[Zawgyi]

မန္စီးတီး ႏုိင္ပဲြေပ်ာက္ခဲ့ၿပီး ပထမဆုံးႏုိင္ပဲြရယူခဲ့တဲ့ အာဆင္နယ္

ပရီးမီးယားလိဂ္ ပဲြစဥ္(၃) စေနေန႔ပဲြေတြမွာေတာ့ မန္စီးတီးအသင္းဟာ ၀ုလ္ဗ္ကုိ မထင္မွတ္ဘဲ သေရက်ခဲ့ၿပီး အာဆင္နယ္အသင္းကေတာ့ အီမရိတ္စ္မွာ ၀က္စ္ဟမ္းကုိ အႏုိင္ယူခဲ့တာေၾကာင့္ ဒီရာသီ ပထမဆုံး (၃)မွတ္ကုိ စတင္ရရွိခဲ့တယ္။ ဘုန္းေမာက္၊ ဟတ္ဒါဖီးလ္တို႔ ႏုိင္ပဲြမရခဲ့ေပမယ့္ လက္စတာကေတာ့ အေ၀းကြင္းမွာ ေဆာက္သမ္တန္ကုိ အႏုိင္ယူခဲ့ပါတယ္။

၀ုလ္ဗ္ ၁-၁ မန္စီးတီ

Boly-handball-denies-City

Boly-handball-denies-City

ဒီပဲြမွာ သေရက်ခဲ့တာက မန္စီးတီးအသင္းအတြက္ နစ္နာတယ္လုိ႔ ဆုိရမယ္။ ေပးလုိက္ရတဲ့ဂုိးကလည္း ၀ုလ္ဗ္ေနာက္ခံလူ ဘုိလီ Boly လက္နဲ႔ထိၿပီး သြင္းယူခဲ့တာပါ။ ဒါေပမဲ့ ေျခစြမ္းအရ ၾကည့္ရင္ေတာ့ ၀ုလ္ဗ္အသင္း သေရတစ္မွတ္နဲ႔ ထုိက္တန္ခဲ့ၿပီး မန္စီးတီးအသင္းကုိ ဖိအားေပးကစားႏုိင္ခဲ့တယ္။ မန္စီးတီး ဘယ္ေနာက္ခံလူ မန္ဒီ Mendy ကစားပုံ အားနည္းခဲ့ၿပီး လာေပ့ါတ္ Laporte ကလည္း တည္ၿငိမ္မႈမရွိလုိ႔ ၀ုလ္ဗ္အသင္းရဲ႕ တုိက္စစ္ဆင္မႈကုိ အသည္းအသန္ ထိန္းခ်ဳပ္ခဲ့ရတယ္။ မန္စီးတီးအသင္းကလည္း ဂုိးကံေခလြန္းပါတယ္။ အဂြဲ႐ုိး Aguero ၊ စတာလင္ Sterling၊ ေဂ်းဆူ Jesus တို႔ရဲ႕ အခြင့္အေရးေတြက တိုင္ထိ၊ ဂုိးသမားကာကြယ္ႏုိင္ခဲ့လုိ႔ ဂုိးေတြ မရခဲ့တာပါ။ မန္စီးတီးအသင္းအတြက္ ေခ်ပဂုိးကုိ (၆၉)မိနစ္မွာ လာေပ့ါတ္က ေခါင္းတိုက္သြင္းယူခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ ၃-၁ ၀က္စ္ဟမ္း

Bellerin-and-Monreal-Celebrate

Bellerin-and-Monreal-Celebrate

အာဆင္နယ္အသင္း ႏုိင္ပဲြရခဲ့ေပမယ့္လည္း အီမရိတ္စ္မွာ ၀က္စ္ဟမ္းကုိ ခက္ခက္ခဲခဲ ကစားခဲ့ရတယ္။ ၀က္စ္ဟမ္းတိုက္စစ္က အခြင့္အေရးေတြ အသုံးမခ်ႏုိင္ခဲ့လုိ႔ သေရတစ္မွတ္ေတာင္ မရခဲ့ဘူး။ အာဆင္နယ္ရဲ႕ ေျခစြမ္းက လုိအပ္ခ်က္ေတြရွိေနဆဲ၊ အမွားေတြ မ်ားေနဆဲပါပဲ။ (၂၅)မိနစ္မွာ ၀က္စ္ဟမ္းတိုက္စစ္မွဴး အာေနာ္တိုဗစ္ Arnautović က အဖြင့္ဂုိး သြင္းခဲ့လုိ႔ အာဆင္နယ္ေနာက္က လုိက္ကစားခဲ့ရၿပီး (၅)မိနစ္အၾကာမွာပဲ မြန္ရီယဲလ္ Monreal က ေခ်ပဂိုး ျပန္သြင္းခဲ့တယ္။ ၀က္စ္ဟမ္းတိုက္စစ္မွဴး အာေနာ္တိုဗစ္၊ အန္တုိနီယုိ Antonio တို႔ မလုိအပ္ဘဲ တစ္ကုိယ္ေကာင္းဆန္ေနလုိ႔ အခြင့္အေရးေတြ လဲြေခ်ာ္ခဲ့ရတယ္။ မိနစ္(၇၀)မွာ အာဆင္နယ္အသင္းရဲ႕ တိုက္စစ္ဆင္မႈကုိ တားဆီးရင္း ၀က္စ္ဟမ္းေနာက္ခံလူ ဒီေအာ့ပ္ Diop ကုိယ့္ဂုိးကုိယ္ျပန္ သြင္းခဲ့ၿပီး အာဆင္နယ္အသင္းအတြက္ ေနာက္ဆုံးဂုိးကုိ ပဲြၿပီးခါနီးမွာ ၀ဲလ္ဘတ္ Welbeck က သြင္းယူခဲ့တာပါ။

ပရီးမီးယားလိဂ္ ပဲြစဥ္(၃)စေန ရလဒ္မ်ား

Wolve 1 – 1 Manchester City
Bournemouth 2 – 2 Everton
Arsenal 3 – 1 West Ham
Huddersfield 0 – 0 Cardiff
Southampton 1 – 2 Leicester

Photo:Arsenal Twitter,footballace.org
Naing Linn(Akhayar)
www.akhayar.com

[Unicode]

မန်စီးတီး နိုင်ပွဲပျောက်ခဲ့ပြီး ပထမဆုံးနိုင်ပွဲရယူခဲ့တဲ့ အာဆင်နယ်

ပရီးမီးယားလိဂ် ပွဲစဉ်(၃) စနေနေ့ပွဲတွေမှာတော့ မန်စီးတီးအသင်းဟာ ဝုလ်ဗ်ကို မထင်မှတ်ဘဲ သရေကျခဲ့ပြီး အာဆင်နယ်အသင်းကတော့ အီမရိတ်စ်မှာ ဝက်စ်ဟမ်းကို အနိုင်ယူခဲ့တာကြောင့် ဒီရာသီ ပထမဆုံး (၃)မှတ်ကို စတင်ရရှိခဲ့တယ်။ ဘုန်းမောက်၊ ဟတ်ဒါဖီးလ်တို့ နိုင်ပွဲမရခဲ့ပေမယ့် လက်စတာကတော့ အဝေးကွင်းမှာ ဆောက်သမ်တန်ကို အနိုင်ယူခဲ့ပါတယ်။

ဝုလ်ဗ် ၁-၁ မန်စီးတီ

Boly-handball-denies-City

Boly-handball-denies-City

ဒီပွဲမှာ သရေကျခဲ့တာက မန်စီးတီးအသင်းအတွက် နစ်နာတယ်လို့ ဆိုရမယ်။ ပေးလိုက်ရတဲ့ဂိုးကလည်း ဝုလ်ဗ်နောက်ခံလူ ဘိုလီ Boly လက်နဲ့ထိပြီး သွင်းယူခဲ့တာပါ။ ဒါပေမဲ့ ခြေစွမ်းအရ ကြည့်ရင်တော့ ဝုလ်ဗ်အသင်း သရေတစ်မှတ်နဲ့ ထိုက်တန်ခဲ့ပြီး မန်စီးတီးအသင်းကို ဖိအားပေးကစားနိုင်ခဲ့တယ်။ မန်စီးတီး ဘယ်နောက်ခံလူ မန်ဒီ Mendy ကစားပုံ အားနည်းခဲ့ပြီး လာပေ့ါတ် Laporte ကလည်း တည်ငြိမ်မှုမရှိလို့ ဝုလ်ဗ်အသင်းရဲ့ တိုက်စစ်ဆင်မှုကို အသည်းအသန် ထိန်းချုပ်ခဲ့ရတယ်။ မန်စီးတီးအသင်းကလည်း ဂိုးကံခေလွန်းပါတယ်။ အဂွဲရိုး Aguero ၊ စတာလင် Sterling၊ ဂျေးဆူ Jesus တို့ရဲ့ အခွင့်အရေးတွေက တိုင်ထိ၊ ဂိုးသမားကာကွယ်နိုင်ခဲ့လို့ ဂိုးတွေ မရခဲ့တာပါ။ မန်စီးတီးအသင်းအတွက် ချေပဂိုးကို (၆၉)မိနစ်မှာ လာပေ့ါတ်က ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။

အာဆင်နယ် ၃-၁ ဝက်စ်ဟမ်း

Bellerin-and-Monreal-Celebrate

Bellerin-and-Monreal-Celebrate

အာဆင်နယ်အသင်း နိုင်ပွဲရခဲ့ပေမယ့်လည်း အီမရိတ်စ်မှာ ဝက်စ်ဟမ်းကို ခက်ခက်ခဲခဲ ကစားခဲ့ရတယ်။ ဝက်စ်ဟမ်းတိုက်စစ်က အခွင့်အရေးတွေ အသုံးမချနိုင်ခဲ့လို့ သရေတစ်မှတ်တောင် မရခဲ့ဘူး။ အာဆင်နယ်ရဲ့ ခြေစွမ်းက လိုအပ်ချက်တွေရှိနေဆဲ၊ အမှားတွေ များနေဆဲပါပဲ။ (၂၅)မိနစ်မှာ ဝက်စ်ဟမ်းတိုက်စစ်မှူး အာနော်တိုဗစ် Arnautović က အဖွင့်ဂိုး သွင်းခဲ့လို့ အာဆင်နယ်နောက်က လိုက်ကစားခဲ့ရပြီး (၅)မိနစ်အကြာမှာပဲ မွန်ရီယဲလ် Monreal က ချေပဂိုး ပြန်သွင်းခဲ့တယ်။ ဝက်စ်ဟမ်းတိုက်စစ်မှူး အာနော်တိုဗစ်၊ အန်တိုနီယို Antonio တို့ မလိုအပ်ဘဲ တစ်ကိုယ်ကောင်းဆန်နေလို့ အခွင့်အရေးတွေ လွဲချော်ခဲ့ရတယ်။ မိနစ်(၇၀)မှာ အာဆင်နယ်အသင်းရဲ့ တိုက်စစ်ဆင်မှုကို တားဆီးရင်း ဝက်စ်ဟမ်းနောက်ခံလူ ဒီအော့ပ် Diop ကိုယ့်ဂိုးကိုယ်ပြန် သွင်းခဲ့ပြီး အာဆင်နယ်အသင်းအတွက် နောက်ဆုံးဂိုးကို ပွဲပြီးခါနီးမှာ ဝဲလ်ဘတ် Welbeck က သွင်းယူခဲ့တာပါ။

ပရီးမီးယားလိဂ် ပွဲစဉ်(၃)စနေ ရလဒ်များ

Wolve 1 – 1 Manchester City
Bournemouth 2 – 2 Everton
Arsenal 3 – 1 West Ham
Huddersfield 0 – 0 Cardiff
Southampton 1 – 2 Leicester

Photo:Arsenal Twitter,footballace.org
Naing Linn(Akhayar)
www.akhayar.com