါေစ လိုက္ဖက္တဲ့အေရာင္ဆိုးထားတာမ်ိဳး၊ ေရေမႊးစြတ္ဖို႔ကို မလိုေအာင္ ေမႊးႀကိဳင္သန္႔ရွင္းတဲ့ ေရခ်ိဳးဆပ္ျပာကို အသံုးျပဳတာမ်ိဳး။ တကယ္ကို ေစ့စပ္ၿပီး အဆင္သင့္ျဖစ္ေနၾကတာပါ။

အဓိကနဲ႔ သာမညကို ခြဲျခားထားပါတယ္

ဘယ္လိုပြဲမ်ိဳးကေတာ့ ေနာက္က်မွ ေရာက္လို႔လည္း ရတယ္။ တခ်ိဳ႕ အစည္းအေ၀းေတြကေတာ့ ေစာေရာက္မွရမယ္ဆိုတာေတြကို သူတို႔ ခြဲျခားတတ္ပါတယ္။ အဲဒီ့အေပၚမူတည္ၿပီး အခ်ိန္ေတြကို ေကာင္းေကာင္းမြန္မြန္ စီမံခန္႔ခြဲႏိုင္တဲ့သူေတြမို႔လို႔ အခ်ိန္နဲ႔ ပတ္သက္တဲ့ျပႆနာဆိုတာမ်ိဳးေတြ သူတို႔မွ ေတြ႕ ႀကံဳတာ အင္မတန္ကို ရွားပါတယ္။

လူတစ္ေယာက္ဟာ ဘ၀မွာ ေအာင္ျမင္ဖို႔ဆိုတာ ေတာ္ေန၊ တတ္ေနရံုနဲ႔လည္း မျဖစ္ေသးပါဘူး။ အခ်ိန္ေတြကို တိက်ေသခ်ာစြာ စီမံခန္႔ခြဲႏုိင္ရမယ္။ ဘက္စံုတစ္ခါတည္း လုပ္ႏိုင္တဲ့ အရည္အခ်င္းလည္းရွိရမယ္။ လူ၀င္လည္းဆံ့ရပါဦးမယ္။ တျခားအရာေတြမွာ အဆင္သင့္မျဖစ္ေသးရင္ေတာင္မွ အခ်ိန္နဲ႔ ပတ္သက္ၿပီးေတာ့ အမွားအယြင္းေတြ၊ မ်က္ႏွာနာစရာေတြ ျဖစ္မလာရေလေအာင္ ဒီနည္းလမ္းေလးေတြကို လိုက္လုပ္ၾကည့္ရေအာင္ေနာ္။ တစ္ရက္မွာ ၂၄နာရီအတြင္း ၂၄နာရီလံုး တန္ဖိုးရွိစြာ အသံုးခ်ႏုိင္ၾကပါေစေနာ္။

Moethaesay (Akhayar)

www.akhayar.com

[Unicode]

၂၄နာရီစလုံးကို တန်ဖိုးရှိစွာ စီမံခန့်ခွဲနိုင်တဲ့သူတွေ ဖြစ်ဖို့ ဘာတွေလိုအပ်နေလဲ

အမြဲတမ်း ဘယ်သွားသွား၊ ဘာလုပ်လုပ် အချိန်မှန်နေတဲ့သူတွေက စူပါမန်းတွေတော့ မဟုတ်ကြပါဘူး။ သူတို့ဟာ နေ့စဉ် ပုံမှန် ပေါ့ပေါ့ပါးပါးနဲ့ကို အချိန်မှန်ပြီး ဝီရိယရှိတဲ့သူတွေဖြစ်နေကြတာပါ။ ဒီတော့ သူတို့ဆီမှာ တစ်ခုခုတော့ လျှို့ ဝှက်ချက်ရှိရမယ်နော်။ ဒီနေ့တော့ အဲဒီ့လျှို့ ဝှက်ချက်တွေကို ဖော်ထုတ်ပေးလိုက်ပါပြီ။

သူတို့ကိုယ်သူတို့ ဦးစားပေးကြပါတယ်

ဒါ နည်းနည်းတော့ တစ်ကိုယ်ကောင်းဆန်တယ်ဆိုပေမယ့် တစ်ခါတလေ တစ်ကိုယ်ကောင်းဆန်လိုက်တာကလည်း ကိုယ့်အတွက် အများကြီး အကျိုးရှိပါတယ်။ မိသားစုထဲမှာ ရေအရင်ချိုးတဲ့သူ ကိုယ်ဖြစ်ဖို့၊ မနက်စာ ကိုယ့်အတွက်အရင်ရဖို့၊ အစောဆုံးလာတဲ့ကားကို ကိုယ်ပဲ မှီဖို့ နည်းနည်းတော့ တစ်ကိုယ်ကောင်းဆန်တတ်မှရပါလိမ့်မယ်။

သူတို့ဟာ အကုန် ကြိုတင်ပြင်ဆင်ပြီးသားပါ

အနားကပ်မှ ဝုန်းဒိုင်းကြဲပြီး စီမံခန့်ခွဲတတ်တဲ့သူတွေ မဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိနဲ့ ကြိုတင်ပြင်ဆင်ထားတတ်ကြတာကတော့ အားသာချက်တစ်ခုပါ။ ကျွန်မတို့ အားလုံး သူတို့ကို အတုယူရပါလိမ့်မယ်။ မနက်ဖြန် လိုအပ်မယ့်ပစ္စည်းတွေကစလို့ စီးမယ့်ဖိနပ်အထိ ကြိုတင်ပြင်ဆင်ထားတတ်ကြပါတယ်။ ဒါကြောင့်လည်း လမ်းတစ်ဝက်ရောက်မှ မေ့ခဲ့လို့ ပြန်ယူလိုက်ရတာမျိုး သူတို့ သမိုင်းမှာ မရှိကြပါဘူး။

သူတို့က အားလုံးတွက်ဆထားပြီးသားပါ

တစ်ခါတလေ ရုံးနောက်ကျတဲ့အခါ ကားလမ်းပိတ်တာကို အကြောင်းပြရတာ သိပ်ကောင်းတဲ့ အကြောင်းပြချက်တစ်ခုပါ။ ဒါပေမယ့် တကယ်ကို ဝီရိယရှိတဲ့သူတွေအတွက်ကတော့ ရယ်စရာကြီးပေါ့။ သူတို့မှာ အကြောင်းပြချက်မရှိလောက်အောင် အားလုံးကို တွက်ဆထားပြီးသားပါ။ ဘယ်အချိန်တွေမှာ ဘယ်လိုတွေ ကားကျပ်တယ်။ အခါကြီးရက်ကြီးမျိုးတွေမှာ ဘယ်လမ်းကို ရှောင်ရမလဲ။ မနက်အတွက် အင်္ကျီမီးပူမတိုက်ထားမိဘူးဆိုရင်လည်း ဘယ်နှမိနစ်နောက်ကျနိုင်တယ် စသည်ဖြင့် အားလုံး အားလုံး အကွက်ချပြီးသားပါ။

သူတို့ဟာ သူတို့ကိုယ်သူတို့ အမြဲအဆင်သင့်အနေအထားရှိစေပါတယ်

ဒါက ဘယ်လိုလဲဆိုတော့ အလှအပအတွက်ဆိုလည်း မိတ်ကပ်လိမ်းလို့ ကုန်မယ့်အချိန်တွေကို လျှော့ချဖို့ Skincare ကောင်းကောင်းလုပ်ထားခြင်းအားဖြင့် တားဆီးထားတာမျိုး၊ ဆံပင်အရောင်ကို ဘယ်လိုအဝတ်အစားမျိုးနဲ့ဖြစ်ပါစေ လိုက်ဖက်တဲ့အရောင်ဆိုးထားတာမျိုး၊ ရေမွှေးစွတ်ဖို့ကို မလိုအောင် မွှေးကြိုင်သန့်ရှင်းတဲ့ ရေချိုးဆပ်ပြာကို အသုံးပြုတာမျိုး။ တကယ်ကို စေ့စပ်ပြီး အဆင်သင့်ဖြစ်နေကြတာပါ။

သူတို့က အရေးကြီးတာနဲ့ မကြီးတာကို ခွဲခြားထားပါတယ်

ဘယ်လိုပွဲမျိုးကတော့ နောက်ကျမှ ရောက်လို့လည်း ရတယ်။ တချို့ အစည်းအဝေးတွေကတော့ စောရောက်မှရမယ်ဆိုတာတွေကို သူတို့ ခွဲခြားတတ်ပါတယ်။ အဲဒီ့အပေါ်မူတည်ပြီး အချိန်တွေကို ကောင်းကောင်းမွန်မွန် စီမံခန့်ခွဲနိုင်တဲ့သူတွေမို့လို့ အချိန်နဲ့ ပတ်သက်တဲ့ပြဿနာဆိုတာမျိုးတွေ သူတို့မှ တွေ့ ကြုံတာ အင်မတန်ကို ရှားပါတယ်။

လူတစ်ယောက်ဟာ ဘဝမှာ အောင်မြင်ဖို့ဆိုတာ တော်နေ၊ တတ်နေရုံနဲ့လည်း မဖြစ်သေးပါဘူး။ အချိန်တွေကို တိကျသေချာစွာ စီမံခန့်ခွဲနိုင်ရမယ်။ ဘက်စုံတစ်ခါတည်း လုပ်နိုင်တဲ့ အရည်အချင်းလည်းရှိရမယ်။ လူဝင်လည်းဆံ့ရပါဦးမယ်။ တခြားအရာတွေမှာ အဆင်သင့်မဖြစ်သေးရင်တောင်မှ အချိန်နဲ့ ပတ်သက်ပြီးတော့ အမှားအယွင်းတွေ၊ မျက်နှာနာစရာတွေ ဖြစ်မလာရလေအောင် ဒီနည်းလမ်းလေးတွေကို လိုက်လုပ်ကြည့်ရအောင်နော်။ တစ်ရက်မှာ ၂၄နာရီအတွင်း ၂၄နာရီလုံး တန်ဖိုးရှိစွာ အသုံးချနိုင်ကြပါစေနော်။

Moethaesay (Akhayar)

www.akhayar.com